Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
-------------------------------------------------
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
==============================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
===============================================
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
============================================
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။ လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ ၁၁ ပေမှ ၁၃ ပေခန့်။
Samsung ဖုန်းကိုင်ရင် ဖွင့်ထားသင့်တဲ့ feature တွေ
တကယ်လို့ Galaxy ဖုန်းကိုင်ထားမယ် ၊ ဖုန်းက One UI 7 လည်း တင်ထားတယ်ဆိုရင် ဒီ security feature လေး on ထားဖို့ Samsung က တိုက်တွန်းထားပါတယ်။
Samsung အသစ်ထွက် OneUI 7 ဆော့ဖ်ဝဲလ်ထဲမှာ ဖုန်းအခိုးမခံရအောင် ကာကွယ်ပေးတဲ့ Theft Protection ဆိုတဲ့ feature တစ်ခု ပါလာပါတယ်။ Theft Protection က ဖုန်းအလုခံလိုက်ရတာ ၊ အခိုးခံလိုက်ရတာမျိုးအတွက် တော်တော်အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။
ဒီ feaure က AI နဲ့ စက်ရဲ့ motion sensor တွေ သုံးပြီး ဖုန်းအခိုးခံရတာကို သိနိုင်ပါတယ်။ ဥပမာ ဖုန်းကို ရုတ်တရပ် လုပြေးသွားတယ်လို့ sensor က မှတ်ယူတာနဲ့ ဖုန်းကို Theft Detection Lock ချမှာပါ။ နောက်တစ်ခုက အချိန်တော်တော်ကြာအောင် ဖုန်းက offline ဖြစ်သွားရင်လည်း auto-lock ပိတ်ပေးနိုင်ပါတယ်။
ခိုးတဲ့သူက ဖုန်းကို ခြေရာခံမရအောင် Airplane mode တင်တာပဲဖြစ်ဖြစ် SIM card ထုတ်တာပဲ ဖြစ်ဖြစ် လုပ်ထားရင် ဖုန်းထဲက ဒေတာတွေ တခြားမရောက်အောင် Offline Device Lock ပွင့်သွားမှာပါ။ Theft Protection feature မှာ ဖုန်းအခိုးခံရတဲ့နောက် ဖုန်းကို အဝေးကနေ Remote Lock ချနိုင်တဲ့စနစ်လည်း ပါပါတယ်။
ဒီ features တွေက ဖွင့်ရတာ လွယ်ပါတယ်။ ဖုန်း Settings ထဲက Security and Privcy ထဲသွားပြီး Lost device protection ကနေ Theft protection ကို ဖွင့်ရုံပါပဲ။ ပိုစိတ်ချရအောင် security settings တွေ ပြောင်းရင် ပိုင်ရှင်ရဲ့ ဇီဝအတည်ပြုချက်ပေးခိုင်းတဲ့ Identity Check ပါ ဆက်ဖွင့်ဖို့ Samsung က အကြံပြုထားပါတယ်။
အခု features တွေက Samsung Galaxy S22/23/24/25 sereis တွေနဲ့ Galaxy Z Fold 5/Z Fold 6 နဲ့ Galaxy Z Flip 5/Z Flip 6 ဖုန်းတွေမှာ ရနေပါပြီ။ တခြား Galaxy ဖုန်းတွေလည်း မကြာခင် ရတော့မှာပါ။