မြစ်ကြီးနားမြိုမြစ်ရေ ပြန်လည်မြင့်တက်လာနိုင်ချေရှိ
(မိုး/ဇလ) ဇူလိုင် ၄
မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် ပြန်လည်မြင့်တက်လာချေရှိနေတယ်လို့ ဇူလိုင်လ ၃ ရက်မှာ မြစ်ကြီးနားမြို့ မိုးလေဝသနှင့်ဇလဗေဒဌာနကနေ သိရပါတယ်။
ယင်းသည် ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးအနည်းငယ်မှ အသင့်တင့်ရွာသွန်းနေသလို ရံဖန်ရံခါ ဧရာဝတီ မြစ်ဆုံအထက်ပိုင်းတွင်လည်း နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြစ်ကြီးနားမြစ်ရေမှာ ကျဆင်း နေရာမှ အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းများ အကြိမ်ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃ ရက်ညနေပိုင်းအချိန်အထိ မြစ်ရေဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး တစ်ပေမှ တစ်ပေခွဲကျော် မြစ်ရေတက်နိုင်ကြောင်း သိရပါတယ်။
လက်ရှိမြစ်ကြီးနားမြို့ရဲ့ မြစ်ရေသည်စိုးရိမ်ရေအမှတ် ၁,၂၀၀ စင်တီမီတာ သို့ ရောက်ရှိရန် ၁၉ ပေခွဲခန့်အလိုမှာရောက်ရှိနေကြောင်း သိရပါတယ်။
မြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနှင့် ဧရာဝတီမြစ်အထက်ပိုင်းဒေသများမှာ တိမ်ဖြစ်ထွန်းမှု အားကောင်းလာနေသည်ကိုတွေ့ရပြီး၊ နောက်လာမည့် ရက်များတွင် မိုးရွာသွန်းမှု အသင့်တင့်ရှိလာနိုင်တယ်လို့ သိရပါတယ်။
