3 d - Translate - Youtube

ငလှိုင်ကြီးလာပြီ

3 d - Translate - Youtube

ဘု ကန့် လန့် ကောင်ပါကွာ

3 d - Translate - Youtube

အလုပ်သစ်

3 d - Translate - Youtube

ကောင်မလေးကိုမရလိုက်တဲ့ခင်လှိုင် တစ်ခန်းရပ်ဟာသ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမ (၁၀)ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

၂။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်း မြဲအောက်လျော့နည်းနိုင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၃။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

Credit -Department of Meteorology and Hydrology (Myanmar)

3 d - Translate

A woman has been left in critical condition after suffering injuries in a residential fire involving active fireworks that more than 100 firefighters responded to, officials said.
https://abcnews.go.com/US/100-....firefighters-battle-

image

၂၀၂၅ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၃ နာရီမှ ည ၁၂ နာရီအတွင်း မိုးများလေထန်မည့်ဒေသများ ခန့်မှန်းချက်

ကချင်ပြည်နယ်
ပန်နန်းဒင်၊ နောင်မွန်း၊ ပူတာအို၊ မချမ်းဘော၊ ဆော့လော်၊ ချီဖွေ၊ ချီဖွေငယ်၊ အင်ဂျန်းယန်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ဒေါ့ဖုန်းယန်၊ မံစီ၊ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ်၊ ရွှေကူ၊ မြို့လှ၊ ဆင်ဘို၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ဖားကန့်၊ ရှင်ဗွေယန်၊ တနိုင်း။

ကယားပြည်နယ်
ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့။

ကရင်ပြည်နယ်
ဖာပွန်၊ ကမမောင်း၊ ရှမ်းရွာသစ်၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ၊ မဲဆောက်၊ ကြာအင်းဆိပ်ကြီး၊ စုကလိ၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ။

ချင်းပြည်နယ်
မြို့အားလုံး။

မွန်ပြည်နယ်
သိမ်ဇရပ်၊ ကျိုက်ထို၊ ကျိုက်ထီးရိုးတောင်၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ကမာဝက်၊ ကျိုက္ခမီ၊ လမိုင်း၊ ရေး၊ ခေါဇာ။

ရှမ်းပြည်နယ်
မဘိမ်း၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ သီပေါ၊ နောင်ချို၊ နမ့်လန်၊ နမ့်ခမ်း၊ မူဆယ်၊ သာမိုးညဲ၊ ကွတ်ခိုင်၊ မုံးကိုး၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်တစ်၊ ကွမ်လုံ၊ ဟိုပန်၊ ပန်လုံ၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း၊ မက်မန်း၊ လားရှိူး၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းပေါက်၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းလား၊ မိုင်းပြင်း၊ တုံတာ၊ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ တာလေ၊ တာချီလိတ်၊ မဲဆိုင်၊ မိုင်းဖြတ်၊ မိုင်းခုတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်၊ မုန်းထ၊ မိုင်းပန်၊ ကျိုင်းတောင်း၊ မိုင်းနဲ၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းစံ၊ ကာလိ၊ ကွန်ဟိန်း၊ ခိုလမ်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ နမ့်စန်၊ အင်တော၊ ရပ်စောက်၊ ရွာငံ၊ ပင်းတယ၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ အေးသာယာ၊ တီကျစ်။

စစ်ကိုင်းတိုင်း
ပန်ဆောင်၊ နန်းယွန်း၊ လဟယ်၊ ခန္တီး၊ လေရှီး၊ ထမံသီ၊ ဆွမ္မရာ၊ ဟုမ္မလင်း၊ မြို့သစ်၊ တမူး၊ မော်လိုက်၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ အရာတော်၊ ဘုတလင်၊ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဝန်သို၊ ပင်လည်ဘူး၊ ထီးချိုင့်။

မန္တလေးတိုင်း
မိုးကုတ်၊ မတ္တရာ၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပလိပ်၊ မြစ်ငယ်၊ အမရပူရ၊ ပြင်ဦးလွင်၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ သဲတော၊ မိတ္ထီလာ၊ သာစည်၊ ပြည်ညောင်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ငါ့သရောက်၊ နွားထိုးကြီး၊ မလှိုင်၊ တောင်သာ။

မကွေးတိုင်း
ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ ဘူးရွာ၊ စေတုတ္တရာ၊ မင်းလှ၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ သရက်၊ အောင်လံ၊ ကျောက်ပန်းတောင်း၊ ရွှေပန်းတော၊ အောက်ကံမ။

နေပြည်တော်
လယ်ဝေး၊ ပျဉ်းမနား၊ ဧလာ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ သာဝတ္ထိ။

ပဲခူးတိုင်း
မြို့အားလုံး။

ရန်ကုန်တိုင်း
မြို့အားလုံး။

ဧရာဝတီတိုင်း
မြို့အားလုံး။

တနင်္သာရီတိုင်း
ကလိန်အောင်၊ ရေဖြူ၊ မေတ္တာ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ပလောက်၊ ကျွန်းစု၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း။

ဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...

မိုးရွာတယ်မရွာဘူး၊ မိုးကြီးမကြီး၊ လေထန်တယ်မထန်ဘူးဆိုတာလဲ ပြန်လာပြောပြပေးကြပါ။ ဒီလိုပြန်ပြောပေးတာက နောက်ထပ်မိုးလေဝသ ခန့်မှန်းရေးတွေအတွက် များစွာအကျိုးရှိစေပါတယ်။ ပိုမှန်ကန်ပြီး တိကျသေချာအောင် ချိန်ဆတွက်ချက်ပေးလို့ ရမှာပါ။

4-07-2025
#drsaiweather
Credit...

image

#နိုင်ငံတကာသတင်း
◼ တိုးတက်မှုမရှိသော ထရန့်-ပူတင်ဆွေးနွေးပွဲအပြီး ကိဗ်မြို့ ညလုံးပေါက်နီးပါး ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တိုးတက် မှုမရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားပြီးနောက် နာရီပိုင်းအကြာ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းမြို့တော် ကိဗ်မှ နေရာ တစ်ဒါဇင်ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ယင်းတွင် လူနေရပ်ကွက်များလည်း ပါဝင်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားသည်။
ရုရှားတို့၏ ညလုံးပေါက်နီးပါး ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ရထားလမ်းကွန်ရက်အခြေခံအဆောက်အအုံများလည်း ပျက်စီးခဲ့ပြီး လူနေအဆောက်အဦးများ နှင့် ကားများလည်း မီးလောင်ခဲ့ကြောင်း မြို့တော်မှ အာဏာပိုင်များက ယနေ့ နံနက်စောစောတွင် ပြောကြားကြသည်။
ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးကို ဆေးရုံံတင်ခဲ့ရကြောင်း ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ချ်ကို က ပြောကြားသည်။
မြို့လယ်မှ စီးဆင်းသွားသော ဒီနီပရိုမြစ်နှစ်ဖက်စလုံးရှိ ခရိုင် ဆယ်ခုအနက် ခရိုင်ခြောက်ခုတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး သစ်ပင်ပေါများသော ဟိုလိုဆီးစကီးခရိုင်တွင် ဆေးရုံတစ်ရုံပေါ်သို့ ဒရုန်းအပိုင်းအစများ ကျရောက်ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကလစ်ချ်ကို က တယ်လီဂရမ်လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ရုရှားက ယူကရိန်းအား‌ နေ့စဉ်ရက်ဆက်နီးပါး ရာနှင့်ချီသော ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဇွန်လတစ်လတည်းမှာပင် ရုရှားက ယူကရိန်းအား ပဲ့ထိန်းဒုံးကျည် ၈၀ ခန့်အပါအဝင် ဒုံးကျည်ပေါင်း ၃၃၀ ‌ကျော်၊ တိုက်ခိုက်ရေးဒရုန်းပေါင်း ငါးထောင်‌ကျော်၊ လေထီးဗုံးပေါင်း ငါးထောင်ကျော် ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြား‌ရေးဝန်ကြီး က သီတင်းပတ် စောစောပိုင်းက ပြောကြားသည်။
ကြာသပတေးနေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းခေါ်ဆိုမှုတွင် ယူကရိန်းစစ်ပွဲ အဆုံး သတ် ရေးနှင့်ပတ်သက်၍ တိုးတက်မှုမရခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ပဋိပက္ခ၏ အရင်းခံ အကြောင်းများကို ဖြေရှင်းရန် မော်စကိုက ဆက်လက်တွန်းအားပေးသွားမည် ဖြစ်ကြောင်း ကရင်မလင်က ထပ်မံပြောကြားသည်။
အ‌ရေးပါသောလက်နက်တချို့ ယူကရိန်းသို့ ပေးပို့ခြင်းကို ရပ်တန့်ရန် သီတင်းပတ်အစောပိုင်းက ချမှတ်ခဲ့သော ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကြောင့် ပိုမိုပြင်းထန်လာသော လေကြောင်းတိုက်ခိုက်မှုများနှင့် စစ် မြေ ပြင်ထိုးစစ်များအပေါ် ယူကရိန်း၏ တွန်းလှန်နိုင်စွမ်းကို ထိခိုက်နိုင်ကြောင်း ကိဗ်အစိုးရ သတိပေးချက်များလည်း ထွက်ပေါ်ခဲ့သည်။
အမေရိကန်လက်နက်ထောက်ပံ့မှုများနှင့်ပတ်သက်၍ သမ္မတ ထရန့်နှင့် ယနေ့စကားပြောရန် မျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောသည်။
ကိဗ်မြို့ တိုက်ခိုက်မှုကြောင့် မြို့တော်မှ ရထားကွန်ရက် အခြေခံအဆောက်အဦးများကို ပျက်စီးသွား စေခဲ့ ခြင်းကြောင့် ခရီးသည်တင် ရထားများကို လမ်းကြောင်းပြောင်းခဲ့ရပြီး နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံ၏ အကြီးဆုံး အစိုးရပိုင်ရထားလုပ်ငန်း က ပြောကြားသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား ကယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အရပ်သားများအား ပစ်မှတ်ထားသည်ဆိုခြင်းကို နှစ်ဖက်စလုံးက ငြင်းဆိုကြသော်လည်း ယင်းပဋိပက္ခအတွင်း အရပ်သား ထောင်နှင့်ချီသေဆုံးခဲ့ပြီး အများစုမှာ ယူကရိန်းနိုင်ငံသားများ ဖြစ်သည်။
Reuters/CNN

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို မျက်ကွယ်၌ ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ်ချမှတ်
ပြီးခဲ့သည့်နှစ်ဩဂုတ်လအတွင်း ရာထူးမှဖြုတ်ချခံခဲ့ရသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို တရားရုံးတော်အား မထီမဲ့မြင်ပြုလုပ်မှုဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဇူလိုင် ၂ ရက်တွင်မျက်ကွယ်၌ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော လူထုအုံကြွမှုကြောင့် အိန္ဒိယနိုင်ငံသို့ထွက်ပြေးခဲ့ရသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ စွဲချက်အမျိုးမျိုးဖြင့် ရင်ဆိုင်နေရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာတရားရုံးသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာအပြင် အဝါမီလိဂ်ပါတီ၏ကျောင်းသားအဖွဲ့ခေါင်းဆောင်တစ်ဦးကိုလည်း တရားရုံးတော်အားမထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ်နှစ်လမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံတကာတရားရုံးသည် ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲကာလ စစ်ရာဇဝတ်မှုများကို တရားစီရင်ရေးအတွက် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီအစိုးရက ၂၀၁၀ ပြည့်နှစ်တွင်တည်ထောင်ထားသည့် တရားရုံးဖြစ်သည်။
အဆိုပါတရားရုံးသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းစွဲချက်အပါအဝင် စွဲချက်များအတွက် ဖမ်းဝရမ်းသုံးခုအထိ ထုတ်ထားပြီးဖြစ်သည်။
သို့ရာတွင် အထက်ပါစွဲချက်များကို နိုင်ငံရေးပယောဂမကင်းသည့်စွဲချက်များဖြင့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ဝေဖန်ထားသည်။
တရားစွဲဆိုမှုများ ပြုလုပ်ထားစဉ်အတွင်း ရှိတ်ခ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီနှင့် ပါတီခေါင်းဆောင်များကို ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့က နိုင်ငံရေးပြုလုပ်ခွင့်ပိတ်ပင်ထားသည်။
ရိုက်တာ

image
3 d - Translate

#ပြည်တွင်းသတင်း
◼စမတ်ကတ်ပြုလုပ်ပေးခြင်း ယာယီရပ်နားဟုဆို
မြို့နယ်အသီးသီးတွင် ပြုလုပ်ပေးနေသည့် စမတ်ကတ် (Unique Identity Number-UID) ပြုလုပ်ထုတ်ပေးခြင်းကို ယနေ့ (ဇူလိုင် ၄ ရက်)မှ စတင်ကာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
e-ID စနစ်ဆိုင်ရာလုပ်ငန်းများအဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်စေရန်ဟုဆိုကာ Server Maintenance လုပ်ငန်းအားဆောင်ရွက်ရန် ယာယီရပ်နားထားခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေစဉ် မြို့နယ်ရုံးများတွင် UID နံပါတ်ရယူခြင်း (အရပ်အခေါ်စမတ်ကတ်ပြုလုပ်ခြင်း)၊ အွန်လိုင်းမှကိုယ်ရေးအချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ စမတ်ကတ်ပြန်လည်ပြုလုပ်နိုင်မည့်အချိန်ကို အသိပေးကြေညာမည်ဖြစ်ကြောင်း e-ID Department လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - e - ID Department

image