10 w - Translate

✨🤍 Ni Ni Lin Eain 🌸🪽
Half of her beauty is her Aura, Brain & Standard 👑
#ninilineain #missgrandinternational1strunnerup

image
image
image
image
image
10 w - Translate

❝ သော်တာဆွေ၏ ဘဝ ဝတ္ထုများ ❞

“ဘဝ၏အစမှာ အသက် ၄ဝ အရွယ်တွင်ဖြစ်သည်”
ဟု ဆိုစကားရှိ၏။ ထိုစကားသည် အခြားသူများထက် သော်တာဆွေ၏အဖို့ ပို၍မှန်ပေမည်။ သော်တာဆွေသည် နာမည် ရ ကလောင်သက်တမ်း ၆ နှစ်ကျော်၊ အသက်အားဖြင့် ၃၄ နှစ်တွင်မှ ရှေးဦးဆုံး ဘဝဝတ္ထုတစ်ပုဒ် စတင်ရေးခဲ့သောကြောင့် သော်တာဆွေအဖို့ ဘဝအစမှာ ၄ဝ နီးပါး တွင် ဖြစ်တော့သည်။

သော်တာဆွေ ကလောင်အမည်ကို ၁၉၄၇ ခု၊ သြဂုတ်လထုတ် ရှုမဝတွင် “ဘရန်ဒီ တစ်ပုလင်း” ဖြင့် စတင်ခဲ့၏။ ထိုဝတ္ထုမှာ ဟာသာနှောရော လူ့သဘာဝ ဝတ္ထုတစ်ပုဒ်ပင်ဖြစ်၏။ သို့သော် “ဟာသလိုင်းတွင် ရေးသူနည်းသည်၊ ကြိုးစားပါ” ဟု တိုက်တွန်းသော ဆရာကြီးရွှေဥဒေါင်း၏ ဆန္ဒကြောင့် ဟာသဝတ္ထုဆရာအဖြစ် ၆ နှစ်ကျော် စွဲစွဲမြဲမြဲ ရပ်တည်ခဲ့ရ၏။ ပရိသတ်ကလည်း ရှိသည်။

ဟာသစာရေးဆရာအဖြစ်မှ လူ့သဘာဝ၊ လူ့ဘဝ စာရေးဆရာအဖြစ်သို့ စတင် ပြောင်းလဲရန် မရွံ့မရဲ ကြိုးစားခဲ့ရသည်။ ထိုသို့လိုင်းပြောင်းသော ပထမဆုံး ဘဝဝတ္ထုကို ရေးသားရာတွင် အပယ်ခံရမည်လားဟု တထင့်ထင့်ဖြစ်ခဲ့ရသည်ဟု ၁၉၇၁ ခု၊ ဒီဇင်ဘာလထုတ် ရှုမဝ “ကျွန်တော်နှင့် စာပေဗိမာန်ဆု”တွင် ပြန်လည်ဖော်ပြခဲ့၏။ ထိုဘဝဝတ္ထု၏ အစမှာ ၁၉၅၃ ခု၊ ဇွန်လထုတ် ရှုမဝမဂ္ဂဇင်းပါ ကြုံခဲ့ရသည်”ဝတ္ထု ဖြစ်သည်။

ကြုံခဲ့ရသည်” စွံသောအခါ ဘဝဝတ္ထုများ ဆက်တိုက်ရေးလာခဲ့လေသည်။ စာဖတ်ရင့်ကျက်သူများကလည်း အားပေးခဲ့သဖြင့် ဟာသစာရေးဆရာသည် ဘဝ စာရေးဆရာ ဖြစ်လာခဲ့လေပြီ။ ထို့ကြောင့်လည်း အသက် ၃၄ နှစ်တွင်မူ သော်တာဆွေ သည် ဘဝကိုစခဲ့သည်ဟု ဆိုခဲ့ခြင်းပေတည်း။

ယနေ့အထိ သော်တာဆွေသည် ဘဝဝတ္ထုများကို မဂ္ဂဇင်းများတွင် မပြတ်ရေးခဲ့ သလို ထိုဝတ္ထုတိုများကို ပြန်လည်၍ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်လေ သည်။ ၎င်းတို့မှာ...

• ဘ၀ထိုထို
(၁၉၆၁၊ စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဆုရ)၊

• ပြည်မြန်မာ၏ ပြယုဂ်များ

• သတ္တဝါတို့၏ သံသရာ
(၁၉၆၄၊ ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆု)၊

•ဤလောကမြေမဟီဝယ် (၁၉၇ဝ၊
အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ် ဆုရ)
တို့ ဖြစ်လေသည် ။

image

❝ Midnight in Paris : ပဲရစ်မြို့ရဲ့ စိတ်ကူးယဉ်ညတွေ ❞
မိုးရွာနေတဲ့ ပဲရစ်မြို့ရဲ့ညတွေမှာသာ
ချစ်သူနဲ့ လမ်းလျှောက်ခွင့်ရမယ်ဆိုရင်
‌ဘာကိုမှထပ်ပြီး တောင့်တမိမယ်မထင်ဘူး
မိုးရွာတဲ့အချိန်တွေဆို ပဲရစ်မြို့ကအလှဆုံးပဲ
ပဲရစ်ဟာ ကဗျာတစ်ပုဒ်ဆိုလည်းဟုတ်တယ်
ပဲရစ်ဟာ အချစ်မြို့တော်ဆိုရင်လည်းမမှားဘူး
မြင်ဖူးနေကျ plot မျိုးမဟုတ်ဘဲ romance/fantasy ဆိုတော့ ကြည့်ရတာ တစ်မျိုးလေးဆန်းတာပေါ့ Woody Allen လက်ရာတွေ မိုက်ပြီးသားဆိုတာတော့ သိကြမှာပါ
ပဲရစ်မြို့ရဲ့အကြောင်း၊ ပန်းချီဆရာနဲ့ စာရေးဆရာတွေအကြောင်း၊ အနုပညာရှင်တွေအကြောင်း
အို ... ကြည့်စမ်း သိပ်ကိုလှပတဲ့နိဗ္ဗာန်ဘုံလေး !!
ပန်းချီဆရာဖြစ်တဲ့ ကိုယ့်ဖေဖေနဲ့အတူ ညဘက်ထိုင်ကြည့်ခဲ့တာ အရသာရှိလွန်းတယ်
ဒီရုပ်ရှင်ရဲ့ နာမည်ကျော်ဒိုင်ယာလော့တစ်ခုက
" I love walking with you " တဲ့
ကိုယ်တိုင်က စိတ်ကူးယဉ်ဆန်တဲ့သူဖြစ်တာကြောင့် တကယ်သဘောကျတယ်
Personal rating 9/10 ⭐⭐⭐
တစ်နေ့ ပဲရစ်မြို့လေးကို အလည်သွားနိုင်ဖို့ မျှော်လင့်ရင်း ...

image

👹ကြောက်စရာထက် ဟာသတွေ တွေးစရာတွေပေးတဲ့ သရဲကား 😇
🔳Dead Talents Society (2023)
ဒီပိတ်ရက်မှာ ပေါပေါ့ပါးပါးနဲ့ကြည့်လို့ ကောင်းတဲ့ ထိုင်ဝမ် သရဲကားကောင်းကောင်းလေးကို ညွှန်းပေးချင်ပါတယ်
🔳ဒီကားလေးဟာ ထိုင်ဝမ် အကယ်ဒမီ ဆုပေးပွဲမှာ
*ဇာတ်ညွှန်းဆု
*တေးဂီတဆု
* ဇာတ်ပို့မင်းသမီးဆု တွေအတွက် ဇကာတင်ဝင်ခဲ့တဲ့ အနုပညာမြောက်ကားကောင်းလေးပဲ ဖြစ်ပါတယ်…
🔳ဒီဇာတ်ကားလေးမှာ လူတွေက သရဲခြောက်ခံရတဲ့ ရှုထောင့်က မဟုတ်ပဲ သရဲတွေဟာ သရဲ လောကမှာ နာမည်တစ်ခုနဲ့ ရပ်တည်နိုင်ဖို့ သူတို့ရဲ့ အစွမ်းကုန် ကြိုးစားအားထုတ်မှုတွေ ယှဉ်ပြိုင်မှုတွေ ကို တွေ့ရမှာပါ…
🔳 လောကကြီးမှာ အသက်ရှင်တဲ့အခါ ယှဉ်ပြိုင်တိုင်း အနိုင်ရမှ၊ တစ်စုံတစ်ခုသော ထူးခြားစွမ်းရည်တွေ ရှိနေမှ လူရာဝင်တာတွေဟာ တကယ်ပဲ မှန်ကန်ရဲ့လား…
ဒီ message လေးကို ပေးရင်း သရဲဘဝမှာပါ ယှဉ်ပြိုင် နေရတာတွေပါ ဖြစ်လာတဲ့ ပုံစံလေးနဲ့ စိတ်ဝင်စားဖွယ် ဟာသတွေနဲ့ ရောနှောပြီးကြည့်ရှုရမှာပါ….

image

Fallen Angels (1995) x Chungking Express (1994)

10 w - Translate

မုတ်သုံမိုးနှင့်အပြိုင် အသော့နှင်ခဲ့ရသောခရီးတခု။
အရိုင်းဆန် လှိုင်းရေပြင်ကို ရင်တမမ ဖြတ်ခဲ့ရသော
ခရီးတခု။

မြိတ်ကျွန်းစုထဲအဖြတ် ‘ဒိုင်းခနဲ’ဖောက်သံချက်
ကြားလိုက်ရစဉ် အထိတ်တလန့် ဖြစ်ခဲ့ရသော
ခရီးတခု။

မှောင်ခိုကုန်ကူးသူတွေနှင့် ဒူးတင်ပေါင်ဖက်
သွားခဲ့ရသော ခရီးတခု။

မောရစ်ကောလစ်၏ သရဲခြောက်သော အိမ်ကြီးကို
တွေ့ခဲ့ရတဲ့ ခရီးတခု။

ပင်လယ်ဓားပြ ဆင်မြူရယ်ဝှိုက် အတင်း သိမ်းပိုက်
ပေါင်းသင်းခဲ့တဲ့ မေရီပိုဗေး၏သင်္ချိုင်းကမ္ပည်းစာကို
ဖတ်ခဲ့ရတဲ့ ခရီးတခု။

အီကွေတာ နေရောင်ပြင်းအောက် တဝီဝီပြေးသွားတဲ့
ဟွန်ဒါဆိုင်ကယ်များကို လွတ်အောင် တိမ်းရှောင်ခဲ့ရ​
သော ခရီးတခု။

ဂေါ့ဖားသားဆန်တဲ့ ထောင်ကဲတွေနဲ့ သူတို့ရဲ့
လက်ရဲဇက်ရဲ လူမိုက်တွေအကြောင်း
အံ့ဩမှင်သက် နားထောင်ခဲ့ရ​သော ခရီးတခု။

ရှမ်းကမ်းဘက်က ပြည့်တန်ဆာမလေးတွေရဲ့
အော်သံ ညုသံ ခရာသံတွေကြား အိပ်မရလို့
ညကြီးမင်းကြီး ထပြီး ထိုင်နေဖြစ်ခဲ့ကြတဲ့ခရီးတခု။

ဘော်လီအင်္ကျီမျှ မဝတ်နိုင်ရှာတဲ့ သူဆင်းရဲအပျိုမ
လေးကို မြင်တွေ့ ဂရုဏာသက်ခဲ့ရသော ခရီးတခု။

သတ္ထုတွင်း လုပ်သမားများ၊ ရော်ဘာစေးခြစ်
အလုပ်သမများ၊ ပုလဲငုပ်သူများ ပင်လယ်ပျော်
ဆလုံများ၏ ဘဝကို စေ့ငုနိုင်ခဲ့သော ခရီးတခု။
……..

ဆရာမြသန်းတင့်ရဲ့ ခရီးသွားစာပေလက်ရာများထဲ
လူကြိုက်အများဆုံး၊ အထင်ရှားဆုံး၊ ပြောစမှတ်ပြု
ခံရဆုံး လက်ရာတခုဖြစ်ရာ အထွေထွေ အထူးထူး
မိတ်ဆက်နေဖို့ပင် လိုအံ့ဟု မထင်သော—

‘ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု
မေရီပိုဗေးနှင့်အီကွေတာညများ’

image

Now You See Me: Now You Don’t ရုပ်ရှင် ထရေလာထွက်လာပါပြီ။ <br>ဒီရုပ်ရှင်မှာ မြင်းသည်တော် ၄ ဦးအဖြစ် Jesse Eisenberg, Woody Harrelson, Dave Franco နဲ့ Isla Fisher တို့အပြင် Morgan Freeman လည်းပြန်လ

10 w - Translate

❝ လူကလေးဖတ်ဖို့ ပုံပြင် - ၁၇ ❞
_ . _
ကုတ်အင်္ကျီ အဟောင်းကြီးတစ်ထည်ရှိတယ်
အဟောင်းဈေးက ဝယ်ခဲ့တာလို့ပြောတယ်
နှစ်တွေကြာလှပြီကွယ်
ဖေဖေငယ်စဉ်က
ဒီကုတ်အင်္ကျီဖားဖားကြီးနဲ့
နှင်းတွေထဲမှာ လမ်းသလားခဲ့တယ်
ကုတ်အင်္ကျီအဟောင်းကြီးတစ်ထည်ရှိတယ်
လူကလေးကိုစောင့်နေတယ်
မင်းကြီးပြင်းလာတဲ့အခါ
သူ့ကိုဝတ်ဆင်နိုင်တယ်
ဆောင်းရက်ထဲမှာ လမ်းသလားနိုင်တယ်
နှင်းမှုန်တွေထဲဝယ်။
•၂၀၁၆-၇-၁၁
•မွန်းလွဲ (၃း၃၄)
▫️နေမျိုး▫️

image
10 w - Translate

ငွေကြေးယဥ်ကျေးမှု
ကြေးရတတ် လူ့အဖွဲ့စည်းတစ်ခုရဲ့
ယိုယွင်းပျက်စီးနေတဲ့ စာရိတ္တနဲ့ကျင့်ဝတ်တွေ၊
ခြိမ့်ခြိမ့်သည်း ပါတီပွဲကြီးတွေနဲ့
နောက်ဆက်တွဲ ဖောက်ပြန်တဲ့အချစ်တွေ၊
ပကတိလောကနဲ့ အနီးစပ်ဆုံး ထပ်တူကျနေတဲ့
ဇာတ်​ကောင်တွေရဲ့ စိတ်အတွင်းသားထဲက
မည်းမှောင်စုတ်ပြတ်နေတဲ့ အကျင့်စရိုက်တွေ
" ဂတ်စ်ဘီ "
အထက်တန်းလွှာကျကျ
ချမ်းသာကြွယ်ဝခြင်းတွေ၊
ထူးခြားတဲ့ ဘဝဖြတ်သန်းပုံတွေကြောင့်
လူတွေရဲ့ ပါးစပ်ပေါင်း
သောင်းခြောက်ထောင်ထဲမှာ
ကောလဟာလ ပေါင်း သောင်းခြောက်ထောင်နဲ့
ကျော်ကြားနေခဲ့တဲ့ " ဂတ်စ်ဘီ "
ဒါမှမဟုတ်ရင်လည်း မိန်းမတစ်ယောက်ကို
ဘဝတစ်ခုလုံးစာ ချစ်ခဲ့တဲ့ " ဂတ်စ်ဘီ " ပေါ့
" ဂတ်စ်ဘီ " ဟာ " ဘယ်သူလဲ "
" ဒုစရိုက်သမားလား "
" လူကောင်းလား "
" ဘာအလုပ်လုပ်တာ "
" စစ်ကြီးအပြီးမှာ အချိန်တိုအတွင်း
မည်သို့မည်ပုံချမ်းသာလာတာ "
စတဲ့ လူတိုင်း စိတ်ဝင်စားနေတဲ့
" ဂတ်စ်ဘီ " ရဲ့ ဘဝဇာတ်ကြောင်း အစစ်မှန်နဲ့
ပတ်သတ်ဆက်နွယ်ခဲ့သူတွေရဲ့ ဘဝတွေကိုပါ
ကျနော်တို့ စာဖတ်သူတွေက
သူ့အိမ်နီးချင်းဖြစ်သူရဲ့
ကမ္ဘာထဲကနေ စိတ်ဝင်တစား
ချောင်းမြောင်းကြည့်ရှုခွင့်ရခဲ့တယ်။
စိတ်ဝင်စားစရာ​ကောင်းသလောက်
လူ့သဘောမနော အတွင်းစိတ်
အလင်းအမှောင်တွေကို ကွက်ကွက်ကွင်းကွင်း
မြင်တွေ့နိုင်မဲ့ စာအုပ်တစ်အုပ်ပါပဲ ။
" The Great Gatsby " ဟာ
သာမန် အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘဲ
အမေရိကန် လူ့အဖွဲ့အစည်းနဲ့ ကြိုးစားရင်
လူတိုင်း ချမ်းသာအောင်မြင်နိုင်တယ်ဆိုတဲ့
" အမေရိကန်အိပ်မက် " ရဲ့နောက်ကွယ်က
ပုပ်သိုးမှုတွေကို ပါးပါးနပ်နပ်နဲ့
ခပ်ထေ့ထေ့ မီးမောင်းထိုးပြထားတဲ့
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း . . .

image
10 w - Translate

table bench
✨ အရည်အသွေးမြင့် Aluminum Alloy Mini Table Bench Vise လေးနဲ့ သင့်လက်မှုပညာအလုပ်တွေကို ပိုမိုလွယ်ကူစေမယ်! ✨
စျေးနုန်း ၁၂၀၀၀ကျပ်။
🔩 **အင်္ဂါရပ်များ**:
- Aluminum Alloy ဖြင့်ပြုလုပ်ထားပြီး ပေါ့ပါးပြီး ခိုင်ခံ့တယ် 💪
- 360° လှည့်ပတ်နိုင်ပြီး မတူညီတဲ့ထောင့်တွေမှာ အလုပ်လုပ်လို့ရတယ် 🔄
- Alloy ဖြင့်ပြုလုပ်ထားတဲ့ မေးရိုးများက ခိုင်ခံ့ပြီး ပစ္စည်းများကို မထိခိုက်စေဘဲ ကောင်းစွာဆုပ်ကိုင်ပေးတယ် 🛠️
- Vacuum rubber suction cup နဲ့ ချောမွေ့တဲ့မျက်နှာပြင်ပေါ်မှာ တည်ငြိမ်စွာ တပ်ဆင်နိုင်တယ် (ရေနဲ့သုံးရင် ပိုတည်ငြိမ်!) 💧
- အများဆုံး clamping size: 35mm 📏

🎨 **အသုံးပြုနိုင်မှု**:
- DIY လက်မှုပညာ၊ ထွင်းထုခြင်း၊ ပြုပြင်မှု၊ ပွတ်တိုက်ခြင်း၊ တူးဖော်ခြင်း စသဖြင့် အမျိုးမျိုးအတွက် သင့်တော်တယ် 🖌️
- လက်ဝတ်ရတနာ၊ မော်ဒယ်ပြုလုပ်ခြင်း၊ အီလက်ထရွန်းနစ်နဲ့ အိမ်သုံးအလုပ်များအတွက် အထူးသင့်တော် 🔍

💡 **အသုံးပြုရလွယ်ကူ**:
- အပေါ်ဘက်ရှိ rotating rod ကိုလှည့်ပြီး စားပွဲပေါ်မှာ အလွယ်တကူ တပ်ဆင်နိုင်တယ် ⚙️
- သေးငယ်တဲ့ပစ္စည်းများကို လုံခြုံစွာ ဆုပ်ကိုင်ပြီး အလုပ်လုပ်ရ အဆင်ပြေ! 🛠️

📦 **ပါဝင်မှု**: 1 x Alloy Table Bench Clamp Vise

⚠️ **မှတ်ချက်**:
- မျက်နှာပြင်အလိုက် အရောင်အနည်းငယ်ကွဲပြားနိုင်ပါတယ်
- လက်ဖြင့်တိုင်းတာမှုကြောင့် 1-3mm အမှားအယွင်းရှိနိုင်ပါတယ်

🛒 **အခုပဲ မှာယူလိုက်ပါ**! သင့်လက်မှုပညာအလုပ်တွေကို ပိုမိုပျော်ရွှင်စွာ ဖန်တီးလိုက်ပါ! 😊
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#minivise #tablevise #diytools #crafttools #jewelrymaking #hobbytools #aluminumvise #myanmardiy #workshoptools