ထိုင်းပြည်ပပို့ကုန်တန်ဖိုး မြင့်တက်နေသော်လည်း ကုန်သွယ်မှုလိုငွေ ရှိနေဆဲဖြစ်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆

ထိုင်းနိုင်ငံဟာ နိုဝင်ဘာလအတွင်း ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂၅.၆၁ ဘီလျံ (ဘတ် ၈၇၄.၈၄ ဘီလျံ) ရရှိပြီး အောက် တိုဘာလထက် ၈.၂% မြင့်တက်လာကြောင်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး (TPSO) က ဒီဇင်ဘာ ၂၅ ရက်နေ့ (ဗုဒ္ဓဟူး) နေ့က ပြောပါတယ်။

ပြည်ပပို့ကုန်တန်ဖိုးဟာ နိုဝင်ဘာလအထိ တစ်ဆက်တည်း ငါးလဆက်တိုက်မြင့်တက်လာခဲ့တာဖြစ်ကြောင်း TPSO ညွှန် ကြားရေးမှူး ပွန်ပေါင်းနိုယာနာပါခွန်က သတင်းထောက်တွေကို ပြောပါတယ်။

ရေနံထွက်ပစ္စည်းတွေ၊ ရွှေနဲ့ စစ်လက်နက်ပစ္စည်းတွေ မပါဘဲ ပြည်ပပို့ကုန်တန်ဖိုးဟာ ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင် ၇% မြင့် တက်လာခဲ့တာဖြစ်ပါတယ်။ ပြည်ပပို့ကုန်တန်ဖိုးမြင့်တက်ပေမဲ့လည်း သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၅.၈၃ ဘီလျံရှိနေတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၂၄.၄ သန်း ရှိနေဆဲဖြစ်ပါတယ်။

အခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံရဲ့ စုစုပေါင်းပြည်ပပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၂၇၅.၇၆ ဘီလျံရှိပြီး ၂၀၂၃ ခုနှစ် ထက် ၅.၁% မြင့်တက်လာခဲ့ကြောင်း မစ္စတာပွန်ပေါင်းက ပြောပါတယ်။

တပြိုင်တည်းမှာပဲ သွင်းကုန်ကလည်း ဒေါ်လာ ၂၈၂.၀၃ ဘီလျံ ရှိတဲ့အတွက် အဲဒီကာလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ် လာ ၆.၂၇ ဘီလျံ ရှိပါတယ်။

နိုဝင်ဘာလအတွင်း လယ်ယာထွက်ကုန်နဲ့ လယ်ယာစက်မှုထွက်ကုန် ပြည်ပပို့ကုန် ၅.၇% မြင့်တက်ခဲ့သလို စက်မှု ထုတ်ကုန်တွေကလည်း ၉.၅% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်၊ အာဆီယံနိုင်ငံများနဲ့ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် တို့ပါဝင်တဲ့ CLMV အုပ်စုနိုင်ငံများအပါအဝင် အဓိကဈေးကွက်နိုင်ငံတွေကို တင်ပို့မှုဟာလည်း ၈.၃% မြင့်တက်ခဲ့ပါတယ်။

ဒီဇင်ဘာလအတွက် ပြည်ပပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၂၄.၃ ဘီလျံရှိမယ်လို့ ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး (TPSO) က ခန့်မှန်းထားတဲ့အတွက် စုစုပေါင်း တစ်နှစ်လုံးပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ဘီလျံ ၃၀၀ နီးပါးရှိလာမှာဖြစ် တဲ့အတွက် အခုနှစ်အတွင်း ၅.၂% မြင့်တက်လာမှာဖြစ်ပါတယ်။

ဒီပမာဏဟာ ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂၈၇.၄ ဘီလျံရှိခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကတွက်ရင် အမြင့်ဆုံးနှုန်းထားဖြစ် တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေကနေ ထွက်ပေါ်လာတဲ့ စီးပွားရေးမရေရာမှုတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း အလယ်အလတ်ပြည်ပပို့ကုန် တိုးတက်မှုနှုန်း ၂% ကနေ ၃% အတွင်းသာရရှိဖို့ မျှော်လင့်ထားတယ်လို့ မစ္စတာပွန်ပေါင်းက ပြောပါတယ်။

Ref: November marks 5th consecutive month of export growth for Thailand

#သတင်းဟင်းလေးအိုးကြီး

image
16 ပတ် - ဘာသာပြန်ပါ။

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေး တရုတ်ပြင်ဆင်နေ

ဘေကျင်း၊ ဒီဇင်ဘာ ၂၆

တရုတ်သည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအတွက် အထူးကျွမ်းကျင်သူများအဖွဲ့ကို ခိုင်မာစွာဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် ကာလကြာရှည် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများ ထပ်မံပေါ်ပေါက်လာမည်ဟု ဖိလစ်ပိုင်က ခြိ-မ်းခြော-က်နေချိန်၌ တရုတ်က ထိုကဲ့သို့ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

လာမည့်နှစ်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်အတွက် အလွန်အရေးကြီးသည့် အခွင့်အလှမ်းကို ရရှိမည့် နှစ်ဖြစ်သည်ဟု တရုတ်၏ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် သမုဒ္ဒရာဆိုင်ရာ အုပ်ချုပ်ရေး ဟွာယန်းစင်တာ (Huayang Centre for Maritime Cooperation and Ocean Governance) ၏ ဥက္ကဋ္ဌလည်းဖြစ် တောင်တရုတ်ပင်လယ်ရေးရာ အမျိုးသားအင်စတီကျုကို ထူထောင်သူလည်းဖြစ်သူ ဝူရှီကန် (Wu Shicun) က ပြောကြားခဲ့သည်။

အမေရိကန်တွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ပြန်လည် ရွေးကောက်ခံရမှုနှင့်အတူ တောင်တရုတ်ပင်လယ်၏ အနာဂတ်သည် မသေချာမှုများ ရှိနေချိန်တွင် ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်များ ပိုင်ဆိုင်မှု အငြ-င်းပွားနေသည့် ပြဿနာအတွက် တရားရေး လုပ်ထုံးလုပ်နည်းများဖြင့် စီရင်ရန် ပြင်ဆင်မည်ဟု ခြိမ်းခြောက်နေကြောင်း ဝူက ပြောသည်။

"တရုတ်ရဲ့ ပင်လယ်ရေကြောင်း အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ တခြားနိုင်ငံတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ တရုတ်အနေနဲ့ တရားရေးကျွမ်းကျင်သူတွေပါတဲ့ ကေဒါအဖွဲ့ကို ထူထောင်ဖို့ လိုအပ်နေပါတယ်" ဟု ၎င်းက ဆို သည်။

ထိုအဖွဲ့တွင် ပါဝင်သူများအနေဖြင့် နိုင်ငံတကာဥပဒေကို သိရှိနားလည် ထားရုံသာမက အခြားနိုင်ငံများ၏ နိုင်ငံရေး အခြေအနေများကိုသိရှိပြီး နိုင်ငံခြား ဘာသာစကားများ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရမည်ဖြစ်ကြောင်း ဝူက ပြောကြားခဲ့သည်။

ဝူသည် ပြီးခဲ့သည့် သီတင်းပတ်က ဘေကျင်းမြို့တော်တွင် ဟွာယန်းစင်တာက ပူးတွဲကျင်းပသော နိုင်ငံတကာ အငြ-င်းပွားမှုဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာသေးမီ လများအတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများနှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများ၊ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများအကြားတွင် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ သည်။

Source: South China Morning Post

ပုံ - တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
16 ပတ် - ဘာသာပြန်ပါ။

ခုတလော ကိုယ့်ကို
Healing ဖြစ်စေတဲ့ စကားလေးတခွန်းရှိတယ်။
"အတူရှိဖို့ကံ့ပါလာရင် အတူရှိသွားပါလိမ့်မယ်တဲ့"
#စာတို

16 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🌸🌸🌸

ဂေါ်ရာစပ်လှလှလေး ကျောက်သားတင်းပြောင်
ပွင့်အားကောင်း အသန့်လေးတွေကြီးပဲ အရွယ်ညီညီလေး

#gems

image
16 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🌸🌸🌸

ဂေါ်ရာစပ်လှလှလေး ကျောက်သားတင်းပြောင်
ပွင့်အားကောင်း အသန့်လေးတွေကြီးပဲ အရွယ်ညီညီလေး

#gems

image
16 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🌸🌸🌸

ဂေါ်ရာစပ်လှလှလေး ကျောက်သားတင်းပြောင်
ပွင့်အားကောင်း အသန့်လေးတွေကြီးပဲ အရွယ်ညီညီလေး

#gems

imageimage
16 ပတ် - ဘာသာပြန်ပါ။

ဝက်နားရွက်သုပ်

ဆီချက်လေးနဲ့သုပ်ထားတာပါ။ ဝက်နားရွက်ကို အညှီနံသက်သာစေရန် သံပုရာသီးအနည်းငယ်ညှစ်ချပြီး နယ်ပါ။ ပြီးမှ ရေပြန်ဆေးချပြီး စပါးလင် ဂျင်း ထည့်ထားသော ရေနွေးဆူဆူမှာ နူးသည်အထိပြုတ်ပေးပါ။

ကြက်သွန်ဖြူကိုပါးပါးလှီးပြီး ဆနွင်းအနည်းငယ်ထည့်ကာ ဆီချက် ချက်ထားပါ။ ရှောက်ရွက် ကြက်သွန်နီ ခရမ်းချဉ်သီးပါးပါးလှီးထား ငရုတ်သီးစိမ်း သံပုရာသီးလှီးထားပါ။ ဝက်နားရွက်လည်းပါးပါးလှီးထားပေးပါ။

အပေါ်ကအစာပလာတွေအားလုံးကိုထည့် ငံပြာရည် အရသာမှုန့် (သို့) ပုဇွန်ခြောက်မှုန့် နဲ့ အရောင်အနည်းငယ်လှစေဖို့ ငရုတ်သီးမှုန့် ပါသည်ဆိုရုံလေးထည့်ပြီး သံပုရာရည်ညှစ်ပြီး သုပ်ထားပါတယ်။ အဆင်ပြေကြပါစေနော်။


#crd

image

ငါ့အစ်မ၃ယောက်ကဆရာကြီး အပိုင်း-၄

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယခင်နှစ်များနှင့်မတူ ပိုမိုခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဟုဆို

ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များနှင့်မတူ ပိုမိုခမ်းနားထည်ဝါစွာ၊ ရင်းနှီးထွေးနွေး ပျော်ရွှင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်အစဉ်အလာမပျက်၊ အနှစ်သာရရှိစွာဖြင့် အလေးအနက်ထား ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အထူးသဖြင့် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် ခမ်းနားထည်ဝါစွာ၊ ရင်းနှီးထွေးနွေးပျော်ရွှင်စွာ မိသားစုပုံစံဖြင့် ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းမှာကြားသည်။

အဆိုပါ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ (၈)ရက်နေ့မှ စတင်၍ ဇန်နဝါရီ (၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားအတွင်း ဒေသထွက်ထုတ်ကုန် ပစ္စည်းပြခန်းများ၊ သစ်သီးဝလံပြပွဲ/ ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
16 ပတ် - ဘာသာပြန်ပါ။

လူတိုင်းကို ရှင်းပြဖို့ မကြိုးစားပါနဲ့၊
မောသွားလိမ့်မယ်.....
ကိုယ့်ကိုကိုယ်သာ ရှင်းအောင်နေပါ။
တခါတလေမှာ လောကကြီးက ရှင်းလေရှူပ်လေပဲ။
#စာတို