ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေ ဒုတိယမြောက် ညအဖြစ် ထပ်ရပ်နားထား

​စစ်ပွဲကြီးတစ်ခုလုံး ပြန်ဖြစ်မလာစေဖို့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာပဲ၊ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တွေက ဒေါ်နယ်တရမ့်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အကြံပေးခဲ့ကြတဲ့အတွက် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေကို ဒုတိယမြောက် ညအဖြစ် ထပ်ပြီး ရပ်နားထားပါတယ်။
တရမ့် အစိုးရအဖွဲ့ထဲက အရာရှိကြီးတွေကလည်း ဒေသတွင်းမှာ ရေရှည်စစ်ဆင်ရေးလုပ်ဖို့ အဟန့်အတားဖြစ်စေနိုင်တဲ့ ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာနေတဲ့အကြောင်း သမ္မတကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
သောကြာနေ့က အိမ်ဖြူတော် အိုဗယ်လ်(Oval) ရုံးခန်း အစည်းအဝေးမှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် နဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန်ကိန်း တို့က အီရန်ကို စစ်ရေးအရ ထပ်မံတိုက်ခိုက်မယ်ဆိုရင် ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို တရမ့်ကို သတိပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ သမ္မတက စစ်တပ်ကို တိုက်ခိုက်မှုအသစ်တွေ ရပ်ထားဖို့ အမိန့်ပေးခဲ့တာပါ။ အစောပိုင်းတုန်းကတော့ သူတို့(အီရန်)ဆီမှာ ရှိတာမှန်သမျှကို "အကုန်ဖျက်ဆီးပစ်နိုင်တယ်" လို့ တရမ့်က သတိပေးခဲ့ဖူးပါတယ်။
​တနင်္ဂနွေနေ့မှာတော့ အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန် မဟာမိတ်တွေကို "လက်စားချေ" တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားမယ်လို့ ပြောလာပါတယ်။ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အက်ခရာမီနီယာက "အမေရိကန်တွေက လွန်ခဲ့တဲ့ နှစ်ညအထိ ဆက်တိုက်ခိုက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ညမှာတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်လိုက်ပါပြီ၊ ကျနော်တို့ရဲ့ မဟာဗျူဟာကလည်း အဓိကအားဖြင့် လက်စားချေဖို့သက်သက်ပဲဖြစ်လို့ ကျနော်တို့ဘက်ကလည်း လက်စားချေ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားလိုက်ပါပြီ" လို့ ပြောပါတယ်။
​တနင်္ဂနွေနေ့က Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေသတွင်း အမေရိကန်စစ်တပ်ရဲ့ ထိပ်ပိုင်းတပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒလေ ကူးပါးက အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အထိရောက်ဆုံးဖြစ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ရောက်သွားပြီလို့ တရမ့်ကို ပြောခဲ့တယ်လို့ သိရပါတယ်။
​ဒီလိုတင်ပြချက်ကပဲ သီတင်းနှစ်ပတ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်ကို တိုက်ခိုက်နေတာတွေ ရပ်ထားဖို့ တရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိခဲ့တာပါ။ အမေရိကန်အနေနဲ့ အီရန်မှာ တိုက်ခိုက်ဖို့ သတ်မှတ်ထားတဲ့ ပစ်မှတ်စာရင်းတွေ ကုန်သလောက်ဖြစ်နေပြီဖြစ်လို့ အကြီးစား စစ်ဆင်ရေးကြီးတွေ ထပ်မလုပ်ဘဲနဲ့ ဗုံးဆက်ကြဲနေတာက သိပ်အဓိပ္ပာယ်မရှိဘူးလို့ ကူးပါးက တရမ့်ကို ပြောခဲ့ကြောင်း အဲဒီသတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
​တနင်္ဂနွေနေ့က NBC ရဲ့ Meet the Press အစီအစဉ်မှာ အီရန်ကို ထပ်တိုက်ဖို့ မရှိတော့ဘူးလားလို့ မေးမြန်းရာမှာတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ် က "အဲဒီလောက်ကြီးအထိတော့ ကျနော် မပြောလိုပါဘူး။ သမ္မတကြီးကတော့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်း အားလုံးကို ချန်ထားဆဲပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။
​သောကြာနေ့ညနေပိုင်းက စတင်ခဲ့တဲ့ ဒီတိုက်ပွဲတွေ ရပ်တန့်သွားမှုဟာ သီတင်းနှစ်ပတ်နီးပါးကြာ အီရန်ကို တိုက်ခိုက်မှုတွေနဲ့ တရမ့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက်မှာ ပေါ်ပေါက်လာတာပါ။ အမေရိကန်ကတော့ ဒေသတွင်းက အမေရိကန်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေကို တိုက်ခိုက်တာ၊ ပြီးတော့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့တာတွေဟာ အီရန်ကြောင့်လို့ အပြစ်တင်ထားပါတယ်။

image

ရန်ကုန်မြို့၌ ရေပေးဝေစဉ် ရေအားနည်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် ရန်ကုန်စည်ပင် တောင်းပန်

ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့သို့ ရေဖြန့်ဖြူးပေးနေသည့် လှော်ကားရေလှောင်ကန်နှင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) တို့တွင် ယမန်နေ့က လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တေ-ာက်ခဲ့ပြီး ရေတွန်းစက်ကြီးများ ခေတ္တရပ်နားခဲ့ရသဖြင့် ရေဖြန့်ဖြူးချိန်အတွင်း ရေအားနည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒလမြို့နယ်သို့ ရေပေးဝေနေသည့် ရန်ကုန်ပေါက် ရေပေးဝေရေးစခန်း ဇုန် (၁၀) တွင်လည်း မိနစ် ၂၅ ကြာ လျှပ်စစ်ဓာတ်အား ပြ-တ်တေ-ာက်ခဲ့မှုကြောင့် ရေပို့ပိုက်လိုင်းများအတွင်း ရေအားလျော့နည်းခဲ့ရသည်။
အဆိုပါ ရေအားလျော့နည်းမှုအခက်အခဲများအတွက် သုံးစွဲသူ ပြည်သူများကို တောင်းပန်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ယနေ့တွင် ထုတ်ပြန်ထားပြီး ရေသုံးစွဲရန် အခက်အခဲရှိပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

image

မိုးသည်းထန်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်တွင် တောင်ကမ်းပါးမြေပြိုကျ၊
မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က တောင်ကမ်းပါးမှ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပညာသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ လမ်းပိတ်ဆို့နေသည့် မြေသားများကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုကျမှုကြောင့် လူထိခိုက်ဒ-ဏ်ရာရရှိမှု သတင်းထုတ်ပြန်ထားခြင်းမရှိဘဲ မိုးရာသီကာလအတွင်း တောင်စောင်းနှင့် နီးစပ်သည့်နေရာများတွင် သွားလာနေသူများအနေဖြင့် သတိပြုကြရန် သက်ဆိုင်ရာက တိုက်တွန်းထားသည်။

image

စားသုံးသူရေးရာဦးစီးဌာန၊ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲခန်းများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပြီး ပို့ကုန် လယ်ယာထွက်ကုန်များနှင့် စားသုံးဆီများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။
ဌာနအနေဖြင့် ဓာတ်ခွဲခန်းများ၏နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ရရှိရေး၊ 17025 လက်မှတ်ရရှိရေး၊ ပို့ကုန်၊ သွင်းကုန်များ၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပိုမိုထိရောက်စေရေးနှင့် စီးပွားဖြစ်တွက်ခြေကိုက်မှု မြှင့်တင်နိုင်ရေးတို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်။
စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် EOI ပုံစံကို www.doca.gov.mm တွင် ရယူ၍ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်၊ ဘဏ္ဍာရေးအထောက်အထား စသည့် လိုအပ်သည်များကို ပူးတွဲကာ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက် ရုံးချိန်မတိုင်မီ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန (ရုံးအမှတ် ၅၂) သို့ဖြစ်စေ၊ အီးမေးလ် itqmconsumer@gmail.com သို့ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

image

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊ အမျိုးသားတစ်ဦး ‌ေ-သဆုံးပြီး တစ်ဦး ဒ-ဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင် လဲကျပြီး မောင်းနှင်နေသည့် ကားပေါ်သို့ ပိမိခဲ့ရာ လူ ၂ ဦး ကားအတွင်းညပ်နေခဲ့ပြီး အမျိုးသားတစ်ဦး ‌ေ-သဆုံးကာ တစ်ဦးဒ-ဏ်ရာရရှိခဲ့ကြောင်း မြေပြင်ကယ် ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။
အခင်းဖြစ်နေရာတွင် ကားအတွင်းညပ်နေသည့် ဒဏ်ရာရအမျိုးသားတစ်ဦးနှင့် ‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကားအတွင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
‌ေ-သဆုံးသူနှင့် ဒ-ဏ်ရာရရှိသူတို့၏ အမည်၊အသက်နှင့်နေရပ်လိပ်စာကို မေးမြန်းရာ၌ "လောလောဆယ် ‌ေ-သဆုံးသူကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ထားပါတယ်။ သူတို့ရဲ့နာမည်နဲ့ အသက်ကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ ကယ်ဆယ်ပေးရုံဆိုတော့"ဟု အနာဂတ်အလင်းတန်း လူမှုကူညီရေးအဖွဲ့က ပြော သည်။
ယင်းနှင့်ပတ်သက်၍ ‌ေ-သဆုံးသူနှင့် ဒ-ဏ်ရာရရှိသူ၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စုံစမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

image

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊
မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၇ ရက်)မွန်းတည့် ၁၂ နာရီတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်အကွာတွင် ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသည်။
နောက် ၁၂ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။
မုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ မြင့်တက်နိုင်သည်၊၊
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်၊ ချောင်းအနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းလိုင်းများနှင့် ငါးဖမ်းရေယာဉ်များအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

image

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးကို ဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း စားဆီဖူလုံမှုမရှိသေးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း စားဆီဖူလုံမှုရရှိအောင် ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရာတွင် တောင်သူများအတွက် လိုအပ်သည့် မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ အရည်အသွေးပြည့်ဝသည့် သွင်းအားစုများ အသုံးပြုနိုင်ရေးနှင့် စီးပွားရေး တွက်ချေကိုက်မှုရှိသည့် ဈေးနှုန်းများရရှိရန် လိုအပ်မည်ဖြစ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဆီကုန်သည်များ၊ ဆီစက်ပိုင်ရှင်များ၊ ဌာနဆိုင်ရာများ အားလုံးပါဝင်ပြီး ခရိုင်အလိုက် အုပ်စု(၈)ခုခွဲခြား၍ အုပ်စုအလိုက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ၊ မျိုး၊ သွင်းအားစုရယူသုံးစွဲမည့် အခြေ အနေများ၊ ဆီထွက်သီးနှံရောင်းချနိုင်မှုအခြေအနေများ၊ ဆီစက်များမှဝယ်ယူကြိတ်ခွဲမှု၊ ဈေးကွက် နှင့် ဈေးနှုန်းအခြေအနေများကို စကားဝိုင်းဆွေးနွေးနေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

image

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃) ခုကို ထရမ့်စဉ်းစားနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times သတင်းစာက ဖော်ပြထားပါတယ်။
​သတင်းစာမှာ ဖော်ပြချက်အရ အဲဒီ (၃) ခုကတော့ စစ်ရေးအရ ထပ်ပြီး အရှိန်မြှင့်ဖို့၊ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ပြီး အီရန်ကို စီးပွားရေးအရ ဖိနှိပ်ဖို့နဲ့ အမေရိကန်က စစ်ပွဲမှာ အနိုင်ရပြီလို့ ကြေညာပြီး ပဋိပက္ခကနေ ဆုတ်ခွာဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်၊ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်း၊ ထရမ့်ရဲ့ သားမက် ဂျရတ်ကက်ရှ်နာနဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ခ်ကော့ဖ်တို့ ပါဝင်တဲ့ အစည်းအဝေးတွေမှာ ဒီလမ်းကြောင်း တစ်ခုချင်းစီအတွက် အချေအတင် ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းမှာ အတိအကျ ဆိုထားပါတယ်။
​ပဋိပက္ခဖြစ်ပွားနေတဲ့ (၅) လတာ ကာလအတွင်းမှာ အမေရိကန်အနေနဲ့ "အင်အားအလုံးအရင်း" သုံးပြီး အီရန်အစိုးရကို ပြုတ်ကျအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်အပါအဝင် သူတို့ရဲ့ တခြားရည်မှန်းချက်တွေကို အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း The New York Times က မှတ်ချက်ပြုထားပါတယ်။
​အမေရိကန်နဲ့ အီရန်ကြား အခုနောက်ဆုံး ဖြစ်လာတဲ့ တင်းမာမှုတွေကတော့ ဇူလိုင်လ ၈ ရက်နေ့မှာ စတင်ခဲ့တာပါ။ ဝါရှင်တန်နဲ့ တီဟီရန်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးကတည်းက အမေရိကန်က အီရန်ကို ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်ရေးသင်္ဘောတစ်စင်း တိုက်ခိုက်ခံရတဲ့အတွက် လက်တုံ့ပြန်ရတာဖြစ်တယ်လို့ အမေရိကန်ဘက်က အကြောင်းပြပါတယ်။ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးသွားပြီလို့ သမ္မတ ထရမ့်က အဲဒီနေ့မှာပဲ ကြေညာခဲ့ပါတယ်။ အီရန်ဘက်ကလည်း ဘာရိန်း၊ ကူဝိတ်၊ ယူအေအီး (UAE)၊ ကာတာနဲ့ ဂျော်ဒန် နိုင်ငံတွေ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ဝန်းက အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထားပြီး ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ရောက်တော့မှ နှစ်ဖက်စလုံး အပြန်အလှန် ပစ်ခတ်မှုတွေကို ရပ်တန့်ခဲ့ကြပါတယ်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်
အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချရန် တိုက်တွန်း

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာအာကာသနည်းပညာဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ ကောလိပ်များ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် MAH-1 Earth Remote Sensing (ERS) ဂြိုဟ်တုပုံစံငယ်၊ MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေးစနစ်၊ ကမ္ဘာမြေအဝေးမှအာရုံခံနည်းပညာ အသုံးချစနစ်နှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သုံးဖက်မြင်မြေပုံအချက်အလက်များကို လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းအပြင် ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ်၊ အာကာသနည်းပညာ၌ ဉာဏ်ရည်တုနည်းပညာအသုံးပြုမှု၊ အဆင့်မြင့်စက်ရုပ်စနစ်၊ နေအာရုံခံကိရိယာ၊ ဂြိုဟ်တုရွေ့လျားမှုထိန်းချုပ်ရေးစနစ်၊ အာကာသရာသီဥတုနှင့် အာကာသအခြေအနေ စောင့်ကြည့်လေ့လာရေးစနစ်၊ ကမ္ဘာအနီးအာကာသအန္တရာယ် အလိုအလျောက်ကြိုတင်သတိပေးစနစ်တို့ကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတက “MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC)” ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က မြန်မာတစ်နိုင်ငံလုံး၏ သုံးဖက်မြင်မြေပုံအချက်အလက်များကို နိုင်ငံတော်သမ္မတထံ အပ်နှံတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းတည်ထောင်ပြီး နည်းပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာခြင်းသည် နိုင်ငံတော်၏ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် နိုင်ငံအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မြေပြင်အခြေအနေပြောင်းလဲမှု၊ မီးတောင်ပေါက်ကွဲမှုနှင့် ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်များကို ဂြိုဟ်တုနည်းပညာဖြင့် အသေးစိတ်လေ့လာနိုင်ကြောင်း ပြောကြားခဲ့သည်။

image

မန္တလေး-ပြင်ဦးလွင် Mountain Bike (MT လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MT လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ထံမှ သိရသည်။
အဆိုပါပြိုင်ပွဲ၏ စတင်ထွက်ခွာမည့်နေရာမှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့ဘက်ဖြစ်ပြီး၊ ပန်းဝင်မည့်နေရာမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ဖြစ်သည်။
ပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် Mountain Bike စီးနင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
ထို့ပြင် ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင်စဉ်အတွင်း စက်ဘီးစီးဦးထုပ် (Helmet) ကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်မှတ်ပုံတင်ခြင်း၊ လမ်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် ဆုချီးမြှင့်မည့်အစီအစဉ်များကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အဆင့်အလိုက် အထူးဆုများကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

image