Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဝက်သားချဉ်စပ် Soup
ဝက်သားများကို သကြား ဆား အရသာမှုန့် ဂျင်း ရေ ထည့်ပြီး နူးသည်အထိပြုတ်။ နူးပြီဆိုမှ စားနိုင်သလောက် ရေအနည်းငယ်ထက်ထည့်။ အပေါ်ကဝေ့တက်လာတဲ့အမဲဖတ်တွေဖယ်ထုပ်ပစ်ပါ။ ရှောက်ရွက် ကြက်သွန်မြိတ် ငရုတ်သီးစ်ိမ်း ခရမ်းချဉ်သီးစိတ် နံနံပင် ညှပ်ထည့်။ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး ရှုးရှဲစားလို့ရပါပြီနော်။ ရှယ်ဘဲ။
🦐 ချဉ်စပ် ဟင်းချို 🦐
*****************
၁- အသား
ကြက်သား, ပြည်ကြီးငါး, ပုစွန်
၂- ဟင်းသီး ဟင်းရွက်
ပန်းဂေါ်ဖီ, မုန်ညင်းဖြူထုပ်,မှို
၃- ဟင်းခပ် အမွှေးအကြိုင် ( ၆ ) မျိုး
ကြက်သွန်ဖြူထောင်း, ဂျင်းထောင်း
စပါးလင်, ရှောက်ရွက်
ရှမ်းနံနံ, နံနံပင်
၄- အရသာ
သကြား,အရသာမှုန့်,ငံပြာရည်
ငရုတ်သီးစိမ်း ( မညက်တညက် ထောင်းထားပါ )
သံပုရာသီး
၅- တုန်ရမ်းအနှစ်
( မထည့်လဲ ရပါသည် )
_________________________________________________
👉 ချက်ပါတော့မယ်
***************
အိုးထဲရေထည့်ပီး ဗွမ်းဗွမ်းဆူအောင်တည်ပီးနောက်
ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း, ထုခွေထားတဲ့ စပါးလင်ထည့်ပါ။
၃ မိနစ်ခန့်ကြာသော်
အသားလွှာထားသော ကြက်သားထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပြည်ကြီးငါးထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပုစွန်ထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
အသီးအရွက်များ ထည့်လိုက်ပါ။
သကြား,အရသာမှုန့်,ငံပြာရည်
မညက်တညက် ထောင်းထားတဲ့ ငရုတ်သီးစိမ်း
ညှစ်ထားတဲ့ သံပုရာသီး တို့ဖြင့်
ချဉ် ငံ စပ် အရသာကို မိမိနှစ်သက်တဲ့အရသာ စပ်၍ ထည့်ပါ။
တုန်ရမ်းအနှစ် ကတော့ မထည့်လဲ သောက်လို့ ကောင်းပါတယ်။
ဝယ်ရတာ လွယ်ရင်တော့ထည့်ပါ။
အရွက်လေးများ နူးစပြုချိန်မှာ
ရှောက်ရွက်,နံနံပင်,ရှမ်းနံနံထည့်မွှေပီးရင်တော့
အရသာရှိလှတဲ့ ချဉ်စပ်ဟင်းချိုရပါပီ။
🦐 ချဉ်စပ် ဟင်းချို 🦐
*****************
၁- အသား
ကြက်သား, ပြည်ကြီးငါး, ပုစွန်
၂- ဟင်းသီး ဟင်းရွက်
ပန်းဂေါ်ဖီ, မုန်ညင်းဖြူထုပ်,မှို
၃- ဟင်းခပ် အမွှေးအကြိုင် ( ၆ ) မျိုး
ကြက်သွန်ဖြူထောင်း, ဂျင်းထောင်း
စပါးလင်, ရှောက်ရွက်
ရှမ်းနံနံ, နံနံပင်
၄- အရသာ
သကြား,အရသာမှုန့်,ငံပြာရည်
ငရုတ်သီးစိမ်း ( မညက်တညက် ထောင်းထားပါ )
သံပုရာသီး
၅- တုန်ရမ်းအနှစ်
( မထည့်လဲ ရပါသည် )
_________________________________________________
👉 ချက်ပါတော့မယ်
***************
အိုးထဲရေထည့်ပီး ဗွမ်းဗွမ်းဆူအောင်တည်ပီးနောက်
ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း, ထုခွေထားတဲ့ စပါးလင်ထည့်ပါ။
၃ မိနစ်ခန့်ကြာသော်
အသားလွှာထားသော ကြက်သားထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပြည်ကြီးငါးထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပုစွန်ထည့်ပါ။
၁ မိနစ်ခန့်ကြာသော်
အသီးအရွက်များ ထည့်လိုက်ပါ။
သကြား,အရသာမှုန့်,ငံပြာရည်
မညက်တညက် ထောင်းထားတဲ့ ငရုတ်သီးစိမ်း
ညှစ်ထားတဲ့ သံပုရာသီး တို့ဖြင့်
ချဉ် ငံ စပ် အရသာကို မိမိနှစ်သက်တဲ့အရသာ စပ်၍ ထည့်ပါ။
တုန်ရမ်းအနှစ် ကတော့ မထည့်လဲ သောက်လို့ ကောင်းပါတယ်။
ဝယ်ရတာ လွယ်ရင်တော့ထည့်ပါ။
အရွက်လေးများ နူးစပြုချိန်မှာ
ရှောက်ရွက်,နံနံပင်,ရှမ်းနံနံထည့်မွှေပီးရင်တော့
အရသာရှိလှတဲ့ ချဉ်စပ်ဟင်းချိုရပါပီ။
ငါးဖယ်လုံး မှိုမျိူးစုံ ငရုတ်စိမ်း နဲ့ ရှူးရှူးရှဲရှဲ ဟင်းချို
ငါးဖယ်ကို ဆား စပါးလင်ထောင်း ငရုတ်စိမ်းထောင်း ကြက်သွန်ဖြူထောင်း ရှောက်ရွက်ပါးပါးလှီးပါရောနယ်ပြီးထောင်း အလုံးလေးလုံးထား
ရေအိုးထဲရေနွေးပွက်ပွက်ဆူမှ စပါးလင်ဓားပြားရိုက်၂ချောင်းနဲ့ ငါးပိနည်းနည်းထည့်
ပြီးရင် ငါးဖယ်လုံးတွေထည့်
ုကြက်သွန်ဖြူနဲ့ ငရုတ်စိမ်း ထပ်ထောင်းပြီးထည့်
ငါးဖယ်ကျက်ရင် ကြိုက်တဲ့မှိုတွေအကုန်ထည့် ငရုတ်ကောင်းလေးနည်းနည်းဖြူး ဒါဆိုရပါပီ
အရွက်အသီးထည့်လဲရတယ်
ဆီတစက်မှမပါ စပ်စပ်လေးနဲ့ အရသာလဲကောင်းပါတယ်နော်
Weight ချနေချိန် လေးချက်စားကြမယ်ဆိုရင် အဆင်ပြေပါတယ်
စီချွမ့် ချဉ်စပ် ဟင်းချို
--------------------------------------
တခြား စီချွမ့်ချက်နည်းတွေနဲ့ မတူပဲ ဒီချဉ်စပ် ဟင်းချိုမှာ ချဉ်တဲ့အရသာကို ဗီနီကာကြောင့် ရရှိတာ ဖြစ်ပါတယ်။ စီချွမ့် နံမည်ကြီး ဟင်းချိုတစ်ခုဖြစ်တဲ့ ချဉ်စပ်ဟင်းချိုထဲမှာ ကြက်သား၊ ကြွက်နားရွက်မှို၊ တို့ဟူး၊ မျှစ် အစုံနဲ့ အရမ်းသောက်လို့ ကောင်းမွန်ပါတယ်။
--------------------------------------
ပါဝင်ပစ္စည်းများ
ကြက်ရင်ဗုံ – ၁ခု (ကျက်အောင်ပြုတ်ပြီ အသားနွှင်းထားပါ)
ငရုတ်သီးနီ – ၃တောင့်(နှုတ်နှုတ်စဉ်းပါ)
ပဲပြား(သို့)တို့ဟူး – ၁တုံး (အရှည်ပါးပါးလှီးပါ(သို့) အတုံးလေးများ တုံးပါ)
မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
ကြွက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
ရေ(သို့)ကြက်ပြုတ်ရည် – ၆ခွက်
ဂျင်း – ၃ပြား
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
တရုတ် နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
--------------------------------------
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ရေ(၆ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ဂျင်း၊ ငရုတ်သီးနီ ထည့်ပေးပါ။
၂။ ပြီမျှ မျှစ်၊ ကြွက်နားရွက်မှို ထည့်ပေးပြီ ကြက်သား ထည့်ပါ။
၃။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ ထည့်ရောမွှေပါ။
၄။ အရသာ မြည်းကြည့်လို့ အနေတော်လျှင် ကော်ရည်ထည့်ကာ ရောမွှေပါ။
၅။ ကော်ရည် ဆူလာမှ ခလောက်ထားသော ကြက်ဥကို ဖြည်းဖြည်း ထည့်ပြီ တူဖြင့် ရောမွှေပေးပါ။
၆။ အပေါ်မှ ငရုတ်သီး ဆီချက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်(သို့)နံနံပင် ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ