1 w - Translate

❝ ကျောက်စိမ်းမြေ ❞
ကမ္ဘာကျော် ဆွီဒင်လူမျိုး သတင်းထောက်
ဘာတီး(လ်)လင့်တနာ၊ သူ၏ဇနီး
ဆိုင်နောင့်လင့်တနာနှင့် လသားအရွယ်
သမီးလေး ဆိုင်တိုင်းတို့ အိန္ဒိယပြည်မှ
မြန်မာပြည်မြောက်ပိုင်းကို ဖြတ်၍
တရုတ်ပြည်သို့ သွားရောက်ခဲ့သော
ကီလိုမီတာ ၂,၂၇၅ ရှိသည့် ခြေလျင်
ခရီးကြမ်းကို ကမ္ဘာသိအောင် ရေးဖွဲ့ထားသည်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း
နိုင်ငံခြားသားတို့ ခြေချခွင့်မရှိသော
အိန္ဒိယအရှေ့မြောက် နာဂဒေသမှ
ချင်းတွင်းမြစ်ကို ဖြတ်ကာ ကေအိုင်အေ
ထိန်းချုပ်ရာ ဒေသများဖြစ်သော
ဟူကောင်းချိုင့်ဝှမ်း၊ တြိဂံဒေသ၊ ပါဂျောင်မှ
ဗကပ စိုးမိုးရာဒေသများဖြစ်သည့်
စီစီဝမ်၊ ကိုးကန့်ဒေသနှင့် ဝ တောင်တန်း။
ပန်ဆန်းနှင့် ရှမ်းတော်လှန်ရေးအဖွဲ့များ
စိုးမိုးရာ ကျိုင်းတုံ တောင်တန်းကို ဖြတ်၍
ဆစ်(ပ်)ဆောင်ပန်နားအထိ ခရီးကြမ်းတစ်ခုကို
တစ်နှစ် ခြောက်လ နှင့် ခြောက်ရက်ကြာ
ခြေလျင်ခရီးနှင်ခဲ့ကြသည်။
ထိုခရီးကြမ်းအတွင်း တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့်
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN)၊
ကချင် (KIA)၊ ရှမ်း (SNA)၊ ဗကပ (CP တို့၏
ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ပြီး
ထိုစဉ်က ဝိုးတဝါးမျှသာ သိထားသည့်
မြန်မာပြည်၏ ပြည်တွင်းစစ်ကို
ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့သည်။
မြန်မာ့တပ်မတော်နှင့် ဗကပတို့၏
နာမည်ကျော်တိုက်ပွဲဖြစ်သော
စီစီဝမ်တာပန်တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့
အနီးကပ်လေ့လာခွင့် ရခဲ့သည်။
• နိုင်ဦး •
▪️ ကျောက်စိမ်းမြေ

image