ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်မျိုးထဲနဲ့ထမင်းမြိန်စေမယ့် ခရမ်းချဉ်သီးငပိချက် 🍅🍅🍅
ချက်နည်းရေးပေးထားပါတယ်ရှင့် ။
(Zawgyi)
ခရမ်းချဉ်သီးငပိချက်
ခရမ်းချဉ်သီးလှီးထားပါ ကြက်သွန်ဖြူအလုံးလိုက်ထည့်မှာမို့ ဒီတိုင်းအခွံခွာထားပါ ငရုတ်သီးစိမ်း နံနံပင်လှီးထားပါ ကြက်သွန်နီပါးပါးလှီးပြီးဆီသပ် အရောင်ရဲလာရင် ငရုတ်စိမ်းမှုန့် နဲ့ ငပိစိမ်းစားအနည်းငယ် ခရမ်းချဉ်သီး ကြက်သွန်ဖြူထည့်ပြီး ချက်ပါ ခရမ်းချဉ်သီးပျော့ပြဲလာပြီဆို ကျေစေရန် ဇွန်းနဲ့မွှေပါ ငရုတ်သီးစိမ်း ကြက်သားမှုန့် ထည့်ပြီး ဆီပြန်ခြောက်သည်အထိတည်ပါ တူးမသွားစေရန်မွှေပေးပါ နောက်ဆုံးမှာ နံနံပင်အုပ်ပါ ပူတီနံလေးပါထည့်ပြီးအုပ်ရင် အနံပိုမွှေးပါတယ် ဒီတစ်ခေါက်ချက်တာ နံနံပင်ရော ပူတီနံရောထည့်အုပ်လိုက်တာ စားလို့မြိန်မှမြိန်ဘဲ 😍
(Unicode)
ခရမ်းချဉ်သီးငပိချက်
ခရမ်းချဉ်သီးလှီးထားပါ ကြက်သွန်ဖြူအလုံးလိုက်ထည့်မှာမို့ ဒီတိုင်းအခွံခွာထားပါ ငရုတ်သီးစိမ်း နံနံပင်လှီးထားပါ ကြက်သွန်နီပါးပါးလှီးပြီးဆီသပ် အရောင်ရဲလာရင် ငရုတ်စိမ်းမှုန့် နဲ့ ငပိစိမ်းစားအနည်းငယ် ခရမ်းချဉ်သီး ကြက်သွန်ဖြူထည့်ပြီး ချက်ပါ ခရမ်းချဉ်သီးပျော့ပြဲလာပြီဆို ကျေစေရန် ဇွန်းနဲ့မွှေပါ ငရုတ်သီးစိမ်း ကြက်သားမှုန့် ထည့်ပြီး ဆီပြန်ခြောက်သည်အထိတည်ပါ တူးမသွားစေရန်မွှေပေးပါ နောက်ဆုံးမှာ နံနံပင်အုပ်ပါ ပူတီနံလေးပါထည့်ပြီးအုပ်ရင် အနံပိုမွှေးပါတယ် ဒီတစ်ခေါက်ချက်တာ နံနံပင်ရော ပူတီနံရောထည့်အုပ်လိုက်တာ စားလို့မြိန်မှမြိန်ဘဲ 😍
အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲကြော်
ဒီတစ်ပတ်ပိတ်ရက်မှာ ခေါက်ဆွဲကြော်ကြိုက်တဲ့ ပရိသတ်တွေအတွက် စင်္ကာပူခေါက်ဆွဲကြော်နည်းလေးပြောပြပေးပါမယ်။ ပြုလုပ်နည်းက အရမ်းလွယ်တဲ့ အတွက်အိမ်မှာလုပ်စားကြည့်ဖို့ တိုက်တွန်းပါတယ်နော်။
ပါဝင်ပစ္စည်းတွေကတော့ – ကြက်ဥခေါက်ဆွဲခွေ (၃) ခွေ၊ ကြက်သွန်နီ (အလုံးကြီး ) ၁ လုံး၊ ကြက်အူချောင်း/ ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ ဟင်းမွှေးမဆလာ၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်တို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်။
၁။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ မုန်လာဥနီကို အချောင်းလေးတွေလှီးပြီး ဂေါ်ဖီကို အနေတော်လှီးထားပါ။
၂။ ရေနွေးဆူအောင်တည်ပြီး ကြက်ဥခေါက်ဆွဲထည့်ပြုတ်ပါ။ (၂) မိနစ်လောက်ကြာရင် ခေါက်ဆွဲကို ဆယ်ပြီးဇကာနဲ့စစ်ထားပါ။
၃။ ဒယ်အိုးထဲမှာ ဆီကိုပူအောင်ထားပြီး ကြက်သွန်နီထည့်မွှေပါ။ ပုစွန်ထည့်ကြော်ပြီး (၃) မိနစ်လောက်ကြာတဲ့အခါ ကြက်အူချောင်း/ ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီတို့ကို ရောကြော်ပါ။ ဟင်းမွှေးမဆလာထည့်ပါ။
၄။ ကြက်ဥခေါက်ဆွဲထည့်ပြီး ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်နဲ့ ပဲငံပြာရည်ရောပြီး သမအောင်မွှေကြော်ပါ။
၅။ အပေါ်ကနေ ကြက်သွန်မြိတ်ထည့်အုပ်ပြီးရင်တော့ အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲကြော်တစ်ပွဲကိုရပါပြီ။
ပသျူးထမင်းကြော် (၃ ပွဲစာ အတွက်)
အိစံ မြန်မာနိုင်ငံပြန်တော့ စားခဲ့တဲ့ထဲက အရမ်းကြိုက်တဲ့ထမင်းကြော်လေးပါ။ ပူပူစပ်စပ်မွှေးမွှေးလေးနဲ့အရမ်းကိုစားကောင်းပါတယ်။ တချို့ဆိုင်တွေက ပသျူးထမင်းကြော်ကို ခြောက်ခြောက်လေးကြော်တယ်။ တချို့ဆိုင်တွေကတော့ ကော်ရည်လေးနည်းနည်းထည့်ထားပြီး စီးစီးလေး ကြော်ထားတယ်။ အိစံက ကော်ရည်နည်းနည်းထည့်ထားတဲ့ အ၇မ်းမခြောက်ပဲ စီးစီးလေးကို ပိုကြိုက်လို့အဲ့ဒီနည်းကို လုပ်ထားပါတယ်။ စီးတာ မကြိုက်ရင်တော့ ကော်ရည်မထည့်ပဲကြော်ပါ။
ပါ၀င်သောပစ္စည်းများ
၁။ ပေါင်းအိုးထဲမှ ဆန်ချိန်ခွက် ဖြင့် ၂ ခွက်ချက်ထားသော ထမင်း
၂။ တောက်တောက်ဆင်းထားသော ကြက်သား/၀က်သား ( သို့)ပုဇွန် - ၁၅ ကျပ်သား (အသားကိုအတုံးလေးတွေနဲ့ကြိုက်ရင် တုံးထားပါ။)
၃။ ကွကျဥ - ၃ လုံး
၄။ ပင်စိမ်း - ၄ ပင်မှ အရွက်
၅။ ငရုတ်သီးစိမ်း - ၁၀ တောင့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ။)
၆။ ကြက်သွန်ဖြူ - ၂ တက်
၇။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ငံပြာရည် - ထမင်းစားဇွနး ၁ ဇွန်း
၉။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန် ၁ ဇွန်း
၁၁။ဗင်နီဂါ (vinegar) (ရှာလကာရည်) - ထမင်းစားဇွန်း ၂ ဇွန်း
၁၂။ မုန်လာဥနီ - ၂ ဥ
၁၃။ ဘိုစားပဲသီးတောင့် - လက်တဆုပ်စာ
၁၄။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း
၁၅။ ကော်မှုန့် -ထမင်းစားဇွန်း ၁ ဇွန်း
၁၆။ ငရုတ်ကောင်း - အနည်းငယ်
ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းအရွက်များကို တောက်တောက်ဆင်းထားပါ။ (သို့) ညက်နေအောင်ထောင်းထားပါ။(အိစံကတော့ ညက်ညက်ထောင်းထားကို ပိုကြိုက်ပါတယ်။ငရုတ်သီးအဖတ်လိုက်မဝါးမိတော့ပဲ ထမင်းကြော်တခုလုံးမျှမျှတတပူစပ်နေတာပိုကြိုက်လို့ ပါ။) ကြက်ဥကို ဆားအနည်းငယ်ထည့်ရ်ျ ခလောက်ထားပါ။ မုန်လာဥနီနှင့် ပဲသီးတောင့်ကို အတုံးလေးတွေလှီးထားပါ။
၂။ ထမင်းကို ခရုဆီ၊ငံပြာရည်၊ကြက်သားမှုန့်၊ သကြား၊ ဗင်နီဂါတို့ဖြင့်နယ်ထားပါ။
၃။ ကြော်မည့် ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ကိုထည့်ရ်ျ ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ကြက်ဥကို ပန်းကန်တခုထဲထည့်ထားပါ။
၄။ ကြက်ဥကြော်ထားသော အိုးထဲကို ကျန်သောဆီ ထပ်ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ပင်စိမ်းအရွက်များကို ဆီသတ်ပါ။ ထို့နောက် အသားကို ထည့် ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ နှင့် သကြားလက်ဖက်ရည်ဇွန်း တ ၀က်တို့ကိုထည့်ရ်ျ လုံးပါ။
၅။ အသားများ ကျက်ခါနီးတွင် အတုံးလေးတွေလှီးထားသော မုန်လာဥနီနှင့် ပဲသီးတောင့်ကို ထည့်ကြော်ပါ။ (ရေထည့်စ၇ာမလိုပါ။ အ၇မ်းကပ်လျှင် ရေအနည်းငယ်ပဲထည့်ပါ။)
၆။ ၅ မိနစ်လောက် အသီးအနှံ ကြော်ပြီးလျှင် ထမင်းကို ထည့်ကြော်ပါ။ ကြော်ထားသောကြက်ဥကိုထည့်ပါ။ ထမင်းကြော်ရခါနီးတွင် ကော်မှုန့်ကိုရေ ထမင်းစားဇွန်း ၄ ဇွန်းနှင့် ဖျော်ပြီး ထမင်းပေါ်ဆမ်းရ်ျ ၂ မိနစ်ခန့်ထပ်ကြော်ပါ။ ငရုတ်ကောင်းအပေါ်ကဖြူး ပြီးမွှေပါ။
၇။ ထို့နောက် မီးဖိုပေါ်မှ ချရ်ျ ပူပူစပ်စပ်မွှေးမွှေးလေး ပသျူးထမင်းကြော်ကိုသုံးဆောင်နိုင်ပါပြီ။
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ဇရစ်ရိုး ကင်ပွန်းချဉ်ရွက် ကြော်
ထမင်းစားလို့ကောင်းသော ဟင်းလေ:တခွက်ပါရှင်။
ဇရစ်ရိုးလေးတွေကို ဓါးပြားလေးနဲ့ထုပေးပီး လက်တဆစ်စာလောက် လေး ပိုင်းဖြတ်ထားပါ။
ရင့်နေတဲ့ အပိုင်းမထည့်ရပါဘူး။
ကင်းပွန်းရွက်လေးတွေကို ချွေထားပေးပါ။
ကြော်မယ်ဆိုရင် အရင်ဆုံး အိုးထဲ ဆီထည့်ပါ။
ပူလာရင် ကြက်သွန်နီ ပါးပါးလှီးထားတာလေးထည့်ပေးပါရှင့်။
ကြက်သွန်နွမ်းရင် နနွင်းမှုန့်လေးထည့်ပါ။ငရုတ်သီးခွဲခြမ်လေး ထည့်ပါ။
သန့်စင်ထားတဲ့ ပုဇွန်ကို ထည့်ပေးပါ။
နှံ့အောင်မွှေပေးပြီရင် ၊ ဇရစ်ရိုးနဲ့ ကင်ပွန်းချဉ်လေးထည့်ကြော်ပေးပါ။
အရသာမှုန့် ထည့်ပေးပါ ။
ဆား ထည့်ပါ( ငါးပိကြိုက်တဲ့သူကတော့ စိမ်းစားငါးပိရေဖျော်ထည့်လို့ရပါတယ်)။
ရေအနည်းငယ်မျှထားပါ။
ကင်ပွန်းချဉ် ရွက်ထဲ အချဉ်ဓါတ််လေးထွက် ရေခြောက်ရင် ငရုတ်သီးစိမ်းလေးထည့်ပါ။
မိမိစိတ်ကြိုက် လိုအပ်တဲ့ အပေါ့၊ အငံ၊ အစပ်၊ အချဉ် အရသာရရင် ချလို့ရပါပြီ။
ထမင်းဖြူလေးနဲ့တွဲစားရင် အတော်လေးစားကောင်းပါတယ်။
-ငါးကြော်လေးကို ကိုက်၊
-ပဲကြီး + ဆူးပုပ်ရွက် + ပုဇွန် ( အရည်သောက်ဟင်းချို)
နဲ့တွဲစားတာ တော့ အတော်လေး စားကောင်းပါတယ်။
ကြိုက်တတ်ရင် ကြော်စားကြည့်ပါဦး ။
ရွှေတောင်ခေါက်ဆွဲ လုပ်နည်း 🍝🍝🍝
ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန်အတွက်
ပါ၀င်ပစ္စည်းများ
ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား
ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
အုန်းသီး – ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)
ပဲအကျက်မှုန့် – ၄၀ ဂရမ်
ငရုတ်သီးအကြမ်းမှုန့်ကြော် – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သားဟင်း ချက်ရန် ပါ၀င်ပစ္စည်းများ
ကြက်ရင်ဗုံသား – ၂ခု (၂၅၀ ဂရမ်) (အတုံးသေးများ တုံးပါ)
ကြက်သွန်နီ – ၄လုံး (ဥသေး(သို့) ဥကြီးထက်ခြမ်းခြမ်းပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါမည်။
၂။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖတ် လက်တဆုပ်စာကို ၂ခါခွဲပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၃။ ပြီလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။
၄။ ပြီနောက် အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။
၅။ ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။
ချက်နည်း
၁။ အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။
၃။ ထို့နောက် ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
၄။ ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ…
၅။ ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။
၆။ ထို့နောက် အပေါ်မှ ကြက်သားဟင်းရည်(ယောက်ချို ၂ဇွန်း) လောင်းချလိုက်ပါ။
ရ။ အရသာရှိသော ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ…
မှတ်ချက်။ ။ ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ပြုတ်ပြီ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူး ပေးပါ။
#ရွှေတောင်ခေါက်ဆွဲ
#နိုင်ငံတကာသတင်း
◼ အမေရိကန်တိုက်ခိုက်မှုကအီရန်နျူစွမ်းပကားများကို မဖျက်ဆီးနိုင်ခဲ့ကြောင်း ထောက်လှမ်းရေးသတင်းဖော်ပြ
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများက အီရန်၏ နျူကလီးယား စွမ်း ပကားများကို မဖျက်ဆီးပစ်နိုင်ခဲ့ဘဲ လပိုင်းမျှသာနောက်ဆုတ်သွားစေခဲ့ကြောင်းကနဦးထွက်ပေါ်လာသောအမေရိကန်ထောက်လှမ်းရေးသတင်းတစ်ရပ် က ဖော်ပြခဲ့သည်။
ပေါင် ၃၀၀၀၀ လေးသော ဘန်ကာခွင်းဗုံးများကို အမေရိကန်က ကြဲချခဲ့ပြီးနောက် အီရန် ၏ နျူကလီးယားအစီ အစဉ် လုံးဝကြေမွပျက်စီးသွားပြီဖြစ် ကြောင်း ထရန့် က သီတင်းပတ်ကုန်တွင် ပြောကြားသည်။
သို့သော် ယင်းသို့ ပြောဆိုမှုမှာ အမေရိကန်ထောက်လှမ်းရေးဌာနတစ်ခုထံမှ ထွက်ပေါ်လာသည့် ကနဦး အ ကဲ ဖြတ်ချက် နှင့် ဆန့်ကျင်နေကြောင်း ယင်းကိစ္စကို သိရှိထားသော သတင်းရင်းမြစ် သုံးဦးက ပြောကြားသည်။
အီရန်၏ သန့်စင်ပြီးသား ယူရေနီယံများကို ရှင်းလင်းပစ်နိုင်ခဲ့ခြင်းမရှိကြောင်း နှင့် အများအားဖြင့် နက်ရှိုင်းသော မြေအောက်စခန်းများတွင်လုပ်ဆောင်နေသော အီရန်၏ နျူကလီးယားအစီအစဉ်အား တစ်လ၊ နှစ်လ ခန့်သာ နောက် ဆုတ်သွားစေခဲ့ကြောင်း သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
ထောက်လှမ်းရေးအကဲဖြတ်ချက်မှာ လုံးဝ မှားယွင်းကြောင်း အိမ်ဖြူတော်က ပြောသည်။
သို့ရာတွင်အမေရိ ကန်ကာ ကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ က ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ အ မေ ရိကန်၏ တိုက် ခိုက်မှုများသည် စခန်းနှစ်ခု၏ ဝင်ပေါက်ကို ပိတ်သွားစေခဲ့သော်လည်း မြေအောက် အ ဆောက် အဦးများအား ပြိုကျသွားစေခဲ့ခြင်း မရှိဟု ဖော်ပြထားကြောင်း သတင်းရင်းမြစ်တစ်ဦး က ပြောသည်။
ထို့ပြင် ထရန့်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တင်ပြရာ၌လည်း ၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် အီရန် နျူကလီးယားစခန်းများအား အဆင့်နိမ့်သွားစေခဲ့ကြောင်း သာ ပြောကြားပြီး ဒေါ်နယ်ထရန့် ပြောသကဲ့သို့ ကြေမွသွားသည်ဆိုသော အသုံးအနှုန်းအထိ မပြောခဲ့ပေ။
တိုက်ခိုက်မှု ဖြစ်ပြီးနောက်တွင်လည်း ယူရေနီယံသန့်စင်စက်အချို့ အကောင်းအတိုင်း ကျန်ရှိနေခဲ့ကြောင်း အစီ ရင်ခံစာအကြောင်း သိရှိသော အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဦးအား ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်း က ဖော် ပြသည်။
၎င်းကြေညာခဲ့သော အပစ်အခတ်ရပ်စဲမှုအား ချိုးဖောက်ခဲ့ခြင်းအတွက် နှစ်ဖက်စလုံးကို ဒေါ်နယ်ထရန့်က လူ သိ ရှင်ကြား ကြိမ်းမောင်းပြောဆိုခဲ့ပြီးနောက် နှစ်ဖက်ကြား လေကြောင်းစစ်ပွဲ အဆုံးသတ်သွားပြီဖြစ်ကြောင်း အီ ရန်နှင့် အစ္စရေး တို့က ကြေညာခဲ့ကြသည်။
အီရန်၏ နျူကလီးယားစခန်းများအား အမေရိကန်က အစ္စရေးနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ၁၂ ရက် ကြာ စစ် ပွဲပြီးနောက် နှစ်နိုင်ငံစလုံးက အရပ်ဖက်ဆိုင်ရာ ကန့်သတ်မှုများအား ဖယ်ရှားလိုက်ကြပြီဖြစ်ကာ အောင် ပွဲရခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောဆိုနေကြသည်။
အီရန်အပေါ် တိုက်ခိုက်မှုများသည် နျူကလီးယားဖြင့် တိုက်ခိုက်ဖျက်ဆီးခံရမည့် ခြိမ်းခြောက်မှုကို ဖယ်ရှားခဲ့ ကြောင်း နှင့် နျူလက်နက်အစီအစဉ်အား ပြန်လည်စတင်ရေး အီရန်၏ ကြိုးပမ်းမှုမှန်သမျှကို တားဆီးရန် အစ္စ ရေးက ပိုင်းဖြတ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ယမန်နေ့တွင် ပြောကြားသည်။
တစ်ဖက်တွင်လည်း အီရန်နိုင်ငံ က ကြီးမားသောအောင်ပွဲတစ်ရပ်ဖြင့် စစ်ပွဲအား အဆုံးသတ်နိုင်ခဲ့ကြောင်း အီရန် သမ္မတ မာဆွတ်ပီဇက်ကီယန် က ပြောကြားသည်ကို အီရန်မီဒီယာများက ဖော်ပြသည်။
အမေရိကန်နှင့်သဘောထားကွဲပြားမှုများကို ဖြေရှင်းရန် အီရန်က အသင့်ရှိကြောင်း အီရန်သမ္မတ က ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်အား ပြောကြားခဲ့သည်ဟုလည်း အီရန်အစိုးရ IRNA သတင်းဌာနက ဖော် ပြသည်။
ဇွန် ၁၃ ရက်တွင် အစ္စရေးက အီရန်အား အလစ်အငိုက် လေကြောင်းတိုက်ခိုက်မှုကို စတင်ခဲ့ပြီး အီရန်စစ်ဘက် ထိပ်တန်းတပ်မှူးများ နှင့် ထိပ်တန်း နျူက လီးယားသိပ္ပံပညာရှင်များကိုလည်း သုတ်သင်ခဲ့ကာ ၁၉၈၀ ပြည့်လွန် နှစ်များက အီရန်-အီရတ်စစ်ပွဲနောက်ပိုင်း အကြီးမားဆုံး ထိုးနှက်ခဲ့သည်။
အီရန်ကလည်း အစ္စရေး၏ စစ်စခန်းများနှင့် မြို့ကြီးများအား ဒုံးကျည်များဖြင့် တစ်သုတ်ပြီးတစ်သုတ် ပစ် လွှတ် တိုက်ခိုက် တုံ့ပြန်ခဲ့သည်။
အစ္စရေးတိုက်ခိုက်မှုများကြောင့် အီရန်တွင် လူပေါင်း ၆၁၀ ဦး သေဆုံးခဲ့ကာ ၄၇၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီ ရန်အာဏာပိုင်များက ပြောသည်။
အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင်လည်း လူပေါင်း ၂၈ ဦး သေဆုံးခဲ့သည်။ ယင်းမှာ အစ္စ ရေး၏ လေကြောင်းကာကွယ်ရေးစနစ်များအား အီရန်ဒုံးကျည် အမြောက်အမြား ပထမဆုံးအကြိမ် ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters