10 w - Translate

BlueVolt Battery ဆိုတာဘာလဲ?
စမတ်ဖုန်းအသုံးပြုသူတိုင်းအတွက် ဖုန်းအားကုန်တာက တကယ်စိတ်ညစ်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ အရေးကြီးဖုန်းပြောနေချိန်၊ အလုပ်ကိစ္စအသုံးပြုနေချိန်နဲ့ Social Media အသုံးပြုနေချိန်တွေမှာ ဖုန်းအားကုန်ပြီး ဖုန်းပိတ်ကျသွားတဲ့အခါတွေမှာ ဒီလို ဖုန်းအားကုန်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ ကြုံရပြီး စိတ်မသက်မသာ ဖြစ်ကြရပါတယ်။
ခုလို ဘက်ထရီအတွက် စိုးရိမ်ကြောင့်ကြမှုတွေနည်းပါးအောင် vivo က BlueVolt Battery System ကို vivo စမတ်ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနေပါတယ်။ အသစ်မိတ်ဆက်ထားတဲ့ vivo V50 Lite မှာပါဝင်လာမယ့် BlueVolt Battery System ဟာဆိုရင်လည်း သိုလှောင်အားကြီးမားပေမယ့် ထူထဲလေးလံမနေပဲ ပါးလွှာပြီး အားသွင်းလျင်မြန်စေတဲ့အပြင် ဘက်ထရီသက်တမ်း ကြာရှည်စွာအသုံးပြုနိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပါတယ်။
Electrode Reshaping Technology ကြောင့်လျှပ်ကူးခေါင်းတွေ ပိုမိုပါးလွှာပြီး ဘက်ထရီထဲမှာ လျှပ်ကူးခေါင်းများစွာ ထည့်ထားတာကြောင့် စွမ်းအင်ထုတ်လွှတ်တဲ့အခါ ပိုထိရောက်ခြင်း၊ ဖုန်းတွင်းအပူကြောင့် စွမ်းအင်ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ ဘက်ထရီသိပ်သည်းဆနဲ့ စွမ်းဆောင်ရည်တိုးမြှင့်ခြင်း စတာတွေအပြင် ဘက်ထရီ သက်တမ်းကြာရှည်ခံနိုင်ဖို့အတွက်လည်း ကူညီထောက်ပံ့ပေးပါတယ်။
ဒီလိုနောက်ဆုံးပေါ်နည်းပညာသုံးခုကို ပေါင်းစပ်ပြီး သုံးစွဲသူတွေရဲ့ တစ်နေ့တာမှာ ဘက်ထရီကြောင့် စိတ်ပူပန်ရမှုများ လျှော့ချပေးနိုင်ဖို့နဲ့ ကြီးမားပြီးကြာရှည်ခံတဲ့ ဘက်ထရီကို လျင်မြန်စိတ်ချလုံခြုံစွာ အားသွင်းနိုင်မယ့် နည်းပညာတွေပေါင်းစပ်ထားတဲ့ BlueVolt Battery System ကို vivo စမတ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုပေးနေပါပြီ။ အသစ်မိတ်ဆက်ထားတဲ့ vivo V50 Lite မှာဆိုရင် 6500 mAh Battery ပါဝင်တဲ့အပြင် BlueVolt Battery System ကြောင့် ပါးလွှာပြီး ကြာရှည်အသုံးခံတဲ့ ဘက်ထရီတစ်လုံးအနေနဲ့ သုံးစွဲသူတွေ စိတ်ကျေနပ်‌မှုရစေပြီး ဘက်ထရီကြောင့်ဖြစ်တဲ့ စိတ်မချမ်းမြေ့စရာတွေမှ ကင်းဝေးနိုင်မှာပဲဖြစ်ပါတယ်။

image
10 w - Translate

ဒီညရဲ့ ရော်နယ်ဒင်မက်ဂွဲယား 🇧🇷

image
10 w - Translate

ခေါင်းကြီးပြခဲ့တဲ့ တကွက်က ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေပါပြီ။ ညာဘက်လှည့်ထွက်လိုက်၊ ဘယ်ဘက်လှည့်ထွက်လိုက်၊ ညာဘက်ကို ပြန်ထွက်လိုက်လုပ်ပြီး ဧရိယာထဲ ဖြတ်တင်ပေးခဲ့ပုံက တောင်ပံကစားသမားတဦးအလားပါပဲ။
လိုင်ယွန်နဲ့ပွဲတုန်းက တိုက်စစ်မှူးနေရာတက်ကစားပြီး အဖိုးတန်အနိုင်ဂိုးသွင်းခဲ့တဲ့ ခေါင်းကြီးက ဘီလ်ဘာအိုနဲ့ပွဲမှာလည်း အဖွင့်ဂိုးရအောင် ကူညီပေးသွားခဲ့တာပါ။ သူ့ရဲ့ အားထုတ်မှုကြောင့် ရခဲ့တဲ့ဂိုးဖြစ်ပြီး အသင်းဖော်တွေကလည်း မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့ပါတယ်။
ခေါင်းကြီးရဲ့ ပါဝင်ပတ်သက်မှုတွေကတော့ ချီးကျူးစရာတွေ ဆက်တိုက်ပါပဲ။ ယူနိုက်တက်ကနေ ရောင်းထုတ်ခံရတော့မယ့် အနေအထားကနေ အားလုံးရဲ့ ယုံကြည်မှုပြန်ရလာအောင် ကြိုးစားခဲ့တာတွေက အရာထင်နေခဲ့ပါပြီ။

image

မင်္ဂလာနံနက်ခင်းလေးပါ💞💓
ရေလိုအေးလို့ ပန်းလိုမွှေးနိုင်ကြပါစေ🙏🙏🙏

image
10 w - Translate

ပရီးမီးယားလိဂ်အသင်းများရဲ့ ဒီအပတ် ဥရောပရလဒ်များ 📊
ဘီလ်ဘာအို 0-3 မန်ယူနိုက်တက် ✅
စပါး 3-1 ဘိုဒိုး ✅
Djurgarden 1-4 ချဲလ်ဆီး ✅
အာဆင်နယ် 0-1 ပီအက်စ်ဂျီ ❌

image

နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရခိုင်ပြည်နယ်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image
10 w - Translate

microphone
🎙️ NASUM Dual Wireless Microphone System - သင့်အသံကို ပိုမိုကောင်းမွန်စွာ ထုတ်လွှင့်ဖို့ ! 🎤
စျေးနုန်း ၂၇၀,၀၀၀ ကျပ်.
🔊 အဓိကအင်္ဂါရပ်များ
✅ Longer Operating Distance: 100 ပေ အထိ အလုပ်လုပ်နိုင်သော အကွာအဝေး!
✅ High Quality Sound: NASUM ၏ ထူးခြားသော အသံထုတ်လွှင့်နည်းပညာဖြင့် အသံပိုမိုကြည်လင်၊ feedback မရှိ၊ distortion နည်းပါးပြီး သင့်အသံကို ပိုမိုထင်ရှားစေပါတယ်။
✅ Easy to Use: Plug & Play စနစ်၊ တပ်ဆင်ရလွယ်ကူ။ Mixer, active speaker, amplifier, karaoke machine နှင့် iOS/Android phone, tablet, laptop များနှင့် အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
✅ Dual Microphones: Headset နှင့် Lavalier Microphone ပါဝင်ပြီး အခြေအနေအမျိုးမျိုးအတွက် လွတ်လပ်စွာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
✅ LED Display: ဘက်ထရီအား၊ အချက်ပြမှုနှင့် FM frequency ကို ရှင်းလင်းစွာ ပြသပေးပါတယ်။
🎯 ဘယ်လိုအခါမျိုးမှာ အသုံးဝင်လဲ?
- သင်ကြားမှု၊ ဟောပြောပွဲ၊ တရားဟောပွဲ
- မင်္ဂလာပွဲ၊ ကျောင်းပွဲများ
- အင်တာဗျူး၊ ဗီဒီယိုရိုက်ကူးမှု၊ လေ့ကျင့်ရေးများ
🔋 ပါဝင်ပစ္စည်းများ:
- Headset Microphone ၁ ခု
- Lavalier Microphone ၁ ခု
- Bodypack Transmitter ၁ ခု
- Rechargeable Receiver ၁ ခု
- Instruction Manual
📏 အရွယ်အစား: ကျစ်လစ်ပြီး သယ်ယူရလွယ်ကူ 52 x 65mm
🎵 အသံအရည်အသွေး: 30Hz-18KHz ±3DB, Signal to Noise Ratio >96DB
💥 အခုပဲ မှာယူလိုက်ပါ!
👉 သင့်အသံကို ပိုမိုကောင်းမွန်စွာ ဖော်ပြဖို့ NASUM Wireless Microphone System ကို ရွေးချယ်လိုက်ပါ။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i119867090.html?s
#wirelessmicrophone #nasummicrophone #headsetmic #lavaliermic #karaokemic #liveperformance #teachingtools #recordingmic #myanmarshopping #techgadgets 🎙️🎤

၇၄ ကြိမ်မြောက်
ထီပေါက်စဥ်

image

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ
*****************
(နိုင်ငံတကာ) ဧပြီ ၃၀
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ လျက် ရှိကြောင်း သိရသည်။

အဓိကအားဖြင့် ဘိုကိုဟာရမ် စစ်သွေးကြွများနှင့် ISWAP အဖွဲ့တို့ကြား အပြန်အလှန် တိုက်ခိုက်မှုများကို ကျူးလွန်လာခြင်းဖြစ်ကာ ၎င်းတို့အသုံးပြုလျက်ရှိသည့် နည်းလမ်းများတွင် လက်နက်တပ်ဆင်ထားသည့် ဒရုန်းများနှင့်လမ်းမကြီးများတွင် ဗုံးထောင်ခြင်းများလည်းပါဝင်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အကုန်မှာပင် အာဒမ်အာဝါနှင့်ဘော်နိုပြည်နယ်တို့၌ စစ်သွေးကြွများ၏ တိုက်ခိုက်မှု ကြောင့် လူ ၂၂ ဦးသေဆုံးထားသည်။

အလားတူ ဧပြီလ ၂၈ ရက်တွင်လည်း ဘော်နိုပြည်နယ်၌ မော်တော်ယာဉ် နှစ်စီးဖောက်ခွဲခံရသည့် အတွက် လူ ၂၆ ဦးသေဆုံးသည်။

ထို့အတူ ဇန်နဝါရီလမှစ၍ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့်သေဆုံးသူအရေအတွက်မှာ ဒါဇင်ပေါင်းများစွာရှိလာပြီ ဖြစ်သည်။

အထူးသဖြင့် ဘော်နို ပြည်နယ်သည် အကြမ်းဖက်သမားများ ၁၅ နှစ်ကြာစိုးမိုး ထားသည့်နယ်မြေဖြစ်ပြီး လက်ရှိအချိန်တွင် အောင်မြင် မှုများပိုမိုရရှိလာလျက်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဘာ ဂါနာဇူလမ်ကပြောသည်။

တစ်ချိန်တည်းမှာပင် ISWAP အဖွဲ့က လက်နက်တပ်ဆင်ထားသည့် ဒရုန်းများ ကို အသုံးပြုလာခြင်းသည် IS စစ်သွေးကြွများထံမှ ပံ့ပိုးမှုများရရှိထားခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောထားသည်ဟု RTA သတင်းဌာနက သိရသည်။

image
10 w - Translate

ရန်ကုန်မြိုမှာ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပမည်
*****************
(ပြည်တွင်း) ဧပြီ ၃၀
ရန်ကုန်မြို့မှာ ဒုတိယအကြိမ်အဖြစ် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို လေးရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားတဲ့ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို မေလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center မှာ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

အဆိုပါပြပွဲကို မေလ ၁ ရက်မှ ၃ ရက်အထိ Yangon Convention Center မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ၊ မေလ ၄ ရက်မှာ နံနက် ၉ နာရီ မှ နေ့လယ် ၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ်ပေါင်း ၁၅ဝ ကျော်က ဆိုင်ခန်းပေါင်း ၇ဝ ကျော်လာရောက်ပြသရောင်းချခဲ့တဲ့ မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှုကုန်စည်ပြပွဲ ပထမအကြိမ်ကို ဇန်နဝါရီလ ၁၀ ရက်က ရန်ကုန်မြို့ ကွန်ဗင်းရှင်းစင်တာမှာ နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ မီးစက်နှင့် စွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့က ကုမ္ပဏီပေါင်း ၁၅၀ ကျော်က လာရောက်ပြသရောင်းချခြင်းဖြစ်ပြီး၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ ကွန်ဗင်းရှင်း စင်တာတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ပြပွဲတွင် ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်နစ် ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ပြီးဆိုလာပြားများမလိုအပ်ဘဲ ဘက်ထရီစနစ်တွဲရက် စမတ်အင်ဗာတာများနှင့် ဆိုလာစွမ်းအင်များကို စိတ်ဝင်တစားလာရောက် ကြည့်ရှုဝယ်ယူသူများ အထူးများပြားခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် ဒေသများစွာမှာ လျှပ်စစ်မီး ပြတ်တောက်မှု များရှိနေကြောင်း သိရပါတယ်။ ဓာတ်အားထုတ်လုပ်မှုလျော့နည်းအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးတွင် အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးပေးနေရတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

image