ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် EAO ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နယူးဒေလီမြို့သို့ ထွက်ခွာ
နေပြည်တော်၊ နိုဝင်ဘာ ၄
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် လက်မှတ် ရေးထိုးထားသော EAO ခေါင်းဆောင်များနှင့်အတူ နိုင်ငံရေးပါတီများ ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြောင်း ပြည်သူ့ပါတီမှ အသိပေးကြေညာထားသည်။
ဖွဲစည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်များ၊ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် EAO ခေါင်းဆောင်များနှင့်အတူ နိုင်ငံရေးပါတီ အစုအဖွဲ့ အလှည့်ကျခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် နိုင်ငံရေးပါတီ (၁၁)ပါတီမှ ကိုယ်စားလှယ်များ ယနေ့နံနက်က ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြောင်း ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw