Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တခါတလေတော့လည်း
ကာ့ဖ်ကာက မက်စ်ဘရော့ဒ်ဆီ ရေးခဲ့ဖူးသလို
ကျွန်တော် ထပ်တူခံစားရတယ်။ ကမ္ဘာကြီးမှာ
အသင်္ချေအနန္တ မျှော်လင့်ချက်တွေရှိပါတယ်။
ဒါပေမဲ့ ငါတို့အတွက်တော့ မဟုတ်ဘူးတဲ့။
ဂွတ္တလစ်မှာ ကျွန်တော်တို့မိသားစု နေထိုင်ခဲ့စဉ်
ကာလတွေမှာ အဖေနဲ့ အမေဟာ
ငွေကြေးပြည့်စုံတဲ့ အမျိုးတွေဆီကနေ
ပိုက်ဆံချေးရတဲ့ အခြေ အနေတွေ
ကြုံရတတ်ပါတယ်။ အဖေဟာ မာနမရှိတာလား၊
သူ့မာနကို ပိပိရိရိ မျိုချထားတာလားဆိုတာ
ကျွန်တော် ဝေခွဲမရပေမဲ့ အဲဒီအဖြစ် အပျက်ရဲ့
နာကျင်ရမှုကို အရွယ်မရောက်သေးတဲ့
ကျွန်တော့်နှလုံးသားဟာ အလိုအလျောက်
ခံစားလို့ ရနေခဲ့တယ်။
နောက် အဲဒီကာလတစ်လျှောက်လုံး
အမေ့ရဲ့ ခြေဖနောင့်ဟာ အသားမာတက်ပြီး
အက်ကွဲနေတာဟာ ကျွန်တော် ကြီးပြင်းလာတဲ့အခါ
အဲဒီ ခြေဖနောင့် အသားမာကို အဲဒီကာလက
တိုင်းပြည်ရဲ့ အယူဝါဒ (state ideology) အဖြစ် ကျွန်တော် မြင်လာတဲ့အထိပဲ။ နောက်ပြီး
ကျွန်တော့်မှတ်ဉာဏ်ထဲ ဖျောက်မရအောင်
စွဲနေတာက အပေါ်ပိုင်းဗလာ နဲ့ ကျွန်တော်တို့
လမ်းထဲက ၁၀၉-၁၁ဝ ကာလသားတွေ။
သူတို့ဟာဇယ်တောက်တယ်၊ ဆေးချတယ်၊
ဂစ်တာတီးတယ်၊ ခြင်းခတ်တယ်
ရပ်ကွက် သာရေးနာရေး လုပ်တယ်။ ဒါပေမဲ့
မည်မည်ရရ အလုပ်တစ်ခုခု ကိုတော့ မလုပ်ဘူး။
သူတို့ကိုယ်သူတို့ လယ်ယာပြန်စာရေးအရာရှိတွေ
လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ လမ်းထဲမှာ
အမြဲလိုလို ရပ်ထားတဲ့ ဝီလီဂျစ်ကားတစ်စီး ရှိတယ်။ တစ်ညတော့ အဲဒီဘဲတွေက ဖာခေါ်ချကြတယ်။
မနက်ကျတော့ သူတို့ အဲဒီအကြောင်း
ပြန်ပြောကြတော့ ကြီးကောင် ဝင်စ
ကျွန်တော်ဟာ သူတို့အနားမှာ ရှိနေခဲ့တယ်။
သူတို့က ၂ ယောက် လား၊
၃ ယောက်လား မသိဘူး။
စော်ကိုခေါ်ပြီး ဂျစ်ကားပေါ်မှာ ကစ်ကြသတဲ့။
ကိစ္စပြီးတော့မှပဲ အဲဒီမိန်းမဟာ
စကားမပြောတတ်တဲ့ အ,အမှန်း
သူတို့သိကြတယ်။ ကိုင်း … စကားဆုံးတော့
သူတို့ ရယ်ကြတယ်။ ဒါပေမဲ့ သူတို့ရယ်သံဟာ
မရယ်ရဘူး။ အဲဒါကို သူတို့လည်း သိနေသလိုပဲ။
အဲဒီအချိန်မှာ ကျွန်တော့် အသည်းနှလုံးဟာ
ဆူးနဲ့ ထိုးခံလိုက်ရသလို စစ်ခနဲ
နာကျင်သွားခဲ့တယ်။ အဲဒါကို ကျွန်တော်
ကောင်းကောင်း မှတ်မိနေတယ်။
လူတွေဟာ ဝမ်းနည်းရင်လည်း ရယ်ကြတယ်
ဆိုတာကို အဲဒီ ကတည်းက ကျွန်တော် သိခဲ့တယ်။
▫️အောင်ခင်မြင့် // ဆိုနာတာ - မှ
ဇွန်လ (၂၆) ရက်နေ့မှာ မိတ်ဆက်မယ့် Xiaomi MIX Flip 2
.
Design ပိုင်းမှာတော့ Xiaomi MIX Flip နဲ့ သိပ်မကွာဘူး။ Specs ပိုင်းမှာပဲ Qualcomm Snapdragon 8 Elite Processor ဖြစ်သွားမယ်။
Battery က 5100mAh Battery ကိုမှ 67W Wired Charging အပြင် Wireless Charging ပါ ရလာမယ်။ Camera ပိုင်းနဲ့ တခြားဘာအပြောင်းအလဲရှိမလဲကတော့ မသိရသေးဘူး။
ဝန်ထမ်းထောင်ချီ အလုပ်ဖြုတ်ဦးမယ့် Microsoft
ဒီတစ်ခေါက် အလုပ်ပြုတ်မယ့် Microsoft ဝန်ထမ်းတွေက Sales Team က လူတွေပါ။
လူ ၆၀၀၀ ကျော် အလုပ်ဖြုတ်တာ တစ်လလောက်ပဲ ရှိသေးပေမယ့် Microsoft က နောက်ထပ် လူထောင်နဲ့ချီ အလုပ်ဖြုတ်ဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းထွက်နေပါတယ်။ Bloomberg က လာတဲ့ သတင်းအရဆို နောက်လဆန်းပိုင်းမှာ နောက်တစ်သုတ် အလုပ်ဖြုတ်ပွဲ စတော့မှာပါ။
Microsoft ဝန်ထမ်းအင်အားက မနှစ် ဇွန်လအထိ ၂၂၈၀၀၀ ရှိပါတယ်။ အဲ့ထဲက ဝန်ထမ်း ၄၅၀၀၀ လောက်က အရောင်းနဲ့ မားကတ်တင်းပိုင်းကပါ။ မေလလူလျှော့ချိန်က ထုတ်ကုန်နဲ့ အင်ဂျင်နီယာပိုင်းက လူတွေ အဓိကပြုတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ခေါက် လူလျှော့ချိန်မှာ Sales & Marketing အလုပ်တွေ မပါခဲ့ပေမယ့် အဲ့ဒီကတည်းက အသေးစားနဲ့ အလတ်စား စီးပွားရေးတွေအတွက် ဆော့ဖ်ဝဲလ်ရောင်းတဲ့အလုပ်ကို အပြင် third-party လုပ်ငန်းတွေဆီ တိုးအပ်တော့မယ်ဆိုပြီး အသိပေးထားတာ ရှိပါတယ်။
Microsoft က ဒီနှစ်ထဲ တောက်လျှောက် လူလျှော့လာတာပါ။ အခုထိ လူလျှော့တဲ့ကိစ္စက မရပ်သေးပါဘူး။ တစ်ဖက်မှာလည်း လူလျှော့ပြီး AI ဘက်ကို ငွေပုံအော သုံးလာနေပါတယ်။ Microsoft က ဒီနှစ်ထဲ AI အခြေခံအဆောက်အဦပိုင်းမှာ ဒေါ်လာဘီလျံ ၈၀ အထိ သုံးဖို့ အစီအစဉ်ရှိပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေက တစ်ဖက်က လူလျှော့ပြီး တစ်ဖက်က AI ကို လုပ်ငန်းခွင်ထဲ ပိုသုံးလာနေပါတယ်။ ဒီတစ်ပတ် ဇွန် ၁၇ ရက်နေ့ကပဲ Amazon CEO အန်ဒီဂျက်ဆီက Generative AI နဲ့ AI agent တွေကြောင့် အလုပ်တွေ ထပ်ပြုတ်ကြမယ်လို့ သတိပေးထားပါတယ်။
၆ နှစ်ကလေးက စပြီး AI မသင်မနေရ တရုတ်ပြဌာန်း
တရုတ်မှာ ၆ နှစ်နဲ့အထက် ကျောင်းသားတိုင်း AI ပညာ မသင်မနေရ ဖြစ်သွားပါပြီ။
အခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကစလို့ ကျောင်းတိုင်းမှာ AI သင်ခန်းစာတွေ ထည့်သင်ဖို့ မူဝါဒသစ်ထွက်လာပါတယ်။ မူလတန်း အလယ်တန်းကျောင်းတွေက ကျောင်းသားတွေအတွက် အနည်းဆုံးတစ်နှစ် AI သင်ခန်းစာ ၈ နာရီရှိရမယ်လို့ ဆိုပါတယ်။
AI သင်ရိုးထဲမှာ chatbot သုံးနည်းလို သင်ခန်းစာကနေ AI ကျင့်ဝတ်လို နီတိတွေအထိ ပါမှာပါ။ အတန်းငယ်သေးတဲ့ ကျောင်းသားကလေးတွေဆို AI ကို စိတ်ဝင်စားအောင် ဂိမ်းသဘောမျိုး အပြန်အလှန် interactive နည်းနဲ့ သင်ပေးပြီး အတန်းကြီးတွေဆို coding နဲ့ AI automation လို ခက်တဲ့အပိုင်းတွေပါ ထည့်သင့်မှာပါ။
ကျောင်းပေါ် မူတည်ပြီး AI class သီးသန့်သင်တာ ရှိသလို သိပ္ပံတန်း STEM ဘာသာရပ်တွေနဲ့ တွဲပြီး သင်တာလည်း ရှိပါလိမ့်မယ်။ AI ခေါင်းဆောင်မျိုးဆက် မွေးထုတ်ရေးမှာ တရုတ်ရဲ့ ဒီမူဝါဒသစ်က game-changer တစ်ခု ဖြစ်လာမယ်လို့ ပြောနေကြပါတယ်။
တရုတ်ရဲ့ AI ပညာရေးမူကို အားကျတဲ့ Microsoft , Uber နဲ့ Airbnb အပါအဝင် ထိပ်တန်း CEO ၂၅၀ ကျော်ကလည်း အမေရိကန်အစိုးရကို ကျောင်းသားတိုင်း AI နဲ့ ကွန်ပျူတာသိပ္ပံသင်ပေးဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်သာ ကလေးတွေကို AI သင်မပေးရင် တရုတ်နဲ့ တောင်ကိုရီးယားနောက် ကျန်ခဲ့ပြီး ဒေါ်လာဘီလျံ ၆၆၀ တန်တဲ့ အမှားလုပ်မိသွားမယ်လို့လည်း သတိပေးထားပါတယ်။
Windows မှာ beta ရလာတဲ့ Perplexity ရဲ့ AI browser
နာမည်ကြီး AI search engine တစ်ခု ဖြစ်တဲ့ Perplexity က Comet browser ကို Windows အတွက် စပေးသုံးနေပါပီ။
Comet က Windows ဗားရှင်း ထွက်လို့ တချို့ Windows users တွေ အစမ်း beta သုံးလို့ ရပြီလို့ ဆိုပါတယ်။ Comet သုံးချင်ရင် ကိုယ့်အီးမေးလ်နဲ့ waitlist တင်ထားလို့လည်း ရပါတယ်။ Windows ပြီးရင် Android အတွက်လည်း ထွက်မှာဖြစ်လို့ AI browser သုံးချင်တဲ့ users တွေတော့ ပျော်ရဦးမှာပါ။
Perplexity က ဒီနှစ် မေလထဲမှာ Comet beta ဗားရှင်းကို Mac users တွေအတွက် ဖြန့်ချိပါတယ်။ Apple Silicon သုံးတဲ့ Mac တွေအတွက်ပဲ အရင်အစမ်းပေးတာပါ။ Comet က ရိုးရိုး browser မျိုး မဟုတ်ဘဲ Agentic search စနစ်နဲ့ ရှာပေးတဲ့ browser ပါ။ Agentic ဖြစ်လို့ ရိုးရိုး search လို keyword ချပေးရင် links ချပေးလိုက်တာမျိုး မဟုတ်ဘဲ AI က သူ့ဟာသူ သတင်းအချက်အလက် ရှာဖွေ ၊ စုစည်းစိတ်ဖြာပြီး အထိရောက်ဆုံးအဖြေ ထုတ်ပေးနိုင်ပါတယ်။
ဒီ browser မှာ သုံးတဲ့ AI က အမေးအဖြေလုပ်ပေးရုံတင် မဟုတ်ဘဲ အွန်လိုင်းကနေ ဈေးဝယ်ရင် ဈေးသက်သာအောင် dicount တွေ ပရိုမိုးရှင်းတွေပါ AI က လိုက်ရှာပြီး ဈေးသက်သာအောင် လုပ်ပေးနိုင်ပါတယ်။ အီးမေလ်း box ထဲက အရေးကြီး အီးမေးလ်တွေ စာမပြန်ရေသေးရင်လည်း AI က ဆွဲထုတ်ပြတာမျိုး လုပ်နိုင်ပါတယ်။
Comet beta ဗားရှင်းမှာ ပြသွားတဲ့ Try on (ဝတ်ကြည့်လိုက်) ဆိုတဲ့ feature တစ်ခုက တော်တော်မိုက်ပါတယ်။ အွန်လိုင်းက အင်္ကျီတစ်ထည်ကို ကြိုက်လို့ ကိုယ်နဲ့ လိုက်မလိုက် သိချင်ရင် Try on ကနေ ကိုယ့်ပုံကို တင်ပြီး virtual စမ်းဝတ်ကြည့်လို့ ရပါတယ်။ အိမ်မှာနေရင် shopping ထွက်သူတွေအကြိုက် ဖြစ်မယ့် feature ပါ။
အခုထိတော့ Comet က အစမ်း beta ပဲ ရှိဦးမှာပါ။ တရားဝင် ထွက်မယ့်အချိန် မပြောသေးပေမယ့် သိပ်အကြာကြီး စောင့်ရတော့မယ် မထင်ပါဘူး။