ကိုယ့်လူတို့ ယောက်ျားဖာဖြစ်ဘူးလား
ရှက်ကီရော ဘယ်လောက်ကြိုက်လဲ
ဘိန်းချေးနဲ့ဆေးခြောက်တွေ လွယ်အိပ်ထဲ
အပြည့်ထည့်ပြီး သင်္ချိုင်းမှာ
ကြွက်တွေ ဆီက စတေးရှောင်ဖူးလား
တပ်ကနေ ထွက်ပြေးပြီး ဝရမ်းပြေးဘဝနဲ့
ငွေတကျပ်မှ မပါဘဲ မန်းလေးမြို့ထဲ
စိတ်အေးသက်သာနဲ့ လျှောက်ဒိုးဖူးလား
ဒါစာအုပ်ထဲက အနည်းငယ်မျှသော
ဘိုကြူးရဲ့ လူငယ်ဘဝဖြတ်သန်းမှုပဲ ။
ကိုယ့်လူတို့ လူငယ်ဘဝမှာ
ဆိုးပါတယ် ပေပါတယ် ဗရုတ်ကျပါတယ်
ဆိုတာကို ဘုန်းဘုန်းကြူးနှစ်က
ဒီလောက်ပဲလားလို့ မေးပြီး
ရိုက်ခွဲပစ်မဲ့ အတ္ထုပတ္တိပါပဲ ။
ဘိုကြူးက ခုချိန်ထိ သေခြင်းတရားကို
" အဆင်သင့်ပဲဟေ့ " လို့ခုချိန်ထိ
ရေရွတ်ရုံမက အတ္ထုပတ္တိထဲထည့်ရေးနေတုန်း
ဆရာကြည်ဇော်အေး က
ဆရာကြူးနှစ်နဲ့ဆုံတော့
" ခဗျားကြီးကို ကြည့်လိုက်ရင်
အဲဗား မူးနေတာပဲ။
ဒါပေမဲ့ မဂ္ဂဇင်းမှာပါတဲ့
ခင်ဗျားကြီးဝတ္ထုတိုတွေကျတော့
ကောင်းနေပြန်ရော ။
ခင်ဗျားကြီး ရေးတာမှ ဟုတ်ရဲ့လားလို့ "
ထုတ်မေးရတဲ့ထိ
ကျနော်တို့ဟာ ဘိုကြူးဆီကနေ
ဘယ်သူမှ တုပလို့မရနိုင်မဲ့
တကယ့်ကို ကောင်းမွန်သင်းသန့်တဲ့
ဝတ္ထုတိုတွေ အရေးသားတွေ
ရရှိခဲ့ / ဖတ်ရှုခဲ့ရပါတယ် ။
ပြောချင်တာကတော့
လူတစ်ယောက်ရဲ့ဘဝကို
အတ္ထုပတ္တိတွေထဲကနေ
ချောင်းကြည့်ရတာကြိုက်တဲ့
ကိုယ့်အတွက်တော့ ဒီစာအုပ်ကြီးက
တကယ့် " ရွှေ " ပါပဲ ။
