Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🚌🚌ဘန်ကောက် <> ဖူးခတ် ကို အလည်သွားချင်လိုဘဲဖြစ်ဖြစ်၊ အလုပ်သွားလုပ်ချင်လိုဘဲ ဖြစ်ဖြစ် လတ်မှတ်မဝယ်တတ် မစီးတတ်သူများအတွက်ဆောင်ထားသင့်တဲ့ဆော့ဝဲကောင်းလေးကိုမျှဝေပေးလိုက်ပါတယ်။🚌🚌
ဒီဆော့ဝဲလေးရဲ့ အားသာချက်က ကိုယ်ကခရီးသွားစရာရှိလို့ လက်မှတ် ဝယ်ဖို့အချိန်မအားဘူး ၊ နောက် ကိုယ်သွားမယ့် ခရီးကိုသွားဖို့ ဘယ်လတ်မှတ်ကို ဘယ်ကဝယ်ရမလဲမသိသူများအတွက် အရမ်းကိုအဆင်ပြေစေမှာပါ။
🚌 ကားလက်မှတ်ကောင်တာတွေလုပ်တတ်တဲ့ အမှားကြောင့် ကားခဆုံးရှုံးပြီး၊ လူပင်ပန်းတာလည်း မဖြစ်ရအောင်အခုမျှဝေပေးထားတဲ့ဆော့ဝဲကနေဝယ်ယူနိုင်ပါတယ်။
💸 ငွေပေးချေဖို့ကတော့ ထိုင်းဘဏ်အကောင့်တစ်ခုရှိထားရင် ပိုအဆင်ပြေမှာဖြစ်ပေမယ့် ထိုင်းဘဏ်မရှိသူဆို Visa/Master Card နဲ့လည်းဖြတ်လို့ရပါတယ်။
ဘန်ကောက် <> ဖူးခတ် ကို Bus နဲ့သွားမယ်ဆိုရင်တော့VIP ကားတွေက ဘတ် (bath) ၁,၀၀၀ နီးနီးကျပြီးတော့ ရိုးရိုးကတော့ ဘတ်(bath) ၄၀၀ လောက်ကျပါမယ်။
ဒါကြောင့် ခရီးထွက်ဖို့ စဉ်းစားနေတဲ့ မိတ်ဆွေများအတွက် ထိုင်းနိုင်ငံရဲ့ လူသုံးအများဆုံး ဆော့ဝဲကောင်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ဆော့ဝဲဒေါင်းရန် - https://bit.ly/3QcOl0A
1991ခုနှစ် မှာ မွေးတယ်😍
Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။
Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တောင်၀ယ်မရသေးဘူး။
ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
၁ မိနစ် ငါးဆယ်/တစ်ရာ ပေးပြောခဲ့ရတယ်။
ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။
အိပ်ယာဝင်ချိန်တွေ စောတယ်။
လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့
ဖတ်တယ်။
တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက
အနာဖေးကိုသွေးထွက်အောင်ခွာသွေးထွက်လာတော့
အဲသွေးနဲ့စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့စာကိုရေး
ကိုကြိုက်နေတဲ့ကောင်မလေးကိုပေးလိုပေး😅😅
ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။
သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။
TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။
TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကား ကို
ရင်ခုန်စွာကြည့်ခဲ့ရတယ်။
လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား
ပိုးပန်းကြတယ်။
ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။
ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။
ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။
မင်းလူ တာရာမင်းဝေ
မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေခုထိအလွတ်ရတုန်း ရူးသွပ်ခဲ့ရတာတွေ
ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။
မင်းသိခ် ဆရာအောင်သင်း ဆရာဖေမြင့်
ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင်အရက်သောက်ချင်တယ်😁😁
ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ.... ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။
မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ။
ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။
သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။
အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ၊
ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။
ဟိရိဩတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း
သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ
တခါတလေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။
ဒါတွေက
တို့ရဲ့ ငယ်ဘဝတွေ .........
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။
အပူအပင်ကင်းတဲ့
ကလေးလေးဘဝကို တခါပြန်ပြီး
ရချင်မိသေးပါ့ရဲ့
ငယ်ငယ် က ဘဝလေးကို
ပြန်သတိရ မိပါတယ်
#crd
🦋ငယ်ဘဝတော့သတိရတယ်ပြန်တော့မရောက်
ချင်ဘူးစိတ်တော့ချမ်းသာတယ်မပြည့်စုံခဲ့ဘူး🦋
သင့်အိပ်မက်တွေကို ပျက်စီးစေတဲ့ အကြောင်းအရင်းတွေ
လူတိုင်းမှာတော့ အောင်မြင်ချင်တဲ့ ၊ ဖြစ်မြောက်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ဘဝမှာ ရှိကြတာပါပဲ။ ဒါပေမယ့် အဲဒီအိပ်မက်တွေကို အကောင်အထည်မဖော်ဖြစ်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ကြိုးစားသွားရင်း ကျရှုံးနေတဲ့သူတွေ အများကြီးရှိတယ်။ ဘာလို့ ဒီလို ကျရှုံးသွားရသလဲဆိုတာကို စီစစ်ကြည့်တဲ့အခါမှာ အဓိက အကြောင်းအရင်းကြီး ငါးချက် ရှိပါတယ်။ အဲဒီကြောင်းအရင်းတွေကတော့
၁။ နေ့ချင်း ညချင်း အောင်မြင်မယ်လို့ ယုံကြည်တာ – ကျွန်တော်တို့ ဖတ်ဖူးကြားဖူးတဲ့ တချို့အောင်မြင်သူတွေအကြောင်းက အကြံကောင်းတစ်ခုရတယ်၊ အကောင်အထည်ဖော်နိုင်တဲ့အနေအထားရှိလို့ အကောင်အထည်ဖော်လိုက်တာမှာ ချက်ချင်း အောင်မြင်ကြီးပွားသွားတယ် ဆိုတာမျိုး ပါဝင်နေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုအောင်မြင်မှုနောက်ကွယ်မှာ သူဘယ်လိုလေ့လာခဲ့ရတယ်၊ ဘယ်လို အထောက်အပံ့တွေ ရှိနေတယ်ဆိုတာတွေကို တစ်ခါတစ်လေမှာ ကျွန်တော်တို့ မမြင်နိုင်တာတွေရှိတယ်။ တကယ်တမ်းက အောင်မြင်မှုကို ရဖို့ဟာ မလွယ်ကူပါဘူး။
၂။ တခြားလူတွေက ကိုယ့်အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံထားတာ – ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ မိသားစုဝင်တွေ၊ လုပ်ငန်းမိတ်ဖက်တွေက ကိုယ့်မှာ ပြဿနာတွေ ဖြစ်လာရင် ဖြေရှင်းသွားနိုင်မယ်လို့ ကျိန်းသေယူဆထားတာဟာ အန္တရာယ်များပါတယ်။ သူတို့က ကိုယ့်အပေါ်ကောင်းသည့်တိုင် အခြေအနေအရ မကူညီနိုင်တာတွေ ရှိနိုင်တယ်။ ကိုယ့်အခက်အခဲတွေအတွက် ကိုယ်တိုင် ပြင်ဆင်ထားတာ စိတ်ချရပါတယ်။
၃။ မသေချာသေးဘဲ ခြေစုံပစ်ဝင်လိုက်တာ – ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆိုရင် လိုအပ်တာက ခိုင်မာတိကျတဲ့ စီမံကိန်းပါပဲ။ ဖြစ်ချင်တာကို အာရုံစိုက်လုပ်ရင် အောင်မြင်တယ် ပြောနေကြပေမယ့် ကိုယ့်မှာ ခိုင်မာတဲ့ အာမခံချက်မျိုး ၊ ဘယ်အချိန်မှာ ဘာဖြစ်လာရမယ်ဆိုတဲ့ သေချာမှုမျိုးရှိမနေဘဲ ကိုယ့်အချိန်တွေ၊ ငွေတွေ၊ လူအင်အားတွေကို မြုပ်နှံလိုက်တာဟာ ဖြုန်းတီးရာရောက်ပါတယ်။
၄။ ကိုယ့်အပြစ်မဟုတ်ဘဲ တခြားသူအပြစ်လို့ အမြဲထင်မြင်နေတတ်တာ – “လုပ်ဖော်ကိုင်ဖက်တွေ မကောင်းလို့ မဟုတ်ရင် အောင်မြင်မှာ “ ၊ “အခြေအနေမပေးလို့ ၊ မဟုတ်ရင် ခုလောက်ဆို အဆင်ပြေနေပြီ “ ဆိုတဲ့ စကားမျိုးတွေကို အကြိမ်ကြိမ်အခါခါ ပြောပြီး ဘာမှ ထပ်ထူးခြားမလာတဲ့ လူတွေကို ကျွန်တော်တို့ မြင်ဖူးကြမှာပါ။ တကယ်တမ်းလည်း သူတို့ ပြောနေတာက မှန်သင့်သလောက် မှန်မှာပါ။ ဒါပေမယ့် တခြားသူအပြစ်ပဲလို့ ပုံသေတွက်ဆပြီး ဖြစ်ခဲ့တဲ့ ကိစ္စအပေါ်မှာ သင်ခန်းစာယူချင်စိတ်လည်း မရှိ၊ ပိုကောင်းအောင် ဂရုစိုက်ပြီး ပြန်လည် ကြိုးစားဖို့ တက်ကြွမှုလည်းမရှိရင်တော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ တဖြည်းဖြည်းဝေးကွာသွားမှာပါ။
၅။ “ကိုယ့် စိတ်ကူးအိပ်မက်သာ အဓိက ၊ ဒါပြီးရင် ပြီးပြီ “ လို့ ယူဆထားတာ – ကျွန်တော်တို့ ဖြစ်ချင်တာတွေ တကယ်ဖြစ်လာပြီးသည့်တိုင် တခြား ဆက်လုပ်နိုင်တာတွေကို အဲဒီ အခါ မြင်နိုင်ပါသေးတယ်။ ရည်မှန်းချက်တစ်ခုအတွက် ရည်ရွယ်ပြီး ကြိုးစားခဲ့ပေမယ့် အဲဒါအောင်မြင်ပြီးရင် ဘာတွေထပ်ဖြစ်နိုင်သေးတယ်၊ ဘာတွေဆက်လုပ်နိုင်သေးတယ် ဆိုတာတွေ အထိမြင်နိုင်မှသာ အစဉ်တိုးတက်နေတဲ့ ဘဝအနေအထားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Ref : TED Talk : “ 5 Ways to Kill Your Dreams “ by “ Bel Pesce “
သမီးတွေမှာ အဖေရှိနေတဲ့ ခံစားချက်လေးက အရမ်းကောင်းတာပဲနော်။
ထူးအိမ်သင်လိုမျိုး မနက်ခင်းပွင့်တဲ့ ပန်းလေးထက် ပိုလှတယ်လို့ သီကြူးပေးမယ့် အနုပညာရှင် အဖေ။
ကျူရှင်ဆင်းတိုင်း ကျူရှင်ရှေ့မှာ
သူ့သမီးထွက်လာတာကို ထိုင်စောင့်နေတတ်တဲ့ အဖေ။
ပွဲဈေးသွားရင် လူကြပ်လို့
သမီးကို ပုခုံးပေါ်တင်ပြီး ပွဲဈေးထဲ လျှောက်ပြပေးမယ့် အဖေ။
သမီးရဲ့ ပုံလေးတွေဆို လိုင်စင်ဓာတ်ပုံလေးကအစ ပိုက်ဆံအိတ်ထဲ ထည့်ပြီး အမြဲဆောင်ထားမယ့် အဖေ။
အမေ မုန့်ဖိုးမပေးရင်
အဖေ့ ဆီက ယူဆိုပြီး အမေ့ထက်
နှစ်ဆလောက် မုန့်ဖိုးပိုပေးမယ့် အဖေ။
အဖေနဲ့ဆို မနက်တိုင်း လက်ဖက်ရည်ဆိုင်လည်းထိုင်ရမယ်။
အဖေ့ရဲ့ ဘားတန်းစက်ဘီးလေး နောက်ကလည်း လိုက်စီးရမယ်။
ကောင်းလိုက်တာ
အဖေနဲ့ ယှဉ်လာရင် ဘယ်အမျိုးသားမဆို ရှုံးမှာပဲ။
ဗြိတိန်တွင် ပေါင် ၂၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သော ဈေးအသက်သာဆုံး
တပတ်ရစ်ကားများ
------
မြန်နှုန်းမြင့်ကားများကို ဝယ်ယူရေးမှာ ငွေကြေးများစွာ မကုန်ကျချေ။
မြန်နှုန်းမြင့်မောင်းနိုင်သော တပတ်ရစ် ကားတစ်စင်းကို ဗြိတိန်တွင် ပေါင် ၂၀၀၀ အောက်ဖြင့် ရရှိနိုင်သည်။
ဈေးသက်သက်သာသာဖြင့် ရွေးချယ်စရာ ကားများရှိပြီး အကြိုက်ဆုံးကို ရွေးချယ်ရန်သာ ရှိသည်။
((Skoda Fabia vRS))
Skoda Fabia vRS သည် 0-62mph အမြန်နှုန်းကို ၉ ဒသမ ၅ စက္ကန့်အောက်ဖြင့် ရရှိနိုင်သည်။
အတွေးလွန်ခြင်းကို ဘယ်လိုလျှော့ချမလဲ
**************************************
၁ ။ အလုပ်များအောင်နေပါ ။
အလုပ်ရှုပ်နေလေလေ၊ အလုပ်လုပ်စရာ ရှိနေလေလေ ဒီအတွေးတွေက မဖြစ်လာနိုင်ပါဘူး။ အလုပ်အများကြီး လုပ်ထားရတော့ ညဆို ပင်ပန်းပြီး အိပ်ချင်လာရင်လည်း ညဘက်ထိ တွေးမနေနိုင်တော့ပါဘူး။ အလုပ်များများပြီး လာရင်လည်း ဘာတွေဖြစ်လာမလဲဆိုပြီး စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။
၂။ လက်ရှိမှာ နေထိုင်ပါ ။
မဖြစ်လာသေးတဲ့ အရာတွေအတွက် တွေးပြီး စိုးရိမ်မှုရှိနေတာ ၊ ဖြစ်ပြီးသွားတာတွေအတွက် ပြန်တွေးပြီး လိုက်ပူနေတာတွေက အတွေးလွန်ခြင်းရဲ့ အဓိက တရားခံတွေပါ ။ လက်ရှိမှာ ကိုယ် ဘာလုပ်နေလဲ ၊ ဘာလုပ်ရမလဲ ဆိုတာပဲ တွေးပြီး နေထိုင်ပါ ။ အတိတ်နဲ့ အနာဂတ်က ကိုယ်လိုက် ပြောင်းလဲလို့ မရပါဘူး ။ လက်တွေ့ကသာ ပြောင်းလဲနိုင်တာပါ ။
၃။ Horror Movie တွေ ကြည့်တာ လျှော့ပါ ။
Monica ဆို သရဲတွေ ၊ သွေးတွေ မကြောက်တတ်ပါဘူး။ ဒီတော့ ငယ်ငယ်ကတည်းက အိမ်ကမသိအောင်တောင် ခိုးကြည့်ပါတယ် ။ ဘာတွေဖြစ်လာလဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လိုသေမှာလဲဆိုပြီး ကြောက်လာတာပါ ။ အဲဒီဇာတ်ကားတွေရဲ့ လွမ်းမိုးမှုက ကိုယ်တစ်ယောက်တည်းသာမက မိသားစုကိုလည်း ပိုစိတ်ပူပြီး ညဘက်ဆို အိပ်မပျော်ပါဘူး ။ အဲဒါကြောင့် အရမ်းကြိုက်ရင်တောင် လျှော့ကြည့်ကြပါ ။
၄။ တစ်ယောက်တည်း မနေပါနဲ့ ။
စကားများများ ပြောပါ ။ များများ hangout လုပ်ပါ ။ သူငယ်ချင်း အများကြီး ထားပါ ။ သူတို့နဲ့ စကားပြောပြီး ပျော်နေရတာက ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို လျော့နည်းစေပါတယ် ။ စိတ်ညစ်ရင်တောင် ဖွင့်ပြောလို့ရတာမို့ တစ်ယောက်တည်း ရှိနေရင်တောင် အတွေးတွေ မဝင်လာနိုင်ပါဘူး ။
၅။ အလုပ်သေးသေးလေးတွေ ထလုပ်ပါ ။
အခန်းထဲ နေနေမယ့်အစား ၊ ဖုန်းသုံးနေမယ့်အစား တံမြက်စည်း ထလှည်းတာ ၊ သန့်ရှင်းရေး ထလုပ်တာ အဲဒီလို အိမ်မှာလုပ်နိုင်တဲ့ အလုပ်တွေ လုပ်ပါ ။ အိမ်နားက ဆိုင်မှာ မုန့်သွားဝယ်တာ ၊ ဓာတ်ပုံထွက်ရိုက်တာ စသည်ဖြင့် အိမ်ထဲမှာ ၊ အခန်းထဲမှာ အမြဲမနေဘဲ လှုပ်ရှားမှုလုပ်ပါ ။
၆။ ကြောက်စရာကောင်းတဲ့ စာတွေ မဖတ်ပါနဲ့ ။
Facebookမှာ တင်ထားတဲ့ Uncover ပုံတွေ ၊ videoတွေကို ဖွင့်မကြည့်ပါနဲ့ ။ ကြောက်စရာကောင်းလို့ coveမထားတာကို သွားပြီး မဖွင့်ကြည့်နဲ့နော် ။ ပြီးတော့ သရဲအကြောင်းတွေ ၊ စိတ်ကို ချောက်ချားစေတဲ့ စာတွေဆိုရင် မနက်ကျမှ ဖတ်ပါ ။ ပြီးရင် ညကျ ပြန်မတွေးနဲ့နော် ။
၇။ အတွေးတွေကို ပြောင်းပါ။
မဖြစ်နိုင်တာတွေ ၊ စိုးရိမ်နေတာတွေကို တွေးမယ့်အစား ငါ ဘာဖြစ်ချင်လဲ ။ စာကို ဘယ်လိုရအောင်လုပ်မလဲ ။ ရည်မှန်းချက်ပြည့်အောင် ဘာတွေလုပ်မလဲ စတဲ့ လက်တွေ့မှာ လုပ်ရမယ့် အတွေးတွေကို တွေးပါ ။ အချိန်မဆွဲနဲ့ ။
တစ်ခုခု လုပ်တော့မယ် ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အချိန်တစ်ခုထိပဲ စဉ်းစားပါ ။ လိုတာထက် ပိုစဉ်းစားရင် overthinking ဖြစ်လာတဲ့အပြင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ် ။
၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
လူငယ်တစ်ယောက်အနေနဲ့ Monica တို့ လုပ်နိုင်တာ အများကြီးရှိသလို ရှေ့ဆက်ရမယ့် လမ်းတွေလည်း အများကြီးပါ ။ ရွေးချယ်စရာတွေ ရှိနေတဲ့အပြင် ဖြစ်ချင်တာတွေ ဖြစ်ဖို့လည်း နောက်မကျသေးပါဘူး ။ အဲဒါကြောင့် ကိုယ်က ဘာမှမလုပ်နိုင်ဘူး ။ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာမျိုး မတွေးဘဲ တစ်လှမ်းစီ လျှောက်ရအောင် ။
၁၀။ မထွက်ပြေးပါနဲ့ ။
အမှားလုပ်မိတယ်ထင်ရင် ဝန်ခံလိုက်ပါ ။ တောင်းပန်လိုက်ပါ ။ ဖြေရှင်းပေးလိုက်ပါ ။ ကိုယ် သိချင်တဲ့ မေးခွန်းရှိရင်လည်း မေးလိုက်ပါ ။ ဖြစ်သမျှကို စိတ်ထဲမှာ မသိမ်းထားပါနဲ့ ။ လက်တွေ့မှာပဲ နေထိုင်ရအောင် ။
အပိုင်း ၁ ရဲ့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ် ကြရအောင် ။
Let's start
တစ်ရက်တာအတွက်-
၁၁ ။ ဖုန်းကို ခဏခဏ ဖွင့်ကြည့်နေတာ လျှော့ရန် ။
၁၂ ။ တစ်နေကုန် အခန်းအောင်းတာကို ရှောင်ရန် ။
၁၃ ။ ဟင်း ၅ မျိုး ချက်တတ်ရန် ။
၁၄ ။ ဘုရားစာ အလွတ်ရရန် ။ ကိုယ် ရွတ်ချင်တဲ့ ဘုရားစာကိုပါ ။
၁၅ ။ ဘာသာစကားအသစ်ကို တစ်နာရီ အမြဲ အချိန်ပေး လေ့လာရန် ။
ဒီ ၁၅ ချက်ကတော့ တစ်လတည်း အချိန်ပေးရုံနဲ့ ရရှိလာနိုင်တဲ့ အကျိုးတွေ သိသာတာမို့ Accept လုပ်ပြီး လိုက်လုပ်ကြည့်ပါ ။
ကံတရားဖက်လှည့်ပီး တရားတာမတရားတာ သိပ်အပြစ်မတင်နဲ့ လိုချင်ရအောင်ယူ
မင်းမှာ ခြေလက်အဂ်ါစုံရှိပီးသားပဲ။
မှတ်ထားကွ သူေဌးက ဆင်းရဲ့သားလို
နေတတ်ရင်မဆင်းရဲ့တော့ဘူး ဆင်းရဲ့သားက သူေဌးလိုနေတတ်ရင် ဘယ်တော့မှမချမ်းသာတော့ဘူး။
ကျွန်လို နွှားလိုရုန်းရှာပီး သူေဌးလိုသုံးနေသရွေးတော့ ခွေးဖြစ်နေအုံးမှာပဲ။
အတိတ်ကံ ဝဠ်ကြွေး ပါရင်
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးတောင်
ခြေမ တစ်ချောင်း ဖြတ်ပစ် ပီး
ကိုယ်အင်္ဂါ ချို့ယွင်းရသေးတယ်
မိမိ ကိုလည်း နစ်နာအောင် မလုပ်မိ
တစ်ပါးသူကြောင့် မိမိ မှာ ဘာဒုက္ခမှမဖြစ်ပဲ
ရစရာမရှိအောင် ပြောဆိုပီး ကဲ့ရဲ့ တဲ့ နှုတ်ဝစီတွေ
ဝဋ် လည်မှာတွေ ဒီဖက် ခေတ်ကလူတွေ
သတိထားသင့်တယ်
ဘာမှ မလုပ်ထားမိတဲ့ လူတစ်ယောက်က
သူတို့ ပါးစပ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေပီ
အဲ့လူတစ်ယောက်က လူမုန်းခံနေရတာတွေ
မိမိမှာ အဲ့ဝဋ် မလည်တောင်
ဆွေခုနှစ်ဆက် လိုက်ပီး ဝဋ်လည်တက်တယ်
ဝဋ် ဆိုတာ မိမိ ပြုခဲ့သော အမှု့ပါပဲ
သူများ ကို နှုတ်နဲ့ ပြုခဲ့ရင် မိမိလည်း နှုတ်နဲ့ခံရမယ်
သူများ ကို လက်နဲ့ ပြုခဲ့ရင် မိမိလည်း လက်နဲ့ခံရမယ်
ကိုယ် ရော စိတ်နဲ့ပါ မကောင်းမှု့ပြုရင်
ကိုယ် ရော စိတ် ပါ ပြန် ခံစားရမယ်
ဘုရားဟောခဲ့တဲ့ တူသောအကျိုးပေးမယ်ဆိုတာ
ဒါပါပဲ
ဘုရားရှင်တောင် ရှောင်လွှဲလို့ မရခဲ့တာ ဝဋ် ပါပဲ
သူများကို အရှက်တကွဲအကျိုးနဲစေရင်
မိမိ ဘဝ မိမိသားသမီး မိမိမြေး တွေမှာလည်း
အဲ့ ဝဋ် ကြုံရမယ်
သူများကို thay စေခဲ့ရင် thay အောင် တိုက်တွန်းခဲ့ရင်
thay ပါစေ ဆိုပီး စိတ်ထားမိရင်
မိမိ မိမိ မိသားစု မှာလည်း
သူတစ်ပါးthet လို့ သူတစ်ပါးက thet ခိုင်းလို့
သူတစ်ပါးက thay ပါစေ ဆိုပီး စိတ်ထား လို့
၉၆ပါး ရောဂါနဲ့ မဟုတ်ပဲ
အကုသိုလ် ကံနဲ့ thayရတက်တယ်
တန်ပြန်သက်ရောက်မှု့ ဆိုတာ
ပါးစပ်က ရွတ်ရတာ မဟုတ်ပဲ
မိမိ ကိုယ်တိုင် ဆင်ခြင် နိုင်ကြရမှာပါ
ဆရာတော် ဘုရားရဲ့ ခြေမတော် အကြောင်းပြုပီး
တရား တပုဒ် ရေးပေးလိုက်တယ်🙏🏼
ဒီစာ ကို ဖတ်ပီးရင်
ဆရာတော် ဘုရားရဲ့ ကျန်းမာရေးကြောင့်
ဖြတ် ခဲ့ရတာဆိုပီး ပြောကြမဲ့သူလည်း ရှိနိုင်တယ်
အခု ဆရာတော့် ရုပ်ကလပ် ကို မသဂြိုလ်ပဲ
ဒီတိုင်းထားတာ ဆရာတော်ကြီးရဲ့ တန်ခိုးတော်ပါ
ဒီခြေထောက်က အနာကိုတော့ ပျောက်အောင်
မကုနိုင်စရာ အကြောင်းမရှိပါဖူး
ဝဋ်ကြွေးမို့ ဒီတိုင်း မြင်နေရတာပါ
အဲ့ ရုပ်အလောင်းကိုလည်း တစ်ခုခုနဲ့စီမံထားလို့
ဒီတိုင်း ထားရတာဆိုပီး ပြောလို့ရတယ်
အဲ့တာဆို ချမ်းသာတဲ့လူတိုင်း အဲ့လိုစီမံပီး ထားကြမှာပေါ့
ဆရာတော် ဘုရားကြီးက ရဟန္တာ မို့
ခုလို ထားလို့ရတာပါ
တုံးတုံးလေးတွေ ကို တစ်ခါထဲ ရှင်းပြထားတာပါ