အချစ် ဆိုသောအရာသည်
ချိုမြိန်သောရင်ခုန်သံမှမြစ်ဖျားခံ၏
ထိုကြောင့်အချစ်ကိုစတင်တွေရှိချိန်၌
အရာရာလှပနေခြင်းပင်ဖြစ်သည်။

မောင့်အိမ်သူ ရေ
မခွဲရက်ရက် ခွဲရက်ရက်နဲ့
ဝေးရပြန်တော့လဲ မိုင်ရာချီလို့
ဆွေးရ၊လွမ်းရ မောလှပြီကွယ်
ခရီးရယ်မနီးပေမယ့်
လွမ်း ရရက်တွေကုန်တော့မှာမို့
လွမ်းပါရစေအုံး။

သားဘာမှသိဝူးနော်
သားအိပ်နေတာ....

image

သားသားကေကိုရှိုး...

image

ခြင်ကိုက်ရင် မရိုက်ပါနဲ့
အလှကြည့်နေပါ
သူကိုက်တယ့်ချိန် မင်းသွေးတစ်စက်ဟာ
သူ့ဗိုက်ထဲပါသွားပါလိမ့်မယ်
ဒါဆိုသူမွေးတယ့်ကလေးထဲမှာ
မင်းသွေးပါလာပါလိမ့်မယ် မင်းတို့၂ယောက်သွေးသား
တော်စပ်လာပါလိမ့်မယ်

ဂုဏ်ယူပါတယ်ကလေးဖေ နဲ့ ကလေးမေ

#crd_to_owner_with_respect

image

အချစ်ကိုကြောက်လို့ ပုန်းရှောင်နေတဲ့ငါ

image
4 d - Translate

မိဘဈေးရောင်းထွက်နေစဉ် ၁ နှစ်ခွဲအရွယ်ကလေး နေအိမ်ပေါ်မှ ပြုတ်ကျ၍ ရေနစ်သေဆုံး

YT

(မဇ္ဈိမ) ။ ။ ရေကြီးရေလျံမှုဖြစ်ပွားနေသည့် ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ မင်္ဂလာလမ်း၊ သာမဏေကျော်ဘုန်းကြီးကျောင်းအနီးရှိ ခြေတံရှည် နေအိမ်တအိမ်မှ တနှစ်ခွဲအရွယ် ကလေးငယ်တဦးသည် ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းက နေအိမ်ပေါ်မှ ပြုတ်ကျကာ ရေနစ်သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ ကလေးငယ်၏ မိဘမှာ တာပေါ်စျေးတွင် စျေးရောင်းသူများဖြစ်ကြပြီး နံနက် ၄ နာရီ စျေးရောင်းသွားနေချိန် နေအိမ်အပေါ်ထပ်တွင် ကလေးသုံးဦး အိပ်လျက်ကျန်ရှိနေခဲ့ကာ အောက်ထပ်သို့ ဆင်းသည့် လှေကားတံခါးအား မပိတ်မိခဲ့ရာမှ ကလေးငယ် ပြုတ်ကျ၍ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နေအိမ်ပေါ်မှ ကလေးငယ်ပြုတ်ကျသေဆုံးသည်ကို နံနက် ၆ နာရီကျော်တွင် ကလေးများအား ကျောင်းပို့ရန် ဖခင်ဖြစ်သူ စျေးမှပြန်လာချိန်မှသာ သိရှိခြင်းဖြစ်ကြောင်း အိမ်နီးနားချင်းတဦးက မဇ္ဈိမသို့ ပြောသည်။

“ရေက အရမ်းမများဘူး။ မနက်က အများဆုံးရှိမှ ပေါင်လောက်ပေါ့။ မိဘတွေကဈေးရောင်းသွားကြတာ၊ မနက် ၆ နာရီလောက် ဈေးကပြန်လာတော့မှ (ကလေးငယ် ရေထဲ) ကျနေတာတွေ့တယ်" ဟု အိမ်နီးနားချင်း အမျိုးသမီးတဦးက မဇ္ဈိမသို့ ပြောသည်။

ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇိုင်းတောင်၊ မြို့သစ်၊ ကျောက်ကြီးစုရပ်ကွက် ကန်သာယာလမ်း၊ စီမံကိန်းလမ်း၊ ကျွန်းသာယာရပ်ကွက်၊ ကလျာဏီရပ်ကွက်တို့အတွင်း ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့မှစ၍ ရေဝင်နေခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ ရေထပ်တိုးလျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

"ရေက ဒီနေ့တနေကုန် နည်းနည်းချင်း တိုးနေတာ။ ခုထိတိုးနေတုန်းပဲ။ မနက်ကထက်ဆို တထွာကျော်လောက်တိုးသွားပြီ။ အခု ခါးလောက်ရှိနေပြီကို တိုးတုန်းပဲ" ဟု ဇိုင်းတောင်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်အောက် ၁၁ လက်မခန့်တွင် ရောက်ရှိနေပြီး နောက်တရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

ဓာတ်ပုံ - မိဘဈေးရောင်းသွားနေစဉ် အသက် တနှစ်ခွဲအရွယ် ကလေးငယ်​တဦး နေအိမ်ပေါ်မှ ပြုတ်ကျ၍ ရေနစ်သေဆုံးမှု ရေကြီးနေသည့် ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်တွင် ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ ရုပ်အလောင်းအား ဆင်ဖြူကွင့်သုဿန်သို့ ပို့ဆောင်နေကြစဉ်။ (သကျနွယ် လူမှုနှင့်နာမှုကူညီရေးအသင်း)


#ရေကြီး
#ပဲခူး
#ရေနစ်သေဆုံး
#ဇိုင်းတောင်
credit

image
4 d - Translate

သင်္ဃန်းကျွန်းမှာ သိန်း၃၀၀နဲ့ ပြန်ပေးဆွဲခံရသည့် မူလတန်းကျောင်းသား (၆)ရက်ကြာမြင့်လာတဲ့အထိ ပြန်မလွတ်သေး...
(ဘုရား ဘုရား ကျော်မကောင်း ကြားမကောင်းတွေချည်းပါပဲလား...)

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက စာသင်ကျောင်းတကျောင်းမှာ ပြန်ပေးဆွဲခံရတဲ့ မူလတန်းကျောင်းသားလေးတယောက် ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ နီးစပ်တဲ့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားက သင်္ဃန်းကျွန်းမြို့နယ်က Grade -1 မူလတန်းကျောင်းသား ဖြစ်ပြီး ကျောင်းဆင်းချိန်မှာ အမည်မသိ လူတယောက်က ပြန်ပေးဆွဲခဲ့တာဖြစ်ကာ ဖမ်းဆီးပြီးနောက် ကျောင်းသားကို ကျပ် သိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ခရိုင်အဆင့် အစည်းအဝေးခေါ်ယူခဲ့ပြီး အခုထိ ပြန်မရွေးနိုင်သေးကာ တခြားကျောင်းတွေအနေနဲ့လည်း ကလေးတွေကို ဂရုစိုက်ဖို့နဲ့ မိဘတွေ လက်ထဲ သေသေချာချာအပ်ဖို့ ခရိုင်အစည်းဝေးမှာ ပြောကြားထားတယ်လို့ အစည်းဝေးတက်ရောက်ခဲ့တဲ့ မူလတန်း ကျောင်းအုပ် ဆရာမကြီးတယောက်က ပြောပါတယ်။

ကလေးတွေကို ဂရုစိုက်ပေးနေရပြီး ကျောင်းကိုလည်း သေသေချာချာပို့ပေမဲ့ ဆရာမ အင်အားနည်းတော့ စိတ်မချမှုတွေရှိနေတယ်လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။
ဇွန် ၁၀ ရက်ကလည်း တိုက်ကြီးမြို့နယ်ထဲမှာ အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်ကို ခိုးယူထွက်ပြေးခဲ့တာရှိသလို မေလပိုင်းတုန်းကလည်း ​​ရွှေပြည်သာက ကလေးတယောက်ကို ဖမ်းဆီးပြီး မိဘတွေကို ကျပ် သိန်း ၁၀၀ နဲ့ ပြန်လာရွေးခိုင်းခဲ့ပေမဲ့ အချိန် အနည်းငယ် ကြာသွားလို့ ကလေးကိုသတ်လိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ် ၂ ခုလုံးမှာတော့ ကျူးလွန်ခဲ့တဲ့သူတွေကို ဖမ်းဆီးရမိထားပြီး အခုဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းကိုတော့ ပညာရေးဝန်ထမ်းတွေက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
credit.....

image
4 d - Translate

ဘယ်လောက်စောင်ငြင်းသန်တဲ့ကောင်ဖြစ်ဖြစ်
စောင်ရမ်းတတ်ပြချင်တဲ့ကောင်ဖြစ်ဖြစ်တွေ့ရင်
စကားလုံးတလုံးတော့ဆောင်ထားဖို့လိုတယ်
အာ့တာ “ ဟုတ်ပါပြီ “ ပဲ

စောင်ရမ်းငြင်းနေရင် ခဏနားထောင်ပေးလိုက်
ပြီးရင် မျက်နှာလေးကြည့်ပြီး
“ ဟုတ်ပါပြီ “ လို့ပြောပေးလိုက်ရုံပဲ

စောင်ရမ်းရှင်းပြချင်နေလည်း အေး
နားထောင်ပေးလိုက် ပြီးမှ
“ ဟုတ်ပါပြီ “ လိုပြောပေးလိုက်ရုံပဲ

“ဟုတ်ပါပြီ” ဆိုတာ မဟုတ်ဘူးလို့ပြောတာမဟုတ်တော့
စောင်ရမ်းငြင်းတဲ့ကောင်ရော
စောင်ရမ်းရှင်းပြချင်တဲ့ကောင်ရောက
အင်တင်တင်နဲ့ “ဟုတ်ပါပြီ” ကို
လက်ခံလိုက်ရမှာပဲ

တချိန်ထဲမှာလည်း “ ဟုတ်ပါပြီ “ ဆိုတဲ့
စကားလုံးကြီးကို ကြည့်ပါဦး
ကောင်းမွန်သော ခနဲ့တဲ့တဲ့လေသံနဲ့သာထွက်နိုင်ရင်
တော်တော်ပြန်ပြောရဆိုရခက်တာကြီး

စကားအတတ်ပညာ ကောင်းကောင်းသင်ချိန်မရှိရင်
“ ဟုတ်ပါပြီ “ ကိုသာ လေယူလေသိမ်းမှန်အောင်လေ့ကျင့်ထားကြ
သုံးတတ်ရင် သောက်ပေါက်ပိတ်ဂါထာပဲ။
credit...

image
4 d - Translate

ဘဝမှာ အကြိမ်ပေါင်းများစွာ သည်းခံခဲ့သူတစ်ယောက်ဟာတစ်နေ့မှာ တစ်ခါလောက် သည်းမခံတဲ့အခါ“လူဆိုး” လို့ ဇာတ်သွင်းခံရတတ်တယ်။

မင်းက တကယ်ကောင်းခဲ့တာတွေ…
မင်းကြောင့် ဘယ်လောက်ပဲ တခြားသူက လွယ်ကူစွာ ပြဿနာကင်းမဲ့နေရတယ်ဆိုတာ…
တဖက်လူအတွက်က မမှတ်မိနိုင်တော့ဘူး။
တစ်နေ့ မင်းက မျက်နှာပြောင်းတယ်ဆိုတာကိုပဲ သူပြောတတ်တယ်။

မင်းဟာ မပြောင်းတာမဟုတ်ပါဘူး။
မင်းဟာ သတ်မှတ်မဲ့အထိ သည်းခံလာခဲ့ပြီး
နောက်ဆုံး… မင်းကိုယ်တိုင်မဖန်တီးတဲ့အနာတွေနဲ့
နေထိုင်နေရတာကို သိလာတော့
မင်းက တိတ်တိတ်လေး ပြန်လှန်တုန့်ပြန်တတ်လာတာပါ။

၁။ မေ့တတ်ဖို့ လေ့လာရတယ်…

မင်းက သူ့အတွက် ဘယ်လောက်ပဲ ကောင်းမှုတွေပေးခဲ့ပေမယ့်
သူက မင်းအပေါ် မမှန်မကန်နဲ့ ပြောလာတဲ့အခါ…
မင်းရဲ့အရင်က သနားမှု၊ သည်းခံမှုတွေကိုတောင်
မကောင်းခဲ့သလို ပြန်ပြောလာတဲ့အခါ…
စိတ်မကောင်းတာက လူတစ်ယောက်မဟုတ်တဲ့အထောက်အထား မဟုတ်ပါဘူး။

ဒါက စဉ်းစားတတ်တဲ့ စိတ်နဲ့ ခံစားတတ်တဲ့ နှလုံးသားရဲ့ သက်သေအထောက်ပါ။
အဲ့ဒီလို ခံစားဖူးမှပဲ
မင်းဟာ “သူ့ထက် မေ့တတ်တဲ့သူ” ဖြစ်ဖို့
“နောက်ဆုံးမှာ သူ့ကိုပါ မေ့နိုင်တဲ့ သတ္တိရှိသူ” ဖြစ်လာဖို့
စဉ်းစားတတ်လာတာပါ။

၂။ ခံစားချက်နဲ့ ဒရာမာထဲမှာ မတော်တဆ မဖြစ်နေလား…

အမြဲတမ်း စိတ်ထဲမှာ တစ်ဖက်လူရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေတဲ့ဘဝဟာ
ပင်ပန်းစရာတွေတိုးလာစေတယ်။
မင်းပေးတဲ့ ချစ်ခြင်း၊ စောင့်ရှောက်ခြင်းတွေကို
တန်ဖိုးမထားနိုင်တဲ့လူတစ်ယောက်ကို စဉ်းစားနေရင်း…
ကိုယ့်စိတ်ကို ကိုယ်ကိုယ်နဲ့ပဲ ချွဲတွယ်နေတတ်တယ်။
ဒါကြောင့်ပဲ…
တစ်ချို့အချိန်မှာ
“မလွှဲသာလို့ ရှိနေစေချင်တာထက်
မပင်ပန်းစေဖို့ ထွက်ခွာတတ်ဖို့ လိုပါတယ်။”

၃။ အချစ်ရေးတင်မဟုတ်ဘဲ ဘဝတစ်ခုလုံးအတွက်

ဒါဟာ ချစ်ခြင်းနဲ့ပက်သက်တဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံရေးတင်မဟုတ်ပါဘူး။
မိတ်ဆွေများ၊ မိသားစုတချို့၊ ရုံးက လုပ်ဖော်ကိုင်ဖက်တချို့ထဲမှာပါ
ကိုယ့်ရဲ့ သည်းခံမှု၊ ရိုသေမှုတွေကို
တန်ဖိုးမထားနိုင်တဲ့သူတွေ ရှိတတ်ပါတယ်။
သုံးသပ်တတ်တဲ့သူတစ်ယောက်အနေနဲ့
တစ်စိတ်တစ်ပိုင်းက မင်းက ချစ်တာကြောင့်
လည်းတစ်စိတ်တစ်ပိုင်းက သူတို့က မပြောင်းမလဲဖြစ်နေတဲ့အတွက်ကြောင့်
မင်းဟာ “တိတ်တိတ်လေး ချွတ်ထွက်ဖို့” သတ္တိစုလာတာဖြစ်တယ်။

၄။ ကိုယ့်စိတ်ကို ကိုယ်စောင့်ဖို့က ပထမဆုံး တာဝန်

ဘဝက ဒရာမာနဲ့ ပြည့်စုံနေဖို့မလိုပါဘူး။
တစ်ဖက်လူအပေါ် မျှော်လင့်မှုကြောင့်
မင်းကိုယ်တိုင် ပင်ပန်းနေလျှင်
သူ့အတွက် ငြိမ်းချမ်းမှု မပေးနိုင်တဲ့အတိုင်း
မင်းရဲ့စိတ်လည်း ငြိမ်းနိုင်မှာ မဟုတ်ပါဘူး။

ကိုယ့်အတွက် ကိုယ်ကိုယ်ပဲ အမြဲရှိနေရမယ်ဆိုတာ
နားလည်လာတဲ့အချိန်မှာ
လူတစ်ယောက်တစ်ယောက်ရဲ့ ရှိနေမှုကို မလိုအပ်တော့ပဲ
မင်းဟာ မင်းအတွက်ပဲ ဆုံးဖြတ်တတ်လာမှာပါ။

၅။ မျှော်လင့်မှုနဲ့ မှီခိုမှုကြောင့်ပဲ…

လူတွေရဲ့ မပျော်နေရတဲ့အကြောင်းရင်း 40%
ကိုယ့်ဘေးက လူအပေါ် မှီခိုမှု၊ မျှော်လင့်မှုတွေနဲ့ပဲ ဖြစ်တယ်လို့
စိတ်ပညာရှင်တွေက ရှင်းပြပါတယ်။
မင်းကို ယောကျ်ားတစ်ယောက်ဖြစ်ဖြစ်၊ မိန်းမတစ်ယောက်ဖြစ်ဖြစ်
မည်သူတစ်ဦးက မျှော်လင့်ထားသလို မပြုမိတဲ့အခါ
မင်းရဲ့စိတ်လည်း ထိခိုက်နာကျင်လာတတ်တယ်။
ဒါကြောင့်ပဲ…
“သူမရှိရင် မဖြစ်နိုင်ဘူး” ဆိုတဲ့ စိတ်နေစိတ်ထားက
အဆုံးမှာ ကိုယ့်ကိုယ်ကို ဆင်းရဲစေနိုင်တဲ့အရာဖြစ်လာတယ်။

နိဂုံးချုပ်

သည်းခံတတ်သူတွေဟာ အားလုံးရဲ့အလှတရားဖြစ်နိုင်ပေမယ့်
တစ်ချို့က သံရုံးဖြစ်နေတဲ့အထိ သုံးကြတတ်တယ်။
အဲ့လိုဆိုရင်…
တစ်ခါတလောက် သည်းမခံနိုင်တာဟာ
သနားဖွယ်လား…
သိမ်းမထားနိုင်တော့တဲ့ မနာလိုမှုကြောင့်လား…
ဟုတ်ပါတယ်…
မင်းဟာ သည်းခံတတ်တဲ့သူဖြစ်နိုင်တယ်။
ဒါပေမယ့် မင်းရဲ့ နင်ကိုယ်တိုင်ကို စောင့်ရှောက်ဖို့
သတ္တိနဲ့ ဆုံးဖြတ်တတ်တဲ့သူဖြစ်လာဖို့…
တစ်နေ့မဟုတ်တစ်နေ့ အချိန်တန်လာမှာပါ။

ဘဝထဲက ဒရာမာတွေထဲမှာ
မင်းနဲ့မင်းရဲ့စိတ်… အေးအေးငြိမ်ငြိမ်နေနိုင်ဖို့
ယခုအချိန်ကစပြီးကိုယ့်စိတ်ကို ကိုယ်ပဲ စောင့်ရှောက်ဖို့ အချိန်တန်ပြီပေါ့။

credit....

image