4 d - Translate

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော်ကာလ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှုများပြား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားသဖြင့် အထူးစည်ကားခဲ့ကြောင်း ပုံဂံမြို့ဒေသတွင်း သတင်းများအရ သိရသည်။

ပုံဂံဒေသ တန်ဆောင်တိုင်ပွဲတော်ကာလ လပြည့်နေ့တွင် ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ပုံဂံဒေသသို့ ခရီးသွားဝင်ရောက်မှုများလာ၍ ဒေသခံတို့အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဒေသတွင်းရှိ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်လုပ်ငန်းမှု လုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများမှ လူမှုစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားများသည် အမှတ်တရ ပစ္စည်းဝယ်ယူခြင်းအပြင် လက်ပန်းချီဆွဲခြင်း၊ မြင်းလှည်းစီးခြင်းတို့ကို အများဆုံးပြုလုပ်လေ့ရှိပြီး လူငယ်များကပို၍ လက်ပန်းချီရေးဆွဲလေ့ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းပွဲတော်ကာလသည် ခရီးသွားဝင်ရောက်မှုများသော အချိန်ကာလဖြစ်ပြီး နတ်တော်လတွင် ကျင်းပသည့် အလိုတော်ပြည့်ဘုရားပွဲတော်ကာလနှင့် ပြာသိုလတွင်ကျင်းပသည့် အာနန္ဒာဘုရားပွဲတော်ကာလတို့သည်လည်း ခရီးသွားများဖြင့် အထူးစည်ကားလေ့ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ယခုနှစ် ခရီးသွားရာသီ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်မှန်းထားရာ ၂၀၂၃ ခုနှစ်မှ စက်တင်ဘာလအထိ ပြည်ပခရီးသွား (၁၀၀၀၀) နီးပါး ဝင်ရောက်ခဲ့ကာ ကာလတူ ၂၀၂၄ ခုနှစ်တွင် (၁၀၀၀၀)ကျော်အထိ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော် ကာလတွင်လည်း ခရီးသွားဝင်ရောက်မှုများခဲ့သောကြောင့် လာမည့် ခရီးသွားကာလ မတ်လအထိ ခရီးသွားများ ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။

ခရီးသွားများ ပိုမိုဝင်ရောက်ရေး ပုဂံဘုရားဖူးထွက်လိုသော ခရီးသည်များအတွက် ရန်ကုန် - ညောင်ဦးခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်သည့် နိုဝင်ဘာ (၁၃)၊ (၂၀)၊ (၂၇) ရက်နှင့် ညောင်ဦး - ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် တနင်္လာ နေ့များဖြစ်သည့် နိုဝင်ဘာ (၁၁)၊ (၁၈)၊ (၁၅) ရက်တို့တွင်ပြေးဆွဲရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ပေးထားကြောင်းလည်း သိရသည်။

image
image
image
4 d - Translate

စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၀၀၀ ကျော်လာ

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၇၀၀၀ အထိ မြင့်တက်လာကြောင်းမှ သိရသည်။

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ယခုအခါ တစ်ပိဿာ ၇၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက် ၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာ (၁၈)ရက်မှ (၂၅) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၇၀၁၅) ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

image
4 d - Translate

You are my comfort zone..🖤

image
4 d - Translate

စားကြ သောက်ကြ ပေါ့ ကွယ် 🍷

image
4 d - Translate

Just a girl who is obsessed with flowers.🪞🌷✨

image
4 d - Translate

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ရန် ရွှေစင် (၄၇၃၉) ချပ်အလှူရရှိထား

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့ပြီး ရွှေစင် (၄၇၃၉) ချပ် အလှူရရှိထားကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်းနှင့် ပတ်သက်၍ အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ ၂ဝ၂၄ -၂ဝ၂၅ ခုနှစ် ရွှေသင်္ကန်းတော် တင်လှူခြင်းလုပ်ငန်းကို ရွှေတိဂုံစေတီတော်၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံတွင် ဩဝါဒခံယူခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ရွှေပြားသင်္ကန်းတော်များ စတင်၍ တင်လှူပူဇော်သွားမည် ဖြစ်ပြီး ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရွှေစင် (၆) ကျပ်သား (၄၆၇) ချပ်၊ ရွှေစင် (၁) ကျပ်သား (၄၂၇၂) ချပ် စုစုပေါင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်မည်ဖြစ်ကာ ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား (၅)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပြီး နောက်ဆုံး ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၁၈ -၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း ဒေါ်နယ်ထရမ့်ဂျူနီယာဆို

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။

“ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့ အခွင့်အရေး မရသေးခင် တတိယကမ္ဘာစစ်ကို ဖြစ်လာစေချင်ပုံရတယ်” ဟု ရုရှားသို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန် အမေရိကန် တာဝေးပစ် ဒုံးကျည်များ အသုံးပြုခြင်းအပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်နှင့် ပတ်သက်၍ သူကမှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

"အသက်တွေဟာ တန်ဖိုးမဲ့တဲ့ အရာတွေမဟုတ်ဘူး။ အဖိုးအတန်ဆုံး"ဟုလည်း သူကဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုအတွက် Army Tactical Missile Systems သို့မဟုတ် ATACMS ဟု လူသိများသော အမေရိကန်မှ ထောက်ပံ့ပေးသည့် တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းအား အသုံးပြုခွင့်ပြုခဲ့ကြောင်း New York Times က နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ထိုနေ့နှောင်းပိုင်းတွင်ပင် ပြင်သစ်နှင့် ဗြိတိန်တို့ကလည်း ဘိုင်ဒင်၏ ဦးဆောင်မှုကို လိုက်နာခဲ့ပြီး ရုရှားနိုင်ငံအတွင်း၌ ၎င်းတို့၏လက်နက်များကို အသုံးပြုတိုက်ခိုက်ရန် ခွင့်ပြုခဲ့ကြောင်း ပြင်သစ်မှ Le Figaro သတင်းဌာနက ရေးသားခဲ့သည်။

image