Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ကျန်းမာရေးအတွက်မျက်ထောင့်ပင်
✅မျက်ထောင့်ပင် ဆိုတာက ကန်သင်းရိုးတွေ၊ မြေကွက်လပ်တွေမှာ ပေါက်တတ်တဲ့ မြေလျှောက်ပင် တစ်မျိုးပါ။ အရိုးတံက အစိမ်းရောင် ရှိသလို အနီရောင်လည်း ရှိပါတယ်။ အရွက်လေးတွေက ခပ်သေးသေးနဲ့ ထူထူလေးတွေပါ။ အပွင့် ဝါဝါလေးတွေလည်း ပွင့်တတ်ပါတယ်။
✅အရသာက နည်းနည်း ခါးသက်သက် ရှိပါတယ်။ တစ်ပင်လုံး စားလို့ရပြီး ဆေးဖက်ဝင်ပါတယ်။ အစိမ်းမစားပါနဲ့။ ရေနွေးထဲ ထည့်ပြုတ်သောက်တာမျိုး ၊ ရေနွေးဖြော တို့စားတာမျိုးလည်း ရသလို ချက်စားလို့လည်း ရပါတယ်။
#နှလုံးကျန်းမာစေနိုင်တယ်
✅မျက်ထောင့်ပင်မှာ Omega-3 fatty acids ပါဝင်နေတာကြောင့် အကျိုးမပြု ကိုလက်စထရော (LDL) ကို ကျဆင်းစေပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးတာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
#ကင်ဆာဖြစ်နိုင်ခြေလျှော့ချပေးတယ်
✅မျက်ထောင့်ပင်က အခြား အပင်တွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှု များတာကြောင့် နေ့စဉ် ထိတွေ့မိနေတဲ့ ညစ်ညမ်းတဲ့အရာတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေကို လျှော့ချပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
✅အချို့သော ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ခံတွင်းကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
#ပန်းနာရင်ကြပ်သက်သာစေတယ်
✅အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူတွေ သက်သာစေဖို့အတွက် စားပေးလို့ ရပါတယ်။
#အရိုးတွေသန်မာစေနိုင်တယ်
✅မျက်ထောင့်ပင်က အရိုးတွေ သန်မာစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ ပါဝင်နေပါတယ်။ အရိုးတွေကို သန်မာစေသလို အရိုးပွတာကို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။
#အမြင်အာရုံကျန်းမာစေတယ်
✅အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ မျက်ထောင့်ပင်က ဗီတာမင် A ရော ဘီတာကယ်လ်ရိုတင်းပါ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး ကျန်းမာစေသလို အမြင်အာရုံလည်း ကောင်းစေနိုင်ပါတယ်။
#အရေပြားကျန်းမာစေနိုင်တယ်
✅အရေပြား ဓာတ်မတည့်တာ၊ အကောင်ကိုက်တာနဲ့ အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် မျက်ထောင့်ပင်က အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ စားသုံးပေးလို့ ရသလို အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။
#ဆီးချိုသက်သာစေနိုင်တယ်
✅ခါးသက်သက် အရသာရှိတဲ့ မျက်ထောင့်ပင်က
ဆီးချိုသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပါတယ်။
✅ကိုယ်ဝန်ဆောင် မိခင်တွေကို ကျန်းမာစေနိုင်သလို နို့တိုက်မိခင်တွေကိုလည်း နို့ထွက်များစေဖို့ ထောက်ကူပေးပါသေးတယ်။
Big Hero 6 ဇာတ်ကားလိုvibe မျိုးပြန်ရစေမဲ့ စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။
Mechamato movie (2022)
Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို့ စီးရီးမကြည့်ဖူးဘူးဆိုရင်တောင် ဒီကားကနေစကြည့်နိုင်ပါတယ်။ ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ် မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက် စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ်။ တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာ ကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ်။ အဲ့နေ့မှာပဲ ပရောဂျက်အတွက် စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့ စူးစမ်းလေ့လာစိတ်ပြင်းပြတဲ့ အာမန်တိုဟာ ဘာဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
📱 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
📱ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1598
Rajawali (2022)
IMDb Rating (6.3)
ဒီဇာတ်လမ်းလေးကတော့ ပရိုဂရမ်ဟောင်းတစ်ခုထဲက အောက်လမ်းမှော်ကိုဖော်ထုတ်ပြီး စွမ်းအင်ရဖို့ကြိုးစားနေတဲ့ မကောင်းဆိုးဝါးအကပ်ခံရထားတဲ့ Komang နဲ့သူ့ကိုတားဆီးရမဲ့ Komang ရဲ့သား Abang Long တို့ရဲ့ မလေးရှား horror ကား တစ်ပုဒ်ပဲဖြစ်ပါတယ်။ Komang က မကောင်းဆိုးဝါးတွေကို ထိန်းချုပ်ဖို့ ပရိုဂရမ်တစ်ခုကိုဖန်တီးခဲ့ပြီး ရုတ်တရက် မကောင်းဆိုးဝါးပူးခံရတာကြောင့် သူ့ရဲ့သားသမီးတွေကို စွန့်ပစ်လိုက်တယ်။Komang ရဲ့သူငယ်ချင်း Tok Wan က Abang Long တို့ကို သူ့သားသမီးအရင်းလို စောင့်ရှောက်ခဲ့ပြီး Abang Long ကြီးပြင်းလာတဲ့အခါမှာတော့အောက်လမ်းမှော်ရှိတဲ့ ပရိုဂရမ်ဟောင်းကို ဖော်ထုတ်ဖို့အတွက် ကျွမ်းကျင် hackers တွေကို စုဆောင်းနေတဲ့သူ့အဖေဆီကနေ သူ့ရဲ့ညီလေးနဲ့ညီမလေးကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/mmsub2005/2222
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
1179. Star Wars VII: The Force Prize (2015) 👈
စတားဝါးစ်ရုပ်ရှင်တွေရဲ့ အပိုင်း(၇) ရုပ်ရှင်ပါ…. ဒီအပိုင်းကိုမကြည့်ခင် ရှေ့က ရုပ်ရှင်တွေကိုပြန်နွှေးဖို အတိုချုံးလေးပြန်ဆွေးနွေးကြည့်ပါမယ်။အပိုင်း ၃ အဆုံးမှာ အနာကင် စကိုင်းဝေါကာ ဟာ ဒ့ါသ်ဗိတ်ဒါ ဆိုတဲ့ Sith ဖြစ်လာခဲ့ပြီး သူ့ဆရာ ဒါ့သ် စီးဒီးယပ်စ်က အင်ပါယာဖြစ်လာခဲ့ပါပြီ။ ပါ့ဒ်မီကတော့ အမွှာလေး ၂ ယောက်မွေးဖွားပေးပြီး သေဆုံးသွားခဲ့ပါပြီ။ အပိုင်း ၄ ၅ ၆ မှာတော့ သူတို ၂ယောက်ရဲ့သား လုခ် စကိုင်းဝေါကာဟာ မာစတာ ယိုးဒါးနဲ့ မာစတာ အိုဘီ-ဝမ် တိုရဲ့ သင်ကြားပေးမှုကြောင့် Jedi မျိုးဆက်သစ်ဖြစ်လာခဲ့ပါပြီ။ သူ့ညီမ ဖြစ်သူ
လိုင်ရာကတော့ တော်လှန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ဟန်ဆိုလို ဆိုတဲ့ မှောင်ခိုသမားတဖြစ်လဲ တော်လှန်ရေးအဖွဲ ဗိုလ်ချုပ်နဲ့ လက်ထက်ခဲ့ပါတယ်။ သူတို မောင်နှမ ၂ ယောက်နဲ့ ဟန်ဆိုလို တိုကြောင့် ဒါ့သ်စီးဒီးယပ်စ် ကျဆုံးသွားခဲ့ပြီး သူ့တိုအဖေလဲ သေဆုံးသွားခဲ့ပါပြီ။ Sith တွေရဲ့ Death Star လိုခေါ်တဲ့ ဂြိုလ်ဖျက်လက်နက်ကြီးကိုလဲ ဖျက်ဆီးနိုင်ခဲ့ပါပြီ။အခု အပိုင်း ၇ မှာတော့ အင်ပါယာ ကျဆုံးမှုအောက်ကနေ First Order ဆိုတဲ့ အဖွဲကြီးထပ်မံပေါ်ပေါက်လာပြီး Sith တွေကပဲ ဦးဆောင်နေပြန်ပါတယ်။ အဲဒီချိန်မှာ လုခ် စကိုင်းဝေါကာက ပျောက်ဆုံးနေပြီး ညီမဖြစ်သူ ဗိုလ်ချုပ်လိုင်ရာဟာ အပူတပြင်းရှာဖွေနေပါတယ်။ ဒီလမ်းခရီးမှာ သူ့ရဲ့ အကောင်းဆုံး ပိုင်းလော့ထ် နဲ့ သစ္စာဖောက် မုန်တိုင်းတပ်သား တစ်ယောက်နဲ့ အမှိက်ကောက်သမားလေးတစ်ယောက်တို တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……
ဖြစ်ပျက်ရှုတယ်ဆိုတာ..ရုပ်နာမ်အပေါ်မှာ သံယောဇဥ် တွယ်နေတဲ့ သမုဒ ကို ပြုတ်စေဖို့ပါပဲ...🌷🙏
ဖြစ်ပျက်မုန်းဆုံးဆိုတာ သဘောခန္ဓာအပေါ် သံယောဇဉ် မတွယ်တော့တဲ့သဘောမျိုး..
တနည်းအားဖြင့် ပြောရမယ်ဆိုရင် သူ့ကို ဥပေက္ခာ ပြုနိုင်သွားတာ..သွားမကြည့်တော့ဘူး...
ဒီဒုက္ခကြီးနဲ့ မနေချင်တော့တဲ့ ဉာဏ်က ပိုင်းပြီး လွတ်သွားတာမျိုး...
စက္ကန့်အပိုင်းတွင်း လွတ်မြောက်သွားမှန်းသိသာတယ်...ကိုင်ထားတဲ့ခွက် လွတ်ကျသွားသလို..
လွတ်မြောက်သွားတာကို ပြန်ဆင်ခြင်တဲ့စိတ်ရယ်...ပယ်ပြီးသားကို ပြန်ကြည့်တဲ့စိတ်ရယ် ထင်ထင်ရှားရှား သိနိုင်သွားတယ်။
ရုပ်နာမ်ကို မစွန့်နိုင်သေးသ၍ ဒီဘက်ကို ပြန်ပြန်ရောက်နေတတ်တယ်။ တရားက တကယ်တော့ အတ္တနဲ့ ရှာယူလို့မရပါဘူး..
ပုံမှန်လေးသာ လုပ်စရာရှိတာ လုပ်နေပါ..မမျော်လင့်ထားတဲ့အချိန် ဓမ္မဟာ သူ့တာဝန့် အလုပ်သူ လုပ်ပါတယ်..
#သစ္စာပြုပါသည်_ပရိတ်_ပဋ္ဌာန်း
#ဓမ္မစကြာ_အနတ္တလက္ခဏသုတ်_ရွတ်ဖတ်ပါသည်။
#ကောင်းကျိုး_ကုသိုလ်ရရှိကြပါစေ။
(9-3-2025)
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ည(၇)နာရီတွင်
#နတ်များပင့်ဖိတ်_မေတ္တသုတ်
#ပဋ္ဌာန်းပစ္စယနိဒ္ဒေသ
#ဓမ္မစကြာ
#အနတ္တလက္ခဏသုတ်
#မင်္ဂလသုတ်_ရတနသုတ် စသည်
ရွတ်ဖတ် ပါသည်။
တစ်ခုစီပြီးတိုင်း သစ္စာပြုပါသည်။
ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။(၃)
ဧတေန သစ္စဝဇ္ဇေန သောတ္ထိ တေ(တုမှာကံ) ဟောတု သဗ္ဗဒါ။(၃)
ဧတနေ သစ်စဝဇ်ဇနေ သဗ်ဗသတ်တန်တရာယော ဝိနဿန်တု။
ဧတေန သစ္စဝဇ္ဇေန သဗ္ဗရောဂန္တရာယော ဝိနဿန္တု။
ဧတေန သစ္စဝဇ္ဇေန သဗ္ဗဒုဗ္ဘိက္ခန္တရာယော ဝိနဿန္တု။
#ဂုဏ်တော်ပွား
#ဤမှန်ကန်သောသစ္စာစကားကြောင့်_ရပ်ကွက်သူရပ်ကွက်သားများအားလုံး_ကပ်ရောဂါများကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ကိုးဆယ့်ခြောက်ဖြာဘေရောဂါများအားလုံး_ကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ဤမှန်ကန်သောသစ္စာစကားကြောင့်_မြို့သူမြို့သားများအားလုံး_ကပ်ရောဂါများကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ကိုးဆယ့်ခြောက်ဖြာဘေရောဂါများအားလုံး_ကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ဤမှန်ကန်သောသစ္စာစကားကြောင့်_တိုင်းသူတိုင်းသားများအားလုံး_ကပ်ရောဂါများကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ကိုးဆယ့်ခြောက်ဖြာဘေရောဂါများအားလုံး_ကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ဤမှန်ကန်သောသစ္စာစကားကြောင့်_နိုင်ငံသူနိုင်ငံသားများအားလုံး_ကပ်ရောဂါများကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ကိုးဆယ့်ခြောက်ဖြာဘေရောဂါများအားလုံး_ကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ဤမှန်ကန်သောသစ္စာစကားကြောင့်_ကမ္ဘာသူကမ္ဘာသားများအားလုံး_ကပ်ရောဂါများကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#ကိုးဆယ့်ခြောက်ဖြာဘေရောဂါများအားလုံး_ကင်းစင်လွင့်ပ_ပျောက်ပျက်ကြပါစေကုန်သတည်း။
#တစ်ကမ္ဘာလုံး_ကပ်ရောဂါများ_ကင်းစင်လွင့်ပ_ပျောက်ပျက်ကြပြီး
#စိတ်ချမ်းသာ_ကိုယ်ကျန်းမာစွာဖြင့်_စီးပွားရေးကြီးပွားရေး_လူမှုရေး_ကျန်းမာရေး_ပညာရေးများ_အားလုံးအဆင်ပြေစွာဖြင့်_ပုံမှန်အတိုင်း_လည်ပတ်လုပ်ကိုင်_ဆောင်ရွက်အားထုတ်နိုင်ကြပါစေကုန်သတည်း။
အားလုံး ရွတ်ဖတ် ရှုပွားပြီးနောက်-
ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများအား
အမျှပေးဝေပြီး
တစ်နိုင်ငံလုံး/တစ်ကမ္ဘာလုံး ကပ်ရောဂါဘေး ကင်ဝေးရလေအောင် စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံ
ပြန်လည်ပို့ဆောင်ပါသည်။
နိုင်ငံသူနိုင်ငံသား/ကမ္ဘာသူကမ္ဘာသားများအားလုံး
ကျန်းမာချမ်းသာကြပါစေ။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ။
ကပ်ရောဂါဘေးကလည်း အမြန်ကင်းဝေးကြပါစေ။