30 w - Translate

Foreign Exchange မှာကိုယ်ကမကျွမ်းကျင်လို့ ကျွမ်းကျင်မည်ဟုထင်ရသောသူများထံတွင် အကြံဥာဏ်ယူတော့မည်ဆိုလျှင်
ဤအချက်များကို လိုက်နာပါ ။

Analyse လုပ်ပေးမည့်သူ တစ်ယောက်တည်းထားပါ ။
ထိုသူ၏ အကြံပေးချက်အတိုင်း ဆယ်ကြိမ်ထက်မက
လိုက်ပါလုပ်ဆောင်ပါ ။
ကိုယ့်အတွက် အကျိုးများသလား နည်းသလား သုံးသပ်၍
ရလာဒ်ကောင်းလျှင် ဆက်လက်လုပ်ဆောင်ပါ ။
မကောင်းလျှင် နောက်တစ်ယောက်ပြောင်းပါ။
Analyser များသည် နတ်ဘုရားမဟုတ်ပါ ။
လေ့လာထားသူ လေ့လာနေဆဲသူတွေသာ ဖြစ်ပါသည်။
ထို့ကြောင့် ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်ပါ ။
ဆယ်ကြိမ်တွင် ခုနှစ်ကြိမ် မှန်ကန်ပါက
ရာနှုန်းပြည့်သည်ဟုပင်ဆိုနိုင်သည် ။

လက်စွဲမထားပဲ တစ်ကြိမ်နှစ်ကြိမ်မှားယုံမျှဖြင့်
ဟိုလူပြောင်း ဒီလူပြောင်းပါက
သေမဲ့အပတ်မှစစ်ထဲလိုက်
ငနီပါလှေမှောက် စကားပုံတွေထဲက
ကိုယ်တိုင်ငနီဖြစ်မှန်းမသိ ဖြစ်နေမှာ အမှန်ပင် ။

ကိုယ့်ကိုကိုယ် ငနီလို့သဘောပေါက်မိတာက
သိပ်အရေးမကြီး ။ အရှုံးများလာပြီး Forex ကြီးသည်
Gambling တစ်ခုသာသာပါ ဆိုတဲ့အတွေးများဝင်သွားရင်ဖြင့်
ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ Economists ကြီးများကို
အားနာစရာကောင်းလှပါသည် ။

မှတ်ချက်...

🔥🔥 သင့်ကြောင့်လှေမမှောက်ပါစေနှင့် 🔥🔥

30 w - Translate

လာမည့်ရာသီ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ကိုယ်စီရှိနေတဲ့ ကလပ်အသင်းများ

နာမည်ကျော်ပရီးမီးယားလိဂ်ဟာ ပွဲစဉ်(၃၅)အပြီး အမှတ်ပေးဇယားအဆင့်(၄)မှ အဆင့်(၁၀) အတွင်း အသင်းများဟာဥရောပဝင်ခွင့်အတွက်မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းက (၆၇)မှတ်၊ပိုစတယ်ဂိုဂလူးစ်ရဲ့တော့တင်ဟမ်ဟော့စပါးအသင်းက (၆၀)မှတ်၊တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (၅၄)မှတ်၊ဟောင်းရဲ့ နယူးကာဆယ်အသင်းက (၅၃)မှတ်၊ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းက (၅၁)မှတ်၊မွိုက်စ်ရဲ့ ဝက်ဟမ်းအသင်းက (၄၉)မှတ်၊အာရီယိုလာရဲ့ ဘုန်းမောက်အသင်းက (၄၈)မှတ် အသီးသီးရယူထားနိုင်သည်။ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဗီလာ နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယူရိုပါလိဂ် နဲ့ ကွန်းဖရန့်စ်လိဂ် ဝင်ခွင့်များအတွက် တော့တင်ဟမ်ဟော့စပါး၊မန်ချက်စတာယူနိုက်တက်၊နယူးကာဆယ်၊ချယ်လ်ဆီး အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ချန်ပီယံလိဂ်ဝင်ခွင့်လက်ကျန် (၁)နေရာအပြင် ယူရိုပါလိဂ်(၂)နေရာ နဲ့ ကွန်းဖရန့်စ်လိဂ်ဝင်ခွင့်(၁)နေရာကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲ❓

image
30 w - Translate

ယနေ့ ရွှေဈေး (မေ - ၄ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၀၂ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၄၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၄၀၀၀၀ ကျပ်
ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
30 w - Translate

ဈေးကွက်ထဲမှာ တွေ့ရအများဆုံးဖြစ်တဲ့ Solar Cell Panel များ

ဆိုလာအကြောင်းကို အကြမ်းဖျဥ်း သမိုင်းပြန်လှန်ရရင် ပြင်သစ်ကစပါတယ်။ ၁၈၃၉ မှာ ပြင်သစ်နိုင်ငံက ရူပဗေဒပညာရှင်တစ်ဦးဖြစ်သူ Edmond Becquerel က တစ်ချို့ဓာတ်ပစ္စည်းတွေဟာ နေရောင်ထိတဲ့အခါ လျှပ်စစ်ထုတ်လုပ်နိုင်ကြောင်းကို စတင်တွေ့ရှိရာက Solar Cell အကြောင်းကို စတင်တွေ့ရှိခဲ့ပါတယ်။

၁၈၈၃ မှာတော့ အမေရိကန် တီထွင်ပညာရှင် Charles Fritts ဆိုသူက ပထမဆုံး Solar Cell ကို Selenium Wafers လို့ခေါ်တဲ့ Non-metal Element ကိုသုံးပြီးတီထွင်ခဲ့ပါတယ်။ ဒါပေမယ့် ခုခေတ်မှာသုံးနေတဲ့ Solar Cell တွေလောက် Efficient မဖြစ်သေးပါဘူး။ အဲ့ဒီနောက် ဆက်ပြီးလေ့လာလိုက်တဲ့အခါ ၁၉၅၄ ခုနှစ်မှာတော့ အမေရိကန် Bell Labs မှာရှိတဲ့ သိပ္ပံပညာရှင်တွေက Silicon Solar Cell ကိုတီထွင်နိုင်ခဲ့ပြီး Power Efficiency ကလည်း 6% ထိရှိခဲ့ပါတယ်။

ဒီနေ့ခေတ်မှာသုံးနေတဲ့ Solar Panel တွေကတော့ Power Efficiency အတော်လေးမြင့်လာပါပြီ။ အကြမ်းအားဖြင့် ခုခေတ်မှာသုံးနေတဲ့ Solar Panel တွေကို ၄ မျိုးခွဲနိုင်ပါတယ်။

၁. Monocrystalline silicon solar panels
ဒီကောင်တွေက ဈေးကွက်ထဲမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ Solar Cell တွေပါ။ အနက်ရောင်ရှိပြီး ၈ထောင့် Pentagon ပုံစံ Cell Block တွေအနေနဲ့တွေ့ရနိုင်ပါတယ်။ Power Efficiency ကလည်း 15%-20% ဝန်းကျင်ထိရနိုင်ပါတယ်။ ဒီ Solar Panel တွေရဖို့အတွက် Silicon တွေကို အချောင်းလိုက်ဖြတ်ချပြီး အချပ်တွေအဖြစ်ပြုလုပ်ပါတယ်။ အပူချိန်မြင့်မားတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်။

၂. Polycrystalline silicon solar panels
ဒီကောင်တွေကတော့ Silicon တွေကို အရည်ဖျော်ပြီးမှ အချပ်တွေပြုလုပ်လေ့ရှိပါတယ်။ Power Efficiency ကတော့ 13%-16% ထိရှိပါတယ်။ Cell Panel တွေက အပြာရောင်အဖြစ်ပြီး ထုတ်လုပ်ရေးစားရိတ်သက်သာလို့ ဈေးကွက်ထဲမှာ ဈေးသက်သာပါတယ်။ အတော်လေးမြင့်မားတဲ့ အပူချိန်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။

၃. Thin-film solar panels
ဒီကောင်တွေရဲ့ Power Efficiency က 5% -12% ထိပဲရှိပေမယ့် ပျော့လွယ်၊ ပြောင်းလွယ်ရှိတာမို့ အလွယ်တကူ သယ်ဆောင်ပြီး လုပ်ကိုင်ရတဲ့ နေရာတွေမှာ အသုံးများပါတယ်။ ဒီအမျိုးအစားတွေကို အလင်းရောင်အားနည်းပြီး အလေးချိန်လျော့ချဖို့ Portable ဖြစ်ဖို့အတွက် အဓိကအသုံးချကြပါတယ်။ ဒီ ​Thin-Film မှာပဲ Cadmium telluride (CdTe), Amorphous silicon (a-Si), Copper indium gallium selenide (CIGS) ဆိုပြီး အမျိုးကွဲ ၃ မျိုးထပ်ရှိပြီး ဈေးတွေနဲ့ Power Efficiency လည်း မတူကြပါဘူး။

၄. Passivated Emitter Rear Cell (PERC) solar panels
ဒါကတော့ Monocrystalline အမျိုးအစားကိုပဲ Power Efficiency ပိုကောင်းအောင် Panel အပေါ်မှာ Coating တွေထပ်တင်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ Power Efficieny 22% ထိရနိုင်ပြီး ဈေးကလည်း အတော်လေးမြင့်တာကြောင့် တော်ရုံနေရာတွေမှာ မသုံးကြပါဘူး။

ဒီလောက်ဆိုရင် Solar Panel တွေအကြောင်း အကြမ်းဖျဥ်းသိနိုင်မယ်လို့ ထင်ပါတယ်။

image
30 w - Translate

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊

ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ် ၊

ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ် ၊

ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ၊

ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ် ။

ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်း‌နေထိုင်ကြသူတွေအဖို့
ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ ။

image
30 w - Translate

မန္တလေး ကုန်စည်ဒိုင် ၄ - ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

ဂျုံစေ့အမျိုးမျိုး
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 155000/160000/
ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (ကလေး) - ၆၀ ပိဿာ - 125000/ 130000
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 135000/ 140000
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 135000/
ဂျုံ (AUS) - ၁ ပိဿာ - 3300 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1300/

ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ - 242000/ 243000
V7 - ၅၇.၂၅ ပိဿာ - 247000/ 248000
TW - ၅၆.၂၅ ပိဿာ -(ကောင်း) 223000/
929 - ၅၆.၂၅ ပိဿာ - 237000

ကုလားပဲခြမ်း ( ၁ ပိဿာ ) ဈေးနှုန်းများ
V2ခြမ်း - 5500/ 5550
V7ခြမ်း -5500

ပဲစင်းငုံအမျိုးမျိုး
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ - 390000/
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ - 365000/

ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ - 132000/ 133000/
ပဲယင်းသေး - ၆၀ ပိဿာ -125000/ 128000/ 130000
ပဲယင်းနီ - ၆၀ ပိဿာ -180000/ 182000/ 184000

ပဲတီစိမ်းအမျိုးမျိုး
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -213000/ 214000
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်)- 145000/ 165000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 125000/135000

ပဲလွန်း
ပဲလွန်းဖြူ - ၆၀ ပိဿာ - 195000/ 200000/
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ -173000/ 175000/
ပဲလွန်းဝါ - ၅၄.၂၅ ပိဿာ - 160000/ 165000(ယခင်)

ပဲကြီးအမျိုးမျိုး
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 255000/ 260000/
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 240000/ 245000/
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 225000/ 230000
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ - 380000(ယခင်)
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ - 288000(ယခင်)

ပဲရာဇာ
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ - 7500/

ပဲနီပြား - ၅၅.၂၅ ပိဿာ -300000/ 315000 / 320000

ပဲထောပတ်
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ - 340000/
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ - 320000/
ပဲထောပတ် (သ) - ၅၆.၂၅ ပိဿာ - (ယောထော) 310000/ 320000/

ပဲကြား - ၅၆.၂၅ ပိဿာ -135000/136000

ပဲဇီးကွက်
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 1480000/ 150000

စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 144000/ 145000
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 140000/ 142000

ပဲပုတ်
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - 155000/ 158000/ 160000/ 162000
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 180000/ 185000

နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ - 280000/ 283000/ 285000

မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 275000/ 300000/ 320000/ 330000/
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ - 310000//(ညံ့) 295000(ယခင်)

မတ်ပဲ
မတ်ပဲ (ကောင်း) - ၆၀ ပိဿာ - 288000/ 290000/

စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ - 270000 /
စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - / 250000/ 265000/

ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ -(ထိပ်စွတ်) 380000/(ဗမာ) 398000

ပဲချဉ်ပေါင် - ၆၀ ပိဿာ -160000

ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - 50000/51000
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 52000/ 52500
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 52000/ 52500

နံနံစေ့ - ၁တင်း=၈ ပိဿာ - 35000

ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ -110000

နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿာ - 365000 /375000/380000/ 395000/ 405000
နှမ်းဖြူ (JP) - ၄၅ ပိဿာ -415000
နှမ်းဖြူ (ရိုးရိုး) - ၄၅ ပိဿာ - 375000/ 385000/ 390000
နှမ်းဖြူ (ခြုံကျော်) - ၄၅ ပိဿာ - 405000
နှမ်းညို - ၄၅ ပိဿာ - 300000/
ဆောင်းနှမ်း - ၄၅ ပိဿာ - 330000/ (ယခင်)

ပန်းနှမ်း - ၄၅ ပိဿာ - (ဝယ်)205000//( ရောင်း)210000

နေကြာ
ဆီနေကြာ - ၂၇ ပိဿာ - 100000/ 105000

မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ - 7200/7300/
S1ဆီဆံ - 6300/ 6500/( ရွေဆံ)6800/ 7000
အနီလုံးဆံ - - 6200/ 6500/ (ဝိုင်း)(သစ်)6800/ 7000
ပြန့်လုံးဆံ - 6500/6600(ယခင်)
ပြန့်ဆီဆံ - 6500(ယခင်)

ဆီအမျိုးမျိုး - ၁ ပိဿာ ဈေးနှုန်း
ပဲဆီ - ၁ ပိဿာ -10000/ 12000
ပဲဖတ် - ၁ ပိဿာ- 3040/
နှမ်းဆီ - ၁ ပိဿာ- 12500
နှမ်းဖတ် - ၁ ပိဿာ- 2700
မုန့်ညှင်းဖတ် - ၁ ပိဿာ -1750/ 1770,
နေကြာဆီ - ၁ ပိဿာ-13000
နေကြာဖတ် - ၁ ပိဿာ- 1850
ပဲပုတ်ဆီ - ၁ ပိဿာ 6500
ပဲပုတ်ဖတ် - ၁ ပိဿာ- 3000

မှတ်ချက်။ ။အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

image
30 w - Translate

အခုနောက်ပိုင်းမှာ…
ကြုံတွေ့နေရတဲ့အတွေးလေးတွေက ဘာတွေလဲဆိုတော့ အနီးစပ်ဆုံးဖြစ်တဲ့ “မနက်ဖန်” လောက်ကိုဘဲ positive မျှော်လင့်နေမိတော့တယ်။ အဲ့မနက်ဖန်ဆိုတဲ့ရက်ကို ကျော်တာနဲ့ “သဘက်ခါ” လောက်အထိကိုတောင် “မှန်းထားတဲ့အတိုင်းဖြစ်မှာဘဲ” လို့ တစ်ထစ်ချမယုံကြည်ရဲတော့ဘူး။
ဆိုလိုတာက ကိုယ်က ပျော်ရွှင်စရာတခုခုကိုကြိုတွေးထားတယ်ဆိုပါတော့ “ဘယ်ရက် ဘယ်ရက်တွေမှာ ဘာတွေလုပ်မယ်၊ ဘယ်သွားမယ်၊ ဘာစားမယ်၊ ကမ်းခြေသွားမယ်၊ တောင်ပေါ်သွားမယ်၊ ပန်းခြံသွားမယ်၊ Zoo သွားမယ်…” စသဖြင့်ပေါ့။
အဲ့လိုဟာတွေကို ၁ လလောက်မပြောနဲ့၊ ၁၀ ရက်လောက်ကြိုတွေးထားမယ်ဆိုရင်တောင် အစီစဉ်ပျက်မှာကိုကြောက်စိတ်ကြီးက အလိုလိုဝင်နေရော၊ “မနက်ဖန်” ဆိုတဲ့အနေထားလောက်ရောက်မှ.. “ဪ… ငါမနက်ဖန်တကယ်ကိုပျော်ရလောက်မှာပါ” ဆိုတဲ့အတွေးလေးကရတယ်။ ရက်တွေဝေးသွားရင် အစီစဉ်ပျက်မှာ(မပျော်ရမှာ) ကိုအကြောက်ဆုံးဘဲ၊ တစ်ခုခုပျော်နေရပြီဆိုရင်တော့… “ဪ… ငါ့မှာ ဒါလေးပျော်ပြီးရင် ဘယ်ရက်မှထပ်ပျော်ရပါဦးမလဲ” ဆိုတဲ့ စိုးရိမ်စိတ်ကအမြဲမကင်း ဖြစ်နေတယ် 😩😩😩

30 w - Translate

မဆက်သွယ်တော့ဘူးနော်
သိပ်ချစ်လို့ပါ ။

တကယ်တော့လေ....
ကိုယ်က သိပ်အချစ်ခံချင်တဲ့သူ

မင်း သိပ်ချစ်တဲ့ သူ
မင်းအတွက် အရေးပါတဲ့သူ ဖြစ်ချင်ခဲ့တာပါ ။

ကိုယ် မသိခဲ့ဘူး ။
ကိုယ်သိပ်အတ္တကြီးခဲ့တယ်ဆိုတာ....

ကိုယ့်အချစ်ကြောင့် မင်းမွန်းကြပ်ခဲ့တာတွေအတွက်
မဆက်သွယ်ခြင်းနဲ့
ပြန်အလျော်ပေးပါ့မယ် ။

မြိုသိပ်ရတာတွေကို
သိပ်မုန်းတယ် အချစ်ရယ် ။

မမုန်းဘဲ နှုတ်ဆိတ်ငြိမ်သက်ရခြင်းက
ငရဲတစ်မျိုးပဲလား ။

ချစ်နေပါလျက် သူစိမ်းဆန်ရခြင်းက
သိပ်ကို ခါးသီးလွန်းတယ် ။

နေနိုင်လိုက်တာလို့ မင်း ထင်နေမလား ။
နေနိုင်ဖို့ကြိုးစားနေရတဲ့ ဒဏ်ရာကို
မင်းမြင်ခဲ့မယ်ဆိုရင်လေ ။

မင်းထင်တာထက်
ဒဏ်ရာပိုနက်ပါတယ် အချစ်ရယ် ။

အချစ်ခံရဖို့ မျှော်လင့်ရင်း
ချစ်နေပေးခဲ့ရတဲ့အချိန်တွေ

အရေးပေးခံရဖို့ ကြိုးစားရင်း
တန်ဖိုးမဲ့ခဲ့တဲ့ဂရုစိုက်မှုတွေ

သိပ်ချစ်တာကို သိစေဖို့
နင်းချေခံလိုက်ရတဲ့မာနတွေ

မင်းအမှတ်ရမယ်ဆ်ိုရင်ပေါ့
သတိတရရှိနေဦးမယ်ဆိုရင်ပေါ့

မင်းသိတာထက် ပိုချစ်ခဲ့တဲ့သူက
မင်းမသိအောင် ဆက်ချစ်နေဦးမှာပါ ။

image
30 w - Translate

အားမနာပါနဲ့။

အဲဒီ အားနာတာကြီးက
ကောင်းကျိုးထက် ဆိုးကျိုး ပိုများတယ်။

သူငယ်ချင်းတွေထဲမှာလည်း
အားနာလို့ ဘဝပျက်သွားတဲ့လူတွေ
အများကြီးဘဲ။

ကျွန်တော်တို့ ဆယ်ကျော်သက်
ဝန်းကျင်က အရမ်းလက်တဲ့စမ်းတဲ့
အရွယ်တုန်းက ဆိုရင် ..

လူအများစု လုပ်နေကြတဲ့ကိစ္စကို
ကိုယ်က ဝင်မလုပ်ဘူးဆိုရင်
Cool မဖြစ်တဲ့ အာပေတူးကောင်လို့
သတ်မှတ်ခံရတာ မျိုးတွေရှိတယ်။

အခုထိလည်း ရှိတုန်းဘဲ။

အဲဒီတုန်းက ဘော်ဒါဆယ်ယောက်
ပေါင်းတယ်။

တရက် အဖွဲ့ထဲက ပိုက်ဆံရှိတဲ့
တစ်ယောက်က WY တွေ
ယူချလာတယ်။

သူ့ကို ဘယ်သူက သင်ပေးလိုက်လဲတော့
မသိဘူး။ ပိုက်တွေ ဗူးတွေနဲ့
ကျကျနနကြီး ရှုပြပါလေရော။

ပြီးတော့ WY ကောင်းကြောင်းကို
မားကတ်တင်း ဆင်းတယ်။

ဒါသောက်ပြီးရင် မအိပ်ချင်ဘူး။
ဒါချပြီး စာကျက်ရင်ပိုပြီး စာရတယ်။
ဒါချပြီး ဘောလုံးကန်ရင် သူများထက်
ပိုပြေးနိုင်တယ်။
ဒါချပြီး ဂိမ်းဆော့ရင် ပိုဆော့နိုင်တယ်။
ဒါချပြီး sex လုပ်ရင် ပိုလုပ်နိုင်တယ်။

မကောင်းတာ ဘာမှ မရှိဘူး။

အကုန်အကောင်း တွေချည်းပြောပြီး
နတ်ဆေးလိုလို ဘာလိုလိုနဲ့ သူချဖို့
အဖော်ရအောင် မားကတ်တင်းဆင်းတာ။

အစပိုင်း ကောင်းကြောင်းပြောတာပေါ့။

နောက်ပိုင်း ငြင်းတဲ့သူများတော့ ...

"သားကြီး မင်းက ငါ့ကိုမချစ်ဘူးလား"ဆိုတဲ့
စကားနဲ့ အကြပ်ကိုင်တယ်။

အဲဒီမှာ အားနာပြီး
စိတ်ပျော့ တဲ့ကောင်တွေက
မချစ်ဘူးလို့ အထင်မခံရဖို့
ဝင်ပြီး စမ်းလုပ်ကြည့်ရင်းနဲ့
ငါးယောက်လောက် ဆေးသမား
ဖြစ်ကုန်ပြီး စိတ်ကူးယဥ်
ကမ္ဘာထဲမှာ ပျော်သွားကြတယ်။

လက်တွေ့ဘဝကို သိပ်ပြီး
အာရုံမလာတော့ တခုမဟုတ်
တခုချနေရမှ နေပျော်သွားကြတယ်။

ဒီတော့ Wy ရှိရင် Wy ချတယ်။
မရှိရင် ဘိန်းမဲ။ ဘိန်းဖြူ။
အစုံဘဲ။

အာားလည်းမနာသလို ပိုက်ဆံလည်းမရှိတဲ့
ကိုယ်တွေလို မျက်နှာမွဲတွေကျတော့
ဆက်မပေါင်း ဖြစ်တော့ဘူးပေါ့။

ဆက်မပေါင်း ဖြစ်တာလည်း
ကောင်းသွားပါတယ်။

ကျောင်းသားဘဝက
ဘက်စုံထူးချွန်ပြီး အစစအရာရာ
တော်တဲ့ သူငယ်ချင်းတွေတောင်
အဲဒီဆေးလိုင်းဝင်သွားလိုက်တာ
အခုထိ ထောင်နဲ့ ရွာသာကြီး
ဆေးဖြတ်စခန်းကို ဝင်လိုက်
ထွက်လိုက်ဘဲ။

အရမ်းနှမြောစရာကောင်းတယ်။

ချတဲ့ကာလ ဆယ်စုနှစ်လောက်
ကြာသွားတဲ့အချိန်ကျတော့
အတွင်းထဲက Organ တွေကော
ဦးနှောက်တွေကပါ ပုံမှန်
Function မဖြစ်တော့ဘူး။

အားနာလို့ ဘဝပျက်သွားကြတာ။

အခုခေတ်ကျတော့ ဆေးပုံစံ
ပြောင်းသွားပြီ။
သားကြီး ငါ့ကိုချစ်ရင် K တကြောင်းရှု
ခေတ်ဖြစ်နေပြီ။

လူကြီးတွေကော လူငယ်တွေကော
ချနေကြပြီ။ မချတတ်ရင်တောင်
Cool မဖြစ်သလို ဆက်ဆံ ခံရတဲ့
ကာလဖြစ်နေပြီ။

လူငယ်သဘာဝ
ဆေးလိပ်သောက်၊ အရက်သောက်
ဝိရှု တာ ကြီးကြီးမားမား
ပြဿနာမရှိပေမယ့်
အဲဒီ ဓာတုဗေဒ အပေါစားတွေနဲ့
လုပ်ထားတဲ့ ဟာတွေတော့
အားနာပြီး သွားမစမ်းပါနဲ့။

သူ့ဟာသူ ကြိုက်လို့ချရင်ချ။

ကိုယ်ကတော့ အားနာပြီး
လိုက်မချမိဖို့ သတိပေးချင်တာ။

ဆေးချပြီး စိတ်ကူးယဥ်ကမ္ဘာထဲမှာ
ပျော်ရတာ တကယ့်ပျော်ရွှင်မှု
အစစ်အမှန်မှ မဟုတ်တာ။

Reality ဘဝမှာ တကယ်ပျော်ရတာကမှ
ပျော်ရွှင်မှုအစစ်အမှန်ပါ ညီကိုတို့။

ကျွန်တော့ရဲ့ အားနာတတ်တဲ့
ဘော်ဒါ တဝက်လောက်က
ဘဝတွေပျက်ပြီး
ထောင်နဲ့ဆေးရုံသွားနေရသလို
မဖြစ်စေချင်လို့ ဆဲမယ်မှန်းသိသိကြီးနဲ့
အမုန်းခံပြီး ခဏခဏရေးပေးနေတာပါ။

အားမနာသင့်တဲ့နေရာ အားမနာပါနဲ့။

ကိုယ့်ဘဝပျက်လောက်တဲ့အထိ
အားမနာဖို့ ဘဝအတွေ့အကြုံတချို့ကို
သိသလောက်လေး Sharing
လုပ်ပေးလိုက်ပါတယ်။

30 w - Translate

ဘဝက ခက်ခဲလွန်းလို့
စိတ်ပျက်မိတဲ့ အကြောင်း
သူငယ်ချင်းတယောက်ကို
ရင်ဖွင့်မိတုန်းက သူပြန်ပြောတာလေး
သဘောကျမိတယ်။

သူက " မင်းမှာနေစရာရှိလား "
မေးတော့ ...

" ရှိတယ်။ ငါ့အိမ်တော့မဟုတ်ဘူး။
ငါ့ မိဘအိမ် " လို့ ဖြေတော့ ..

သူက " မင်းမှာ နေစရာ ရှိသေးတာဘဲတဲ့။
နေစရာမိဘအိမ်တောင် မရှိတော့တဲ့
လူတွေအများကြီးဘဲ " တဲ့။

" မင်းမှာ စားဖို့ကောရှိလား " မေးတော့ ..

" အမေ့အိမ်ရှိတော့ စားစရာလည်းရှိတယ်"
လို့ ဖြေတော့ ...

သူက " တနေ့တနေ့ မိသားစု ဝဝလင်လင်
စားဖို့တောင် အနိုင်နိုင် ရုန်းကန်နေကြရတဲ့
မိသားစုတွေ အများကြီးဘဲ " တဲ့။

" မင်းမှာ ဝတ်ဖို့ကောရှိလား " လို့
ဆက်ပြီး မေးတော့ ...

" ရှိတယ်။ ဟောင်းနေပေမယ့် လူလူသူသူ
ဝတ်ဖို့တော့ ရှိပါသေးတယ် " ဖြေတော့

" အရမ်းအေးတဲ့ ဒေသမှာတောင်
ဝတ်စရာမရှိလို့ အအေးဒါဏ်ကို
အံကြိတ်ပြီး ခံနေရတဲ့
လူတွေအများကြီးဘဲ " တဲ့။

ပြီးတော့ သူက ဆက်ပြောတယ် ...

" မင်းကသာ မင်းဘဝကို
စိတ်ပျက်ပြီး အလိုမကျဖြစ်နေတာ

ဒီကမ္ဘာမှာ မင်း အခုရနေတဲ့
ခံစားခွင့်လေးကို ရချင်နေတဲ့
လူတွေ အများကြီးဘဲ "တဲ့။

" မင်းအခု စိတ်ပျက်နေတဲ့
မင်းဘဝက တချို့လူတွေရဲ့
အိပ်မက် ဖြစ်နေတတ်တယ်ဆိုတာကို
မမေ့ပါနဲ့ " တဲ့။

" အပေါ်ကို မော့ကြည့်တာများသွားရင်
မင်းဘဝက ဘယ်တော့မှ
အလို ပြည့်စုံပြီး ပျော်ရွှင်ရမှာမဟုတ်ဘူး။

အောက်ခြေက ဘဝတွေကို
ငုံ့ကြည့်ပြီး စာနာသနားတတ်ရင်
မင်းအခုနေတဲ့ ဘဝကို
မင်းပိုပြီး ကျေနပ်ပျော်ရွှင်လာလိမ့်မယ် "တဲ့။

စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ အဲဒီလို
တကယ်ကို တန်ဖိုးရှိတဲ့စကားတွေ
ကြားလိုက်ရတော့ တော်တော်ကို
အားတွေပြည့်ခဲ့ရပါတယ်။

သူ့ဆီက အဲဒီစကားကို
ကြားပြီးနောက်ပိုင်း ဘဝကဘယ်လောက်ဘဲ
ခက်ခဲ ခက်ခဲ ကျွန်တော် ဘယ်တော့မှ
မငြီးငြူ ဖြစ်တော့ဘူး။

တခုခုဆိုးဝါးတာကြုံရင်တောင်
" ငါ့ထက် ခက်ခဲနေတဲ့သူတွေတောင်
ဒါတွေ ကျော်ဖြတ်နေကြတာဘဲ

ငါလည်းကျော်ဖြတ်နိုင်မှာပါလို့
တွေးတတ်သွားတယ် "

ကျွန်တော် ခံစားခဲ့ရဖူးသလို
ကိုယ့်ဘဝကိုယ် စိတ်ပျက်ပြီး
အလိုမကျ ၊ အားမလိုအားမရ
ဖြစ်နေနိုင်တဲ့သူတွေ ရှိနေနိုင်လို့

ကျွန်တော့ ဘော်ဒါ ဂျေမီ အားပေးခဲ့တဲ့
There are a lots of people
who wanna be in your position ဆိုတဲ့
အားပေး စကားလေးကို
ပြန်ပြီး sharing လုပ်ပေးလိုက်ပါတယ်။

Thanks for everything Jamie Parker 🙏