Mission: Impossibe — Final Reckoning ရဲ့ ထုတ်လုပ်ရေးဘတ်ဂျက် ဘယ်လောက်လဲ
မတ် ၂၇၊ ၂၀၂၅။
သရုပ်ဆောင် Tom Cruise ရဲ့ နောက်ဆုံး Mission Impossibe ရုပ်ရှင်ဖြစ်တဲ့ Mission: Impossibe — Final Reckoning ဟာ မေ ၂၃၊ ၂၀၂၅ မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ကနဦးသုံးသပ်ချက်တွေနဲ့ သတင်းတွေအရ Mission: Impossibe — Final Reckoning ဟာ အနည်းဆုံး ကန်ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၄၀၀ အတွင်း ကုန်ကျကြောင်း သိထားပေမယ့် ယခုအခါမှာတော့ သတင်းထောက် Matt Belloni ရဲ့ အဆိုအရ သိခဲ့ရပါတယ်။ Mission: Impossibe — Final Reckoning ဟာ စုစုပေါင်း ကန်ဒေါ်လာ သန်း ၄၀၀ အထိ ကုန်ကျထားကြောင်း Mark Belloni က The Town podcast အစီအစဥ်မှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် The Hollywood Reporter မဂ္ဂဇင်းကလည်း Mission: Impossibe — Final Reckoning ဟာ ကန်ဒေါ်လာ သန်း ၄၀၀ ဝန်းကျင်အထိကုန်ကျထားကြောင်း လွန်ခဲ့တဲ့လပိုင်းက ရေးသားဖော်ပြခဲ့ပါသေးတယ်။
​ယခင်ကရုံတင်ခဲ့တဲ့ Mission: Impossibe — Dead Reckoning Part One ဟာ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်ကျခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၀၀ ကျော်သာ ပြန်ရခဲ့တဲ့အတွက် ထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီ Paramount ဘက်က ဝင်ငွေအရ အရှုံးပေါ်ခဲ့ရသလို ယခု Mission: Impossibe — Final Reckoning ဟာလည်း ကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျခဲ့တာကြောင့် Paramount အတွက် မျက်ခုံးလှုပ်စရာဖြစ်နေပါတယ်။
Mission: Impossible – Dead Reckoning Part One နဲ့ Mission: Impossibe — The Final Reckoning ဟာ ဇာတ်လမ်းတစ်ခုတည်းဖြစ်ပြီး နှစ်ကားခွဲပြီးပြသမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ ကမ္ဘာဖျက်လက်နက်တစ်ခုဟာ အင်အားကြီးဒုစရိုက်အဖွဲ့တစ်ခုဆီကိုရောက်ရှိသွားတဲ့ Ethan Hunt တို့အဖွဲ့ဟာ လက်နက်ကိုပြန်လည်ရယူဖို့ကြိုးစားကြတဲ့အကြောင်းဖြစ်ပါတယ်။
Mission: Impossible Dead Reckoning — Part One ကိုရော Mission: Impossibe — The Final Reckoning ကိုပါ ဒါရိုက်တာ Christopher McQuarrie က ရိုက်ကူးပေးထားတာဖြစ်ပြီး Tom Cruise, Esai Morales, Hayley Atwell, Ving Rhames, Simon Pegg, Rebecca Ferguson, Vanessa Kirby နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါသေးတယ်။

image

Josh Hartnett ရဲ့လေယာဥ်ပေါ်မှာချကြမယ့် Fight Or Flight Official Trailer

"Fantastic Four" ဟာ Guardians of the Galaxy နဲ့ Black Panther လိုပဲ အောင်မြင်လာနိုင်တယ်လို့ Paul Walter Hauser က ပြောပါတယ်။
Paul Walter Hauser ကတော့ ဒီနှစ် July မှာထွက်မယ့် "The Fantastic Four: First Steps" နဲ့ Marvel Cinematic Universe ကို ပထမဦဆုံး ဝင်ရောက်လာသူဖြစ်ပါတယ်။ သူက "The Luckiest Man in America" ကို Promotion လုပ်ဖို့ The Direct နဲ့ စကားပြောရင်း "Fantastic Four" ဟာ Marvel ရဲ့ ရုံဝင်ငွေ အတက်အကျတွေကနေ ပြန်လည်အောင်မြင်မှုရလာအောင် လုပ်ပေးနိုင်မယ်လို့ပြောခဲ့ပါတယ်။
"Marvel ဟာ လူတွေကို ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး လူတွေ ပျော်ရွှင် ခံစားနိုင်ဖို့ ဖျော်ဖြေရေးတွေအများကြီး ဖန်တီးပေးနေတာပါလို့" လို့ Hauser က ပြောပါတယ်။ "ကျွန်တော်တို့ တစ်ယောက်မှ ၁၀၀% ပြည့်စုံတာ မဟုတ်ပါဘူး။ တစ်ခါတလေမှ Target Audience က အတိအကျ မထိနိုင်ကြပါဘူး။ လူတိုင်းကြိုက်တဲ့ ဒါရိုက်တာတောင် တစ်ခါတစ်လေ စိတ်ပျက်စေတဲ့ ရုပ်ရှင်တစ်ကားကိုတော့ ရိုက်ခဲ့ဖူးပါပဲ။ ဒါက အမှန်တရားပဲ။" လို့ပြောပါတယ်။
"ဒါကြောင့် ကျွန်တော်တို့ရဲ့ ရုပ်ရှင် 'Fantastic Four: First Steps' ဟာ ကျွန်တော့်အမြင်အရဆိုရင်၊ ဒီနှစ်ရဲ့ Marvel ရုပ်ရှင်ထဲမှာ ကျွန်တော်တို့က အကောင်းဆုံးပဲလို့ ယုံကြည်ပါတယ်။ ဒါက ကြည့်ကို ကြည့်ရမယ့် ရုပ်ရှင်တစ်ကားပါ" လို့ သူက ထပ်ပြောပါတယ်။ "ဒီရုပ်ရှင်ဟာ သမိုင်းမှာ မှတ်တမ်းတင်ခံရမယ့် ရုပ်ရှင်တစ်ကားဖြစ်ပြီး၊ ကုမ္ပဏီအတွက် အောင်မြင်တွေယူဆောင်လာမယ့် ရုပ်ရှင်တစ်ကားလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီဇာတ်ကားက 'Guardians of the Galaxy' နဲ့ 'Black Panther' တို့လို ပုံစံမျိုးနဲ့ ဆင်တူပါတယ်။
Marvel ဟာ ဒီနှစ်မှာ "Captain America: Brave New World" နဲ့ ရုံတင်ဝင်ငွေပိုင်းမှာ စိတ်ပျက်စေခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်း ဝင်ငွေ ၄၀၁ သန်းသာ ရရှိခဲ့ပါတယ်။ ၂၀၂၅ ရုံတင်ပြသမယ့်ထဲမှာတော့ "Thunderbolts" နဲ့ "Fantastic Four" တို့ ပါဝင်ပါတယ်။ မနှစ်က "Deadpool and Wolverine" က ဘီလီယံနဲ့ချီတဲ့ အောင်မြင်မှု ရှိခဲ့ပေမယ့်၊ Marvel ဟာ ၂၀၂၃ ခုနှစ်က "Ant-Man and the Wasp: Quantumania" နဲ့ "The Marvels" လို ရှားပါးတဲ့ ရုံတင်ဝင်ငွေ မအောင်မြင်မှုတွေ ကြုံခဲ့ရပါတယ်။ Hauser ရဲ့ အဆိုအရ "Fantastic Four" ဟာ ဒီလိုအဖြစ်အပျက်မျိုးတွေ မကြုံရဖို့ မျှော်လင့်ရပါတယ်။
"The Fantastic Four: First Steps" ကို Matt Shakman က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး၊ Pedro Pascal၊ Vanessa Kirby၊ Joseph Quinn နဲ့ Ebon Moss-Bachrach တို့က အဓိက လူလေးယောက်အဖွဲ့နဲ့ သရုပ်ဆောင်ထားပါတယ်။ Ralph Ineson နဲ့ Julia Garner တို့က Galactus နဲ့ Silver Surfer ဆိုတဲ့ ဗီလိန်နှစ်ယောက်အဖြစ် ပါဝင်ထားပြီး၊ Hauser နဲ့ John Malkovich တို့ကတော့ လျှို့ဝှက်ထားတဲ့ ဇာတ်ရုပ်တွေနဲ့ ပါဝင်ပါတယ်။

image

'PEACEMAKER' Season 2 ရဲ့ First Look
Season 2 ကိုတော့လာမယ့် August 21 ရက်နေ့မှာ ကြည့်ရတော့မှာဖြစ်ပါတယ်။

image
13 w - Translate

ဒါက Milky Way ဂလက်ဆီမှာရှိတဲ့ နေရဲ့ ခန့်မှန်းခြေတည်နေရာပါ။ ကျွန်တော်တို့နဲ့ ဂလက်ဆီရဲ့ အလယ်ဗဟိုအထိ အကွာအဝေးဟာ အလင်းနှစ် ၂၆၀၀၀ ရှိပြီး "Sagittarius A*" လို့ ခေါ်တဲ့ စူပါတွင်းနက်ကြီးတစ်ခု တည်ရှိရာနေရာဖြစ်ပါတယ်။
သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃.၆ ဘီလီယံလောက်ရှိ
ပြီဖြစ်တဲ့ (Milky Way) နဂါးငွေ့တန်း ဂလက်ဆီကြီးရဲ့ အချင်းဟာ အလင်းနှစ် ၁၀၀,၀၀၀ ခန့်ရှိပြီး ကြယ်ပေါင်း ၁၀၀ ဘီလီယံကနေ ၄၀၀ ဘီလီယံအထိ ရှိတယ်လို့ဆိုပါတယ်။
#area51 #galaxy #milkyway #solarsystem

image
13 w - Translate

ဧပြီလ (၇) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image
13 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများအတွက် သွင်းကုန်လိုင်စင်များ ဆက်လက်ခွင့်ပြုထုတ်ပေးမည်
လတ်တလောဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်မှုကြောင့် လိုအပ်လျက်ရှိသည့်ဆေးဝါး၊ သံချောင်း၊ သွပ်ပြားလိပ်၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့်ရေပစ္စည်းစက်ရုံသုံးစက်နှင့်စက်အရန်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် သွင်းကုန်ပစ္စည်းများအား နိုင်ငံခြားသုံးငွေ အမျိုးအစားအလိုက် လိုင်စင်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း လတ်တလောလိုအပ်လျက်ရှိသည့် ဆေးဝါးနှင့်ဆေးအထောက်အကူပြု ပစ္စည်းများအားတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ဝ၃ ကိုငလျင်ဖြစ်ပွားပြီးနောက် ယခုရက်ပိုင်းအတွင်း သွင်းကုန်လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည် တွင်းတွင် ဆေးဝါးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ လုံလောက်စွာသုံးစွဲနိုင်ရေးအတွက် အထူးလိုအပ်သည့် ဆေးပစ္စည်းများကိုသွင်းကုန်လိုင်စင်များ ဆက်လက်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အထူးလိုအပ်သော သံချောင်း၊ သွပ်ပြားလိပ်၊ သံမဏိပစ္စည်း၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့် ရေပစ္စည်းစက်ရုံသုံးစက်၊ မြေပြင်လုပ်ငန်းသုံး စက်ကိရိယာနှင့် ယာဉ်ယန္တရားသုံးစက်အရန်ပစ္စည်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ဝ၃၉ သန်းကို ငလျင်ဖြစ်ပွားပြီးနောက် သွင်းကုန်လိုင်စင် အမြန်ဆုံးထုတ်ပေးခဲ့ကြောင်း၊ ငလျင်ဘေးသင့် ပြန်လည်ထူထောင်သည့်ကာလအတွင်း လိုအပ်ချက်ရှိသော အရေးကြီးကုန်စည်များအားစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန က ၂၄ နာရီအတွင်း သွင်းကုန်လိုင်စင်ရရှိရေး အမြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ဆေးဝါးများအပြင်ပြန်လည်ထူထောင်ရေး အတွက်တည်ဆောက်ရေးပစ္စည်းများအား ပြည်ပမှအချိန်မီတင်သွင်းနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် One Stop Service Team များဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

image
13 w - Translate

100% Wolf (202

Animation ဇာတ်ကားသစ်လေးပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ ဝံပုလွေမျိုးနွယ်
ခေါင်းဆောင်လောင်းလျာလေးဖြစ်တဲ့ ဖရက်ဒီလူပင်ပါ။ သူက အင်အားကြီးတဲ့ ဝံပုလွေတစ်ကောင်
ဖြစ်လာရမယ်ဆိုပေမဲ့ သူတကယ်တန်းအသွင်ပြောင်းတော့ ပူဒယ်ခွေးလေးတစ်ကောင်အဖြစ်ပြောင်း
သွားပါတယ်။ ခွေးတွေကို မုန်းတဲ့ ဝံပုလွေအုပ်ကို ခေါင်းဆောင်ရမယ့်သူက ပူဒယ်လေး တစ်ကောင်
ဖြစ်နေတော့ သူခေါင်းဆောင်လုပ်ဖို အဆင်ပြေနိုင်ပါမလား။ အခက်အခဲတွေကြားကနေ ခေါင်းဆောင်
ဝံပုလွေဖြစ်ဖို ထိုက်တန်ကြောင်းကို သူဘယ်လိုတွေသက်သေပြမလဲဆိုတာ ကြည့်လိုက်ကြပါဦး။
တော်တော်ကြည့်လိုကောင်းတဲ့ Animation ကားလေးပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/231

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
13 w - Translate

ကိုယ်၀န်ရနေချိန် ညီမ‌‌ဖြစ်သူရဲ့ ဖျက်ချခဲ့ တဲ့ ကလေး ဝိဉာဉ်က ခြောက်လှန့် တိုက်ခိုက်တာကို ခံနေရတဲ့ အခါ

➪➪➪➪➪➪➪➪➪➪➪➪➪➪

အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ မရနိုင်ဘူး ဖြစ်နေခဲ့တယ်။ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတိုနှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတိုအိမ်မှာစပြီး ကြုံခဲ့ရတော့တယ်။အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကိုကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်။Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာသည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

image
13 w - Translate

အမေရိကန်အဆိုတော်တစ်ယောက်လုပ်ကြံသတ်ဖြတ်ခံရမှုကိုကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ရုပ်ရှင်

City of Lies
2018 ‧ Crime/Thriller ‧ 1h 52m

ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ
အဲဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ…
အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို
ပျင်းစရာကောင်းမှာပဲလို တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်…
ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း
Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲအပါအဝင်
LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်…

မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို
Los Angeles မြိုကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲကွဲ လှော်ကြပါတယ်…
1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ…
ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ…
နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့
Jackson ဆိုတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်…
အမှုတစ်ခုတည်းကို နှစ်ရှည်လများ စုံစမ်းလာခဲ့တဲ့ စုံထောက်တစ်ယောက်နဲ့
လုပ်ငန်းအတွင်း နာမည်ကောင်းတစ်ခုရဖို ကြိုးစားနေတဲ့ သတင်းထောက်တို ပူးပေါင်းမိချိန်မှာတော့
ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ရှုစားကြပါဦး…
နာမည်ကျော်မင်းသားကြီး Johnny Depp နဲ့ Forest Whitaker တိုက
အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်

image