Ilia Topuria က Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့ကို ဆက်တိုက်အလဲထိုးပြီး UFC P4P Ranking မှာ အဆင့် (၁) ဖြစ်သွားပြန်တော့ Islam Makhachev ရဲ့ မန်နေဂျာ Ali Abdelaziz က ထိခိုက်ပူဆွေးနေရှာတယ်။
လူမှုကွန်ရက်မှာ မန်နေဂျာ Ali Abdelaziz က ဆက်ပြောသေးတယ်။ Islam Makhachev က နိုင်ပွဲဆက်နေတဲ့ Alexander Volkanovski နဲ့ Charles Oliveira တို့ကို ဦးချိုးလာတာပါတဲ့။ အခုချိန်မှာ Ilia Topuria လို Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့လို အိုကြီးအိုမဖြစ်နေတဲ့ ကစားသမားတွေကို နိုင်ခဲ့တာမဟုတ်ပါဘူးတဲ့။
မန်နေဂျာ Ali Abdelaziz ပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ Ilia Topuria အလဲထိုးဖူးတဲ့ Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့က Prime Time ကျော်နေပြီလေ။ Islam Makhachev က UFC P4P Ranking မှာ အဆင့် (၂) ဖြစ်သွားလို့သာ အခုလို မလိုတမာပြောလာတယ်လို့ ယူဆနိုင်ပေမယ့် စကားပြောရာမှာ အချက်အလက်ကင်းလွတ်သွားတာမျိုး မဟုတ်ပါဘူး။
Islam Makhachev က Charles Oliveira ကိုနိုင်ပြီး ချန်ပီယံဖြစ်သလို ချန်ပီယံကာကွယ်ပွဲ (၄) ကြိမ်ထိုးနိုင်တာမို့ ခါးပတ် (၅) ခုရှိတယ်။ Ilia Topuria က ခါးပတ် (၃) ခုတည်းရှိတာပါ။ အဲဒါကြောင့်မို့ Islam Makhachev က P4P Ranking မှာ အဆင့် (၁) ဖြစ်သင့်တယ်ပေါ့လေ။ ဒါဆိုရင် UFC P4P Ranking မှာ အဆင့် (၁) ဖြစ်၊ မဖြစ်ကို ခါးပတ်အရေအတွက်အတိုင်း သတ်မှတ်ရမှာလား။ ဒါဆိုရင် မန်နေဂျာ Ali Abdelaziz ကိုလည်း ထောက်စရာဖြစ်လာတယ်။ ခါးပတ်အတိုင်းဆိုရင် Islam Makhachev လည်း UFC P4P Ranking မှာ အဆင့် (၁) ဖြစ်မှာ မဟုတ်ဘူး။
UFC အဖွဲ့အစည်းမှာ Jon Jones ထက် ခါးပတ်များတဲ့ ကစားသမားမရှိပါဘူး။ ချန်ပီယံကာကွယ်ပွဲတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ပွဲဝေးနေတာမို့ Islam Makhachev က အဆင့် (၁) ဖြစ်သွားရတာပါ။ အခုလို Islam Makhachev က ပွဲဝေးနေချိန်မှာ Ilia Topuria က အဆင့် (၁) ဖြစ်နေချိန်မှာ သောကဝေလို့ မဖြစ်ပါဘူး။ ကိုယ်တိုင်ကလည်း ခါးပတ်ဘုရင် အဆင့် (၁) Jon Jones ပွဲဝေးတုန်းမှာ ကြားဖြတ်ဝင်ဦးထားတာပဲမလား။
