1 w - Translate

❝ ဒေါ်စတိုယက်စကီး ❞ တစ်ယောက်
ဝတ္ထုရေးခဲ့တာမှ ဟုတ်ရဲ့လားဟု
ကျွန်တော် သံသယဝင်လာ၏။
သူဝင်ချင်သော သူတစ်ယောက်၏
ဝမ်းခေါင်းထဲဝင်ကာ သူပြောချင်တာတွေကို တတွတ်တွတ် ပြောနေသည်ဟု ထင်လိုက်မိ၏။
ဖုံးကွယ်ထားသော လူ၏ ဝိညာဉ်အား
အကြောက်အလန့်မရှိ
တူးဆွနေသူဟုလည်း မြင်မိ၏။
လူ့ဘဝ၌ ရှောင်လွှဲမရနိုင်သော
ဒုက္ခဝေဒနာဆိုးများ၊
ကောက်ကျစ်ယုတ်မာမှုများ၊
ရက်စက်ရိုင်းစိုင်းမှုများ၊
လူ၏ချစ်ခြင်းမေတ္တာနှင့်
မျှော်လင့်ရာမဲ့သော ဘဝ၏အနာဂတ်တို့အား
သူ့ရင်တွင်းသို့ အလျင်မြန် ကူးစက်ခံစားနိုင်ပြီး
ထိုဝေဒနာများကို ဇာတ်ကောင်များတွင်
ထိတ်လန့်ကြောက်ရွံ့စရာကောင်းလောက်အောင်
သွတ်သွင်းဖန်တီးနိုင်သူတစ်ဦးလည်း ဖြစ်၏။
• တင်ဦးခက် •
× × ×
❝ ဒေါ်စတိုယက်စကီး ❞ စာအုပ်များစုစည်းမှု

image
1 w - Translate

❝ ဒေါ်စတိုယက်စကီး ❞ တစ်ယောက်
ဝတ္ထုရေးခဲ့တာမှ ဟုတ်ရဲ့လားဟု
ကျွန်တော် သံသယဝင်လာ၏။
သူဝင်ချင်သော သူတစ်ယောက်၏
ဝမ်းခေါင်းထဲဝင်ကာ သူပြောချင်တာတွေကို တတွတ်တွတ် ပြောနေသည်ဟု ထင်လိုက်မိ၏။
ဖုံးကွယ်ထားသော လူ၏ ဝိညာဉ်အား
အကြောက်အလန့်မရှိ
တူးဆွနေသူဟုလည်း မြင်မိ၏။
လူ့ဘဝ၌ ရှောင်လွှဲမရနိုင်သော
ဒုက္ခဝေဒနာဆိုးများ၊
ကောက်ကျစ်ယုတ်မာမှုများ၊
ရက်စက်ရိုင်းစိုင်းမှုများ၊
လူ၏ချစ်ခြင်းမေတ္တာနှင့်
မျှော်လင့်ရာမဲ့သော ဘဝ၏အနာဂတ်တို့အား
သူ့ရင်တွင်းသို့ အလျင်မြန် ကူးစက်ခံစားနိုင်ပြီး
ထိုဝေဒနာများကို ဇာတ်ကောင်များတွင်
ထိတ်လန့်ကြောက်ရွံ့စရာကောင်းလောက်အောင်
သွတ်သွင်းဖန်တီးနိုင်သူတစ်ဦးလည်း ဖြစ်၏။
• တင်ဦးခက် •
× × ×
❝ ဒေါ်စတိုယက်စကီး ❞ စာအုပ်များစုစည်းမှု

image
1 w - Translate

❝ ဒေါ်စတိုယက်စကီး ❞ တစ်ယောက်
ဝတ္ထုရေးခဲ့တာမှ ဟုတ်ရဲ့လားဟု
ကျွန်တော် သံသယဝင်လာ၏။
သူဝင်ချင်သော သူတစ်ယောက်၏
ဝမ်းခေါင်းထဲဝင်ကာ သူပြောချင်တာတွေကို တတွတ်တွတ် ပြောနေသည်ဟု ထင်လိုက်မိ၏။
ဖုံးကွယ်ထားသော လူ၏ ဝိညာဉ်အား
အကြောက်အလန့်မရှိ
တူးဆွနေသူဟုလည်း မြင်မိ၏။
လူ့ဘဝ၌ ရှောင်လွှဲမရနိုင်သော
ဒုက္ခဝေဒနာဆိုးများ၊
ကောက်ကျစ်ယုတ်မာမှုများ၊
ရက်စက်ရိုင်းစိုင်းမှုများ၊
လူ၏ချစ်ခြင်းမေတ္တာနှင့်
မျှော်လင့်ရာမဲ့သော ဘဝ၏အနာဂတ်တို့အား
သူ့ရင်တွင်းသို့ အလျင်မြန် ကူးစက်ခံစားနိုင်ပြီး
ထိုဝေဒနာများကို ဇာတ်ကောင်များတွင်
ထိတ်လန့်ကြောက်ရွံ့စရာကောင်းလောက်အောင်
သွတ်သွင်းဖန်တီးနိုင်သူတစ်ဦးလည်း ဖြစ်၏။
• တင်ဦးခက် •
× × ×
❝ ဒေါ်စတိုယက်စကီး ❞ စာအုပ်များစုစည်းမှု

image
image
image
image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရပ်သားတစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် လီဂျေးမြောင်ရွေးချယ်
တောင်ကိုရီးယား သမ္မတလီဂျေးမြောင်သည် ဝါရင့်လွှတ်တော် အမတ်အန်ဂျူဘတ်ခ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဇွန် ၂၃ ရက်တွင် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
အန်ဂျူဘတ်ခ်သည် တောင်ကိုရီးယားနိုင်ငံအတွက် (၆၄) နှစ်တာ ကာလအတွင်း ပထမဆုံး အရပ်သားကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မည်ဖြစ်သည်။
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ဇွန် ၂၃ ရက်တွင် ကာကွယ်ရေးဝန်ကြီး နေရာအပြင်အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ ၁၀ နေရာအတွက် အမည်စာရင်းပေးသွင်းမှုများလည်း ပြုလုပ်ခဲ့သည်။
သမ္မတသစ် လီဂျေးမြောင်၏ တောင်ကိုရီးယားအစိုးရအဖွဲ့သစ် တွင် ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးဟောင်း ချိုဟွန်းက နိုင်ငံခြားရေးဝန်ကြီးတာဝန်ရယူထားပြီး မြောက်ကိုရီးယားပြဿနာကို သံတမန်နည်းလမ်းအရဖြေရှင်းရန် လိုလားသည့် လွှတ်တော်အမတ် ချောင်ဒေါင်ယန်းက ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး တာဝန်ကို ရယူထားကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ဥပဒေကြေညာပြဋ္ဌာန်းရန် ကြိုးပမ်းမှုဖြင့်သမ္မတဟောင်း ယွန်းဆွတ်ယိုး ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် ဇွန် ၃ ရက်တွင်ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် လီဂျေးမြောင်က အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းအဖြစ် အနိုင်ရရှိခဲ့သည်။
ယင်းနောက် လီဂျေးမြောင်သည် အသွင်ပြောင်းကာလမထားဘဲ ဇွန် ၄ ရက်မှာပင် သမ္မတရာထူးကိုစတင်ရယူခဲ့သည်။
ရိုက်တာ

image
1 w - Translate

❛ စစ်မတိုက်ရဘူး၊
ငွေမရှာရဘူး
အချစ် နှင့် အနုပညာပဲရှိတယ်ဆိုလျှင်
အဲဒီနေရာကို
ပေါ့စ် နှိပ်ထားလိုက်မယ် ။
• သုခမိန်လှိုင် •

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနိုင်ငံမှ လောင်စာတင်သွင်းမှုအားလုံး ရပ်ဆိုင်းမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဆို
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ နယ်နိမိတ်အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံမှ လောင်စာဆီ တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်မာနက်က ဇွန် ၂၃ ရက်တွင်ပြောသည်။
နှစ်နိုင်ငံနယ်စပ်တွင် နယ်မြေအငြင်းပွားမှုကြောင့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံတင်းမာမှုများ ဆက်လက်မြင့်တက်နေသည်။ ဇွန် ၂၃ ရက် ညဉ့်သန်းခေါင်မှစပြီး ထိုင်းနိုင်ငံက လောင်စာဆီနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းထားမည်ဟု ဟွန်မာနက်ကပြောသည်။
ကမ္ဘောဒီးယားစွမ်းအင်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းလောင်စာနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်များကို အခြားရင်းမြစ်များမှ လုံလောက်စွာ တင်သွင်းနိုင်မည်ဟု ဝန်ကြီးချုပ်ကပြောသည်။
ထိုင်းနိုင်ငံသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်စပ်စစ်ဆေးရေးဂိတ်အများအပြားကို ကန့်သတ်မှုများပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားကလည်း လက်တုံ့ပြန်သည့် နယ်စပ်ဖြတ်ကျော်ဂိတ်နှစ်ခုကို ဇွန် ၂၂ ရက်တွင် ပိတ်ပစ်ခဲ့သည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံသားအနေဖြင့်ထိုင်းနိုင်ငံကို မလိုအပ်ဘဲခရီးသွားလာမှုများ ရှောင်ရှားရန် တိုက်တွန်းထားပြီး ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားများ ဆန္ဒပြမှုများမလုပ်ကြဖို့ ထိုင်းကောင်စစ်ဝန်ရုံးကလည်း သတိပေးထားသည်။
ကမ္ဘာ့ဘဏ်၏အဆိုအရ ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင်ကမ္ဘောဒီးယား၏ တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ထိုင်းပို့ကုန်တန်ဖိုးမှာဒေါ်လာ ၃ ဒသမ ၈ ဘီလီယံအထိရှိကာ လောင်စာဆီတင်သွင်းမှု ၂၇ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။
စီအင်န်အေ

image
1 w - Translate

ပထမတန်းစား ကဗျာဆရာ မဖြစ်ရရင်
ဒုတိယတန်းစား ကဗျာဆရာတော့မဖြစ်ချင်ဘူး။
ဘာမှ မဖြစ်ရတာကမှ ကောင်းဦးမယ်။
မိုးသည်းတာပဲဖြစ် ဖြစ်၊ လေထန်တာပဲဖြစ်ဖြစ်၊
မှောင်ကြီးကျနေတာပဲဖြစ်ဖြစ် လူသားတွေဟာ
အသက်ရှင်နေဦးမှာပဲ။ အသက်ရှင်နေသေးရင်
နှလုံးသားတွေက ခံစားတတ်နေ ဦးမှာပဲ။
သူတို့က တို့ကို သတ်လိုက်နိုင်ပြီလို့
ယုံချင်ယုံပါစေ။ ဟောဒီ ငါ့နှလုံး သားပေါ်
သွေးသစ်တစ်စက်ကျလာရင်
ခံစားချက်အသစ်တစ်ရပ်ထွက်ပေါ်လာမှာပဲ။
လူတွေကို ကျွန်တော့်ခံစားချက်တွေ
ပြောပြချင်တယ်။ ဟုတ်တယ်၊
ခင်ဗျား တို့အားလုံးကိုပြောပြချင်တယ်။
ကဗျာဆရာဆိုတာကတော့ ဒါပါပဲ ။
• ဖော်ဝေး •

image
1 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနာဘူရီတွင် မြန်မာလုပ်သား ၄၁ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနာဘူရီ ထောင်းဖာဖုမ်ဒေသတွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းပြည်တွင်းသတင်းများအရ သိရသည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသယ်ဆောင်မည့် ကားတစ်စီးဝင်ရောက်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များက သတင်းကြိုရပြီး သာခနွန့်ကျေးရွာအုပ်စုအမှတ်(၄) ရွာရှိဝပ်ယူလုံးဘုန်းကြီးကျောင်းတွင် စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။
ယင်းသို့စောင့်ဆိုင်းနေစဉ်အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားတစ်စီးသည် ထောင်းဖာဖုမ်လမ်းဆုံကို ဖြတ်ကျော်၍ ထောင်းဖာဖုမ်အဝိုင်းပတ်သို့ အရှိန်ပြင်းစွာမောင်းနှင်နေသည်ကို တွေ့ရှိခဲ့ပြီး စစ်ဆေးရေးအဖွဲ့က ရပ်တန့်ရန် တားသော်လည်းကားသည် ဘန်ဆာအိုဟောင်လမ်းအတိုင်း ထွက်ပြေးခဲ့ပြီး ခဝိုင်နွဲ့မြစ်ဘက်သို့အဆင်းတွင် ဗွက်နစ်နေသဖြင့် ဆက်လက်သွား၍မရတော့ဘဲ မြန်မာလုပ်သားများအား ကားအတွင်းတွင်ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား ၄၁ ဦးနှင့် အသက် (၄ဝ) အရွယ် ယာဉ်မောင်းတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား ၄၁ ဦးနှင့် ယာဉ်မောင်းအား ဥပဒေအရဆောင်ရွက်ရန် ထောင်းဖာဖုမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-amarintv

image
1 w - Translate

Ultra Unfolds ဆိုပဲ 👀
.
Samsung ကနေ Galaxy Z Fold7 | Z Flip7 ဖုန်းတွေအပြင် ဒီနှစ်မှာ ထူးထူးခြားခြား Z Fold Ultra ဆိုပြီး Ultra Foldable ဖုန်းအသစ်တွေကို မိတ်ဆက်မယ့် Galaxy Unpacked Event ကို ဇူလိုင်လ (၉) ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
မနေ့တုန်းဆိုရင်လည်း Samsung ကနေ Exynos 2500 Chipset ကို မိတ်ဆက်လိုက်တယ်။ ဒီ Exynos 2500 Chipset က Samsung Galaxy Z Flip7 မှာ Snapdragon 8 Elite အစား ပြောင်းသုံးသွားမယ်။ Performance လျော့သွားပေမယ့် Optimized ပိုဖြစ်ပြီး Z Flip7 က စျေးပိုသက်သာလာနိုင်မလားပဲ 👀

image
1 w - Translate

#ပြည်တွင်းသတင်း
◼တောင်ငူ၌ရေမြောင်းပိတ်ဆို့ခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်၊ ပရဟိတအသင်းများက ရေမြောင်းပိတ်ဆို့မှုများရှင်းလင်း
ပဲခူးတိုင်း၊ တောင်ငူမြို့၌ ရေမြောင်းပိတ်ဆို့ခြင်းများကြောင့် ရေကြီးရေလျှံဖြစ်ပွားခြင်းများဖြင့်ကြုံတွေ့ခဲ့ရကြောင်း တောင်ငူမြို့ရှိရွှေမင်းဝံအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
ယမန်နေ့(ဇွန် ၂၂ ရက်)နံနက်ပိုင်းတွင် တောင်ငူမြို့၌ မိုးသည်ထန်းစွာရွာသွန်းခြင်းကြောင့် ၂၂ ရပ်ကွက်၊ မင်းကြီးညိုရပ်ကွက်၊ မင်းကြီးညို-ပေါက်လှကြီးလမ်းမများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပွားခဲ့ပြီး ဒေသခံတချို့ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေခဲ့ကြရကြောင်းသိရသည်။
"အခုရေကြီးတာ မြစ်ရေတိုးလို့မဟုတ်ဘူး။ မိုးများပြီးရေထွက်ပေါက်မရှိလို့ဖြစ်တာ။ မိုးရေကမထွက်ဘဲ ပိတ်ပြီးရေတင်သွားတာ။ ပိတ်နေတဲ့ရေထွက်ပေါက်တွေကို လိုက်လံရှင်းလင်းနေပါတယ်။ အခုတော့ ရေလဲကျသွားပါပြီ။ ကျန်နေတဲ့ရေထွက်ပေါက်တွေကိုလည်းလိုက်ပြီး ရှင်းလင်းပေးနေပါတယ်" ဟု ရွှေမင်းဝံအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါရေမြောင်းပိတ်ဆို့မှုများကို ရေစီးရေလာကောင်းမွန်စေရန် တောင်ငူမြို့ရှိ ရွှေမင်းဝံအရေးပေါ် ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းများက ရှင်းလင်းဆောင်ရွက်နေကြရကြောင်း ၎င်းတို့ထံမှသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ရွှေမင်းဝံ

image