တစ်လမ်းမောင်း အချစ်
ကျွန်တော်တို့အားလုံးဟာ ဘဝခရီးသွားတွေပါ။ အနောက်ကိုပြန်လှည့်ကြည့်ပြီး သတိထားမိတာက ဘဝတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးတဲ့လူတချို့ဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့အနား မရှိတော့ပါဘူး။ သူတို့လည်း သူတို့လမ်းသူ၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ် လျှောက်ကြရတာပါပဲ။
Fallen Angels မှာ ကတော့ ကြေးစားလူသတ်သမားတစ်ယောက်၊ သူ့ရဲ့ Agent နဲ့ စကားမပြောနိုင်တဲ့ လူငယ်လေးတစ်ယောက် တစ်ယောက်စီရဲ့ အတိတ်မှာဆုံတွေ့ခဲ့တဲ့လူတွေက ထားသွားခြင်းခံရတာကို ရှုထောင့် (၃) မျိုးကနေ ပြသသွားတယ်။
ကြေးစားလူသတ်သမား၊ Wong Chi-Min ဟာ ဆုံးဖြတ်ချက်ကို ကောင်းကောင်းမချနိုင်၊ အစီစဥ်တွေမဆွဲနိုင်ပဲ လူသတ်ဖို့ကလွဲရင် ဘဝကိုရော၊ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ လူစားမျိုး။ သူ့ရဲ့ Agent မိန်းကလေးကပဲ လူသတ်ဖို့ နေရာချပေးတာ၊ အချိန်သက်မှတ်ပေးတာတို့ကို လုပ်ပေးရတယ်။ ဒါကြောင့် သူ့ဘဝမှာ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုဆိုတာ မရှိခဲ့ဘူး။
Agent မိန်းကလေးဟာလည်း တစ်ဖက်မှာ သူ့ရဲ့အလုပ်ဖော် ကြေးစားလူသတ်မား Wong ကို တစ်ဖက်သက်ချစ်နေမိတာပါ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ရောလို့မရတဲ့အခြေအနေကြောင့် သူမရဲ့အချစ်ဟာ တကယ့်လက်တွေ့ထက် သူမရဲ့ခေါင်းထဲမှာပဲ စိတ်ကူးယဥ်အဖြစ်ရှိနေပါတယ်။ အချစ်ကိုတပ်မက်လာပြီး ပိုင်ဆိုင်လို့မရတဲ့အခါ သူမရွေးချယ်တဲ့လမ်းကတော့ ခဏတာပျော်ပါးဖို့ အာသာဖြေပြီး ခေါင်းထဲမှာ စိတ်ကူးယဥ်ကမ္ဘာ ဖန်တီးလိုက်တာပါပဲ။ ဒါဟာ လူတော်တော်များများမှာ ဖြစ်တတ်ကြပါတယ်။ တစ်သက်သာမရနိုင်တာကြောင့် ခဏတာပိုင်ဆိုင်ဖို့အတွက် စိတ်ထဲမှာပဲကိုယ်ချစ်ရသူကို စိတ်ကူးယဥ်တတ်ကြတယ်။ နောက်ဆုံးတော့ ဒါတွေက စိတ်ကူးပဲလေ။ စိတ်ကူးတွေကနေ မျှော်လင့်ချက်တွေသာရပြီး တကယ်ဖြစ်မလာတတ်ဘူး။ စိတ်ကူးထဲမှာပဲ ပိတ်လှောင်ပြီး လက်တွေ့နဲ့ကြုံလာရတဲ့အခါ မျှော်လင့်ချက်တွေဟာ ရိုက်ချိုးခံရပါတယ်။
ဒါဟာ Wong သူမနဲ့ လက်တွဲမလုပ်နိုင်တော့ဘူး၊ အနားယူတော့မယ်လို့ ပြောတဲ့အချိန်ပါပဲ။ Agent ကောင်မလေးက သူမရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာတော့ သူ့ကိုချစ်ပေမဲ့၊ အပြင်မှာ သူ့အပေါ်စိတ်မရှိတဲ့လူတစ်ယောက်ကို တစ်ဖက်သက်ကြိုက်မိနေခဲ့တာပါ။ သူမအတွက် သာမန်ယောက်ျားတွေဆီက ငြင်းခံရတာနဲ့ မတူတာကတော့ Wong ဟာ သူမအတွက် စံပြပုဂ္ဂိုလ် (Idol) တစ်ယောက်လို ဖြစ်နေတာကြောင့်ပါပဲ။ ကျွန်တော်တို့တွေ အများကြီးမျှော်လင့်ထား၊ အတူတူလုပ်မယ့်အရာလေးတွေကို စိတ်ကူးတွေယဥ်ထားရတဲ့ ကျွန်တော်တို့သဘောကျရသူ (Crush) လေး တစ်ယောက်ဆီက ငြင်းတာခံရမယ်ဆိုရင် ဒါဟာ ဘယ်သာမန်မိန်းကလေးတွေ ငြင်းတာနဲ့မှ တူမှာမဟုတ်ပါဘူး။
ဒီလို၊ Agent ကောင်မလေးလို အငြင်းခံရပြီး ကိုယ့် ဘဝဟာအနိမ့်ဆုံးရောက်နေတဲ့အချိန်မှာ လိုအပ်နေတာကတော့ မှီလို့ရမယ့် ရင်ခွင်တစ်စုံပါပဲ။ ဒီနေရာမှာ Ho Chi-mo ဇာတ်ကောင်က ဇာတ်ကွက်ထဲကို ဝင်လာတာပါပဲ။ အစက ဘာကြောင့် Ho Chi-mo ကို ပြနေလဲဆိုတာ နားမလည်ခဲ့ပါဘူး။
Ho Chi-mo ဟာ စကားမပြောတတ်တဲ့ ကောင်လေးပါ။ သူ ကောင်မလေးတစ်ယောက်ကို သဘောကျပေမဲ့လည်း အဲ့ကောင်မလေးက သူမရဲ့အရင်ရည်းစားဆီ ပြန်ပါသွားတဲ့အခါ Chi-mo ဟာ Agent ကောင်မလေးလိုတော့ သိပ်မကြေကွဲခဲ့ရဘူး။ ဘာကြောင့်လဲ။ သူ ဒီကောင်မလေးကို မျှော်လင့်ထားပေမဲ့လည်း သူ့ကိုပြန်မချစ်ဘူးဆိုတာ သိတယ်။ နောက်ပြီး သူ့အဖေကလည်း သူ့အတွက် အထောက်အပံ့ဖြစ်တယ်လေ။ သူ့အဖေမသေခင်အထိ ဗီဒီယိုတိပ်လေးတွေရိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး ဘဝကိုဖြတ်သန်းသွားတယ်။ နောက်ဆုံး အသည်းကွဲနေတဲ့ Agent ကောင်မလေးနဲ့ ဆုံတဲ့အချိန်မှာ Chi-mo ဟာ သူ့တုန်းက သူ့ဘေးမှာသူ့အဖေရှိပေးခဲ့သလို Agent ကောင်မလေးကိုလည်း ဒီလိုပဲ အထောက်အပံ့လုပ်ပေးသွားပါတယ်။
ဒီ ရုပ်ရှင်ဟာ ကော်ဖီစေ့တွေကိုကြိတ်ပြီး ဘာမှမရောစပ်ပဲ ဖျော်ထားသလိုမျိုး တစ်ဖက်သက်အချစ်ကို ဘာပကာသနမှမပါပဲ ရိုက်ပြသွားတာပါ။ လူတစ်ယောက်စီမှာ ဆုံးရှုံးမှုကိုယ်စီနဲ့ပါပဲ။ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ နောက်ဆုံးမှာတော့ ကိုယ့်အပေါ် အထောက်အပံ့ဖြစ်မယ့် အချစ်စစ်ကိုပဲ ရှာတွေ့သွားမှာပါ။ အဓိကကတော့ တစ်ဖက်သက် အချစ်မှာ ရယူလိုစိတ်မပြင်းပြပဲ ချစ်ဖို့နဲ့၊ စိတ်ကူးယဥ် မျှော်လင့်ချက်ကြီးတဲ့အခါ လက်တွေ့ဘဝရဲ့ရိုက်ခက်မှုကို မခံနိုင်ဘူးဆိုတာပါပဲ။
စာဖတ်သူတို့လည်း တစ်ဖက်သက်အချစ်မျိုးတွေ တွေ့ကြုံဖူးကြမှာပါ။ ဒီရုပ်ရှင်ကိုရော ကိုယ့်ဘဝနဲ့တိုက်စစ်ကြည့်ပြီး သဘောကျလား၊ မကျဘူးလားဆိုတာ comment မှာ ဝေမျှခဲ့ပါဦး။

image
1 w - Translate

Rank No Lordဆိုတဲ့ကောင်တွေကရှိသေး😅

image
1 w - Translate

Mlbbရဲ့Refala Revampကတော့တကယ့် Severထဲရောက်လာပါပီ..Refala Revampအနေနဲ့ Advance Severထဲကလို ရှောသွားတဲ့ကိုယ့် Teammate ကိုပြန်အသက်သွင်းတဲ့အကွက်တော့မဟုတ်တော့ပါဘူး....Moontoonအနေနဲ့ အဲ့လိုသာလုပ်ပေးလိုက်ရင် Gameတစ်ခုလုံးတိုင်ပတ်သွားမာဆိုးလို့ထင်ပါတယ်😆
တကယ့် Sever ကိုရောက်ရှိလာတဲ့အခါမာတော့ အသက်ပြန်သွင်းပေးတာမဟုတ်ပဲ ရှောသွားတဲ့ Heroတေပြန် ရောက်ရှိလာဖို့အချိန်ကိုလျှော့ချပေးမာပဲဖစ်ပါတယ်...ဒါကြောင့်မို့Moontoonအနေနဲ့သူမလိုမျှော်လင့်ချက်ပေးခဲ့တာပဲဖစ်ပီး....ရှောမာကရှောမာပါပဲ😙

imageimage
1 w - Translate

Mlbbရဲ့ဒီတစ်ခေါက် Updates လေးမာ Buffedထား Nerfedထားပီး Adjustလုပ်ထားတဲ့ Hero listလေးတေပါ🤩💎
ကိုယ်ကိုင်တဲ့ဘယ် Heroတေ Nerfedထားပီး ဘယ်သူတေက buffedထားလည်းဆိုတာလည်း Comment မာရေးသွားပေးပါဦးဗျာ🤩💎

image
1 w - Translate

Season အစ Epic ကဂျင်းပေါင်း‌သောင်းခြောက်‌ထောင်နှင့်တစ်ညလုံးဖြတ်သန်းပြီးသကာလ

image
1 w - Translate

China serverမှာထွက်ထားပြီးFree‌ပေးထားတဲ့Mystic Meow skin‌တွေကိုglobal serverမှာလည်းမကြာခင်EVENTအနေနဲ့ freeပေးတော့မှာပါနော်💙
Free ဆိုပေမယ့်skin designနဲ့ effectတွေကအပြစ်ပြောစရာမရှိတာကြောင့် လက်မလွတ်သင့်ဘဲ ဒီရက်တွေမှာရယူနိုင်မှာပါ🎉
မွန်တွန်းထုံးစံအတိုင်း taskလေးတွေကတော့ဖြေရမှာပေါ့နော်🤒😄
Silvanna (Meowkin Warden) ~June 11 - July 1
Lesley (Meowkin Hunter) ~July 4 - July 27
Julian (Meowkin Tracker) ~August 6 - August 31

image
1 w - Translate

Guysss‼️
Battlefield မာအသစ်ပါဝင်လာမဲ့ Effectတေပဲဖစ်ပါတယ်ခင်ဗျ🤩💎
တကယ်ထွက်ရှိလာတဲ့အခါဘယ်လို Experience အသစ်တေရရှိလာမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်ဗျာ🤩💎

image
1 w - Translate

Guysss‼️‼️
Metro Zero Eventကတော့ Advance Severထဲကိုရောက်ရှိနေပီပဲဖစ်ပါတယ်🤩💎
Adavnce Severကနေ တကယ့် Severထဲရောက်ရှိလာရင်ဘာတေပြောင်းလဲမှုရှိမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်ဗျာ🤩💎

image