3 w - Translate

ငါထိုင်းကနေငွေထုတ်ကြီးနဲ့ပြန်လာကန်တော့မှာကိုစောင့်နေတဲ့အမျိုးတွေ😂

image
3 w - Translate

A simple trick
Smell of ocean or what?

3 w - Translate

၂၀၂၄ နိုဝင်ဘာလ ၇ရက်နေ့တွင် နေပြည်တော်ဧရိယာ ရမည်းသင်းခရိုင် ပျော်ဘွယ်ခရိုင် မိတ္ထီလာခရိုင် ကျောက်ဆည်ခရိုင်ဒေသတွေမှာ မိုးရွာနိုင်ပြီး ကလောခရိုင်နှင့် တောင်ကြီးခရိုင်မိုးကြီးနိုင်ပါတယ်
ISSUED TIME
02/11/2024 4:30am(MMT)
တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image
3 w - Translate

လဆန်းဆို ဒီလိုလေး
ကိုယ်တွေကတော့ ဒီလိုပဲ...😁

3 w - Translate

နည်းပြအာမိုရင် မန်ယူအသင်းတွင် အောင်မြင်မှုရလိမ့်မည်ဟု နောက်ခံလူ ဒါလော့ပြော

နည်းပြအာမိုရင် မန်ယူအသင်းမှာ အောင်မြင်မှုရလိမ့်မယ်လို့ နောက်ခံလူ ဒါလော့က ချီးကျူးသွားပါတယ်။

အသက် ၃၉ နှစ်ပဲရှိသေးတဲ့ ပေါ်တူဂီနည်းပြဟာ ပေါ်တူဂီနိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ် နည်းပြတာဝန်ထမ်ဆောင်ရမှာပါ။

တနိုင်ငံတည်းသား နောက်ခံလူ ဒီယေဂိုဒါလော့ကတော့ နည်းပြသစ်အာမိုရင်ဟာ နည်းပြတန်ဟတ်ဂ်နေရာမှာ အစားထိုးဖို့အတွက် ပြီးပြည့်စုံတဲ့ နည်းပြဖြစ်ပြီး မန်ယူအသင်းမှာ အောင်မြင်မှုရယူနိုင်သူဖြစ်ကြောင်း သုံးသပ်ခဲ့တာပါ။

နည်းပြ အာမိုရင်ဟာ လူငယ်နည်းပြဖြစ်ပေမဲ့ သူဘာလုပ်ချင်သလဲဆိုတာ သိရှိထားပြီး ဆုံးဖြတ်ချက် ခိုင်မာသူဖြစ်ကြောင်း၊ နည်းပြသစ်အာမိုရင်ဟာ မန်ယူအသင်းအတွက် ပြီးပြည့်စုံတဲ့ အစားထိုးမှုဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ဒါလော့က ပြောသွားပါတယ်။
DVB

image
3 w - Translate

2 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,420
USD Sell - MMK 4,520
EUR Buy - MMK 4,745
EUR Sell - MMK 4,870
SGD Buy - MMK 3,345
SGD Sell - MMK 3,420
THB Buy - MMK 129.87
THB Sell - MMK 133.33
JPY Buy - MMK 28.83
JPY Sell - MMK 29.60
MYR Buy - MMK 1,005
MYR Sell - MMK 1,035
CNY Buy - MMK 615
CNY Sell - MMK 633

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,050,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,420,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
3 w - Translate

နိုဝင်ဘာလ၂ရက်နိုင်ငံတကာသတင်းတိုများ

၁။အ​မေရိကန်ကယူကရိန်းကိုလုံခြုံ​ရေးအ​ထောက်အပံ့​ဒေါ်လာ၄၂၅သန်းထပ်မံ​ပေးအပ်​ကြောင်း​ကြေညာသည်။

၂။ဂျပန်တွင်မိုးသည်းထန်ပြီး​ရေကြီးမှု​ကြောင့်လူနှစ်သိန်းကို​ဘေးလွတ်ရာ​ရွှေ့​ပြောင်း​ပေးလျက်ရှိသည်။

၃။အစ္စ​ရေးအလယ်ပိုင်းကိုဟဇ်ဘိုလာတိုကလက်ဘနွန်နိုင်ငံအတွင်းမှဒုံးကျည်များဖြင့်တိုက်ခိုက်သဖြင့်၁၉ဦးဒဏ်ရာရသည်။

၄။ပိုလန်ကအ​မေရိကန်ထံမှဝယ်ယူထား​သောF-35ဂျက်တိုက်​လေယာဥ်များကို၂၀၂၆ခုနှစ်အထိရနိုင်ဖွယ်မရှိသဖြင့်ယူကရိန်းသို​ပေးရန်စီစဥ်ထား​သောMiG-29​လေယာဥ်များကိုမ​ပေးနိုင်​တော့​ကြောင်း​ကြေညာသည်။

၅။ဆားဘီးယားနိုင်ငံနိုဗီဆက်မြိုရှိရထားဘူတာအဝင်ဘက်အမိုးပြုတ်ကျရာ၁၄ဦး​သေဆုံး​ကြောင်းသမ္မတဗူဆစ်က​ပြောသည်။

Credit : NOM

3 w - Translate

Additional exports included in land border earnings repatriation programme

Trade Department under the Ministry of Commerce added more commodity items to the export earnings repatriation programme at land borders, in which only 25 per cent of export earnings must be deposited into authorized banks as per the CBM’s set exchange rate, and exporters can keep the remaining, according to export-import news bulletin 6/2024 released on 30 October.
According to the Foreign Exchange Supervisory Committee’s meetings 66/2022, 16/2023, and 49/2023, 25 per cent of export earnings of eight commodities that are exported through seaborne and border trade channels must be repatriated.
The commodities include various pulses (black gram, pigeon pea, green gram, chickpea), oil crops (peanut, sesame), maize, rubber, fisheries (various fish, shrimp, crab, eel), livestock products (live cattle, live goat, buffalo hides, goat hides, frozen meat and dried meat), rice and broken rice, and sugarcane. This time, seven more commodities, including various pulses, garlic & onion, fruits and vegetables, rattan, cotton, metal and ores and other minerals, were added to that list for border export. Export earnings of those items will be converted into kyat according to the CBM’s rules from 1 November 2024, the Trade Department stated. — NN/KK

image

ဂျွန်ဝစ်ခ်ဖက်ရှင်နဲ့ ဟော်လိုဝင်းပွဲ ဆင်နွှဲခဲ့တဲ့ မတ်ခ်ဇူကာဘတ်
_____________________

ဘရာဇီးဂျူဂျစ်ဆု ကျွမ်းတဲ့ Meta သူဌေးက John Wick ကို ကြိတ်အားကျနေလား မသိပါဘူး။

မတ်ခ်ဇူကာဘတ်က ဒီနှစ် ဟော်လိုဝင်းပွဲကို နာမည်ကျော် အက်ရှင်ရှပ်ရှင်John Wick ဇာတ်ကားထဲက ကီနူးရိဗ်စတိုင် ဝတ်ဆင်ခဲ့ပြီး သူ့ဖက်ရှင်ကို Facebook ပေါ် တင်ခဲ့လို့ပါ။ ဇူကာဘတ်ရဲ့ ဇနီးသည် ပရစ်ဆီလာ ချန်နဲ့ ကလေးတွေကတော့ ရောင်စုံဘဲလေးဝတ်စုံတွေနဲ့ ဟော်လိုဝင်းပွဲ ဆင်နွှဲခဲ့ပါတယ်။

"မင်းအိမ်က မိန်းကလေးတွေအားလုံး ဘဲလေးအကမယ်လုပ်ဖို့ ဆုံးဖြတ်ထားရင် ဂျွန်ဝစ်ခ်(John Wick) ဖြစ်ရမယ်" ဆိုပြီး ဇူကာဘတ်က ဟောလိုဝင်းနေ့ သူ့ရဲ့ Facebook ပေါ်မှာ ခပ်နောက်နောက် ရေးတင်ထားပါတယ်။

ဇူကာဘတ်ခ်ရဲ့ ပို့စ်က (အခုစာရေးချိန်အထိ) react ပေးသူ 435K ၊ comment ပေးသူ 46.3K နဲ့ share 19K အထိ ရှိထားပါတယ်။ စက်တင်ဘာ ၂၆ ပရိုဖိုင်သစ် change ပြီးနောက်ပိုင်း ဇူကာဘတ်ရဲ့ လူစိတ်ဝင်စားအခံရဆုံး ပို့စ်လို့ ဆိုရမှာပါ။

comment တွေထဲမှာတော့ ထုံးစံအတိုင်း ဇူကာဘတ်လုပ်သမျှ ဟုတ်ပါ့ဆိုတဲ့သူတွေ ၊ ဟဟပေးပြီး ဟီးလာတိုက်မယ့်သူတွေနဲ့ ပွဲဆူနေကြတာပါ။ ဇူကာဘတ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Harry Potter ရုပ်ရှင်ထဲက Hogwarts မှော်ကျောင်းအုပ်ကြီး အဲဘတ်စ် ဒမ်ဘယ်ဒိုးပုံစံ ဝတ်ဆင်ပြီး ဟော်လိုဝင်းကို ဆင်နွှဲခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် နည်းပညာသူဌေးတွေထဲမှာ တစ်နှစ်ထက်တစ်နှစ် ဟောလိုဝင်းဖက်ရှင် အဆန်းထွင်နိုင်တဲ့ ဇူကာဘတ်စိတ်ကူးကတော့ ချီးကျူးရမှာပါပဲ။

Credit - Duwun

#သတင်းဟင်းလေးအိုးကြီး

image
3 w - Translate

လိုတာထက်ပိုသွားရင်...

၁။ အာရိုက်လွန်းရင် လိမ်လည်တတ်လာလိမ့်မယ်။

၂။ စဉ်းစားလွန်းရင် စိတ်ဖိစီးလာလိမ့်မယ်။

၃။ ငိုကြွေးလွန်းရင် အမြင်အာရုံ ဆုံးရှုံးရလိမ့်မယ်။

၄။ ချစ်လွန်းရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးရလိမ့်မယ်။

၅။ ဂရုစိုက်ပေးလွန်းရင် ပေါ့ပေါ့တန်တန် သဘောထားခံရလိမ့်မယ်။

၆။ ကျီစယ်နောက်ပြောင်လွန်းရင် အရာမဝင်သလို သဘောထားခံရလိမ့်မယ်။

၇။ ယုံကြည်လွန်းရင် သစ္စာဖောက်ခံရလိမ့်မယ်။

၈။ အလုပ်လုပ်လွန်းရင် စိတ်သောကနဲ့ သေရလိမ့်မယ်။

၉။ အစားမက်လွန်းရင် အစွဲအလမ်းကြီးလာလိမ့်မယ်။

၁၀။ အအိပ်မက်လွန်းရင် ချောင်ခိုပျင်းရိလာလိမ့်မယ်။

၁၁။ ဖြုန်းတီးလွန်းရင် အနာဂတ်မဲ့လာလိမ့်မယ်။

၁၂။ ပြင်ဆင်ခြယ်သလွန်းရင် ပင်ကိုအလှ ဆုံးရှုံးရလိမ့်မယ်။

၁၃။ ငေးမောလွန်းရင် ရည်စူးရာကို လက်လွှတ်ရလိမ့်မယ်။

၁၄။ သည်းခံလွန်းရင် အနိုင်ကျင့်ခံရလိမ့်မယ်

၁၅။ ကောင်းကောင်းမွန်မွန် ဂရုစိုက်စောင့်ရှောက်ခံရလွန်းတဲ့အခါ
မကောင်းမှုတွေကို စိတ်လိုလက်ရ ရှောင်ရှားနိုင်လိမ့်မယ်။

၁၆။ မဖက်တွယ် မဆုပ်ကိုင်ဘဲ စွန့်လွှတ်နိုင်လွန်းတဲ့အခါ စိတ်ငြိမ်းချမ်းမှု ရလိမ့်မယ်။

၁၇။အရာရာဟာ သူ့သဘောအတိုင်းဖြစ်နေပါလားဆိုတာ သိလာတဲ့တစ်နေ့ သင့်စိတ်တွေငြိမ်းချမ်းပြီးလွပ်လပ်လာပါလိမ့်မယ်...

#crd_to_owner_with_respect
#စာပေ

image