30 w - Translate

ငါးအသားနွှင်ငပိထောင်း

မျှင်ငပိ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းဖုတ်ထားပါ။ ငါးကြင်း ငါးမြစ်ချင်းကို အတုံးတုံးပြီး အရသာမှုန့်နယ်ကာ မီးဖြင့် ဟိုဘက်ဒီဘက် ကင်ပေးထားပြီး အသားနွှင်ထားပေးပါ။ ဖုတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုညက်အောင်ထောင်း မျှင်ငပိဖုတ်ထားတာကိုလည်းထည့်ထောင်း နောက်ဆုံးမှ ငါးအသားမျှင်လေးကိုထည့်ထောင်းပေးပါ။ အပေါ်မှ သံပုရာရည်ရွဲရွဲလေးညှစ်ပြီး ငါးအသားနွှင်ငပိထောင်းရှူးရှဲလေးစားကြရအောင် ချစ်တို့ရေ …
#cooking

image
30 w - Translate

ခေါင်းဆောင်ကောင်းဖို့ လိုသလို နောက်လိုက်ကောင်းဖို့လည်း လိုအပ်

တစ်ရံရောအခါက လိမ္မာပါးနပ်သောလှည်းကုန်သည် ဦးစီးသည့် လှည်းငါးရာအစုသည် သဲကန္တာရကို ဖြတ်သန်းပြီး ကုန်ရောင်းထွက်ကြသည်။ ရာသီဥတုမှာ ပြင်းထန်လှသဖြင့် နေ့အချိန်တွင် နားကြပြီး ညအခါမှသာ ခရီးဆက်နိုင်သည်။ ထို့ကြောင့် ကြယ် နက္ခတ်တာရာတို့ကို ကြည့်ပြီး လမ်းကြောင်းရှာဖွေတတ်သော လမ်းပြတစ်ယောက်ကိုပါ ငှားရမ်းခဲ့သည်။ ခရီးမှာ ငါးဆယ့်ကိုးယူဇနာမျှ ကျယ်ပြန့်ပြီး ယနေ့တစ်ညခရီးဆက်ပြီးလျှင်ဖြင့် ကန္တာရကို ကျော်ပေပြီ။ ရှေ့ဆုံးလှည်းမှလမ်းပြသည် ခရီးပန်းသဖြင့် အိပ်ပျော်သွားရာ နွားသည် လမ်းမှားလေသည်။ ရှေ့မှနွားလှည်းလမ်းမှားသဖြင့် နောက်မှလှည်းများလည်း လမ်းမှားကြကုန်သည်။
တစ်ညလုံးမောင်းနှင်ခဲ့ပြီး နံနက်မိုးသောက်မှ မနေ့ညက ခရီးစထွက်ခဲ့သော ဒုံရင်းနေရာသို့ ပြန်ရောက်နေသည်ကို တွေ့ကြရသည်။ နောက်ထပ်တစ်ည အချိန်ပေးပြီး ခရီးဆက်လျှင် လိုရာအရပ်သို့ ရောက်မည်မှန်သော်လည်း ဆိုးဝါးသည့်အချက်မှာ သောက်ရေကုန်သွားခြင်းဖြစ်သည်။ အစားအစာများ ကျန်သေးသော်လည်း သောက်ရေမရှိသည်က ဆိုးလို့နေသည်။ ရာသီဥတုမှာ အင်မတန်မှ ပူပြင်းလှသဖြင့် သောက်ရေမရှိဘဲ နေ့ဘက်ခရီးဆက်ရန်မှာ မဖြစ်နိုင်သလို ရေမသောက်ဘဲ ညအထိတောင့်ခံပြီး ခရီးဆက်ဖို့မှာလည်း မဖြစ်နိုင်ပေ။ လှည်းမှူးသည် အနီးပတ်ဝန်းကျင်သို့ လှည့်လည်စူးစမ်းရာ တစ်နေရာတွင် နေစာမြက်တို့ ပေါက်ရောက်ရှင်သန်နေသည်ကို တွေ့ရသည်။ အပင်ရှိလျှင် ရေရှိမည်မှာမလွဲ။ လှည်းသမားတို့သည် အတောင်ခြောက်ဆယ်ထိ တူးမိသောအခါ ကျောက်ဖျာကိုတွေ့သည်။ လှည်းသမားတို့သည် စိတ်ဓာတ်ကျပြီး အားလျော့လေသည်။

လှည်းမှူးသည် ငါပါစိတ်ဓာတ်ကျနေလျှင် အားလုံးသေဖွယ်ရာရှိသည်ဟု တွေးပြီး တွင်းထဲသို့ဆင်းကာ ကျောက်ဖျာကို ကပ်ပြီး နားထောင်ရာ ရေစီးသံကို ကြားရသည်။ တွင်းပေါ်တက်ပြီး လှည်းသမားတို့ကို ပြောပြရာ ခြေကုန်လမ်းပမ်းကျနေသဖြင့် ခေါင်းတခါခါနှင့် ဆက်လက်တူးရန် တွန့်ဆုတ်နေသည်။ လှည်းမှူး၏ တပည့်ရင်းတစ်ဦးသာလျှင် တွင်းထဲသို့ဆင်းပြီး သံတူရွင်းဖြင့် အားစိုက်ခွဲရာ ကျောက်ဖျာသည် ရေစီးကြောင်းပေါ် ကန့်လန့်ခံပြီး ကျိုးကြသဖြင့် ရေချိုတို့သည် တွင်းပေါ်ထိတိုင်အောင် ပန်းထွက်လာသည်။ ထိုအခါမှ လှည်းသမားနှင့် နွားများသည် ရေချိုတို့ကို သောက်သုံးကြသည်။ ထိုနေရာတွင်ပင် ချက်ပြုတ် စားသောက်ကြသည်။ ရေထွက်သောနေရာတွင် တိုင်ထူကာ တံခွန်ဆွဲပြီး နောက်လူတို့ အသုံးပြုနိုင်ရန် အမှတ်အသားပြုခဲ့ပြီး ချမ်းသာစွာ ခရီးဆက်သွားကြသည်။

ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ ဝဏ္ဏပထဇာတ်တော်တွင် ခေါင်းဆောင်က မည်မျှကောင်းကောင်း မိမိကိုယ်တိုင် ဝိရိယစိုက် ကြိုးစားအားထုတ်မှသာ လိုရာဆန္ဒပြည့်ဝနိုင်ကြောင်း သင်ခန်းစာယူမိပါသည်။ တစ်ခါတစ်ရံ၌ ကာလရှည်ကြာစွာ ကြိုးစားအားထုတ်ထားသည်ကို ပန်းတိုင်ရောက်ရန် ခြေတစ်လှမ်းစာအလိုရောက်မှ ရပ်တန့်မိလိုက်သဖြင့် ဆုံးရှုံးရသည်များလည်း ရှိတတ်သည်ကို သတိချပ်သင့်ပေသည်။

image
30 w - Translate

Relationship တစ်ခုခိုင်မြဲချင်ရင်'
💚❤💚❤💚❤💚❤💚❤

1-အပြန်အလှန် ချစ်ပါ။

2-မလိမ်ပါနဲ့။

3-အဆက်အသွယ်ပြတ်တာမျိုး မရှိပါစေနဲ့။

4-တစ်ခုခု နာကျင်ရရင် ခွင့်လွှတ်ပြီး မေ့ပစ်ပါ။

5-ပြတ်မယ်/လမ်းခွဲမယ်လို့ လုံးဝမပြောပါနဲ့။

6-ဖြစ်နိုင်ရင် မရွဲ့ပါနဲ့။

7-တစ်ယောက်နဲ့ တစ်ယောက်ကြား"မာနနဲ့အတ္တ"ကိုမေ့ထားပါ။

8-ကိုယ်မှားတဲ့ အခါတောင်းပန်ပါ/သူမှားတာကို ခွင့်လွှတ်ပါ(ချစ်သူတွေပါ ရန်သူတွေမှမဟုတ်တာ မှတ်မထားပါနဲ့)

9-(EX) အကြောင်းလုံးဝ မပြောပါနဲ့။

10-အတိတ်နဲ့ ပစ္စုန်ပ္ပန်ကို မနိူင်းယှဉ်ပါနဲ့။

11-အပေးနဲ့ အယူ မျှတမှုရှိပါစေ။

12-သူ/သူမ ရဲ့ ခံစားမှုကို အလေးထားပေးပါ။

13-ရန်ဖြစ်စကားများကြတဲ့အခါ ပြန်အဆင်မပြေသေးပဲနဲ့ နေ့ရက်တွေ မကုန်လွန်စေပါနဲ့။

14-အပျော်တွေ ဝေမျှပါ။

15-တစ်ခြားလူတွေနဲ့ (Facebook)မှာ တော်ရုံပဲ စကား ပြောပါ။

16-ဘာကြောင့်ပဲ စိတ်ဆိုးဆိုး မအော်ပါနဲ့။

17-ရံဖန်ရံခါ အတူတူလျှောက်သွားပါ / ပျော်စရာတွေနှစ်ယောက်အတူရှာဖွေပါ။

18-(2)ရက်ထပ်ပိုပြီးတော့ စိတ်မကောက်ပါနဲ့။

19-အတူရှိနေချိန်မှာ ရှေ့ရေးကို ကြိုတွေးတောပါ /Plan ချပါ။

20-တစ်ယောက်နဲ့တစ်ယောက် တက်နိုင်သလောက် နားလည်မှုထားပါ/ခြားနားချက်တွေကိုရှာဖွေပါ...ညှိယူပါ /နားလည်ပေးပါ........ ။

image
30 w - Translate

လှတယ် Strongဖြစ်တယ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီးထက်မြက်ပါတယ်ဆိုတဲ့မိန်းကလေးတွေတောင်မှ emotional support နဲ့ connection ကိုကိုယ့် partner ဆီကမျှော်လင့်တက်ကြတာထုံးစံပါပဲ

အဲ့ဒါနဲ့ပတ်သတ်ပြီးဘာမှရှက်စရာလဲမလိုသလို စိုးရိမ်စရာလဲမလိုပါဘူး
There’s no shame in that!

အရာရာလုပ်ဆောင်နိုင်ပြီး strong/independent ဖြစ်တဲ့အမျိုးသမီးတွေကိုသူတို့ရဲ့မိသားစု/ခင်မင်ရင်းနှီုးတဲ့သူတွေနဲ့ပတ်ဝန်းကျင်ကသူတွေသတ်မှတ်ထားတတ်လေ့ရှိတာက

"သူတို့ကအကြောတင်းတယ် ရင်ဆိုင်နိုင်တယ် ငါတို့ရဲ့အားပေးမှုကိုမလိုလောက်ပါဘူး"ဆိုပြီးထင်မြင်တတ်ကျလေ့ရှိတယ်
သိပ်ပြီးတော့ဂရုလဲမစိုက်သလိုအရေးလဲမထားတတ်ကျဘူးသူတို့ဘာဖြစ်ဖြစ်အချိန်တန်ရင်ပြန်ကောင်းသွားလိမ့်မယ်ဆိုပြီးလွှတ်ထားတတ်ကျတယ်
(အထူးသဖြင့်သူတို့ရဲ့partnerဆီကပေါ့)

But တော်တော်များများသတိမထားမိတာက

အဲ့လိုဆက်ပြီးအကြောတင်းနိုင်ဖို့
-ငွေတွေရှာနိုင်ဖို့
-လှနေနိုင်ဖို့
-ထက်မြတ်နေနိုင်ဖို့အတွက်ဆိုရင်
သူတို့ပတ်ဝန်းကျင်ကသူတို့အလေးထားရတဲ့သူတွေ ချစ်ရတဲ့သူတွေရဲ့စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ကိုများစွာလိုအပ်ပါတယ်

စီးပွါးတွေအသဲအသန်ရှာ.. လူကြားထဲမှာမျက်နှာကြောကိုတင်းနေအောင်ထားပြီးတကယ့်ကိုမှခြင်္သေ့မလိုနေနေရပေမဲ့လဲ
ကိုယ့်ချစ်သူရဲ့
"ချစ်ပင်ပန်းသွားပြီ ကော်ဖီသောက် အာဘွား"
"Morning kiss"
"စားပြီးပြီလားဗိုက်အဆာမခံနဲ့နော် love you"ဆိုတဲ့စကားလေးတွေကြားမှကြောင်ပေါက်လေးဖြစ်သွားတယ်

**အဲ့လိုကြောင်ပေါက်လေးလိုအဆက်ဆံခံလိုက်ရမှရှေ့ဆက်ပြီးခြင်္သေ့မဖြစ်ဖို့အတွက်အားအင်ရမှာပေါ့**

ရည်မှန်းချက်အတွက်အသဲအသန်သွားနေတဲ့အချိန်မှာမိန်းကလေးဆိုရင်ရိချင်/စော်ကားချင်တဲ့သူတွေကိုရင်ဘောင်တန်းတိုက်ပွဲဝင်ပြီးတကယ့်ကိုမှလူကြမ်းတစ်ယောက်လိုရုံးကန်နေရပေမဲ့လဲ

ကိုယ့်မိဘညီအစ်ကိုမောင်နှမရဲ့
"အရမ်းဂုဏ်ယူလိုက်တာငါ့သမီးလေးကို"
"ငါ့အစ်မကငါ့အတွက် heroပဲ"
"ဘာတွေပဲဖြစ်နေနေသမီးအနောက်မှာအမေတို့ရှိတယ်"ဆိုတဲ့စကားတွေကြောင့်လဲမင်းသမီးလေးလိုဖြစ်သွားရပြန်တယ်

***အဲ့လိုမင်းသမီးဆိုပြီးအဆက်ဆံခံလိုက်ရမှလူကြမ်းမ လုပ်ဖို့အတွက်အားအင်ရတာပေါ့***

အဲ့ဒါကြောင့်မို့လို့
Emotional support/connection ဆိုတာထက်မြတ်တဲ့မိန်းကလေးတွေမှာဆိုရင်ပိုလို့တောင်လိုအပ်ပါသေးတယ်

သူတို့တွေအပြင်ပန်းမှာဘယ်လောက်ပဲမာကျောတယ်လို့မြင်ရပစေ သူတို့ဟာလဲလူသားပဲ
Love ,support and connection ကိုတခြားလူတွေနည်းတူ
-ဆာလောင်နေတဲ့သူတွေပဲ
-လိုအပ်နေတဲ့သူတွေပဲဆိုတာpartnerတွေ family တွေအနေနဲ့နားလည်ထားဖို့လိုအပ်ပါတယ်

Strong/independent မိန်းကလေးတွေကိုယ်တိုင်ကလဲလိုအပ်လာရင် မိသားစာနဲ့ချစ်သူဆီကပွင့်ပွင့်လင်းလင်းတောင်းဆိုသင့်တယ်
သူတို့ရှေ့မှာ vulnerableဖြစ်ဖို့မကြောက်ပါနဲ့
ဘာလို့လဲဆိုတော့
ဆက်လက်ပြီးလှနေနိုင်ဖို့/ထက်မြတ်နေနိုင်ဖို့/ငွေရှာနေနိုင်ဖို့/အကြောတင်းနိုင်နေဖို့အတွက်ပါ

image
30 w - Translate

ငယ်ငယ်တုန်းက သောက်ခဲ့ဖူးတဲ့ ပုလင်းလေးတွေ
ကိုယ်တွေကတော့ 7up နဲ့ Fruito အကြိုက်ဆုံး
ဘော်ဘော်တို့က ဘာကြိုက်လဲ 😁
အရသာကလဲရှယ် gasကလဲ ပြင်းပြင်းလေး
ခုအအေးတွေနဲ့ တခြားစီပဲ

image
30 w - Translate

Life is short. Don't waste it being sad. Be who you are, be happy, be free, be whatever you want to be.

image
30 w - Translate

MALAYSIAN TELCO AXIATA TO SELL MYANMAR TELCO TOWER BUSINESS FOR US$ 150 MILLION

https://www.businesstimes.com.....sg/international/ase

image
30 w - Translate

လုပ်လို့ရရင် အတော်မိုက်မယ်

image
30 w - Translate

လုပ်လို့ရရင် အတော်မိုက်မယ်

image
30 w - Translate

လုပ်လို့ရရင် အတော်မိုက်မယ်

image