3 ပတ် - ဘာသာပြန်ပါ။

ထရပ်ကားနဲ့ဝင်တိုက်မိမလိုဖြစ်ပြီး အံ့ဩဖွယ်သတ္တဝါတွေနဲ့ပြည့်နေတဲ့ ဒဏ္ဍာရီဆန်ဆန်နိုင်ငံတစ်ခုကိုရောက်ရှိသွားတဲ့အခါ…

Ni No Kuni (2019)

🤪 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🤪 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1726

image
3 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
3 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
3 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
3 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
3 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
image
image
image
3 ပတ် - ဘာသာပြန်ပါ။

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကိုကယ်ဆယ်ရန် နာရေးကူညီမှုအဖွဲ့နဲ့အတူ မန္တလေးသို့ ထွက်ခွာလာတဲ့ ထွန်းကိုကို
သရုပ်ဆောင်ထွန်းကိုကိုက နာရေးကူညီမှုအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူတူ မန္တလေးသို့ ယနေ့ညနေမှစတင်ပြီး ထွက်ခွာလာခဲ့တာပါ။ ရေဘေးဒဏ်ရာတွေ မကောင်းသေးတဲ့အချိန်မှာတောင် ငလျင်ဘေးသင့်တဲ့သူတွေကို ကယ်ဆယ်ရမှာမို့ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ သရုပ်ဆောင်ထွန်းကိုကိုဟာ နာရေးကူညီမှုအသင်းမှာ အမြဲတစေပါဝင်ကူညီပေးနေတဲ့ အနုပညာရှင်တစ်ဦးပါ။

image
3 ပတ် - ဘာသာပြန်ပါ။

မြန်မာငလျင်သည်ထိပ်တန်းအဆင့် အရေးပေါ်အခြေအနေဖြစ်၊ အရေးပေါ် ရန်ပုံငွေရှာ‌ေဖွ-ကမ္ဘာ့ကျန်းမာရေးအဖွဲ့
မြန်မာငလျင်ဘေးသည် ထိပ်တန်းအဆင့် အရေးပေါ်အခြေအနေတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၃၀ ရက် နေ့တွင် ပြောကြားလိုက်ပြီး အသက်ကယ်ဆယ်ရန်နှင့် လာမည့် ရက် ၃၀ အတွင်း ကူးစက်ရောဂါဖြစ်ပွားမှုများကို တားဆီးကာကွယ်ရန်အတွက် အရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈ သန်းကို ရန်ပုံ‌ေငွရှာဖွေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ခွဲစိတ်ကုသနိုင်မှု နည်းပါးခြင်းကြောင့် ‌ေ-သဆုံးသူအရေအတွက် မြင့်မားနေပြီး ထိခိုက်ဒဏ်ရာရရှိသူများသည် ရောဂါကူးစက်မှုများဖြစ်နိုင်ခြေမြင့်မားကြောင်းနှင့် နိုင်ငံ၏ နောက်ခံအခြေအနေများကြောင့် ငလျင်ဘေးသည် ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း WHO က ပြောကြားခဲ့သည်။
“WHO သည် ယခုအကြပ်အတည်းကို ၎င်း၏ အရေးပေါ်တုန့်ပြန်ရေးမူဘောင်တွင် အမြင့်ဆုံးဖြစ်သည့် အဆင့် ၃ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည်” ဟု ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ရန်ပုံငွေဆိုင်ရာ ပန်ကြားချက်တွင် ပြောဆိုခဲ့သည်။
မြန်မာတွင် ပဏာမ အကဲဖြတ်ချက်များအရ အ‌ေ-သအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်သည် မြင့်မားနေပြီး အရေးပေါ်ကုသစောင့်ရှောက်မှုများကို အရေးတကြီး လိုအပ်နေကြာင်း၊ လျှပ်စစ်နှင့် ရေပေးဝေမှု ပြတ်တောက်နေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိမှု အခြေအနေဆိုးလာပြီး ရေနှင့် အစားအစာကြောင့်ဖြစ်သော ရောဂါဘယများဖြစ်ပွားနိုင်ခြေ သည် ပိုများလာကြောင်း WHO က ပြောသည်။
လာမည့်ရက် ၃၀ အတွင်း အရေးတကြီး ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၈ သန်း လိုအပ်ပြီး အသက်များကို ကယ်တင်ရန်၊ ရောဂါဘယများကို တားဆီးရန်၊ မရှိမဖြစ်သော ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်ထူထောင်ရန်အတွက် လိုအပ်သော ရံပုံငွေဖြစ်သည်ဟု ဆိုသည်။
ရန်ပုံငွေ ချက်ချင်းမရရှိပါက အသက်များ ဆုံးရှုံးကာ ထိခိုက်လွယ်သော ကျန်းမာရေးစနစ်သည် ယိုယွင်းလာမည်ဟု WHO က ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်

image
3 ပတ် - ဘာသာပြန်ပါ။

#​​မြေငလျင်သတင်းအချက်အလက်
◼ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမေရိကန်ကဒေါ်လာနှစ်သန်းထောက်ပံ့မည်
မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမေရိကန်က ဒေါ်လာနှစ်သန်းထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ယမန်နေ့(မတ် ၃၀ ရက်) တွင်ထုတ်ပြန်သည်။
ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိသည့် မြန်မာပြည်သူများနှင့်အတူ အမေရိကန်နိုင်ငံကရပ်တည်လျက်ရှိကြောင်း၊ အသက်ဆုံးရှုံးမှုများနှင့်လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ မြန်မာနိုင်ငံရှိငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် သောက်သုံးရေရရှိနိုင်မှုအပါအဝင်လိုအပ်ချက်များအတွက် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ယခုမတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်အင်အားပြင်ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် မြန်မာပြည်အလယ်ပိုင်းရှိဒေသအတော်များများ ငလျင်ဘေးဒဏ်ဖြင့်ကြုံတွေ့ခဲ့ရသည်။
အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ဗြိတိန်နိုင်ငံမှစတာလင်ပေါင် ၁၀ သန်း၊ ဩစတေးလျအစိုးရမှလည်း လူသားချင်းစာနာမှု လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ဒေါ်လာနှစ်သန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC မှတစ်ဆင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တရုတ်အစိုးရကလည်း အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ်သန်း ၁၀၀ ပံ့ပိုးကူညီရန်ဆုံးဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာသံရုံးအသီးသီးက ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း

image
3 ပတ် - ဘာသာပြန်ပါ။

ယနေ့ မတ်လ (၃၁)မှစ၍ ဧပြီ (၆)ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ ယနေ့ မတ် ၃၁ ရက်မှစ၍ ဧပြီ ၆ ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့များအတွင်း၌ နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရမည်ဖြစ်ကြောင်း သိရသည်။

image