2 d - Translate

ဒီရက်ပိုင်းမှာ ထူးခြားဖြစ်စဉ်ကို ပြောရရင် Tyson Fury နဲ့ Oleksandr Usyk တတိယပွဲကို ဧပြီလ (၁၈) ရက်မှာ ကစားမယ်တဲ့။ လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘာလေဘောလုံးကွင်းတဲ့။
Oleksandr Usyk နဲ့ Turki Alalshikh တို့က ဘာမှမပြောသေးပါဘူး။ Tyson Fury ကပဲ ထုတ်ဖော်ပြောတာမို့ ယုံရခက်ကြီးပါ။ အနားမယူသေးဘဲ ပွဲပြန်ထိုးမှာက သေချာလောက်ရှိပြီ။
Jake Paul က ဘောက်ဆင်မှာ အဆင့်ချိတ်သွားပါပြီ။ WBA Cruiserweight Ranking မှာ အဆင့် (၁၄) ဖြစ်သွားတာပါ။ (၆) ပွဲဆက်နိုင်ထားတာမို့ ပုံရိပ်အရ အဆင့်ချိတ်သွားပုံပေါ်တယ်။
သမ္မတကြီး Donald Trump က အိမ်ဖြူတော်မှာ UFC Event လုပ်မယ်တဲ့။ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ထူးခြားဖြစ်စဉ်ပါ။ နောက်နှစ်မှဆိုတော့ ဒီကြားထဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။
အိမ်ဖြူတော်မှာ ကျင်းပမယ့် UFC Event မှာ Conor McGregor က ကစားချင်ပါတယ်တဲ့။ ကျွန်တော်လည်း ပါမယ်လို့ သမ္မတကြီး Donald Trump ကို လှမ်းပြောထားပါတယ်။

image