Global Herbal Nerve Support Supplements Market Set to Surpass USD 4.8 Billion by 2032

The global Herbal Nerve Support Supplements market is gaining significant traction as consumers increasingly turn toward plant-based solutions for nerve health and overall neurological balance. Market Intelo projects the market to grow from USD 2.1 Billion in 2024 to USD 4.8 Billion by 2032, expanding at a CAGR of 10.9% during the forecast period. Growing awareness of preventive healthcare and natural healing systems is fueling sustained product adoption.
Read Full Research Study: https://marketintelo.com/repor....t/herbal-nerve-suppo

6 hrs - Translate

R1234ze Refrigerant Market Projected to Grow Strongly Through 2032

The global R1234ze Refrigerant market is poised for significant expansion, driven by increasing adoption of environmentally friendly refrigerants in the HVAC (Heating, Ventilation & Air Conditioning) industry. R1234ze, a hydrofluoroolefin (HFO) refrigerant, is gaining traction as a low global warming potential (GWP) alternative to traditional HFCs. Rising environmental regulations, energy efficiency requirements, and the need to reduce carbon emissions are fueling the market demand across commercial, industrial, and residential sectors.

Read Full Research Study: https://marketintelo.com/repor....t/rze-refrigerant-ma

6 hrs - Translate

✔️

image

အချောအလှ အမျိုးသမီးစည်းကြပ်ဒိုင်ကြောင့် လူစိတ်ဝင်စားခြင်းခံနေရတဲ့ အီတလီပဥ္စမတန်းလိဂ်
=====================
ဘောလုံးပရိသတ်များဟာ မျှော်လင့်မထားတဲ့ အကြောင်းပြချက်ဖြင့် အီတလီလိဂ်ငယ်လေးများကို စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
စတုတ္ထတန်းလိဂ် စီးရီးဒီနှင့် ပဥ္စမတန်းလိဂ် Eccellenza တို့ဟာ ချောမောလှပတဲ့ အမျိုးသမီးစည်းကြပ်ဒိုင် ဂူလီယာနာဗီဂေးလ်ကို အသုံးပြုလာမှုနှင့်အတူ လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
အသက် ၂၃ နှစ်ရှိ ဂူလီယာနာဟာ အီတလီအဆင့်နိမ့်လိဂ်များတွင် လက်ထောက်ဒိုင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
သူမဟာ အင်စတာဂရမ်မှာ အလှအပဓာတ်ပုံများ မကြာခဏ တင်လေ့ရှိနေပြီး ဖော်လိုဝါ ၁၀၂၀၀၀ ကျော်အထိ ပိုင်ဆိုင်နေပါတယ်။
အီတလီနိုင်ငံ စီဆီနာသူဟာ ပြီးခဲ့တဲ သုံးနှစ်တာကာလအတွင်း ပွဲတိုင်းတွင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြုလုပ်နိုင်မှုနှင့်အတူ အီတလီဒိုင်အဖွဲ့ချုပ်ရဲ့ အမှတ်ကောင်းရရှိနေသူလည်း ဖြစ်ပါတယ်။
သူမဟာ လိဂ်ငယ်လေးများတွင် စည်းကြပ်ဒိုင်အဖြစ် အလုပ်လုပ်နေသလို ဘိုလော့ဂ်နာတက္ကသိုလ်မှာ နိုင်ငံတကာနှင့် သံတမန်ရေးရာသိပ္ပတို့ တက်ရောက်သင်ကြားနေသူလည်း ဖြစ်ပါတယ်။
သူမဟာ ချောမောလှပလွန်းမှုနှင့်အတူ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးကာ Influencer နှင့် မော်ဒယ်တစ်ဦးအဖြစ်လည်း အလုပ်လုပ်ခွင့်ရနေပါတယ်။
သူမဟာ ကွင်းပြင်ပတွင်သာမက ကွင်းတွင်းတွင်လည်း အကောင်းဆုံး စွမ်းဆောင်ထားနိုင်မှုနှင့်အတူ တစ်နေ့တွင် စီးရီးအေတွင် အလုပ်လုပ်ခွင့်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းခြင်းခံထားရပါတယ်။

image

ဟာလန်း ဝင်ရောက်စားသောက်ပြီးနောက် လူတိုးမပေါက်အောင် ဈေးရောင်းကောင်းသွားတဲ့ နော်ဝေမှ ကော်ဖီဆိုင်ငယ်လေး
====================

ဂိုးသွင်းစက် အာလင်းဟာလန်း အသားလုံး ဝင်ရောက် စားသောက်ခဲ့တဲ့ နော်ဝေမှ ကော်ဖီဆိုင်ငယ်လေးဟာ တစ်နေ့လျှင် အသားလုံး ကီလို ၃၀ အထိ ရောင်းချရတဲ့အထိ ရောင်းအား ကောင်းမွန်လာခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ မန်စီးတီးစတားဟာ တနင်္ဂနွေနေ့တုန်းက မွေးရပ်မြေ နော်ဝေသို့ ရောက်ရှိစဉ် ယင်းဆိုင်ငယ်လေးသို့ ဝင်ရောက်ပြီး စားသောက်ခဲ့တာပါ။
အရပ် ၆ ပေ၊ ၅ လက်မရှိ တိုက်စစ်မှူးဟာ ယင်းဆိုင်ငယ်လေးသို့ ရောက်လာချိန်တွင် အသားလုံးနှစ်ပန်းကန်မှာယူစားသောက်ခဲ့တာလည်း ဖြစ်ပါတယ်။
နီယာဘိုရှိ Kafé Jaerbuen ကို ဂျက်တီဘော်လန်းက ပိုင်ဆိုင်တာ ဖြစ်ပြီး မိသားစုဝင်များ စုဖွဲ့ လုပ်ကိုင်တဲ့ ဆိုင်လေးဖြစ်ပါတယ်။
ဘော်လန်းက "သူချပေးတဲ့ အများကြီး။ ဒါပေမယ့် အလွယ်တကူ ကုန်အောင် စားပစ်နိုင်ခဲ့တယ်။ သူ အစားအသောက်အများကြီးစားဖို့ လိုတဲ့ လူသန်ကြီးပါ"လို့ ပြောကြားသွားပါတယ်။
ဟာလန်းစားသောက်နေတဲ့ ဓာတ်ပုံကို ၎င်းတို့က အွန်လိုင်းတွင် တင်လိုက်ချိန်မှာတော့ ပရိသတ်အမြောက်အမြားတို့ဟာ အသားလုံးမှာယူစားသောက်လာကြပါတော့တယ်။
ဘော်လန်းက "ရောင်းအားကောင်းသွားတယ်။ တစ်နေ့ အသားလုံး ကီလို ၃၀ အထိ ကြော်ရတယ်။ အားလုံး အလွယ်တကူပဲ ရောင်းချခဲ့ရတယ်။ အခု အသားလုံးက ကိုယ်ပိုင်အမှတ်တံဆိပ်လိုတောင် ဖြစ်နေပြီ"လို့ ပြောကြားသွားပါတယ်။
အာလင်းဟာလန်းဟာ အစားသောင်းကျန်းသူ တစ်ဦးဖြစ်ပြီး Youtube တွင် ကိုယ်ပိုင် Food Channel တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက မွေးရပ်မြေ နော်ဝေသို့ တကျော့ပြန်ရောက်ခဲ့ရာမှာ ချန်ပီယံလိဂ်တွင် ဘိုဒို/ဂလမ့်အား အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။
မန်စီးတီးဟာ ယင်းရှုံးပွဲကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရေး မရေမရာ ဖြစ်လာပါတယ်။

image

လိဂ် ၂ ကလပ် ကိုလ်ချက်စတာယူနိုက်တက်ကို ဝယ်ယူရေး ချဲလ်ဆီးတိုက်စစ်မှူးဟောင်းပါတို ဆွေးနွေးနေ
==================
ချဲလ်ဆီးတိုက်စစ်မှူးဟောင်းအလက်ဇန္ဒားပါတိုဟာ လိဂ် ၂ ကလပ် ကိုလ်ချက်စတာယူနိုက်တက်အား ဝယ်ယူရေး ဆွေးနွေးနေပါတယ်။
အသက် ၃၆ နှစ်ရှိ ပါတိုနှင့် ရင်းနှီးမြှပ်နှံရေးအဖွဲ့တို့ဟာ စနေနေ့တုန်းက JobServe Stadium တွင် ဖလက်ဝုဒ်တောင်းနှင့် ကစားတဲ့ ကိုလ်ချက်စတာရဲ့ ပွဲစဉ်အား ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ပါတိုဟာ ကိုလ်ချက်စတာတို့ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲကို ဥက္ကဌရော့ဘ်ဘီကောလင်းနှင့်အတူ တွဲယှဉ် ကြည့်ခဲတာလည်း ဖြစ်ပါတယ်။
The Daily Gazette ရဲ့ ဖော်ပြမှုအရ ပါတိုဟာ ကိုလ်ချက်စတာကို ဝယ်ယူရေး ကောလင်းနှင့် ဆွေးနွေးနေကြောင်းလည်း သိရပါတယ်။
တဖက်တွင် ကောလင်းကိုယ်တိုင်ကလည်း သင့်တော်တဲ့ ဝယ်လက်တွေ့ရှိပါက ကိုလ်ချက်စတာအား ရောင်းချရန် အသင့်ရှိနေပါတယ်။
လက်ရှိအချိန်တွင် ပါတိုက ကိုလ်ချက်စတာအား ဝယ်ယူရေး ကမ်းလှမ်းမှု ပြုလုပ်ထားပြီလား၊ ယင်းဝယ်ယူရေးတွင် ဘယ်လိုနေရာက ပါဝင်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
ပါတိုဟာ ကစားသမားဘဝ အမြင့်ဆုံးအချိန်ရောက်တုန်း ဥရောပတလွှားထိပ်သီးကလပ်များတွင် ကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘရာဇီးကလပ် အင်တာနေစီယွန်နယ်တွင် ကစားသမားဘဝ စတင်ပြီးနောက် ၂၀၀၇ ခုနှစ်တွင် အေစီမီလန်သို့ ပြောင်းခဲ့ကာ ခြောက်နှစ်တာ ကစားစဉ်အတွင်း ပွဲ ၁၅၀ ကစားကာ ၆၃ ဂိုးသွင်းပြီး ၁၈ ကြိမ် ဖန်တီးခဲ့ပါတယ်။
ပါတိုဟာ ၂၀၁၆ ခုနှစ်တုန်းက ချဲလ်ဆီးတွင် ကာလတို အငှားဖြင့် ကစားစဉ် ၂ ပွဲတည်းသာ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ဗီလာပါ့ခ်တွင် ကစားတဲ့ပွဲစဉ်တွင် ချဲလ်ဆီးအတွက် ၁ ဂိုးတည်းသော ဂိုးအား သွင်းခဲ့ပါတယ်။
သူဟာ ကိုရင်သီယန်၊ ဆာအိုပေါ်လို၊ ဗီလာရီးရဲလ်၊ တီယန်ကျင်းတီယန်ဟိုင်း၊ အော်လန်ဒိုစီးတီးတို့တွင်လည်း ကစားခဲ့ကာ ပြီးခဲ့တဲ့ နှစ်တုန်းက ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၂၇ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

image

ယူနိုက်တက်အား အလှည့်အပြောင်း ဖြစ်လာအောင် မိုက်ကယ်ကာရစ်ရဲ့ လုပ်ဆောင်မှုကို ဂိုးသမားလမ်မန်း ဖွင့်ဟပြောကြားလာ
=================

ယူနိုက်တက်ဂိုးသမားဆန်နီလမ်မန်းက မိုက်ကယ်ကာရစ်မှာ ကလပ်အား အလှည့်အပြောင်းဖြစ်လာအောင် မည်သည့်အရာမှ ထူးထူးခြားခြားပြုလုပ်လာခြင်း မရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်လက်ထက် တနင်္ဂနွေနေ့ညတုန်းက အာဆင်နယ်ကို ၃-၂ ဖြင့် အဝေးကွင်းတွင် အနိုင်ရရှိကာ ၂ ပွဲဆက် အနိုင်ရပြီးနောက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတုန်းက အဲဗာတန်နောက်ပိုင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ၂ သင်းကို ဆက်တိုက် အနိုင်ယူနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
ယူနိုက်တက်ဟာ မန်စီးတီးအား ၂-၀ ဖြင့်လည်းကောင်း၊ အာဆင်နယ်အား ၃-၂ ဖြင့်လည်းကောင်း အနိုင်ယူထားကာ ၂၀၁၇ ခခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအမ်းမရိတ်နိုင်ပွဲ ရယူခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကာရစ်လက်ထက် ၂ ပွဲဆက် နိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာသို့ တက်လှမ်းလာခဲ့ပြီး အမ်းမရိတ်အောင်ပွဲအပြီးတွင် ယူနိုက်တက်ပရိသတ်များက “We’re gonna win the league” လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
ဒါပေမယ့် ယူနိုက်တက်ရဲ့နောက်ဆုံး ၁၈ ပွဲဆက် ပွဲထွက်ကစားလာခဲ့တဲ့ လမ်မန်းက "အရိုးသားဆုံး ပြောရရင် သူ ဘာမှ ထွေထွေထူးထူး လုပ်တာ မရှိပါဘူး။ အခြေခံအပိုင်းတွေကိုပဲ လုပ်တယ်။ ဘောလုံးမှာ အခြေခံက အရေးကြီးတယ်။ အခြေခံပိုင်ရင် အရည်အသွေးထွက်လာတာပဲ။ ကျွန်တော်တို့မှာ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိ ကစားသမားတွေ ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် တကယ်လို့များ အခြေခံမှန်ရင် နည်းစနစ်ပိုင်းသာ မှန်ရင် အတူတကွ တွဲပြီး ခုခံရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ အရိုးသားဆုံးပြောရရင် အသင်းလိုက်ကစားရုံပါပဲ။ ကျွန်တော်တို့ဆီက ဘာလိုချင်တယ် ဘာမျှော်လင့်တယ် ဆိုတာ သူ့ဘက်က ပွင့်ပွင့်လင်းလင်းပဲ လုပ်ထားတယ်။ ကင်းထဲမှာ ကျွန်တော်တို့ မထုတ်ပြနိုင်ခဲ့တာ ထုတ်ပြနိုင်ခဲ့တယ်။ အသင်းလိုက် တိုက်ပွဲဝင်ရင် ယုံကြည်မှု ရှိနေရင် ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းကလည်း လီဗာပူးကို အနိုင်ယူကာ ၁၀ နှစ်တာအတွင်း အန်ဖီးလ်တွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

image

အသင်းဟောင်းဆီဗီလာအား ပေါင်သန်း ၃၅၀ ဖြင့် ဝယ်ယူရေး ကြီးမားတဲ့ ခြေလှမ်းလှမ်းလာတဲ့ ရာမို့စ်ဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့
=====================

ဆာဂျီယိုရာမို့စ်ဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ အသင်းဟောင်းဆီဗီလာကို ဝယ်ယူရေး ကြီးမားတဲ့ ခြေလှမ်းလှမ်းလာပါတယ်။
အသက် ၃၉ နှစ်ရှိ စပိန်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ ပြီးခဲ့တဲ့လတုန်းက မက္ကဆီကိုကလပ် မွန်တာရေးမှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
ရာမို့စ်ဟာ ကစားသမားဘဝမှ အနားယူရန် အစီအစဉ် မရှိသေးပေမယ့်လည်း ကစားသမားဘဝမှ အနားယူလာချိန်တွင် လုပ်ဆောင်ရေးအတွက် အစီအစဉ်များ ရေးဆွဲနေပြီလည်း ဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြလာမှုအရ ရာမို့စ်ဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ဆီဗီလာကို ဝယ်ယူရေး ပေါင်သန်း ၃၅၀ ဖြင့် ကမ်းလှမ်းလာကြောင်း သိရပါတယ်။
ယင်းရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် ပေါင် ၅၈ သန်းကြွယ်ဝချမ်းသာတဲ့ ရာမို့စ်အပြင် အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Five Eleven Capital လည်း ပါဝင်ပါတယ်။
ဒါပေမယ့် ရာမို့စ်ကို အရောင်းအဝယ် ဖြစ်မြောက်လာတွင် အထောက်အပံ့ ဖြစ်စေရေး မျက်နှာဖုံး အသုံးချလာတာဆိုရင်လည်း မမှားပါဘူး။
လတ်တလောတွင် ရာမို့စ်နှင့် ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ဆီဗီလာအား ဝယ်ယူရေး သုံးလအတွင်း အပြီးသတ်နိုင်ရေး လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။
တဖက်တွင် ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ဘဏ္ဍာရေးပြဿနာများနှင့် ကြုံလာရတဲ့ ဆီဗီလာရဲ့ ဘဏ္ဍာရေးအခြေအနေအား စာရင်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
ဆီဗီလာဟာ ၂၀၂၃-၂၄ ရာသီတုန်းက ပေါင် ၇၁ သန်း အရှုံးပေါ်ကာ ပေါင် ၉၄ သန်းချေးငွေ ရယူခဲ့ရကာ ကြွေးမြီ ပေါင် ၁၅၆ သန်း ရှိတယ်လို့ ယုံကြည်ရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အခြားရင်းနှီးမြှပ်နှံရေးအဖွဲ့တစ်ခုက ဆီဗီလာအား ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးပေမယ့် ငွေစာရင်းအင်းများကို စစ်ဆေးပြီးနောက် နောက်ဆုတ်သွားခဲ့ပါတယ်။
ရာမို့စ်ဟာ ယခုလအတွင်းတွင် ဆီဗီလာရှယ်ယာရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။
ရာမို့စ်ဟာ ဆီဗီလာတွင် စီနီယာကစားသမားဘဝ စတင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်တွင် ၁၆ နှစ်ကြာ ကစားခဲ့ပါတယ်။
သူဟာ ကစားသမားဘဝအတွင်း ပွဲပေါင်းတစ်ထောင်ကျော် ကစားခဲ့ရာမှာ ကလပ်နှင့် နိုင်ငံအတွက် ဂိုး ၁၅၀ သွင်းခဲ့ကာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၄ ကြိမ်၊ အမှတ်ပေးဖလား ၇ ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

image

ကားမတော်တဆမှုဖြစ်ခဲ့တဲ့ စပါးကစားသမားနှစ်ဦးစလုံး အကောင်းပကတိရှိတယ်လို့ သောမတ်စ်ဖရန့်ခ် အတည်ပြု

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က မနေ့က ကားမတော်တဆဖြစ်ခဲ့တဲ့ ကိုလိုမူအာနီနဲ့ အော်ဒိုဘတ်တို့ နှစ်ဦးစလုံး ဒဏ်ရာမရရှိခဲ့ဘဲ အကောင်းပကတိရှိတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
မူအာနီနဲ့ အော်ဒိုဘတ်တို့က ချန်ပီယံလိဂ်အဝေးကွင်းပွဲ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် လေဆိပ်ကို ကားတစ်စီးစီနဲ့ ထွက်ခွာလာရာမှာ ရှေ့ကမောင်းတဲ့ မူအာနီရဲ့ကား ရှေ့ဘီးပေါက်ပြီး မတော်တဆဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
''နှစ်ဦးစလုံး အခြေအနေကောင်းပါတယ်။ ကံမကောင်းစွာနဲ့ သူတို့က အသေးစားကားမတော်တဆမှုဖြစ်ခဲ့တာပါ။ ဒီမတော်တဆမှုထဲမှာ ပါဝင်ခဲ့သူတိုင်းလည်း ဘေးကင်းပါတယ်။ ဒါက တာယာပေါက်သွားတာဖြစ်ပြီး ဒီအတွက် သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်က နည်းနည်းကြန့်ကြာမှုတော့ ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့ လိုက်လာမှာပါ'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ ဒီနေ့ညမှာ ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ဖို့အတွက် ဂျာမနီနိုင်ငံကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး မူအာနီနဲ့ အော်ဒိုဘတ်တို့က နောက်ကလိုက်ပါပူးပေါင်းရမယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခုလိုမျိုး ကားမတော်တဆမှုနဲ့ ရင်ဆိုင်ထားရတာကြောင့် ကစားခွင့်ရဖို့တော့ မသေချာကြောင်း သိရပါတယ်။

image

ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဒေါ်ဂူ တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ဝန်းကျင် အနားယူရမယ်

မန်ယူအသင်းမှာ ယာယီနည်းပြ ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဒိန်းမတ်တောင်ပံကစားသမား ဒေါ်ဂူဟာ တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ သိရပါတယ်။
ဒေါ်ဂူ(၂၁ နှစ်)ဟာ ၂၀၂၅ ဖေဖော်ဝါရီမှာမှ လက်ချီကနေ မန်ယူအသင်းကို ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၄၄)ပွဲကစားကာ (၃)ဂိုးသွင်းယူပေးထားပါတယ်။
ဒေါ်ဂူဟာ မန်ယူအသင်း ခြေစွမ်းပြနိုင်ပွဲဆက်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ် နှစ်ပွဲစလုံးမှာ ပွဲထွက်ခွင့်ရရှိခဲ့ရုံသာမက တစ်ပွဲတစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ညာဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် မိနစ်(၈၀)ကျော်မှာ လူစားလဲခံခဲ့ရပြီး စမ်းသပ်စစ်ဆေးမှုတွေအရ (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။
ဒေါ်ဂူရဲ့ ဒဏ်ရာသတင်းကို မန်ယူအသင်းက အတည်ပြုကြေညာခြင်းမရှိသေးပေမဲ့ မီဒီယာတွေကတော့ ဒေါ်ဂူအနေနဲ့ ဧပြီလအစောပိုင်းမှသာ ပြန်ကစားနိုင်မှာဖြစ်လို့ မန်ယူအသင်းရဲ့ ပွဲစဉ်(၈)ပွဲကို လွဲချော်မှာဖြစ်သလို၊ ဒိန်းမတ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲစဉ်ကိုလည်း လွဲချော်ရမှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဒေါ်ဂူရဲ့ ဒဏ်ရာပြဿနာက မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပေမဲ့ ကူညာကလည်း ခြေစွမ်းပြနေတာကြောင့် စိုးရိမ်စရာမရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

image