- 25 -
ဖြေးဖြေးချင်းစီ ထွက်ပြေးဖို့
နည်းနည်းချင်းစီ ရွေ့လျားနေရင်းကပဲ
အပြေးပြိုင်နေတဲ့ ကြွက်တွေရဲ့လမ်းထဲ
တစ်ခေါက်ပြန်ရောက်ခဲ့တယ်။
ပြွတ်သိပ်မွန်းကြပ်မှုဟာ အရည်သွေးကောင်းတဲ့
ကြာရှည်ခံပစ္စည်း...။
လမ်းကိုတွေ့ရင် လူတွေဟာ စိတ်အေးကြတာပါပဲ။
ဘယ်ကိုရောက်မယ်မှန်းမသိတောင် လျှောက်နေဖို့ကိုပဲ။
ဒီလိုနဲ့ နှစ်ဆယ့်ငါးနှစ်တာ နင်းဖြစ်ခဲ့တဲ့လမ်းတွေ...
ဆောင်းဟာ ထပ်ဝင်လာတယ်။
ခပ်ဝေးဝေးပြေးမယ် တွေးခဲ့တဲ့နောက်
အချိန်တွေကုန်တာ မြန်လာတယ်။
အများကြီးမမုန်းတော့ဘဲ
အများကြီးမချစ်တော့ဘဲ
အများကြီးကာကွယ်ရင်းနဲ့ပဲ
ထုတ်မဖတ်ဖြစ်တော့တဲ့ စာအုပ်တွေ...
ဆေးပြယ်သွားတဲ့ ဓာတ်ပုံတွေ...
ချောင်ထိုးခေါက်သိမ်းထားတဲ့ ဝါသနာအပိုင်းအစတွေ...
လက်ခံလိုက်ယုံအပြင် ဘာမှမတတ်နိုင်ခဲ့တဲ့ ပစ္စုပ္ပန်တွေ...။
အခက်ခဲတွေကြားထဲ
ကိုင်တွယ်ရခက်တဲ့ ငါ့ကိုယ်ငါလည်း ချစ်ပေးရတယ်။
ရှင်သန်နိုင်ဖို့ဆို ခက်ခဲနေတဲ့ ငါ့ကိုယ်ငါလည်း ချစ်တတ်ရမယ်။
#ur_four_leaf_clover
#piccredit
Long story short, I survived.