❝ Midnight in Paris : ပဲရစ်မြို့ရဲ့ စိတ်ကူးယဉ်ညတွေ ❞
မိုးရွာနေတဲ့ ပဲရစ်မြို့ရဲ့ညတွေမှာသာ
ချစ်သူနဲ့ လမ်းလျှောက်ခွင့်ရမယ်ဆိုရင်
‌ဘာကိုမှထပ်ပြီး တောင့်တမိမယ်မထင်ဘူး
မိုးရွာတဲ့အချိန်တွေဆို ပဲရစ်မြို့ကအလှဆုံးပဲ
ပဲရစ်ဟာ ကဗျာတစ်ပုဒ်ဆိုလည်းဟုတ်တယ်
ပဲရစ်ဟာ အချစ်မြို့တော်ဆိုရင်လည်းမမှားဘူး
မြင်ဖူးနေကျ plot မျိုးမဟုတ်ဘဲ romance/fantasy ဆိုတော့ ကြည့်ရတာ တစ်မျိုးလေးဆန်းတာပေါ့ Woody Allen လက်ရာတွေ မိုက်ပြီးသားဆိုတာတော့ သိကြမှာပါ
ပဲရစ်မြို့ရဲ့အကြောင်း၊ ပန်းချီဆရာနဲ့ စာရေးဆရာတွေအကြောင်း၊ အနုပညာရှင်တွေအကြောင်း
အို ... ကြည့်စမ်း သိပ်ကိုလှပတဲ့နိဗ္ဗာန်ဘုံလေး !!
ပန်းချီဆရာဖြစ်တဲ့ ကိုယ့်ဖေဖေနဲ့အတူ ညဘက်ထိုင်ကြည့်ခဲ့တာ အရသာရှိလွန်းတယ်
ဒီရုပ်ရှင်ရဲ့ နာမည်ကျော်ဒိုင်ယာလော့တစ်ခုက
" I love walking with you " တဲ့
ကိုယ်တိုင်က စိတ်ကူးယဉ်ဆန်တဲ့သူဖြစ်တာကြောင့် တကယ်သဘောကျတယ်
Personal rating 9/10 ⭐⭐⭐
တစ်နေ့ ပဲရစ်မြို့လေးကို အလည်သွားနိုင်ဖို့ မျှော်လင့်ရင်း ...

image