Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးဖြင့် ေ-သဆုံးသူ ၄၀၀ ကျော်လာ
အပူချိန် မြင့်တက်ခြင်း၊ မိုးရာသီကာလရှည်ကြာခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများမြင့်တက်ခဲ့ပြီး နှစ်များစွာအတွင်း ရောဂါဖြစ်ပွားမှု သည် အဆိုးဆုံးအခြေအနေရောက်ရှိနေကာ ေ-သဆုံးသူ ၄၀၀ ကျော်လာခဲ့သည်။ ယင်းအခြေအနေကြောင့် ဆေးရုံများသည် ကုသရေး၌ မနိုင်မနင်းဖြစ်နေပြီး အထူးအားဖြင့် မြို့ပြ ဒေသများရှိ ဆေးရုံများမှာ အခက်အခဲတွေ့နေရသည်။
၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆက်စပ်ရောဂါဝေဒနာများဖြင့် ေ-သဆုံးခဲ့သူ ၄၀၇ ဦးထက်မနည်း ရှိနေပြီး ဆေးရုံတက်ရောက်ရသူ ၇၈,၅၉၅ ဦး ရှိခဲ့သည်ဟု နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
နိုဝင်ဘာလလယ်တွင် ဆေးရုံတက်ရောက်ကုသမှုခံရသူ ၄,၁၇၃ ဦးရှိခဲ့ရာ၌ မြို့တော်ဒါကာမှ ၁,၈၃၅ ဦးဖြစ်ပြီး ၂,၃၃၈ ဦးမှာ အခြားဒေသများမှဖြစ်သည်။
“အောက်တိုဘာလမှာတောင် မိုးရာသီလိုမျိုး မိုးရွာသွန်းတာတွေကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်၊ ဒါက ပုံမှန်မဟုတ်ပါဘူး” ဟု Jahangimagar တက္ကသိုလ်မှ သတ္တဗေဒပါမောက္ခ ကာဘီရူလ် ဘာရှားက ပြောဆိုသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ရာသီပုံစံများ ပြောင်းလဲခြင်းသည် ရောဂါပိုး အဓိကသယ်ဆောင်သူဖြစ်သော အေဒီးစ်ခြင်မျိုးအတွက် သင့်တော်သော အခြေအနေကို ပေးစွမ်းသည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။
“ဒီလို ရာသီအပြောင်းအလဲတွေက ခြင်တွေ ပေါက်ဖွားဖို့ရာ အကောင်းဆုံးအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်” ဟု ဆိုသည်။
လူဦးရေထူထပ်သော မြို့ကြီးများတွင် ရောဂါပျံ့နှံ့မှု အဆိုးဆုံးအခြေအနေကို ဇွန်လမှ စက်တင်ဘာလအထိ မိုးရာသီအတွင်း အဖြစ်များလေ့ရှိသော်လည်း ယခုနှစ်တွင် ယင်းပုံမှန်ကာလထက် ကျော်လွန်ကာ ပျံ့နှံ့ဖြစ်ပွားနေခဲ့သည်။
အိန္ဒိယ၏ ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်အောင်မြင်
ပြည်တွင်း၌ တီထွင်ထုတ်လုပ်ခဲ့သော တာဝေးပစ် အသံထက်မြန်သော ဟိုက်ပါဆောနစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု အိန္ဒိယက တနင်္ဂနွေနေ့(နိုဝင်ဘာ ၁၇) တွင် ထုတ်ဖော်ပြောကြားလိုက်ပြီး စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်ကာ ခေတ်မီနည်းပညာပိုင်ဆိုင်သည့် အနည်းငယ်သော နိုင်ငံအုပ်စုတွင် ပါဝင်လာခဲ့သည်။
တရုတ်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့နှင့်အတူ ခေတ်မီတာဝေးပစ်ဒုံးကျည်များ တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့် အိန္ဒိယကဲ့သို့ နိုင်ငံအချို့၏ အားထုတ်မှုများကြောင့် ဟိုက်ပါဆောနစ်လက်နက်များ ပိုင်ဆိုင်မှုတိုးလာမည့် ကမ္ဘာလုံးဆိုင်ရာ တွန်းအားကိုဖြစ်စေသည်။
နိုင်ငံပိုင် ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် စက်မှုလုပ်ငန်းမိတ်ဖက်များက တီထွင်ထုတ်လုပ်သည့် အိန္ဒိယဒုံးကျည်သည် လက်နက်ကိုင်တပ်ဖွဲ့အတွက် အကွာအဝေး မိုင် ၉၃၀ အထိ ဝန်(ထိပ်ဖူး) ကို သယ်ဆောင်ပေးသွားရန် ရည်ရွယ်ထားသည်ဟု ထုတ်ပြန်ချက်တွင် အစိုးရက ပြောဆိုခဲ့သည်။
ပျံသန်းမှုအချက်အလက်အရ အောင်မြင်သော လမ်းကြောင်းပဲ့ထိန်းမှု၊ တိကျမှု မြင့်မားသော အကျိုးသက်ရောက်မှုတို့ကို အတည်ပြုခဲ့သည်ဟုလည်း ဆက်လက်ပြောဆိုခဲ့သည်။
ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို သြရစ်သျှပြည်နယ် အရှေ့ပိုင်း ကမ်းရိုးတန်းကမ်းလွန်ရှိ ဒေါက်တာ အေပီဂျေ အဗ္ဗဒူကလမ်ကျွန်းမှ စနေနေ့တွင် လုပ်ဆောင်ခဲ့ခြင်းဟု ဆိုခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ်သ်ဆင်းက အဆိုပါ စမ်းသပ်မှုကို သမိုင်းဝင် အောင်မြင်မှုအဖြစ် X ပေါ်တွင် ရေးသားခဲ့ပြီး အိန္ဒိယသည် ယင်းကဲ့သို့ အရေးပါပြီး ခေတ်မီသော နည်းပညာများ ပိုင်ဆိုင်သည့် လက်ရွေးစင်နိုင်ငံများအုပ်စုတွင် ပါဝင်ခဲ့ပြီဟု ပြောဆိုခဲ့သည်။
မနေ့ညက ကစားခဲ့တဲ့ UEFA Nations League. ပွဲစဥ် အင်္ဂလန်(၅-၀)အိုင်ယာလန်ပွဲဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို ယာယီနည်းပြ လီကာစလေကိုင်တွယ်ခဲ့တဲ့ နောက်ဆုံးပွဲဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယာယီနည်းပြလီကာစလေကိုင်တွယ်တဲ့ နောက်ဆုံးပွဲစဉ်မှာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။
အဲဒါကတော့ အသင်းသမိုင်းတစ်လျှောက် ဒုတိယပိုင်းမှာဂိုးအပြတ်ဆုံးနိုင်ပွဲတစ်ပွဲကိုရရှိခဲ့တာဖြစ်ပါတယ်။
ဘန်ကောက်လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးကို လုံခြုံရေးမြှင့်တင်
ဘန်ကောက်၊ နိုဝင်ဘာ ၁၈
ထိုင်းနိုင်ငံ၏ လူဝင်မှုဗျူရို (I က သုဝဏ္ဏဘူမိ (Suvarnabhumi ) လေဆိပ်တွင် ထိုင်းလူဝင်မှုစနစ် (TIS) အပါအဝင် နည်းပညာသစ်တစ်ခုကို အကောင်အထည်ဖော်ပြီး လူဝင်မှုရေးရာ လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
"လူဝင်မှုရေးရာ လုပ်ငန်းစဉ်တွေမှာ မြန်မြန်ဆန်ဆန် ဝန်ဆောင်မှုပေးဖို့နဲ့ အမျိုးသားလုံခြုံရေးကို မြှင့်တင်တာကို ဟန်ချက်ညီညီ လုပ်ဆောင်သွားဖို့ အဓိက အာရုံစိုက်ထားပါတယ်" လူဝင်မှုကြီးကြပ်ရေးဌာန(၂) မှ အကြီးအကဲ ဖြစ်သူ ချောင်ဂရွန်(Choengron Rimpadee) က ပြောကြားခဲ့သည်။
၎င်း၏ ဌာနသည် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း (Don Mueang) ၊ ဖူးခက် (Phuket) ၊ ချင်းမိုင် (Chiang Mai) နှင့် ဟတ်ယိုင် (Hat Yai) အပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိ လူဝင်မှု စစ်ဆေးရေးဂိတ်များအတွက် တာဝန်ယူ ရသည့်ဌာန ဖြစ်သည်။
လက်ရှိ အကောင်အထည်ဖော်နေဆဲဖြစ်သည့် TIS စနစ်သည် လေဆိပ်များတွင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ဝန်ဆောင်မှုပေးသည့် အခန်းကဏ္ဍအတွက် အဓိကကျသည့် နေရာက ပါဝင်လာလိမ့်မည်ဟု ရဲချုပ် ချောင်ဂရွန်က ပြောသည်။
သုဝဏ္ဏဘူမိလေဆိပ်သည် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျသည့် နေရာတွင် တည်ရှိသဖြင့် အစိုးရအဖွဲ့ သည် လာမည့် ၅ နှစ်အတွင်း သုဝဏ္ဏဘူမိလေဆိပ်ကို ကမ္ဘာ့အကောင်းဆုံးလေဆိပ် ၂၀ စာရင်းတွင် ပါဝင်ရန် ရည်မှန်းထားကြောင်း ၎င်းက ပြောသည်။
ထိုအချိန်သို့ ရောက်ရှိချိန်တွင် သုဝဏ္ဏဘူမိလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၁၅၀ ခန့် အဝင်/အထွက် ပြုလုပ်နိုင်လိမ့်မည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။
လက်ရှိတွင် သုဝဏ္ဏဘူမိလေဆိပ်သည် တစ်ရက်လျှင် ခရီးသည် ၁၂၀,၀၀၀ ပျမ်းမျှအတွက် ဝန်ဆောင်မှုပေးနိုင်ပြီး ထိုပမာဏသည် တစ်ရက်လျှင် ခရီးသည် ၆၀,၀၀၀ မှ ၇၀,၀၀၀ ကို ဝန်ဆောင်မှု ပေးနိုင်သည့် ဒွန်မောင်းလေဆိပ် ထက် ၂ ဆ ပိုမိုများပြားသည်။
"အခုနှစ် ကုန်ပိုင်းမှာတော့ ကျနော်တို့ဟာ တစ်ရက်ကို ခရီးသွားအရေအတွက် ၁၂,၀၀၀ ကနေ ၁၃,၅၀၀ အထိ ဝန်ဆောင်မှု ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်" ဟု ချောင်ဂရီက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
ပုံ - ထိုင်းလေဆိပ်ကို တွေ့ရစဥ်
#centralnewsnaypyitaw