ရေလည် လန်းတဲ့စာအုပ်ပဲ။ နှစ်ခေါက်လောက်ဖတ်မှ အဆင်ပြေမယ်ထင်တယ်။ ပထမတစ်ခေါက်က သိချင်ဇောနဲ့ ခပ်သွက်သွက်လေးဖတ်တယ်။ ဒုတိယတစ်ခေါက်က တစိမ့်စိမ့်ခံစားပြီး ဖတ်တယ်။ အားလုံးဖတ်ပြီးတဲ့ နောက်မှာတော့ ဘာပြောရမှန်းမသိပဲ တွေးစရာတွေတသီကြီးနဲ့ ဆွံ့အကျန်ခဲ့မယ်။ ဝတ္ထုကTrilogyအမျိုးအစားဆိုတော့ သုံးပိုင်းရှိတယ်။ တစ်ပိုင်းနဲ့တစ်ပိုင်းလည်း အရေးအသားမတူဘူး။ ပထမအပိုင်းဖြစ်တဲ့ "မှတ်စုစာအုပ်"မှာတော့ "ငါတို့"ဆိုတဲ့ နာမ်စားသုံးပြီး အမြွာလေးနှစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်ပုံကို ရေးထားတယ်။ တယ်လည်း စောက်ကြောတင်းတဲ့ ကောင်လေးတွေပဲ။ ပထမအပိုင်းကတည်းက သူတို့နှစ်ယောက်ကို ဇွတ်ကြွေတာ။ 😅 ခန္ဓာမာကျောအောင် လေ့ကျင့်ခြင်း၊ မျက်ကန်း နားပင်းအဖြစ်လေ့ကျင့်ခြင်း၊ အငတ်ခံနိုင်အောင် လေ့ကျင့်ခြင်းဆိုတဲ့ သူတို့လမ်းစဥ်တွေကိုလည်း သဘောကျတယ်။ စစ်ကြီးအတွင်းမှာ ကိုယ့်ကိုကိုယ် မသေအောင် ဂရုစိုက်ကြရတာပေါ့။
ဒုတိယအပိုင်းဖြစ်တဲ့ "အထောက်အထား"မှာကျတော့ လူးကပ်စ်ဆိုပြီး နာမည်တပ်ရေးထားတယ်။ ခြေထော့ကျိုး ကလေးတစ်ယောက်နဲ့ စာအုပ်ဆိုင်၊ ပီတာ၊ ကလာရာဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ရင်းနှီးရတယ်။
တတိယအပိုင်း"တတိယမုသား"မှာတော့ မျက်စိစလည်ပြီ။ 😵💫 ရှေ့မှာ ဖတ်ခဲ့ရတဲ့ လူတွေ၊ အဖြစ်အပျက်တွေက တကယ်ဖြစ်ခဲ့တာလား၊ စိတ်ကူးယဥ်သက်သက်ပဲလား။ ကိုယ်သိထားတဲ့ အကြောင်းအရာတွေက ဘာတွေလဲ။ ရေးပုံရေးနည်းကလည်း အမြွာနှစ်ယောက်ကို ဟိုဘက်ကရေးလိုက် ဒီဘက်ကရေးလိုက်၊ အတိတ်ရောက်သွားလိုက် ပစ္စုပ္ပန်ရောက်လာလိုက်ဆိုတော့ ကြောင်ပျောက်တာပေါ့။ အဲဒါကိုက စောက်ရမ်းဂေါ်နေတာ။ မုသားပေါင်းချုပ်ဆိုတဲ့ အတိုင်းပဲ မုသားတွေချည်းဖတ်ခိုင်းပြီး စာဖတ်သူကို ဝေဝါးစေတယ်။ ဒီအဖြစ်အပျက်တွေသည် တကယ်မဖြစ်ခဲ့ရင်တောင် အဖြစ်မှန်နဲ့ ဆက်စပ်မှုရှိနေတယ်လို့ ထင်တယ်။ ဥပမာဆိုရင် ကလာရာက tayသွားတဲ့ သူ့အရင်ယောကျ်ားကိုပဲ တမ်းတနေပြီး ဘေးမှာရှိနေတဲ့ လူးကပ်စ်ကို ဖယ်ကြဥ်နေတာမျိုးက တတိယမုသားထဲမှာဆိုရင် အမြွာတွေရဲ့ အမေက ဘေးမှာရှိနေတဲ့ ခလော့ကို ပစ်ပယ်ပြီး အဝေးကိုရောက်နေတဲ့ လူးကပ်စ်ကိုပဲ မျှော်နေတာနဲ့ တူတယ်။ ခြေထောက်ထော့ကျိုးဖြစ်နေတဲ့ ကလေးက လူးကပ်စ်ထော့ကျိုးဖြစ်ပြီး ကိုယ့်ကိုကိုယ် ယူကြုံးမရဖြစ်နေပုံနဲ့ တူတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်းက အဖြစ်အပျက်တွေဟာ တတိယပိုင်းကနေ ဖြာထွက်လာသလိုမျိုး။
စစ်အတွင်းမှာ ရုန်းကန်နေရတဲ့ ကလေးတစ်ယောက်ရဲ့ ထီးတည်းနိုင်မှု၊ စိတ်မလုံခြုံမှု၊ မရေရာမှုတွေ။ ထီးတည်းနိုင်မှုကြောင့်ပဲ သူ စာတွေရေးတယ်။ သူဖြစ်ချင်တာနဲ့ သူ့မှာဖြစ်နေတာတွေကို ပေါင်းစပ်ပြီး မုသားတစ်ပုဒ် ဖန်တီးလိုက်တဲ့အခါမှာတော့ .... စာအုပ်ကို ဖတ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားရမယ်ထင်တယ်။ အမြွာနှစ်ယောက်က တစ်ယောက်ထဲပဲလား၊ ဒါမှမဟုတ် တစ်ယောက်က အရင်ကတည်းက သေသွားခဲ့ပြီလား၊ဒုတိယအပိုင်းထဲက လူတွေကရော တကယ်ရှိခဲ့လား အာရုံစားရမယ့် လက်ရာတစ်ပုဒ်ပဲ။
