အော်စကာ ဆော်ပေါ်လိုအသင်း ပြောင်းရွှေ့
-----------------------
အသက်(၃၃)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း အော်စကာဟာ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကို တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အော်စကာဟာ သူ့ရဲ့ကစားသမားဘဝအစကို ဆော်ပေါ်လိုအသင်းမှာကစားရင်း စတင်ခဲ့တာဖြစ်သလို အခုအချိန်မှာ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အော်စကာဟာ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့သူတစ်ယောက်ဖြစ်ပြီး တရုတ်ကလပ် ရှန်ဟိုင်း ပေါ့အသင်းကို (၂၀၁၇)ခုနှစ်မှာ ပြောင်းရွှေ့ကာ (၈)ရာသီကြာ ကစားနေခဲ့တာဖြစ်ပါတယ်။
ကစားသမားဘဝ စတင်ခဲ့ရာ ဆော်ပေါ်လိုအသင်းမှာ ပြန်ကစားရမှာဖြစ်သလို ဘရာဇီးမြေပေါ် ပြန်ရောက်လာ ခဲ့တဲ့အတွက် ပျော်ရွှင် မိတယ်လို့ အော်စကာက ပြောပါတယ်။ အော်စကာဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီး ယားလိဂ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်တာကြောင့် လည်း အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ဆော်ပေါ်လိုအသင်းက ယုံကြည်နေ ပါတယ်။ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းဟာ အော်စကာကို (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့တာြဖစ်ပါတယ်။
