ကမ္ဘာမှာအကြီးဆုံးငလျင်ကြီး(3)ခုနှင့်တိုက်ဆိုင်မှု့များ။
1960 May 22 ရက်နေ့တွင်ကမ္ဘာ့သမိုင်းမှာအကြီးမားဆုံးငလျင်ကြီး၊ပြင်းအား(9.5)နဲ့ချီလီနိုင်ငံမှာလှုပ်ခတ်သွားခဲ့ပါတယ်။ငလျင်ကြီးမလှုပ်ခင်တစ်ရက်နှစ်ရက်လောက်အလိုမှာပုံတွင်ပြထားသည့်အတိုင်း၊
Venus-Sun-Neptune တစ်တန်းတည်းကျပါတယ်။
Earth-Moon-Mars တစ်တန်းတည်းကျပါတယ်။
Mars-Mercury-Uranus တစ်တန်းတည်းကျပါတယ်။
Mercury-Sun-Jupiter တစ်တန်းတည်းကျပါတယ်။
---------------
2004 Dec 25-26 အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းအနီးမှာကမ္ဘာ့ဒုတိယအကြီးဆုံးငလျင်ကြီး၊ပြင်းအား(9.3)နဲ့လှုပ်ခတ်ခဲ့ပါတယ်။အဲဒီရက်ပိုင်းတွေမှာလဲပုံတွင်ပြထားသည့်အတိုင်း၊
Moon-Earth-Mars တစ်တန်းတည်းကျပါတယ်။
Mercury-Sun-Uranus တစ်တန်းတည်းကျပါတယ်။
Moon-Earth-Venus တစ်တန်းတည်းကျပါတယ်။
Moon-earth-mercury တစ်တန်းတည်းကျပါတယ်။
Sun-Venus-Mars တစ်တန်းတည်းကျပါတယ်။
Mon-Earth-Sun တစ်တန်းတည်းကျပါတယ်။
Venus-Mercury-Earth တစ်တန်းတည်းကျပါတယ်။
-------------------
1964 Mar 27-28, Alaska မှာကမ္ဘာ့တတိယအကြီးဆုံးငလျင်ကြီး၊ပြင်းအား(9.2)နဲ့လှုပ်ခတ်ခဲ့ပါတယ်။အဲဒီရက်ပိုင်းတွေမှာလဲပုံတွင်ပြထားသည့်အတိုင်း၊
Mars-Mercury-Uranus တစ်တန်းတည်းကျပါတယ်။
Mon-Earth-Mars တစ်တန်းတည်းကျပါတယ်။
Mars-Venus-Uranus တစ်တန်းတည်းကျပါတယ်။
Mon-Earth-Sun တစ်တန်းတည်းကျပါတယ်။
Mercury-Venus-Uranus တစ်တန်းတည်းကျပါတယ်။
------------------
ဒီလိုဂြိုလ်တွေတစ်တန်းတည်းကျတဲ့ရက်သို့မဟုတ်၊နောက်တစ်ရက်၊နှစ်ရက်၊သုံးရက်လောက်မှာကမ္ဘာ့မြေဆွဲအား( gravitational force )အနည်းငယ်အပြောင်းအလဲရှိတတ်ပါတယ်။ ဒီအပြောင်းအလဲတွေကြောင့်ငလျင်ကြီးတွေလှုပ်ခတ်တတ်ပါတယ်။လှုပ်ခတ်မည်ဟုအတိအကျမဆိုနိုင်ပါ။လေ့လာနေဆဲပညာရပ်အသစ်ဖြစ်ပါသည်။သို့သော်သတိထားရပါမည်။
-
အလွန်ထူးခြားတာတစ်ခုက(Earth-Moon-Mars)သို့မဟုတ်(Mon-Earth-Mars)တစ်တန်းတည်းကျနေတဲ့အချိန်တွေမှာ(9+)ငလျင်ကြီးတွေနဲ့သွားပြီးတိုက်ဆိုင်မှု့ရှိနေတာကိုတွေ့ရှိရပါတယ်။ဘာကြောင့်လဲဆိုတာကတော့မသိပါ။
-
Mar 28, 2025 မန်းလေး-စစ်ကိုင်းငလျင်ကြီးပြင်းအား(7.7)နဲ့လှုပ်ခတ်ခါနီးရက်ပိုင်းတွေမှာလဲအောက်ပါအတိုင်းဂြိုလ်တွေတစ်တန်းတည်းကျခဲ့ဖူးပါတယ်။
Earth-Moon-Saturn တစ်တန်းတည်းကျပါတယ်။
Earth-Moon-Venus တစ်တန်းတည်းကျပါတယ်။
Earth-Moon-Neptune တစ်တန်းတည်းကျပါတယ်။
Earth-Moon-Mercury တစ်တန်းတည်းကျပါတယ်။
-
သို့သော်အဆိုးထဲကအကောင်းတစ်ခုက၊မန်းလေး-စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့စဥ်က (Earth-Moon-Mars)သို့မဟုတ်(Mon-Earth-Mars)တစ်တန်းတည်းကျတာမျိုးမဖြစ်ခဲ့ပါဘူး။တစ်ကယ်လို့သာအဲဒီဂြိုဟ်သုံးလုံးအတွဲသာတစ်တန်းတည်းကျခဲ့မယ်ဆိုရင်ဒီထက်ပိုပြီးအင်အားကြီးသွားနိုင်မလားဆိုတာကတော့ဘုရားပဲသိနိုင်မှာဖြစ်ပါတယ်။
-
ဘာပဲဖြစ်ဖြစ်ပါ၊အတိတ်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တိုက်ဆိုင်မှု့တွေရှိနေတာကတော့ထူးဆန်းနေပါတယ်။ဘယ်လိုအကြောင်းတရားတွေကြောင့်ဒီလိုဆက်စပ်ပြီးတိုက်ဆိုင်မှု့တွေဖြစ်နေရတယ်ဆိုတာကတော့ကျွန်တော်လဲသေချာမသိပါ။
-
အဓိကပြောချင်တာက၊အခုလာမယ့် Jun 28-29-30 ရက်တွေမှာလဲ၊ပုံတွေမှာပြထားတဲ့အတိုင်းပဲ
Mercury-Venus-Saturn တစ်တန်းတည်းကျပါတယ်။
Mars-Mercury-Neptune တစ်တန်းတည်းကျပါတယ်။
Venus-Mercury-Mars တစ်တန်းတည်းကျပါတယ်။
Earth-Moon-Mars တစ်တန်းတည်းကျပါတယ်။
Mercury-Venus-Neptune တစ်တန်းတည်းကျပါတယ်။
Mars-Venus-Neptune တစ်တန်းတည်းကျပါတယ်။
-
Jun 30 ရက်နေ့နဲ့နောက်ပိုင်းရက်တွေမှာအထူးသတိထားရမှာက Earth-Moon-Mars တစ်တန်းတည်းကျတာကပြန်ပါလာပါတယ်။ဒါကြောင့် Jun လကုန်ရက်ပိုင်းတွေနဲ့ July လအစပိုင်းရက်တွေမှာ(9+)ငလျင်ကြီးတစ်ခုခုနဲ့တိုက်ဆိုင်မှု့နောက်တစ်ခုများဖြစ်ပေါ်လာမလားဆိုတဲ့စိုးရိမ်စိတ်နဲ့သတိပေးချင်လို့သေချာသုတေသနပြုပြီးဒီပို့စ်ကိုရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့်ပစိဖိတ်သမုဒ္ဒရာပါတ်ဝန်းကျင်ကိုအလွန်စိုးရိမ်ပါတယ်။
-
တိုက်ဆိုင်မှု့ရှိလာသည်ဖြစ်စေ၊မရှိလာဘူးဖြစ်စေ။ Jun လကုန်ရက်ပိုင်းတွေနဲ့ July လအစပိုင်းရက်တွေမှာအထူးသတိနဲ့နေထိုင်သင့်ပါတယ်။ငလျင်ပြင်းအား(7+,8+,9+)ဘာမဆိုဖြစ်နိုင်ခြေရှိပါတယ်။အလွန်အင်အားကြီးငလျင်ကြီးတွေနဲ့ဆူနာမီတွေဖြစ်လာနိုင်လို့ပင်လယ်နဲ့နီးတဲ့နေရာတွေကိုလဲကြိုတင်ပြီးရှောင်ရှားထားသင့်ပါတယ်။ဖြစ်မယ်လို့တိတိကျကျတော့မပြောနိုင်ပါ။
-
ဂြိုလ်၊နေ၊လ၊ကမ္ဘာ့၊အနေအထားအခြေအနေတွေကြောင့်ကမ္ဘာ့(gravitational force )အနည်းငယ်ပြောင်းလဲခြင်းနှင့်၊ငလျင်တိုက်ဆိုင်မှု့ရှိ၊မရှိကတော့နည်းပညာအသစ်ဖြစ်နေလို့ပညာရှင်တွေလေ့လာနေဆဲပါ။သုတေသနတွေအရ၊တိုက်ဆိုင်မှု့တွေလဲရှိနေပါသည်။ဒီပညာရပ်အသစ်ကိုကျွန်တော်ကိုယ်တိုင်လဲစတင်လေ့လာနေဆဲအနှိမ့်ဆုံးအဆင့်ပါ။
-
သို့သော်၊ဂြိုဟ်တွေတစ်တန်းတည်းကျတာတစ်ခုတည်းကိုကြည့်ပြီးအတတ်ပြောလို့တော့မပြည့်စုံမမှန်ကန်နိုင်သေးပါဘူး။အဲဒီရက်ပိုင်းတွေမှာဖြစ်ပေါ်လာမယ့် Solar Coronal Hole တွေရဲ့အခြေအနေတွေကိုလည်းထည့်သွင်းစဥ်းစားဖို့လိုအပ်ပါသေးတယ်။ဒါကြောင့်လကုန်ရက်နီးလာတော့မှ Coronal Hole တွေရဲ့အခြေအနေတွေကိုကြည့်ပြီးပြန် Confirm လုပ်ရပါမယ်။
-
တစ်ကယ်လို့ဂြိုဟ်တွေတစ်တန်းတည်းကျနေတာရော၊ Coronal Hole တွေက geo-effective position ရောက်နေတာတွေရောကြုံဆုံလာခဲ့ကြမယ်ဆိုရင်တော့အလွန်ကြောက်စရာကောင်းပါတယ်။အဲဒီလိုနှစ်မျိုးစလုံးတိုက်တိုက်ဆိုင်ဆိုင်ကြုံလာရင်တော့ဖြစ်နိုင်ခြေအလွန်များသွားပါပြီ။ဒါကြောင့်လကုန်ရက်နီးလာတော့မှ Coronal Hole အခြေအနေတွေကိုကြည့်ပြီးသေချာပြန်တင်ပြပေးပါဦးမယ်။
-
တစ်ကမ္ဘာလုံးအတွက်သတိထားရပါမယ်။ခြိမ်းခြောက်နေတာလဲမဟုတ်သလို၊ဘယ်သူမှတော့အတိအကျကြိုတင်ပြီးမသိနိုင်ပါဘူး။သို့သော်Jun လအကုန်နဲ့ July လအစပိုင်းရက်တွေမှာအကောင်းဆုံးကိုမျှော်လင့်ထားပြီး၊အဆိုးဆုံးအတွက်သတိဝိရိယ၊ကြိုတင်ပြင်ဆင်မှု့တွေနဲ့နေထိုင်ကြမယ်ဆိုရင်တော့ဘာမှအကျိုးယုတ်စရာ၊နစ်နာစရာမရှိနိုင်ပါဘူး။
-