10 w - Translate

မြန်မာနိုင်ငံမှာ အပစ်ရပ်သက်တမ်း ထပ်တိုးဖို့ အာဆီယံအလှည့်ကျဥက္ကဌ တိုက်တွန်းပြန်
ကွာလာလမ်ပူ၊ ဧပြီ-၃၀-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ ဧပြီ ၃၀ ရက်ထိ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်သက်တမ်းတိုးဖို့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာနဲ့ ပြန်လည်ထူထောင်ရေးတွေအတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက် အပစ်ရပ်ကြောင်း နစက က ကြေညာခဲ့ပြီး နောက်တကြိမ်မှာတော့ ဧပြီ ၃၀ ရက်ထိ အပစ်ရပ်သက်တမ်း တိုးခဲ့တာပါ။
အပစ်အခတ်ရပ်စဲရေးဟာ ငလျင်ဒဏ်အပါအဝင် ထိခိုက်ခံစားနေရတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာ လွယ်ကူချောမွေ့စေဖို့ မရှိမဖြစ် လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။
နစက ဥက္ကဌ ၊ NUG ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ရာမှာလည်း အခုလို ပြောကြားခဲ့တယ်လို့ အီဘရာဟင်က ပြောပါတယ်။ ဘက်လိုက် ၊ ကန့်သတ်တာတွေမရှိဘဲ အကူအညီတွေပေးအပ်နိုင်ရမယ်လို့ သူက ပြောပါတယ်။
မလေးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တစိုက်မတ်မတ် ထောက်ခံအားပေးနေပြီး အရပ်သားတွေ ဘေးကင်းလုံခြုံရေးအာမခံချက်ဟာ အရေးကြီးတယ်လို့့ မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ စင်ကာပူဝန်ကြီးချုပ် လော့ရင့်စ်ဝေါင်တို့နဲ့လည်း ဧပြီ ၂၉ ရက်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်ထားပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို လာမည့် မေ ၇ ရက်တွင် စတင်မည်
ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်တင်မြှောက်ပွဲကို ကာဒီနယ်ဆရာတော်ကြီးများက လာမည့် မေ ၇ ရက်တွင်စတင်ကျင်းပမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော်က ဧပြီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဈာပနအခမ်းအနား ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပသော ကာဒီနယ်ဆရာတော်ကြီးများ တံခါးပိတ်ဆွေးနွေးပွဲတွင် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်တင်မြှောက်ပွဲကို မေ ၇ ရက်တွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီးသစ် ရွေးကောက်တင်မြှောက်ပွဲကို ၁၆ ရာစုခေတ်လက်ရာ စစ္စတိုင်းဘုရားကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂ဝဝ၅ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင်ကျင်းပခဲ့ဖူးသော ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲများမှာနှစ်ရက်မျှသာ ကြာမြင့်ခဲ့သော်လည်း ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ရွေးချယ်ထားသော ကာဒီနယ်အများအပြားမှာ တစ်ဦးနှင့်တစ်ဦးမြင်ဖူး၊ တွေ့ဖူးသူများမဟုတ်ကြရာ မေ ၇ ရက်တွင် စတင်မည့် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲမှာရက်အတန်ကြာ ကြာမြင့်နိုင်ကြောင်း လေ့လာသူများကသုံးသပ်ထားသည်။
ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲတွင် ကမ္ဘာတစ်ဝန်း အသက် (၈၀) အောက်ကာဒီနယ်ဆရာတော် ၁၃၅ ပါးတို့က လျှို့ဝှက်မဲပေး၍ ပုပ်ရဟန်းမင်းကြီးသစ်ကို ရွေးချယ်ပေးရမည်ဖြစ်သည်။
၂ဝ၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခံခဲ့ရသော ပုပ်ဖရန်စစ်သည် နှလုံးခုန် ရုတ်တရက်ရပ်တန့်မှုနှင့် လေဖြတ်မှုတို့ကြောင့် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။
ရိုက်တာ

image

#နိုင်ငံတကာသတင်း
◼တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့်အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ် တရုတ်ရေတပ်ကင်းလှည့်
အငြင်းပွားနေသောတောင်တရုတ်ပင်လယ်တွင် ယမန်နေ့က ဖိလစ်ပိုင်နှင့် အမေရိကန်လေတပ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်နေစဉ် တရုတ်ရေတပ်က ကင်းလှည့်မှု လုပ်ဆောင်ခဲ့ကာ ဖိလစ်ပိုင်က အနှောက်အယှက်များ ဖန်တီးနေသည်ဟု တရုတ်ကပြောကြားလိုက်သည်။
နှစ်နိုင်ငံစလုံး က ၎င်းတို့၏ အချုပ်အခြာပိုင်နက်အကြောင်း အကြိတ်အနယ်ပြောကြားနေကြချိန်တွင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးအား ၎င်းပိုင်အဖြစ် ပြောဆိုနေသော တရုတ် က ယင်းရေပြင်တွင် ဖိလစ်ပိုင်နှင့် တင်းမာသော ရင်ဆိုင်မှုများတွင် ပိုမို၍ ပါဝင်ပတ်သက်လာခဲ့သည်။
ဒေသဆိုင်ရာ လုံခြုံရေးစိုးရိမ်မှုများကို အတူတကွ ရင်ဆိုင်နေရစဉ် တိုက်ပွဲတစ်ရပ်အတွက် အပြည့်အဝလေ့ကျင့်မှုအဖြစ် ဧပြီ ၂၁ ရက် မှ မေလ ၉ ရက် အထိ ပြုလုပ်သည့် ပူးတွဲစစ်‌ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀၀၀ အထိ ပါဝင်လေ့ကျင့်နေကြပြီးလှုံ့‌ဆော်ရန်စမှု အဖြစ် တရုတ် က ပြောကြားသည်။
ယမန်နေ့ကပင် ၎င်းတို့၏ တပ်ဖွဲ့များက တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်မှုလုပ်ဆောင်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းကွပ်ကဲရေးဌာနက အင်္ဂါနေ့ ညပိုင်းက ထုတ်ပြန်ပြောကြားခဲ့ပြီး နေရာ အတိအကျကို မဖော်ပြပေ။
မကြာသေးမီကာလအတွင်း ဖိလစ်ပိုင်က ရေကြောင်းထိပါးသော လှုံ့ဆော်ရန်စမှုများကို မကြာခဏလုပ်ဆောင်ခဲ့ကြောင်း ၊ အနှောက်အယှက်များကို ဖန်တီးပြီး ပူးတွဲကင်းလှည့်မှုများကို နာမည်ခံ၍ ဒေသပြင်ပမှ နိုင်ငံများကို ဆွဲသွင်းလာခဲ့ကြောင်း တရုတ်စစ်ဘက် ထုတ်ပြန်ချက်တွင် ပြောကြားသည်။
တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဖွဲ့များက အခြေအနေကို စောင့်ကြည့်လေ့လာပြီး သတိဝီရိယကို ဆက်လက်ထားရှိကြောင်း လည်း ထုတ်ပြန်ချက်က ပြောသည်။
ယမန်နေ့ နှောင်းပိုင်းမှာပင် ဖိလစ်ပိုင်စစ်ဘက်ကလည်း ၎င်းတို့၏ကိုယ်ပိုင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ခဲ့ကာ နှစ်နိုင်ငံကြားဆက်လက်လုပ်‌ဆောင်နေသော စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ဖိလစ်ပိုင်နှင့် အမေရိကန်လေတပ်က ယင်းနေ့မှာပင် တောင်တရုတ်ပင်လယ်၌ ပူးတွဲကင်းလှည့်မှု လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။
ပူးတွဲကင်းလှည့်မှုတွင် ဖိလစ်ပိုင်လေတပ်မှ FA-50 တိုက်လေယာဉ် သုံးစီး ၊ အမေရိကန်မှ B-1B ဗုံးကြဲလေယာဉ်နှစ်စီး F-16 တိုက်လေယာဉ် နှစ်စီးနှင့် F-18 တစ်စီးတို့ပါဝင်ခဲ့ကြောင်း သိရသည်။
တရုတ်စစ်ဘက်မှတ်ချက်များအား တုံ့ပြန်သည့် သီးခြားထုတ်ပြန်ချက်တစ်ရပ်တွင် ဖိလစ်ပိုင်တပ်ဖွဲ့များသည် ၎င်းတို့၏ အချုပ်အခြာရပိုင်ခွင့်များအတွက် ခိုင်မာစွာရပ်တည်နေပြီး အမေရိကန်ကဲ့သို့ တန်ဖိုးထားမှုတူညီသော မဟာမိတ်များနှင့်ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း အခိုင်အမာရပ်တည်ကြောင်း ဖိလစ်ပိုင်စစ်ဘက် က ပြောကြားသည်။

image

农田

image

农田

image

农田

image

农田

image

农田

image

农田

image

农田

image