image
5 w - Translate

အသက်ကြီးမှ အိမ်က လွတ်လပ်ခွင့်ရသောအခါ🥴😝😝
#life #funnymemes

image
5 w - Translate

အသက်ကြီးမှ အိမ်က လွတ်လပ်ခွင့်ရသောအခါ🥴😝😝
#life #funnymemes

image
5 w - Translate

အသက်ကြီးမှ အိမ်က လွတ်လပ်ခွင့်ရသောအခါ🥴😝😝
#life #funnymemes

imageimage
5 w - Translate

လစာကမနေ့ကမှထုတ်လာတာလေဟာ🥲

image
5 w - Translate

ငယ်ငယ်က ညအခါ လသာသာနဲ့
ကစားခဲ့တဲ့ အချိန်​တွေကို အရမ်းသတိရမိ...

image
5 w - Translate

" အကောင်းဆုံး ရှင်သန်နေထိုင်ပါ "
"""""""""""""""""""""""""""""""""""""""""""""""""""
✍✍✍✍✍✍✍✍✍✍✍✍✍

📚
ဘဝဆိုတာ
ရာသီဥတုဆန်တယ်။
အမြဲတမ်း သာယာမနေနိုင်သလို
အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။

📚
နေသာတဲ့အခါ ရှိမယ်။
မိုးအုံ့တဲ့အခါ ရှိမယ်။
မိုးရွာတဲ့အခါ ရှိမယ်။
အမြဲတမ်း မတည်မငြိမ်နဲ့
ပြောင်းလဲနေတယ်။

📚
ကြောက်စရာကောင်းတဲ့
မုန်တိုင်းထန် နေ့ရက်တွေ ရှိ သလို
စိတ်ချမ်းမြေ့စရာကောင်းတဲ့ ကြည်နူးစရာ
ဆောင်းဦးပေါက်
မနက်ခင်းလေးတွေလည်း ရှိတာပဲ။

📚
ကံဆိုးခြင်းဟာ
နွေ ရာ သီ ဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းမိုးရာသီဟာ
မကြာခင်ရောက်လာမှာပါ။
ဒီလိုပဲ ကံဆိုးခြင်းဟာ
မိုးရာသီဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းဆောင်းရာသီဟာလည်း
မကြာခင်ရောက်လာဦးမှာပါ။

📚
အရာရာဟာ အခိုက်အတန့်တွေပါပဲ။
ရာသီအလိုက်ပွင့်နေတဲ့
ရောင်စုံပန်းကလေးတွေဟာ
ဘဝရဲ့အလှတရားတွေပဲ။
ဆင်းရဲဒုက္ခတွေကိုတွေးပြီး
အမြဲတမ်းညည်းညူနေရင်တော့
အဲဒီအလှတရားတွေကို
လက်လွတ်သွားလိမ့်မယ်။

📚
သဘာဝပန်းချီကားချပ်ကြီးကို ကြည့်ဖို့
သင့်မျက်လုံးတွေကို
သောကတွေနဲ့ ဖုံးမထားပါနဲ့။

အမြဲတမ်းစိတ်ပျက်ညည်းညူနေသူအတွက်
သူ့ဘဝတစ်လျှောက်လုံးဟာ နွေ ရာ သီ ပဲ
ခြောက်သွေ့မှုတွေနဲ့ပဲ ဘဝကို
ကုန်ဆုံးလွန်မြောက်ရလိမ့်မယ် ။

📚
ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံတွေ့ရပါစေ
အပြုံးမပျက်
ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
ခံနိုင်ရည်ရှိဖို့
ကိုယ့်ကိုယ်ကို အမြဲအားပေးပါ ။

📚
သင်စိတ်ပျက်အားငယ်လာတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။
ကြည်လင်တဲ့အခါလည်း ရှိမယ်။
မကြည်လင်တဲ့အခါလည်း ရှိမယ် ။

ဘဝဆိုတာလည်း ဒီလိုပါပဲ။
ဘာအတွက်ကြောင့်မှ
စိတ်ပျက်အားငယ်မနေပါနဲ့ ။

📚
ပန်းကလေးတွေဟာ
သူ့ရာသီရောက်ရင် ပွင့်ကြတာပဲ။
ဘာအတွက်မှ သောကမရောက်ဘူး။

ဒါ့ကြောင့် ပန်းကလေးတွေ လှကြတာ။
မုန်တိုင်းလာမှာလည်း မကြောက်ဘူး။
မိုးသည်းမှာလည်း မစိုး ရိမ် ဘူး။
နေလောင်မှာလည်း မ တွေး ကြောက်ဘူး။
အမြဲတမ်း ရဲရဲဝံ့ဝံ့နဲ့ ဖူးပွင့်ကြတယ်။

📚
ဘဝမှာ သတ္တိရှိရှိရှင်သန်ရဲဖို့ လိုတယ်။
သတ္တိမရှိရင် ဘဝက အလကားပဲ။
ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့
ပီပီသသရှင်သန်ချိန် မ ရ လိုက် ဘူး။

📚
မနေ့က ဘာဖြစ်ခဲ့လဲ ပြန်မတွေးနဲ့။
မနက်ဖြန် ဘာဖြစ်မလဲ
ကြို ပြီးလည်းမစိုးရိမ်နဲ့။
ဒီနေ့ကို အကောင်းဆုံးရှင်သန်ပါ ။

နေရတဲ့ခဏမှာ
ကိုယ့်ကိုယ်ကို ကျေနပ်ပါမှ
ရလာတဲ့ဘဝ နေသာထိုင်သာ ရှိ မှာ ပါ ။

📚
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။
သူတစ်ပါးလည်း အပြစ်မပြောနဲ့။
အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး
ရှင်သန်နေထိုင်ပါ ...... ။
🖊🖊🖊🖊🖊🖊🖊🖊🖊🖊🖊🖊

အစဉ်လေးစား ချစ်ခင်နေလျှက် .....

image
5 w - Translate

အဲ့ ကြက်ကြော် ဘယ်ကရတာလဲ ပေးစမ်း ငါ့ကို🤠

image
5 w - Translate

ဆင်မကပေးသော
မှတ်သားဖွယ်ရာ သင်ခန်းစာ

(သင်ခန်းစာ ပုံပြင်လေးပါ)

တစ်ခါက ဆင်မတစ်ကောင်နဲ့
ခွေးမတစ်ကောင်တို့ဟာ တစ်ချိန်တည်း
ကိုယ်၀န်ဆောင်ကြပါတယ် ။

သုံးလကြာတဲ့အခါ ခွေးမဟာ
ခွေးလေး (၆)ကောင်မွေးပါတယ်။

နောက် (၆)လမြောက်မှာခွေးမက
ကိုယ်၀န် ထပ်ဆောင်ပြန်ပါတယ်။

ကိုးလရောက်တော့
ခွေး (၁)ဒါဇင် ထပ်မွေးပြန်ပါတယ်။

အဲဒီအတိုင်းပဲ လည်ပတ်ရင်း (၁၈)လ
ကြာတဲ့အခါခွေးမဟာ (၃)ကြိမ် ကိုယ်၀န်ဆောင်ပြီး
(၃)ခါ မွေးပြီးသွားပါပြီ။

ဆင်မကတော့ ကိုယ်၀န်ဆောင်နေတုန်းပါပဲ။
ဒီတော့ ခွေးမက ဆင်မ ကိုမေးပါတယ်။

`ဟဲ့ ဆင်မ နင့်ဟာက ကိုယ်၀န်ရော ဟုတ်ရဲ့လားဟယ်
ငါဆိုရင် ကလေး (၃)ခါမွေးပြီး တချို့တွေဆို
ခွေးကြီးတွေတောင်ဖြစ်နေကြပြီ ၊

နင်က ခုထိ ကိုယ်၀န်ဆောင်နေတုန်းပဲလား
ဒီတော့ ဆင်မက ပြန်ဖြေပါတယ်။

`ဒီမှာ မခွေးမ ......
နင်ပြောတာကို ငါနားလည်ပါတယ်။

ဒါပေမယ့် ငါလွယ်ထားတာ ဆင်ပါ
ခွေးမဟုတ်ပါဘူး ၊ ငါဟာ တစ်ခါမွေးဖို့
(၂)နှစ် ကိုယ်၀န်ဆောင်ရပါတယ်။

ငါ့ကလေး မွေးလာတဲ့အခါ မြေကြီးက
သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့အခါ
လူတွေတစ်အံတဩနဲ့ ရပ်ကြည့်ကြလိမ့်မယ် ။

ဒီလို ခွန်အားကြီးမားပြီး လူတွေစိတ်၀င်စားရတဲ့
သန္ဓေသား ကိုယ်၀န်ကို လွယ်ထားရတာကြောင့်
အချိန်ဒီလောက်ကြာနေတာပါ။

ပေးချင်တဲ့ သင်ခန်းစာကတော့ဗျာ

အခြားသူတွေ အောင်မြင်သွားချိန်မှာ သင်
မအောင်မြင်သေးလို့ သင့်ယုံကြည်မှုတွေ
မပျောက်ဆုံးပါစေနဲ့။

ကြီးမားတဲ့အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဇွဲ ၊
ယုံကြည်မှုနဲ့ အချိန်တွေအများကြီး ရင်းရပါတယ်။

သင်လွယ်ထားရတဲ့ အောင်မြင်မှုဟာ
အခြားသူတွေထက် အများကြီးပိုနိုင်ပါတယ်။

အဲဒီတော့ အခြားသူတွေကို မြင်ပြီး
စိတ်ဓာတ်ကျ ဖြစ်နေမဲ့အစား ...

ကိုယ့်ရဲ့မနက်ဖြန်ကို ယုံကြည်မှုခွန်အား
အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ
မိတ်ဆွေတို့ရေ ...

အောင်မြင်မှုကို ရယူနိုင်ကြပါစေ ...

#credit

image
5 w - Translate

Remember me in every spring;
in every blossom of a tree,
in every hope,
in every beginning.
And I'll remember you in every fall;
in every withering,
in every hope fleeting,
in every end.

Remember me in every summer;
in every warmth,
in every blaze,
in every waves that punches its bay.
And I'll remember you in every winter;
in all its cold,
in all its silence,
in its every hail.

Remember me in your every sunrise;
I'll remember you in my every sunset.
I am hope incarnate,
and you are despair embodied.

I will always be your dawn,
and you will always be my dusk.

You'll be a memory I'd wish I can forget,
and I'll be a fantasy—yours to forever regret.

image