image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၃၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၂၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၈၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၈၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၇၀ ကျပ်
ဝယ်ဈေး - ၄၂၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၅ ကျပ်
ဝယ်ဈေး - ၃၃၅၄ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၉၀ ကျပ်
ဝယ်ဈေး - ၄၉၆၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၅၉ ကျပ်
ဝယ်ဈေး - ၁၂၈.၉၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၅၃ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၄၇ ကျပ်
ဝယ်ဈေး - ၂၆.၇၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၈ ကျပ်
ဝယ်ဈေး - ၄၄.၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၆ ကျပ်
ဝယ်ဈေး - ၃.၀၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၁၈ ကျပ်
ဝယ်ဈေး - ၅၇၆၃ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၂၉ ကျပ်
ဝယ်ဈေး - ၃၀၅၁ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၉ ကျပ်
ဝယ်ဈေး - ၅၄၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၃ ကျပ်
ဝယ်ဈေး - ၁၁၆၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

MFF Futsal League(1) ၂၀၂၅-၂၆ ရာသီမှာ ကစားခဲ့တဲ့ Gold Dream FC အသင်းရဲ့ ကစားသမားနှစ်ဦး ဆယ်ရက်ကြာ ပျောက်ဆုံးလျှက်ရှိ

MFF Futsal League(1) ၂၀၂၅-၂၆ ရာသီမှာ ကစားခဲ့တဲ့ Gold Dream FC အသင်းရဲ့ ကစားသမားနှစ်ဦး ဆယ်ရက်ကြာ ပျောက်ဆုံးလျှက်ရှိကြောင်း အသင်းရဲ့ Facebook Page မှာ ထုတ်ပြန်ထားပါတယ်။
Gold Dream FC အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက "အသင်းက ကစားသမားနှစ်ယောက် ပျောက်ဆုံးနေတာ ဆယ်ရက်ရှိပါပြီ။တာဝန်ရှိသူတွေနဲ့ အကုန် အတတ်နိုင်ဆုံး လိုက်ရှာဖွေနေပါတယ်"လို့ Eleven Media ကို ပြောကြားခဲ့ပါတယ်။
Gold Dream FC အသင်းရဲ့ ထုတ်ပြန်မှုမှာ "ကျွန်တော်တို့ Gold Dream FC အသင်းမှ MFF Futsal League(1) ၂၀၂၅-၂၆ ရာသီတွင် ကစားလျက်ရှိသော ကျောနံ​ပါတ်(၁၇) သီဟအောင်(၂၁ နှစ်)နှင့် လက်ရှိကျင်းပလျက်ရှိသော MFF U19 Youth Futsal League ၂၀၂၆ တွင် ကစားနေသည့် ကျောနံပါတ်(၁၁) စွမ်းထက်ကျော်(၁၈ နှစ်)တို့ နှစ်ဦးမှာ ပျောက်ဆုံး​​နေပြီး ယခုထိတိုင် အဆက်အသွယ်မရရှိသေးပါ။ ၁၉.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့) နေ့လည် (၃)နာရီတွင် စွမ်းထက်ကျော်(၁၈ နှစ်)သည် Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပြီး သုဝဏ္ဏဘောလုံးကွင်းမှ သီဟအောင်(၂၁ နှစ်)နှင့်အတူပြန်ကာ မြောက်ဒဂုံ (၅၀)ကွေ့ရောက်သည်အထိ အဆက်အသွယ်ရရှိခဲ့ပါသည်။ ထိုနောက်ပိုင်းမှစ၍ ကစားသမားနှစ်ဦးလုံးနှင့် ယနေ့အချိန်အထိ အဆက်အသွယ်မရတော့သည်မှာ (၁၀)ရက်တိုင်တိုင်ရှိနေပါသည်"လို့ ဖော်ပြထားပါတယ်။
အသင်းဘက်ကနေ အစွမ်းကုန်​ကြိုးစားရှာဖွေလျက်ရှိပြီး သက်ဆိုင်ရာရဲစခန်းမှာလည်း လူပျောက်အမှုဖွင့်တိုင်ကြားသလို၊ MFF ရဲ့ တာဝန်ရှိလူကြီးတွေအနေနဲ့ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
ကစားသမားနှစ်ဦးကို ဘယ်လိုနေရာမျိုးမှာမဆို တွေ့ရှိသူ (ဒါမှမဟုတ်) အဲဒီကစားသမားတွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်များ ကြားသိခဲ့ပါက အသင်းကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း ထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။

image

ဗီလာတိုက်စစ်မှူး ဝက်ကင်စ် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့

အက်စတွန်ဗီလာအသင်းက အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဝက်ကင်စ်ဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ဝက်ကင်စ်(၃၀ နှစ်)ရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၅၁ သန်းရှိတယ်လို့ BBC Sport က ဖော်ပြခဲ့ပါတယ်။
၎င်းဟာ အယ်လ်ဟီလာအသင်းနဲ့ သုံးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်။
ဝက်ကင်စ်အနေနဲ့ ဗီလာအသင်းမှာ ခြောက်ရာသီကြာ ကစားခဲ့ပြီး အသင်းရဲ့ပရီးမီးယားလိဂ်ဂိုးအများဆုံးဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။
အယ်လ်ဟီလာအသင်းဟာ အခုနွေရာသီမှာ လိဒ်စ်တောင်ပံကစားသမား ဆမ်မာဗေးလ်ကိုလည်း ပေါင် ၅၅ သန်း+၅ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းက မာတင်နယ်လီကိုလည်း ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

image

အန်ဒီယေးကို ရောင်းထုတ်ရတော့မှာဖြစ်တာကြောင့် ဘာလိုဂန်ကို ခေါ်ယူအားဖြည့်ဖို့ အဲဗာတန်အသင်း စီစဉ်နေ

အဲဗာတန်အသင်းက ဆီနီဂေါတောင်ပံကစားသမား အန်ဒီယေး စပါးအသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် မိုနာကိုအသင်းက အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အန်ဒီယေး(၂၆ နှစ်)က အဲဗာတန်အသင်းရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် စပါးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။
အဲဗာတန်အသင်းကလည်း စပါးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပေမဲ့ ဘာလိုဂန်ကိုလည်း ထပ်မံခေါ်ယူဖို့ ချိန်ရွယ်နေတာပါ။
အဲဗာတန်အသင်းက အန်ဒီယေးကို စပါးအသင်းဆီ ပေါင်သန်း(၆၀)နဲ့ ရောင်းချမှာဖြစ်ပြီး ရစ်ချာလီဆန်ကို ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူမှာဖြစ်တာကြောင့် ဘာလိုဂန်အတွက် ထပ်မံသုံးစွဲဖို့ စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဘာလိုဂန်ကို အဲဗာတန်အသင်းက ပေါင်(၁၈)သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ဘာလိုဂန်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိဖို့သာ လိိုအပ်တော့ကြောင်း သိရပါတယ်။

image

မြန်မာ ယူ- ၂၀ အသင်း ဒီညနေ သီရိလင်္ကာ ယူ- ၂၀ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ်

မြန်မာ ယူ- ၂၀ အသင်းဟာ ၂၀၂၇ အာရှဖလား ယူ- ၂၀ ခြေစစ်ပွဲဝင်ခွင့်မရခဲ့လို့ ၂၀၂၉ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့် (Development Phase) အတွက် အုပ်စုပထမပွဲအဖြစ် ဒီညနေမှာ သီရိလင်္ကာ ယူ- ၂၀ အသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၂၀ အသင်းဟာ ၂၀၂၉ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့် (Development Phase) တွင် အုပ်စု (K) ၌ သီရိလင်္ကာ၊ မော်ဒိုက်၊ ဘရူနိုင်းအသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ အုပ်စု (K) ပွဲစဥ်တွေကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ သြဂုတ် (၃၁) ရက်ကနေ စက်တင်ဘာ (၆) ရက်အထိ တစ်ရက် နှစ်ပွဲနှုန်းနဲ့ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာ ယူ- ၂၀ အသင်းဟာ ဒီညနေ (၄) နာရီခွဲမှာ အုပ်စုပထမပွဲအဖြစ် သီရိလင်္ကာ ယူ- ၂၀ အသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ Development Phase အဖြစ် အသင်း (၁၁) သင်းကို (၃) အုပ်စုခွဲ ကျင်းပမှာဖြစ်ပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံးရပ်တည်မှုရ အသင်း (၃) သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရ အသင်း (၃) သင်း၊ ပေါင်း (၆) သင်းက ၂၀၂၉ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
Development Phase မှာ မြန်မာ၊ မွန်ဂိုလီးယား၊ တရုတ်တိုင်ပေ၊ မော်လ်ဒိုက်၊ ဂူအမ်၊ စင်ကာပူ၊ ဘူတန်၊ ဘရူနိုင်း၊ မကာအို၊ သီရိလင်္ကာ၊ ပါကစ္စတန်အသင်း (၁၁) သင်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာ၊ မွန်ဂိုလီးယားနဲ့ ဘူတန်တို့က အုပ်စုပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) က၂၀၂၇ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ (Qualification Phase)
ကို အသင်း (၃၂) သင်းအား (၄) သင်း (၈) အုပ်စု
ခွဲကာ ကျင်းပမှာဖြစ်ပါတယ်။
အုပ်စုတစ်ခုစီက ထိပ်ဆုံးရပ်တည်မှုရ အသင်း (၈) သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရ အသင်း (၇) သင်း၊ ပေါင်း (၁၅) သင်း ခြေစစ်ပွဲအောင်မှာဖြစ်ပြီး နောက်ဆုံးအဆင့်ကို အိမ်ရှင်ပြုလုပ်ခွင့်ရထားတဲ့ တရုတ်အသင်းနဲ့ပေါင်းကာ ၂၀၂၇ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲကို (၁၆) သင်းနဲ့ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာ ယူ-၂၀ အသင်းဟာ AFC ရဲ့ လက်ရှိပြောင်းလဲလိုက်တဲ့ ပြိုင်ပွဲပုံစံသစ်ကြောင့် ၂၀၂၇ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ (Qualification Phase) ကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။
AFC က ယခုပြိုင်ပွဲကစတင်ကာ Qualification Phase နဲ့ Developement Phase အဆင့် နှစ်ဆင့်နဲ့
တန်းဆင်းတန်းတက်ပုံစံမျိုး ပြုလုပ်မှာဖြစ်ပါတယ်။

image

ဂျေးဇူးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်နေ

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ လမ်းခွဲထားတဲ့ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။
ဒါကြောင့် အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခါနီးမှာ ဂျေးဇူးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းနဲ့ Add-ons ကြေးပေးချေဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဂျေးဇူးကို (၂)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း၊ ဆေးစစ်မှုကို ဒီနေ့ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ဂျေးဇူး(၂၉ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်အသင်းကို ပေါင်(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၂၃)ပွဲကစားကာ (၃၂)ဂိုး သွင်းယူပေးထားပါတယ်။
အာဆင်နယ်အသင်းက ဂျေးဇူးကို ရောင်းထုတ်ဖို့ စီစဉ်ထားတာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ လူစာရင်းက ချန်လှပ်ထားခဲ့ကြောင်းလည်း သိရပါတယ်။

image

ရန်ကုန်တိုင်း၌နေထိုင်သူများ အသား၊ ငါးနှင့် ဥများကိုဈေနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

ရန်ကုန်တိုင်း၌နေထိုင်သူများ အသား၊ ငါးနှင့် ဥများကိုဈေနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သြဂုတ် ၂၉ ရက်နေ့ လယ်ပိုင်းတွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုကိုကြည့် ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းမှာကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းရှိ လူဦးရေ(၇)သန်းကျော် (၈)သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်းသက်သာစွာပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများအ နေဖြင့် တွံတေးမြို့နယ်ရှိ မွေးမြူရေးဇုန်များအတွင်း မွေးမြူရေးလုပ်ငန်းများကိုတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အသား၊ ငါးနှင့် ဥများလုံလောက်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့တာ ဝန်ရှိသူများက စီမံတွက်ချက်လျာထားဆောင်ရွက်ရမည်ဖြစ်ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင် ရွက်ရန်ချထားပေးသည့် မြေနေရာများအား အခြားနည်းများဖြင့် သုံးစွဲမှုများမရှိအောင်စနစ်တကျကြပ် မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-တွံတေးသွားကားလမ်းမကြီးတစ်လျှောက်၊ မြန်မာ -ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားတို့ကိုကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြစ်အတွင်း မြစ်ကြောင်းထိန်း သိမ်းခြင်းလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။

image

ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက် ပျိုးရေးနှင့် လူမှုစီးပွားဘဝထိခိုက်မှုများကိုစနစ်တကျစစ်တမ်းကောက်ယူရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝထိခိုက်မှုများကိုစနစ်တကျစစ်တမ်းကောက်ယူရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင် က ယနေ့ သြဂုတ် ၂၉ ရက်နံနက်ပိုင်းတွင် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ရေတိုက်စားခဲ့မှုအတွက် တားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏နေထိုင်စားသောက်ရေးအခက်အခဲမရှိစေရေးတို့အတွက် သက် ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့အတူ ရန်ကုန်-မအူပင်သွား ကားလမ်းဘေးဝဲယာတစ်လျှောက် ရေများမြောင်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကစနစ်တကျရှင်းလင်းရန်၊ ရေထွက်လမ်းကြောင်းများကောင်းမွန်မှသာ ရေကြီးရေလျှံမှုကိုလျှော့ချနိုင်မည်ဖြစ်၍ ကားလမ်းတစ်လျှောက် ရေကျော်သည့်နေရာများ၌ လမ်းသားမြှင့်တင်ရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ က ညောင်တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှုအား ယာယီကာကွယ်နိုင်ရန် တာခြေတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူရင်းတာ 2nd Bund Slope အခြေသဲအိတ်ထောက်ခြင်း၊ ယာယီ ပန်းတာတည်ဆောက်ခြင်း၊ ကမ်းရင်းတာ Bund Slope တည် ဆောက်ခြင်းနှင့် ယာယီ ပန်းတာ၏ အရှေ့ဘက်ဆင် ခြေလျှောတိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးပြီးနောက် တာဘောင်ပြုပြင်ရာတွင် လက်ရှိအခြေအနေကိုသာဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင်ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင် ရည်ရှိစေရေးထည့်သွင်းတွက်ချက်ကာ စနစ်တကျပြန် လည်တည်ဆောက်ပြုပြင်ရန်၊ လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများအမြန်ပြီးစီးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတက တာဘောင်ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

image

ရေကြည်–ငါးသိုင်းချောင်း–အသုတ်လမ်းတစ်လျှောက် ရေဘေးသင့် ကျောင်းသားများအတွက် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းပို့ကျောင်းကြို ဆောင်ရွက်ပေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်-ငါးသိုင်းချောင်း-အသုတ် လမ်းတစ်လျှောက် ရေလွှမ်းမိုးမှုကြောင့် ရေလွတ်ရာ ကားလမ်းဘေးသို့ ယာယီရွှေ့ပြောင်း နေထိုင်နေရသော ဒေသခံများနှင့် ရွှေကျောင်းကုန်းကျေးရွာမှ အထက်တန်းကျောင်းသား၊ ကျောင်းသူများ ရေကြည်မြို့ရှိ ကျောင်းများသို့ သွားရောက် ပညာသင်ကြားရာတွင် ရေကျော်များကို ဖြတ်သန်းသွားလာနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ဆိုင်ကယ်၊ စက်ဘီးများ သွားလာရန် အဆင်မပြေသည့်အပြင် ပို့ဆောင်ရေးအတွက် ထွေလာဂျီယာဉ် ခရီးစရိတ် အသွားအပြန် ကျပ် ၅,၀၀၀ ခန့် ကုန်ကျခြင်း၊ မိုးရွာပါက မိုးကာအကာအကွယ် မရှိခြင်းတို့ကြောင့် ကျောင်းသူ/သားများ ပညာသင်ကြားရေး အခက်တွေ့နေရသဖြင့် ဩဂုတ် ၂၇ ရက်မှစ၍ လူမှုကူညီရေးအဖွဲ့များနှင့် စေတနာရှင်များ ပူးပေါင်းကာ ဘတ်စ်ကားများဖြင့် အခမဲ့ ကျောင်းပို့ကျောင်းကြို ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ ကြိုပို့ဘတ်စ်ကားသည် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအပြင် ကယ်ဆယ်ရေးအဖွဲ့များ၊ အလှူရှင်များ၊ ဒေသခံများနှင့် တိုင်းအစိုးရအဖွဲ့၏ ပစ္စည်းပို့ဆောင်ရေးများကိုပါ ကူညီပေးနေသည့် ယာဉ်ဖြစ်ပြီး ယခုအခါ ရေဘေးသင့် ကျောင်းသူ/သားများ ပညာသင်ကြားရေးအတွက်ပါ ထပ်မံကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

image