Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
A grassroots advocacy organization launched a national boycott of McDonald's on Tuesday, protesting the fast-food giant's recent rollback of DEI initiatives and other corporate practices.
In its January announcement, McDonald's emphasized inclusion as one of its "core values" while announcing changes to its diversity programs, a move that came shortly after President Trump's executive orders dismantling federal DEI programs.
In a statement to ABC News, McDonald's Corporation defended its practices, saying the company's "commitment to inclusion remains steadfast."
Read more: https://abcnews.visitlink.me/Y-n8da
လွတ်လပ်ခြင်းနဲ့ တွဲပါလာတဲ့
ဒုက္ခတွေကို မျှော်လင့်ပါ။
ပျော်ရွှင်ခြင်းနဲ့ ကပ်ပါလာတဲ့
နာကျင်မှုတွေကို မျှော်လင့်ပါ။
မသိခြင်းကြောင့်ရလာမယ့်
အသိဉာဏ်တွေကိုမျှော်လင့်ပါ။
အရှုံးပေးခြင်းကြောင့် ရလာမယ့်
အောင်မြင်မှုတွေကို မျှော်လင့်ပါ။
ပြီးရင် ဒါတွေအားလုံးကို ခေါင်းထဲမထားဘဲ
လုပ်စရာရှိတာကို ဆက်လုပ်ပါ။
_မျှော်လင့်ခြင်းဖတ်စာ_
ဘဝမှာ မဖြစ်မနေကြုံရမယ့် ရှုံးနိမ့်ခြင်းတွေကို
ကိုယ်က ဘယ်လို သိုလှောင်
အမှတ်တရသိမ်းထားမလဲ ဆိုတာ
သိပ်အရေးကြီးပါတယ်။
ကိုယ်ဘာကြောင့် ကျရှုံးခဲ့ရသလဲ ဆိုတာကို
တိတိကျကျ၊ ရှင်းရှင်းလင်းလင်း မှတ်မိနေတာ၊
နောက်တစ်ခါ ဒီလို ထပ်မဖြစ်အောင်
နည်းလမ်းတွေ ရှာနိုင်တာ၊
ကိုယ့်ရဲ့ အရှုံးတွေကို မေ့မပစ်ဘဲ
ခြေရာကောက်၊ အစကိုပြန်သွား၊
အမှားတွေကိုနားလည်၊
ဖြေရှင်းချက်တွေကို ရှာရဲတာ..
ဒါတွေကို ရဲရဲဝင့်ဝင့် လုပ်နိုင်မှသာ
"အောင်မြင်သော ရှုံးနိမ့်ခြင်း" တွေအဖြစ်
အသွင်ပြောင်းလာမှာ။
_ချမ်းမြေ့ဝင်း_
In the closely watched New York City Democratic mayoral primary, no candidate reached the 50% threshold needed to be declared the winner outright.
But after a strong showing by state Assemblymember Zohran Mamdani, former Gov. Andrew Cuomo said he is conceding the Democratic primary.
Read more: https://abcnews.visitlink.me/7p3oEC
ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တဲ့အခါမှာ တခြားသူတွေရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံးသားထဲကို ဝင်ကြည့်လို့ရတဲ့ အခွင့်အရေးရှိပါတယ်။ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်တွေက တခြားသူတွေရဲ့အတွေးအခေါ်၊ ခံစားချက်တွေနဲ့မတူဘူး ဆိုတာကို စာဖတ်လိုက်တဲ့အခါမှာ သဘောပေါက်သွားတယ်။
ဒါကြောင့်မို့ ကျွန်မတစ်ခါက ပြောဖူးပါတယ်။ တက္ကသိုလ်ကျောင်းသားအချို့နဲ့ စာအုပ်စာပေဆွေးနွေးပွဲတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က စာအုပ်တစ်ခုမှာ သူမကြိုက်ရတဲ့အကြောင်းရင်းက အဲဒီစာအုပ်ထဲက ကိစ္စတွေက လုံး၀ သူတို့ဘ၀နဲ့ ဆက်စပ်မှု မရှိလို့ဆိုတော့ ကျွန်မကအဲဒါကို သဘောမတူဘူးလို့ ပြောဖူးပါတယ်။ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဘ၀နဲ့ ဆက်စပ်မှုမရှိတဲ့အကြောင်းတွေကို သိဖို့က ကိုယ့် ဘ၀နဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းတွေကို သိဖို့လောက်ကို တန်းတူညီတူ အရေးကြီး ပါတယ်။
ဘာလို့လဲဆိုရင် ကိုယ့်ဘ၀ရဲ့ ကျဉ်းမြောင်းတဲ့ဘဝလေးအတိုင်းအထွာနဲ့ပဲ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် အမြင်က ကျဉ်းမြောင်းသွားလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ဘ၀အပြောင်းအလဲကို မသိဘဲနဲ့၊ ကိုယ့်ပတ်၀န်းကျင်အကြောင်းကို မသိဘဲနဲ့ ကျော်လွှားပြီးတော့ ကမ္ဘာကြီးကိုပဲ ကြည့်နေမယ် ဆိုရင်ကလည်း မပြီးပြည့်စုံဘူး။ စတာက ကိုယ့်ရဲ့ပတ်၀န်းကျင်နဲ့စရမယ်။ ကိုယ့်ရဲ့ဘ၀ကို နားလည်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဘ၀ကို နားလည်ဖို့အတွက် တခြားသူရဲ့ဘ၀ကို လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်းခံစားရတာတွေဟာ ကိုယ်တစ်ယောက် တည်း မဟုတ်ဘူး။ တခြားသူတွေလည်းဒီလိုခံစားရ တယ်။တခြားသူတွေလည်း ဒီလို၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်နဲ့ တခြားသူတွေရဲ့ ခံစားချက်ကွာတယ်ဆိုတာ နှိုင်းယှဉ်ပြီး တော့လည်း ကြည့်လို့ရတယ်။
နောက်ပြီးတော့ နမူနာအနေနဲ့ ကြည့်ပြီးတော့ ဘာရှာရမယ်၊ ဘာဆောင်ရမယ် ဆိုတာကိုလည်း ကျွန်မတို့နှလုံးသွင်းလို့ရပါတယ်။ ဒါကြောင့် စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ် ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင်တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာ တော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
၂၅-၀၉-၂၀၁၉
အသက်နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတစ်ယောက်
စာရေးသူ - နုနုရည်(အင်းဝ)
အဘွားရဲ့ မေတ္တာအဟုန်နဲ့ ကလေးရဲ့ နုနယ်လွန်းတဲ့ အသားလေးတွေနေသားတကျ ဖြစ်ပါစေတော့ရယ်လို့ ဘွားအေခမျာ မျက်လုံးကလေးတွေကို မနားမနေ လျှာနဲ့လျက်ပြီး ပင့်တင်လိုက်၊ နီရဲနုနယ်တဲ့ အသားလေးတွေ တဖြည်းဖြည်း ပြေပြစ်လာတာကို ကြည့်လိုက်နဲ့ ရှိတုန်းမှာပဲ ကလေးရဲ့ ဗိုက်ကလေးပေါ် ဖိထိန်းထားတဲ့ အဘွားရဲ့ ညာဘက်လက်မှာ ထိတ်ခနဲ ခံစားလိုက်ရတယ်။
နှေးကွေးညင်သာလှတဲ့ နှလုံးသားနုနုလေး လှုပ်ခုန်မှု။
'ဘုရား ဘုရား.. မြေးကလေးရယ်
ဒါဟာ တကယ်ပဲလားကွယ်'
◾️"နှင်းနှင်းဦး"ဆိုတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ဟာ အဘွားဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာအဟုန်ကြောင့် ကမ္ဘာလောကကြီးမှာ အသက်ရှင်နေထိုင်ခွင့်ရခဲ့သလို မွေးစကနေ ကျောင်းမနေခင်ထိ ငယ်ဘဝတွေကလည်း ဘိုးအေဘွားအေတွေရဲ့ အစွမ်းကုန်အကြွင်းမဲ့ အလိုလိုက်ခံရတဲ့ အင်မတန် ဆိုးသွမ်းတတ်တဲ့ မြေးဦးတွေရဲ့ ဘဝမျိုးနဲ့ ဖြတ်သန်းခဲ့ရတယ်။
◾️တက္ကသိုလ်ကျောင်းသူဘဝမှာလည်း မန္တလေးတက္ကသိုလ်ရဲ့ အလှတရားကို နောက်ခံထားလို့ အဆောင်နေကျောင်းသူဘဝရဲ့ လွတ်လပ်မှု၊ အိမ်ကို လွမ်းဆွတ်မှု၊ ပြီးတော့ စာဖတ်ဝါသနာတူ ချစ်သူကို တွေ့ရှိခဲ့ပြီး ချစ်ရသူနဲ့ လက်ထပ်ခဲ့ပေမယ့်လည်း လောကမှာ အချစ်တစ်ခုတည်းနဲ့ မပြည့်စုံတဲ့ သဘောတရားတွေကိုလည်း ဒီစာအုပ်မှာ တွေ့ရှိရပါလိမ့်မယ်။
◾️အသက်အရွယ်တစ်ခုကို ရောက်တဲ့အခါ လူဟာ ရပ်တည်ချက်တစ်ခုရှိမှသာ ဘဝမှာ နေပျော်ပါတယ်။ ကျောင်းသူဘဝက ကုန်ဆုံးလို့ အိမ်ထောင်သည်ဘဝကို ရောက်လာတဲ့အချိန် ချစ်သူလက်ကို ဆွဲပြီး မြို့ပြကို ရောက်လာတဲ့အခါမှာ မြို့ပြရဲ့ မွန်းကြပ်မှု၊ အလုပ်အကိုင်ခက်ခဲမှုတွေကို ကြုံတွေ့ခဲ့ရာကနေ စိတ်ဓာတ်တွေကျနေတဲ့အချိန် အပ်ချည်ဘူးထဲက ခဲတံလေးနဲ့ ဝတ္ထုလေးတစ်ပုဒ် စရေးမိရာက ပေဖူးလွှာမဂ္ဂဇင်းမှာ ဖော်ပြခံရပြီး စာရေးသူရယ်လို့ ဖြစ်လာခဲ့ပါတယ်။
ဒီစာအုပ်လေးက ဆရာမနုနုရည်(အင်းဝရဲ့) ဘဝ တစ်နည်းအားဖြင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိလေးပါ။ မွေးဖွားချိန်ကစလို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဇာတိမြေ အင်းဝရဲ့ အလှအပတွေ လူနေမှုစရိုက်တွေ၊ တက္ကသိုလ်ကျော်ငးသူဘဝရဲ့ ပျော်ရွှင်ဖွယ်ရာအဖြစ်အပျက်တွေကနေတဆင့် ဘဝတစ်ခု ထူထောင်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အလုံးစုံကို ဆရာမနဲ့ အတူလိုက်ပါစီးမျောလို့ရမယ့် စာအုပ်လေးမို့ ဖတ်ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။
#အသက်နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတစ်ယောက်
#ပစ္စေကဗုဒ္ဓဆိုတာဘာလဲ ပစ္စေကဗုဒ္ဓတွေကဘာကြောင့်တရားမဟောနိုင်ရတာလဲ - ပါချုပ်ဆရာတော် #တရားတော် #တရားတို