5 d - Translate

၃ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော်ရှိ

(ပြည်တွင်း) ဇူလိုင် ၄
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဧပြီလကနေ ဇွန်လအထိ ၃ လအတွင်း ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ပမာဏအမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အစောပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၅ ခု ဝင်ရောက်ထားပြီး အဆိုပါလုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်‌ဒေါ်လာ ၄၀ ဒသမ ၈၅၄ သန်း ရှိပါတယ်။

၃ လအတွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခုနဲ့ ဝန်ဆောင်မှုလုပ်ငန်း ၁ ခုဝင်ရောက်ထားပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတွေက ဝင်‌ရောက်ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုရှိပြီး စင်ကာပူ၊ တရုတ်နဲ့ထိုင်းနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတာကို တွေ့ရပါတယ်။

ပြည်တွင်းစီးပွားရေးကဏ္ဍ ၁၂ ခု ရှိသည့်အနက် အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေကတော့ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ ဖြစ်ပါတယ်။

image