ဆွေဇင်ရဲ့ အကြိုက်ဆုံး

ခရမ်းသီးအစာသွပ်/ခရမ်းသီးနှပ်

ခရမ်းသီးကို လေးခြမ်းခွဲပြီဆားရည်စိမ်နဲ့စိမ်ထားပါ

ကြက်သွန်နီ ..၁ ကြက်သွန်ဖြူ...၅မွှာ

နနွင်းမှုန့်...အနည်းငယ်
ငရုပ်သီးအစိမ်းမှုန့်...အနည်းငယ်
ဆား....အနည်းငယ်
အချိုမှုန့်...အနည်းငယ်
ပုဇွန်ခြောက်...လက်တဆုပ်စာ ရေဆေး
ငါးပိ ..အနည်းငယ် တို့ကို ညက်အောင် ထောင်းထားပါ
ဒယ်အိုးထဲဆီထည့် ဆီပူလာရင်
ထောင်းထားတာထည့်မွှေ
အနံ့မွှေးအောင် ကြော်
ပြီရင် ကြော်ထားတဲ့အစာကို ဇွန်းနဲ့ ခပ် ခရမ်း
သီးမှာ
အစာသိပ်ပြီးဒယ်အိုးထဲ စီထည့်​ထားပါ

ဆုံဆေးရည်ကို လောင်းထည့်ပြီ တည်ထားပါ
ရေခန်းရင် ရေနည်းနည်းထည့် ခရမ်းသီးကို ဇွန်းနဲ့ တဖက်လှန်ပေး ရေခန်းရင် ရေ ထည့်လိုက်
ခရမ်းသီးနူးတဲ့အထိ တည်ထားပါ
အရသာမြည်း လိုအပ်ရင် ငံပြာရည်ထည့်
ခရမ်းသီးနှပ်/ခရမ်းသီးအစာသွပ် ရပါပြီးနော်
ဆွေဇင်ချက်နည်းအတိုင်းဆို မန်ကျီးသီးမှည့်ရည် နည်းနည်းထည့်ပြီ ထပ်တည်လိုက်တယ် အရည်ခန်းရင် ငရုပ်သီးစိမ်း
မဆလာဖြူး ရှမ်းနံနံပင်နဲ့အုပ် 😋😋
အနံ့လေးမွှေးနေရော ရနေပါပြီနော်
အရသာရှယ်ကောင်းတဲ့ ခရမ်းသီးအစာသွပ်/ခရမ်းသီးနှပ်လေးစားလို့ရပါပြီလို့
🌿 ဆွေဇင် 🌿

image

ကျန်းမာရေးနဲ့ကိုက်ညီပြီး အရသာရှိတဲ့အသီးရွက်
ဟင်းချက်နည်း (

image

ကျန်းမာရေးနဲ့ကိုက်ညီပြီး အရသာရှိတဲ့အသီးရွက်
ဟင်းချက်နည်း (

image

ကျန်းမာရေးနဲ့ကိုက်ညီပြီး အရသာရှိတဲ့အသီးရွက်
ဟင်းချက်နည်း (

image

ကျန်းမာရေးနဲ့ကိုက်ညီပြီး အရသာရှိတဲ့အသီးရွက်
ဟင်းချက်နည်း (

image

ကျန်းမာရေးနဲ့ကိုက်ညီပြီး အရသာရှိတဲ့အသီးရွက်
ဟင်းချက်နည်း (

image

ကျန်းမာရေးနဲ့ကိုက်ညီပြီး အရသာရှိတဲ့အသီးရွက်
ဟင်းချက်နည်း (

image
image
image
image
image
1 w - Translate - Youtube

အမှတ်မထင်ရိုက်ကူးမိတဲ့ ပရလောကသား‌တွေ့ ခြောက်လှန့်တဲ့ အဖြစ်ဆိုးများ!!! (Real Or Fake ?)

1 w - Translate

ရုရှားစာရေးဆရာကြီး ဖျူဒါ ဒေါစတားယက်စကီး(Fyodor Dostoevsky) စာအုပ်တွေ ဖတ်ရမှာ ကြောက်တယ်၊ လေးလံတဲ့ဒဿနဗေဒတွေကြောင့် ဖတ်ရတာ ခက်ခဲမှာ စိုးရိမ်တဲ့လူတွေအတွက် စာမျက်နှာ -၁၆၇ နဲ့ဒီစာအုပ်က ဖတ်ရတာလွယ်ကူစေပါလိမ့်မယ်၊ အနုပညာဆန် အချစ်ဇာတ်ကြောင်း မကြိုက်သူတွေအတွက်လည်း အချစ်ဒဿနတွေကြိုက်လာလိမ့်မယ်။ဝေဒနာခံစားပြီးရင် အချစ်နဲ့ထိတွေ့တတ်တဲ့အကြောင်းပါလေ့လာရမယ်။အချစ်၏ စိတ်ကူးယဉ်မှု နှင့် လက်တွေ့ဘဝ၏ ရိုက်ခတ်မှုတို့ကြား ပဋိပက္ခကို ကဗျာဟန် အနုစိတ်ရေးပြထားတာ ဖတ်ဖူးနေကြ ဒေါ့စတားယက်စကီး (Dostoevsky) စာအုပ်နဲ့တူမှာတော့ မဟုတ်ဘူး။ဒေါ့စတာယက်စကီး(Dostoevsky) ၏ စိတ်ခံစားမှုပြင်းထန်တဲ့ရေးဟန်နှင့် လူ့စိတ်နက်ရှိုင်းမှုကို စူးစမ်းထားမှု၊ ဒီဝတ္ထုတိုများက စာဖတ်သူကို စွဲမက်စေလိမ့်တယ်။ဘာသာပြန်ပေးသူ ဆရာတင်ဦးခက်၏ရေးပြဟန်ကလည်း ဒီစာအုပ်ထဲသွက်ပါတယ်၊ မြန်မာဟန်တော့ အနည်းငယ်ပါတယ်။မူရင်းစာအုပ်ပေါ်ထွက်လာတော့ ဒေါ်စတာယက်စကီးအသက်က ၂၇ နှစ်သာရှိသေးတယ်၊ အတွေးအားဖြင့်လည်း ဆိုရှယ်လစ်စနစ်ကို သက်ဝင်ယုံကြည်နေတဲ့အချိန်လို့ဆိုရမယ်။ သူအတွေးအခေါ် လမ်းကြောင်းအားအလျားလိုက်မြင်နိုင်တဲ့ ဝတ္ထုလို့ ဆိုနိုင်တယ်။
ရုရှားစာရေးဆရာကြီး ဖျူဒါ ဒေါစတားယက်စကီး(Fyodor Dostoevsky)၏ White Nights and Other Stories စာအုပ်က (1821–1881) အတွင်းထင်ရှားတဲ့ ဝတ္ထုတိုများကို စုစည်းထားတဲ့ စာအုပ်သာဖြစ်တယ်။ညဖြူဖြူ (White Nights) ခေါင်းစဉ်းအောက်တွင် ပထမည ၊ ဒုတိယည၊ တတိယည ၊ စတုတ္ထည ၊ မနက်ခင်း ဆိုပြီးပါမယ်။ သူတော်စင်ရူး(The Dream of a Ridiculous Man) ၊သူခိုးငရိုး ပါထည့်သွင်းထားတယ်။အထူးသဖြင့် ညဖြူဖြူ(White Nights)ဝတ္ထုတိုကအချစ်နှင့် အထီးကျန်မှုဇာတ်လမ်းအဖြစ်အလွန်ကျော်ကြားပြီး စာဖတ်သူများကို စိတ်လှုပ်ရှားစေခဲ့တယ်။ ဒေါ်စတာယက်စကီး(Dostoevsky )ပုံစံအတိုင်းအငွေ့အသက်တော့ပါတယ်၊ သူဝတ္ထုရေးခဲ့တာ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိလိမ့်မယ်။ ပြောချင်တဲ့အရာကို ဇာတ်ကောင်၏ ဝမ်းခေါင်းထဲဝင်ပြီး တတွတ်တွတ်ပြောနေတယ်လို့ ထင်မိလိမ့်မယ်။တခါတရံ လူ၏ရင်ညွန့်ကို ခွဲထုတ်ပြီး သွေးသံရဲရဲသဖွယ်လည်းပြတတ်သေးတယ်။
ညဖြူဖြူ(White Nights)ဝတ္ထုတိုဇာတ်လမ်းကအထီးကျန်တဲ့ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦး (စကားပြောသူ) နှင့် နာတာကာ အမည်ရှိ မိန်းကလေးတို့၏ ဆုံဆည်းရာကို အခြေခံထားတယ်။အဓိက ဇာတ်လိုက်စကားပြောသူ ပီတာစဘတ်မြို့မှာနေထိုင်တာ ရှစ်နှစ်တာရှိပေမယ့် ..တစ်ယောက်နဲ့မှ မိတ်မဖွဲ့ဖူးသူ၊ ပျော်ရွှင်မှုကို ဝေမျှခံစားဖို့ အနားမှာ လူတစ်ယောက်မှ မရှိတာက သူသဘာဝဖြစ်နေတယ်။စိတ်နှလုံး ဆင်းရဲနေသူဖြစ်တာကြောင့် နေ့ နဲ့ ည နှိုင်းစာကြည့်ရင် ညကို ပိုနှစ်သက်သူတစ်ယောက်ဖြစ်နေတယ်။ ပီတာစဘတ်မြို့၏ ညအလင်းရောင်ရှိတဲ့ နွေရာသီညများ ကို ပန်းချီကားသဖွယ်နောက်ခံထားကာ စကား‌ပြောသူတစ်ယောက်၏ မျှော်လင့်ချက်များနှင့် ဝမ်းနည်းဖွယ်ခံစားချက်အဖြစ်တို့ကို ရှင်းလင်းစွာ ရေးဖွဲ့ပြထားတယ်။အထီးကျန်ပြီး စိတ်ကူးယဉ်တတ်သူ၊ လူမှုရေးအရ ကြောက်ရွံ့သူလူငယ်က မြို့၏ညများတွင် လမ်းလျှောက်ရင်း စိတ်ကူးယဉ်အိပ်မက်များနှင့် အချိန်ကုန်လွန်‌လေ့ရှိတယ်။အဲ့ကြားထဲက လမ်းလျှောက်နေတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့တယ်၊ တုန်ယင် ရှိုက်ရှိုက်ငိုသံနှင့်အတူ နှလုံးသားထဲ ကြည်နူးစရာ တဒင်္ဂအလှတရား ကိုအမှတ်မထင် တွေ့ခဲ့မိတယ်။ ဇာတ်လိုက် စကားပြောသူက ကြောင်စီစီဘဝ ၊ လူရယ်စရာကောင်းတဲ့ဘဝ နဲ့လူ ၊သူဘဝမှာ မြတ်နိုးရတဲ့အချိန်လေးတစ်ချိန်ပိုင်ဆိုင်လာတယ် ။ပီတာစဘတ်မြို့ ပေါ်က အလုပ်သမားတွေ ၊ ရုံးစာရေးစာချီတွေ၊ ဈေးရောင်းဈေးဝယ်သူတွေ အိမ်ပြန်ကြတဲ့ အချိန် သာဖြစ်တယ်။စကားပြောသူဟာ ပိုင်ရှင်က ခဏစွန့်ပစ်ခဲ့တဲ့ ပန်းပင်လေးကို နေ့စဉ်ဂရုတစိုက်ရေလောင်ပေါင်းတင် ပန်းက‌လေးဖျော့တော့နွမ်းပါးသွားမှာကြောက်သူ တစ်ယောက်ဖြစ်လာတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့ချိန်ဆို ဦးခေါင်းထဲ အဆို့ရှင်တွေ ပွင့်ထွက်လာသလို စကားလုံးအဟုန်ကို မထိန်းနိုင်ကြတော့ဘူး။ အချစ်ဒဿန ကိုတင်စားတဲ့အခါ ပုံမှန်ကြားဖူးနေကြမဟုတ်တဲ့ စကားလုံးတွေကို ကျစ်လစ်စွာလေ့လာရမယ်။ယောင်္ကျားရင့်မာကြီးတွေ မခံစားနိုင်တဲ့စကားတစ်ခွန်းရှိတယ်။
"ရှင်တို့နှစ်ယောင်ကို ယှဉ်ကြည့်တဲ့အခါ သူ့ကို ကျွန်မ ပိုချစ်ပေမယ့် သူ့ထက် ရှင်က သာပါတယ်"
ရူးကြောင်ကြောင်မျက်ရည်ယိုစီးကျအောင် ပြောတတ်တဲ့
နာတာကာဆိုတဲ့ ပန်းကလေး နောက်ဆုံး ဘာဖြစ်သွားမလဲ ...
စောင့်ရတဲ့လူပေါ်မလာတဲ့အချိန် စိတ်အာရုံတွေက နှစ်ခွဖြစ်နေဆဲပါ။အထီးကျန်မှု၊ မပြည့်စုံတဲ့ကြားကချစ်ခြင်းမေတ္တာ၊ စိတ်ကူးယဉ်မှုနှင့် လက်တွေ့ဘဝတို့ကို နူးညံ့သိမ်မွေ့စွာ ဖော်ပြထားတယ်။ စကားပြောသူ၏ စိတ်ကူးယဉ်ဝါဒ၊ နာတာကာ ၏ စိုးရိမ်စိတ်များ ကို အထူးဂရုပြုဖတ်ရှုကြည့်ပါ။အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုများကို ရောင်ပြန်ဟပ်စေပြီးစာဖတ်သူများအား မိမိကိုယ်ကို ပြန်လည်သုံးသပ်စေနိုင်တယ်။
နောက်တစ်ပုဒ်ဖြစ်တဲ့ သူတော်စင်ရူး(The Dream of a Ridiculous Man)က စိတ်ကူးယဉ်ဆန်တဲ့ ဒဿနိကဇာတ်လမ်းလို့မြင်မိတယ်။ဇာတ်လိုက်က အစတွင် ဘဝ၏ အဓိပ္ပါယ်မဲ့မှု၊ သုညဝါဒ(Nihilism) ကို ယုံကြည်သော်လည်း အိပ်မက်ပြီးနောက် ဘဝ၏ တန်ဖိုးကို နားလည်သဘောပေါက်လာတယ်။ရင်တွင်းက ဘဏ္ဍာတိုက်အတွက် သိုမှီး ရရှိလိုက်တဲ့ ဝေဒနာအသစ်တွေကို ထမ်းပိုးပြီး ....ဇာတ်ကောင်တစ်ယောက် လုပ်ပြ၊ ပြောပြတာကို လိုက်ကြည့်ရမယ်။
"နိဗ္ဗာန်ဆိုတဲ့ စကားကို ခဏထား၊ ကိုယ့်ကိုယ်ကိုယ် ချစ်သလို တစ်ပါးသူကိုလည်း ချစ်တတ်ဖို့က အဓိကကျတယ်။ အဲ့အရာကပဲ အရာရာကို တည့်မတ်ပေးနိုင်တယ်။
ဒါပေမယ့် လူတိုင်းလူတိုင်းဟာ ဒီအရာကို အလိုရှိကြမယ်ဆိုရင်‌တော့ အရာရာတိုင်းက တစ်ခဏလေးအတွင်း နေသားတကျ ဖြစ်သွားနိုင်တယ်"
ခြောက်လုံးပြူးသေနတ်တစ်လက်ဝယ်ပြီး ဂြိုဟ်ကမ္ဘာကြီး၏ ကောင်းမွေ ‌ဆိုးကျိုးတွေ ၊ လောကဓာတ်ပညာ ဘဝ၏ နေနည်း ထိုင်နည်း နိဿယတွေကို တတွတ်တွတ်ပြောပြပြီး ..ဘာလုပ်ပြမလဲဆိုတာ ...ဖတ်ကြည့်ပါ။

image
1 w - Translate

ရေလည် လန်းတဲ့စာအုပ်ပဲ။ နှစ်ခေါက်လောက်ဖတ်မှ အဆင်ပြေမယ်ထင်တယ်။ ပထမတစ်ခေါက်က သိချင်ဇောနဲ့ ခပ်သွက်သွက်လေးဖတ်တယ်။ ဒုတိယတစ်ခေါက်က တစိမ့်စိမ့်ခံစားပြီး ဖတ်တယ်။ အားလုံးဖတ်ပြီးတဲ့ နောက်မှာတော့ ဘာပြောရမှန်းမသိပဲ တွေးစရာတွေတသီကြီးနဲ့ ဆွံ့အကျန်ခဲ့မယ်။ ဝတ္ထုကTrilogyအမျိုးအစားဆိုတော့ သုံးပိုင်းရှိတယ်။ တစ်ပိုင်းနဲ့တစ်ပိုင်းလည်း အရေးအသားမတူဘူး။ ပထမအပိုင်းဖြစ်တဲ့ "မှတ်စုစာအုပ်"မှာတော့ "ငါတို့"ဆိုတဲ့ နာမ်စားသုံးပြီး အမြွာလေးနှစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်ပုံကို ရေးထားတယ်။ တယ်လည်း စောက်ကြောတင်းတဲ့ ကောင်လေးတွေပဲ။ ပထမအပိုင်းကတည်းက သူတို့နှစ်ယောက်ကို ဇွတ်ကြွေတာ။ 😅 ခန္ဓာမာကျောအောင် လေ့ကျင့်ခြင်း၊ မျက်ကန်း နားပင်းအဖြစ်လေ့ကျင့်ခြင်း၊ အငတ်ခံနိုင်အောင် လေ့ကျင့်ခြင်းဆိုတဲ့ သူတို့လမ်းစဥ်တွေကိုလည်း သဘောကျတယ်။ စစ်ကြီးအတွင်းမှာ ကိုယ့်ကိုကိုယ် မသေအောင် ဂရုစိုက်ကြရတာပေါ့။
ဒုတိယအပိုင်းဖြစ်တဲ့ "အထောက်အထား"မှာကျတော့ လူးကပ်စ်ဆိုပြီး နာမည်တပ်ရေးထားတယ်။ ခြေထော့ကျိုး ကလေးတစ်ယောက်နဲ့ စာအုပ်ဆိုင်၊ ပီတာ၊ ကလာရာဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ရင်းနှီးရတယ်။
တတိယအပိုင်း"တတိယမုသား"မှာတော့ မျက်စိစလည်ပြီ။ 😵‍💫 ရှေ့မှာ ဖတ်ခဲ့ရတဲ့ လူတွေ၊ အဖြစ်အပျက်တွေက တကယ်ဖြစ်ခဲ့တာလား၊ စိတ်ကူးယဥ်သက်သက်ပဲလား။ ကိုယ်သိထားတဲ့ အကြောင်းအရာတွေက ဘာတွေလဲ။ ရေးပုံရေးနည်းကလည်း အမြွာနှစ်ယောက်ကို ဟိုဘက်ကရေးလိုက် ဒီဘက်ကရေးလိုက်၊ အတိတ်ရောက်သွားလိုက် ပစ္စုပ္ပန်ရောက်လာလိုက်ဆိုတော့ ကြောင်ပျောက်တာပေါ့။ အဲဒါကိုက စောက်ရမ်းဂေါ်နေတာ။ မုသားပေါင်းချုပ်ဆိုတဲ့ အတိုင်းပဲ မုသားတွေချည်းဖတ်ခိုင်းပြီး စာဖတ်သူကို ဝေဝါးစေတယ်။ ဒီအဖြစ်အပျက်‌တွေသည် တကယ်မဖြစ်ခဲ့ရင်တောင် အဖြစ်မှန်နဲ့ ဆက်စပ်မှုရှိနေတယ်လို့ ထင်တယ်။ ဥပမာဆိုရင် ကလာရာက tayသွားတဲ့ သူ့အရင်ယောကျ်ားကိုပဲ တမ်းတနေပြီး ဘေးမှာရှိနေတဲ့ လူးကပ်စ်ကို ဖယ်ကြဥ်နေတာမျိုးက တတိယမုသားထဲမှာဆိုရင် အမြွာတွေရဲ့ အမေက ဘေးမှာရှိနေတဲ့ ခလော့ကို ပစ်ပယ်ပြီး အဝေးကိုရောက်နေတဲ့ လူးကပ်စ်ကိုပဲ မျှော်နေတာနဲ့ တူတယ်။ ခြေထောက်ထော့ကျိုးဖြစ်နေတဲ့ ကလေးက လူးကပ်စ်ထော့ကျိုးဖြစ်ပြီး ကိုယ့်ကိုကိုယ် ယူကြုံးမရဖြစ်နေပုံနဲ့ တူတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်းက အဖြစ်အပျက်တွေဟာ တတိယပိုင်းကနေ ဖြာထွက်လာသလိုမျိုး။
စစ်အတွင်းမှာ ရုန်းကန်နေရတဲ့ ကလေးတစ်ယောက်ရဲ့ ထီးတည်းနိုင်မှု၊ စိတ်မလုံခြုံမှု၊ မရေရာမှုတွေ။ ထီးတည်းနိုင်မှုကြောင့်ပဲ သူ စာတွေရေးတယ်။ သူဖြစ်ချင်တာနဲ့ သူ့မှာဖြစ်နေတာတွေကို ပေါင်းစပ်ပြီး မုသားတစ်ပုဒ် ဖန်တီးလိုက်တဲ့အခါမှာတော့ .... စာအုပ်ကို ဖတ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားရမယ်ထင်တယ်။ အမြွာနှစ်ယောက်က တစ်ယောက်ထဲပဲလား၊ ဒါမှမဟုတ် တစ်ယောက်က အရင်ကတည်းက သေသွားခဲ့ပြီလား၊ဒုတိယအပိုင်းထဲက လူတွေကရော တကယ်ရှိခဲ့လား အာရုံစားရမယ့် လက်ရာတစ်ပုဒ်ပဲ။

image