10 w - Translate

အရင်လို တစ်ယောက်ဘ၀ထဲမှာ
တစ်ယောက်ပြန်ရှိချင်တယ်။

အမှတ်တရတွေကို မေ့မရခဲ့
သတိရစိတ်ကို တားမရခဲ့
သံသရာတစ်ထောင့်မှာ ကိုယ်စောင့်နေပါကြောင်း ။

#ဘုန်းစစ်သွေး

image
10 w - Translate

ချစ်မိတာကို နောင်တမရဘူး
ချစ်လို့မဝတာကိုပဲ နားမလည်ဖြစ်ရတယ်
လူတစ်ယောက်ကို ချစ်ရတာ
ဒီလောက်တောင် ပျော်ဖို့ကောင်းရလား
ကမ္ဘာ့အနွေးဓာတ်လေးကို အမှတ်မထင်တွေ့ရှိ
ဒီကမ္ဘာမှာ တန်ဖိုးအရှိဆုံဟာ
ငါ့မိဘတွေပြီးရင် မင်းဖြစ်တယ် ။

#tarmhyuunge

image
10 w - Translate

M_a-r_y a_n-d t_h-e W_i-t_c-h'_s F_l-o_w-e_r [2017]

အညွှန်း* 🔽🔽🔽

မယ်ရီဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပေါ့
အရမ်းသွတ်သွတ်လက်လက် နေတက်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲသူဟာ လူကြီးမိဘ တွေကို အရမ်းကူညီချင်ပေမယ့် သူလုပ်လိုက်တိုင်း အလွဲကြီးတွေ ဖြစ်လို့ မခိုင်းရဲကြဘူးဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လေး ဖြစ်နေတာပေါ့တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စားနေတုန်း ကြောင်လေး တစ်ကောင် မုန့်လာတောင်းစားလို့ကျွေးလိုက်မိရင်း အဲ့ဒီကြောင်လေး တောအုပ်ထဲကို အ၀င် စပ်စုပြီး လိုက်သွားပါတော့တယ်...မယ်ရီ တစ်ဖြေးဖြေး လိုက်သွားရင် ကြောင်လေးဟာ ၂ ကောင်ဖြစ်သွားပြီး ထူးဆန်းတဲ့ ပန်းတွေ ရှိရာကို လမ်းပြပေးခဲ့ပါတယ်....အရမ်းလှလွန်းတဲ့ ပန်းလေးမို့ မနေနိုင်ပဲ ခူးမိပြီး အိမ်သို့ သယ်သွားတဲ့နောက်မယ်ရီ ဘ၀ မှာ ထူးထူးဆန်းဆန်း ကိစ္စတွေပဲ ဆက်တိုက်ကြုံလာခဲ့ရသောအခါ..

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/283
https://t.me/Bhone2312/283

image
10 w - Translate

ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလို
ကျွန်​တော်တို ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့
Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါ
သုံး​​ယောက်ဟာ အဖွဲမဖြစ်သေးပါဘူး။
သူတိုကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့
က​လေးတစ်​ယောက်ပါပဲ။
ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေး
လွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်က
ဆစ်ဒ် မန်နီတိုနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်
ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို
​ပေးဖိုက မန်နီတိုရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း
ဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်
ပြန်ဖမ်း​ခေါ်လာဖို အမိန့်​ပေးထားလို ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ
၂​​ကောင်ကြား ဝင်​ရောဖို ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊
ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲကြီးရဲ့ မဟာစွန့်စားခန်း
စတင်ခဲ့ပါ​တော့တယ်။

Ice Age (2002)

ဇာတ်ကားလင့်
https://t.me/c/2186686827/279

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

နှောင်းကာလ ဥက္ကာမိုးသွန်းခဲ့သလား နှင့် ရေ နဲ့ သက်ရှိရဲ့ မူလအစ part 3 End

အဲဒီ့စာတမ်းအကြောင်း အသေးစိတ်ကိုတော့ အောက်ပါ ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။
“ရေကမ္ဘာကြီးကို ခြေရာပြန်ကောက်ခြင်း” – သမုဒ္ဒရာ၏ မူလဇာစ်မြစ်
https://kyawzwarlynnpublicatio....ns.wordpress.com/...
---
တချို့ကတော့ ဥက္ကာခဲထဲမှာ ကမ္ဘာပေါ်ကို သက်ဆင်းတော့မှ ကမ္ဘာပေါ်က ဟိုက်ဒရိုဂျင်တွေ ဝင်လာနိုင်တယ်လို့ ထောက်ပြတယ်။ ဥက္ကာခဲကို ဓာတ်ခွဲလို့ သိရတဲ့ ဟိုက်ဒရိုဂျင်ရလဒ်က ဘယ် မှန်တော့မလဲပေါ့။ ခွန်ဒရိုက် ဥက္ကာခဲဆိုတာ ခွန်ဒရူး (chondrule) လို့ခေါ်တဲ့ ကျောက်စေ့လေးတွေကို ကြားမှာ ကျောက်သား တစ်မျိုးနဲ့ အင်္ဂတေပမာ ပေါင်းစုထားတဲ့ ဥက္ကာခဲတွေပါ။ အဲဒီ့သုတေသနက ခွန်ဒရူးတွေရဲ့ ဖွဲ့စည်းပုံကို ဓာတ်ခွဲတဲ့အခါ အဲဒီ့ထဲမှာ ဥက္ကာခဲကနေ တိုင်းထွာရရှိတဲ့ ဟိုက်ဒရိုဂျင် စုစုပေါင်းရဲ့ (၂၀) ရာခိုင်နှုန်းခန့် ရှိနေတာကို တွေ့ရတယ်။ ယခု ၂၀၂၅ခုနှစ် စာတမ်းမှာတော့ ကျန်တဲ့ (၈၀)% ကို ခွန်ဒရူးကြားက အင်္ဂတေသားထဲမှာ တွေ့ပါပြီ။ အင်္ဂတေသားထဲက ပိုင်ရိုတိုက် (pyrrhotite) ခေါ် သံဆာလဖိုက် တွင်းထွက်ထဲမှာ ဆာလဖာအက်တမ်တွေနဲ့ တွဲထားတဲ့ ဟိုက်ဒရိုဂျင်တွေပါ။ ဒီ သုတေသနက ကမ္ဘာပေါ်က ဟိုက်ဒရိုဂျင်က ဥက္ကာခဲထဲကို သွားမရောကြောင်း၊ ၂၀၂၀ခုနှစ်က စခဲ့တဲ့ ယခင်သုတေသနအဖွဲ့ရဲ့ တိုင်းထွာချက်တွေ မှန်ကန်ကြောင်း ပြလိုက်ပါတယ်။
ခွန်ဒရိုက် ဥက္ကာခဲတွေက ရေကို အဓိက ပံ့ပိုးခဲ့တယ် ဆိုရာမှာလည်း ကမ္ဘာဖြစ်တည်ပြီးမှ ဥက္ကာခဲအနေနဲ့ ပံ့ပိုးတာ မဟုတ်ပါ။ သူတို့ကိုယ်၌က ကမ္ဘာဆိုတဲ့ ဂြိုဟ်ကြီး ဖြစ်လာအောင် ဖွဲ့စည်း တည်ဆောက်လိုက်တာ ဖြစ်တယ်။ ကမ္ဘာဆိုတာ အန်စတက်တိုက် ဥက္ကာခဲတွေပဲ ဖြစ်လို့ သမုဒ္ဒရာထဲက ရေအများစုက ကမ္ဘာမှာ ရှိနေပြီးသားလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ကမ္ဘာမှာ ရှိနေပြီးသားလို့ ဆိုရာမှာလည်း “ရေစို”နေတဲ့ ကျောက်တွေကို ရည်ညွှန်းတာ မဟုတ်ပါ။ ခွန်ဒရိုက်ကျောက်ထဲမှာ တနေရာစီနေနေတဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်က ပေါင်းစည်းမိတဲ့ အခါ ရေ ဖြစ်လာတာကို ဆိုလိုတာပါ။ ဘူမိဓာတုဗေဒရဲ့ ပဉ္စလက်ပြကွက်တစ်ခုပေါ့။ ဒီအကြောင်းပြောတော့ ကုလားအုတ်ရဲ့ ဘို့တွေကို သတိရတယ်။ ကုလားအုတ်ရဲ့ ဘို့ထဲမှာ ရေကို သိုလှောင်တယ်လို့ ပြောပေမယ့် တကယ့် ရေမဟုတ်ပါဘူး။ ဘို့ထဲမှာရှိတာက အဆီပါ။ အဆီမှာ ဟိုက်ဒရိုဂျင် ကြွယ်ဝတာကြောင့် ကုလားအုတ်က အဆီကို မိမိ ရှူသွင်းတဲ့ အောက်ဆီဂျင်နဲ့ ဖြိုခွဲမှီဝဲတဲ့အခါ ရေဖြစ်သွားတာ ဖြစ်ပါတယ်။ ရေဟာ အမြဲတမ်း စိုနေဖို့မလိုဘူး။ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ရှိနေပြီး ရေဖြစ်နိုင်တဲ့ အခြေအနေ တခု ရှိနေသရွေ့ ရေရဲ့ အရင်းအမြစ် ရှိနေတယ်လို့ ကျွန်တော်တို့ အောက်မေ့ရပါမယ်။
အခုသုတေသနတွေ အတိုင်းဆိုရင် ကမ္ဘာဟာ ကံကောင်းလွန်းလို့ ကြယ်တံခွန်တွေက လာဆောင့်ပြီး သမုဒ္ဒရာ ဖန်တီးခဲ့တာ မဟုတ်နိုင်ပါ။ ကမ္ဘာကိုယ်တိုင်က ကျောက်တုံးကို ရေညှစ်ရုံနဲ့ သမုဒ္ဒရာ ဖန်တီးဖို့ လုံလောက်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ရှိပြီးသား ဖြစ်ပါတယ်။
ကာဘွန်ကြွယ်ဝတဲ့ ခွန်ဒရိုက်တွေက အော်ဂန်းနစ်ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဥက္ကာခဲ မှာ ပါလာတဲ့ ဒြပ်ပေါင်းတွေက လေထုထဲကို ဖြတ်သန်းချိန်နဲ့ မြေပြင်နဲ့ ဝင်ဆောင့်ချိန်မှာ ကြုံရတဲ့ အပူချိန်ကို ခံနိုင်မှာ မဟုတ်ပါ။ ကမ္ဘာဖြစ်တည်ခါစမှာ ဂြိုဟ်မျက်နှာပြင်မှာ ရှိခဲ့ဖူးမယ့် ချော်ပင်လယ်ကြီး တွေကိုလည်း ခံနိုင်မှာ မဟုတ်ပါ။ သမုဒ္ဒရာရေက ဥက္ကာခဲတွေ ကမ္ဘာပေါ်ကို ဝင်ဆောင့်တဲ့အခါ ကူရှင် သဖွယ် ဆောင်ရွက်တာမို့ အထဲက အော်ဂန်းနစ် ဒြပ်ပေါင်းတွေ မပျက်စီး ရအောင် ကူညီပေးနိုင်တယ်။ ခွန်ဒရိုက်တွေက ဟိုက်ဒရိုဂျင် နဲ့ အော်ဂန်းနစ် ဒြပ်ပေါင်းတွေ ကြွယ်ဝပေမယ့် ကျောက်တုံးကို ရေညှစ် ရမှာ ဖြစ်လို့ ကြယ်တံခွန်လောက်တော့ မကြွယ်ဝပါ။ ကမ္ဘာပေါ်မှာ သမုဒ္ဒရာဖြစ်တည်ပြီးမှ သက်ဆင်းတဲ့ ခွန်ဒရိုက်ဥက္ကာခဲ ပမာဏကလည်း နည်းသွားပါပြီ။ အခုလို ကမ္ဘာပေါ်ကို ရောက်လာပြီပဲ ထားဦး၊ အော်ဂန်းနစ်ဒြပ်ပေါင်းတွေက သမုဒ္ဒရာရေထဲကို ပျော်ဝင်သွားတဲ့ မင်စက်ပမာ သက်ရှိ ဖြစ်ပေါ်ဖို့ လုံလောက်တဲ့ ပမာဏမရှိပါ။ ဒီတော့ ကမ္ဘာရဲ့ သက်ရှိပေါ်ပေါက်မှုကို သူတို့က အများကြီး အထောက်အပံ့ ဖြစ်စေခဲ့မှာ မဟုတ်ပါ။ သက်ရှိဟာ နေရာကျဉ်းကျဉ်းလေးမှာ အဲဒီလို ဒြပ်ပေါင်းတွေ အများကြီး အဆက်မပြတ် လိုအပ်ပါတယ်။ သက်ရှိ ပေါ်ပေါက်ပုံကို ရှင်းပြတဲ့ ရေပူစမ်း အနုမာနတွေ ကတော့ အော်ဂန်းနစ် ဒြပ်ပေါင်းတွေကို အစအဆုံး တည်ဆောက်မယ့် သဘာဝဖြစ်စဉ်တွေကိုသာ အသားပေး ဆွေးနွေးနေပါပြီ။ မြေကမ္ဘာရဲ့ ပင်ကိုသဘာဝ အသက်ဓာတ်ပေးနိုင်စွမ်းဟာ ရေနဲ့ သက်ရှိရဲ့ မူလအစအတွက် ကောင်းကင်ပေါ်က ကံကိုပုံရမယ့် ဖြေရှင်းချက်တွေထက် စိတ်လှုပ်ရှားစရာ ကောင်းလို့ နေပါတယ်။ သက်ရှိဟာ ကံကို မပုံပဲ ဖြစ်ပေါ်နိုင်တယ်ဆိုရင် ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိနိုင်မယ့် ဖြစ်နိုင်ချေလည်း ပိုများသွားမယ် မဟုတ်ပါလား။
ကိုးကား

နှောင်းကာလ ဥက္ကာမိုးသွန်းခဲ့သလား နှင့် ရေ နဲ့ သက်ရှိရဲ့ မူလအစ part 2

ရေခဲဂြိုဟ်ဘီလူး နှစ်လုံး ပတ်လမ်းရွေ့ပုံကို အောက်ပါ ခေါင်းစဉ်မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။
---
အခန်း (၄) - ‘တရံရောအခါက တိမ်တိုက်တစ်ခုတွင်’ | ဘီလူးကြီးများ အိမ်ပြောင်းခြင်း
https://kyawzwarlynnpublicatio....ns.wordpress.com/...
---
သမုဒ္ဒရာရဲ့ မူလအစကို LHB အယူအဆ နဲ့ နိစ်မော်ဒယ်နဲ့ ချိတ်ဆက်ပြီးနောက်၊ ဇီဝဓာတုဗေဒ ကလည်း ဒီဖြေရှင်းချက်ထဲမှာ လာပေါင်းဖို့ ကြိုးစားတယ်။ ကြယ်တံခွန်တွေမှာ နျူကလိယစ်ဘေ့စ်နဲ့ အမီနိုအက်ဆစ် ကဲ့သို့ သက်ရှိဒြပ်ပေါင်းတွေ ပါရှိတာကြောင့် ရေနဲ့အတူ သက်ရှိဖြစ်ပေါ်ဖို့ လိုအပ်တဲ့ မြေဩဇာကိုပါ ကျဲချခဲ့တယ်လို့ အဆိုပြုလာကြပါတယ်။
အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ အယူအဆတွေက ၂၀၁၀ ပြည့်လွန်နှစ်တွေ အထိ အားကောင်း ခဲ့ပါတယ်။ နာဆာက ၂၀၀၉ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ လပတ်ကင်းထောက်ယာဉ် (Lunar Reconnaisance Orbiter) က လပေါ်က ချိုင့်ခွက်တွေကို ပိုပြီး တိတိကျကျ လေ့လာနိုင်ခဲ့တယ်။ တွေ့ရှိချက် အသစ်တွေ က အပိုလိုမစ်ရှင်တွေက ကောက်ယူခဲ့တဲ့ ကျောက်နမူနာတွေဟာ အဲဒီ့ အနီးဝန်းကျင်က ချိုင့်ခွက်တွေ ကိုယ်စီကို ကိုယ်စားပြုမယ့် အစား၊ ဆန်ဖွတ်တဲ့ အဘိုးအိုရဲ့ ဦးခေါင်းနေရာဖြစ်တဲ့ မားအမ်ဘရီယမ် (Mare Imbrium) မြေနိမ့် လွင်ပြင်ကြီး ကနေ လွင့်စင်လာတဲ့ အပိုင်းအစတွေ ဖြစ်ဖို့များနေကြောင်း ညွှန်ပြနေပါတယ်။ ဒါကြောင့်လည်း သက်တမ်း တွက်တဲ့အခါ နီးနီးစပ်စပ် ဆင်တူ နေတာ ဖြစ်နိုင် ပါတယ်။ သုတေသီတွေက နှောင်းကာလ ဥက္ကာမိုးသွန်းမှု ဆိုတာ ကျောက် နမူနာ အကောက်မှားတာ သက်သက်ဖြစ်ပြီး တကယ်ရှိပါ့မလားလို့ သံသယ ဝင်လာ ပါပြီ။
LHB အယူအဆက လကို ဥက္ကာခဲများစွာ ဝင်တိုက်မိတယ်လို့ ပြောပေမယ့် အဲဒီ့အစား လွန်ခဲ့တဲ့ နှစ် (၄)ဘီလျံမှာ တစ်ကြိမ်တည်း ဝင်တိုက်ခဲ့တဲ့ ဂြိုဟ်သိမ်က မားအမ်ဘရီယမ် မြေနိမ့်လွင်ပြင်နဲ့ ချိုင့်ခွက်ငယ်များစွာကို ဖန်တီးလိုက်တာလည်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်တို့က အဲဒီ့ချိုင့်ခွက်တွေ ဆီကနေ မသိဘဲနဲ့ အကြိမ်ကြိမ် နမူနာယူမိရင် အဓိပ္ပာယ်ကောက် လွဲသွားနိုင်ပါတယ်။ LHB အနုမာန တစ်ခုလုံးက လချိုင့်ခွက်တွေကို အခြေခံထားတဲ့အတွက် မှားနေနိုင်ပါတယ်။ အဲဒီ့အစား ယခင် က အဆိုပြုကြသလိုပဲ၊ ဥက္ကာခဲဝင်ဆောင့်မှုတွေ တဖြည်းဖြည်းချင်း လျော့နည်းသွားတယ်လို့ ရိုးရိုးစင်းစင်း တွေးတာက ပိုမှန်နေနိုင်ပါတယ်။
ဥက္ကာခဲတွေက လကို ဝင်ဆောင့်ပြီးရင် လကျောက်တချို့က လွင့်စင်ထွက်လာပြီး ကမ္ဘာပေါ် ဥက္ကာခဲ အနေနဲ့ ပြန်ကျလာတာ ရှိပါတယ်။ လဥက္ကာခဲတွေပေါ့။ အဲဒီ့ လဥက္ကာခဲတွေကို သက်တမ်း တွက်တဲ့အခါမှာလည်း LHB က အဆိုပြုသလို လွန်ခဲ့တဲ့နှစ် (၄) ဘီလျံဝန်းကျင်မှာ ဥက္ကာခဲအများကြီး ကျဖူးတဲ့ အထောက်အထား မရှိဘူးလို့ တွေ့ရပါတယ်။ လဥက္ကာခဲသက်တမ်းတချို့က (၄.၂) ဘီလျံခန့်မှာ စုပြုံနေတာ ရှိပေမယ့် ကမ္ဘာရဲ့ အဲဒီ့ကာလက ဘူမိအထောက်အထားမှာတော့ ကမ္ဘာဟာ ဥက္ကာခဲ ဒဏ် မခံရဘဲ အေးဆေး ငြိမ်သက်နေတယ်လို့သာ တွေ့ရတာပြန်ပါတယ်။ ယခု မသေချာမှုတွေကို လပေါ်ကနေ ကျောက်နမူနာအသစ်တွေ ထပ်ယူနိုင်မှသာ ဖြေရှင်းနိုင်ဖွယ်ရာ ရှိပါတယ်။
LHB သုတေသီတွေက ဒီဖြစ်စဉ်ဟာ ပြင်းထန်လွန်းတာကြောင့် ကမ္ဘာပေါ်မှာ သက်ရှိ ရှိဖူးရင်တောင် တစ်ကနေပြန်စရမယ်လို့ ယူဆကြပါတယ်။ အဲဒီ့အစား LHB ဖြစ်စဉ်မှာ လာဆောင့်တဲ့ ကြယ်တံခွန်တွေက ရေနဲ့ အော်ဂန်းနစ်ဒြပ်ပေါင်းတွေ ပံ့ပိုးလို့သာ သက်ရှိ ဖြစ်ပေါ်လာတယ်လို့ အဆိုပြု ကြပါတယ်။ သက်ရှိအထောက်အထားကိုလည်း အဲဒီ့ကာလထက် စောပြီး မတွေ့ရဖူးဘူးကိုး။ ဒါပေမယ့် ယခုအခါမှာ ပထမဆုံ အသက်ဇီဝ အထောက်အထားကိုလည်း လွန်ခဲ့တဲ့ နှစ် (၄) ဘီလျံထက် စောပြီး တွေ့လာရပါပြီ။ ဒီတော့ နှောင်းကာလ ဥက္ကာမိုးသွန်းခြင်းကို ထပ်မံသံသယပွားစေပါတယ်။
ကမ္ဘာပေါ်က သမုဒ္ဒရာနဲ့ သက်ရှိမူလအစ အယူအဆတွေက LHB နဲ့ ချိတ်ဆက် နေတယ် မဟုတ်လား။ LHB မရှိရင် ကြယ်တံခွန်တွေ ကမ္ဘာဆီကို ဝင်ဆောင့်တာ ဖြစ်နိုင်သေးလား။ ဖြစ်တော့နိုင် ပါသေးတယ်။ ခန့်မှန်းကာလတစ်ခုအတွင်းမှာ ဖြစ်ပေါ်ခဲ့တယ်လို့ ပံ့ပိုးမယ့် အထောက်အထား တစ်ခု လျော့သွားတာပေါ့။ ဒါပေမယ့် အဲဒီ့အချိန်မှာ သမုဒ္ဒရာမူလအစအတွက်လည်း တခြားအဆိုပြုချက်တွေ ရှိလာပါပြီ။ ဒီအဆိုပြုချက်က ကြယ်တံခွန်တွေ အများကြီး ကမ္ဘာပေါ်ကို တကယ်ကော ကျရောက်ခဲ့ သလားလို့ ပြန်မေးခွန်းထုတ်လာပါပြီ။ LHB လည်း မရှိတော့ဘူး။
ရေဟာ ဟိုက်ဒရိုဂျင် ဖြစ်ပေမယ့်၊ ဒျူတာရီယမ် (deuterium) နဲ့ ဟိုက်ဒရိုဂျင်-၁ ဆိုပြီး အိုင်ဆိုတုပ် နှစ်မျိုး ရှိပါတယ်။ ဒျူတာရီယမ် ပါတဲ့ ရေကို နျူကလိယဓာတ်ပေါင်းဖိုတွေမှာ အဏုမြူ ဖြိုခွဲတာကို ကူညီဖို့ အသုံးပြုတယ်။ သူ့ကို “အလေးစား”ရေ (heavy water) လို့လည်း ခေါ်ကြတယ် မလား။ ဒျူတာရီယမ်က သဘာဝထဲမှာ ၀.၀၃ ရာခိုင်နှုန်းလောက်ပဲ ရှိတာကြောင့် ပမာဏ အလွန် နည်းပါးပါတယ်။ ဒါပေမယ့် ဒျူတာရီယမ်က မဆိုစလောက် ပိုလေးတာကြောင့် ရေငွေ့ပြန်မှတ် တစ်ဒီဂရီ ပိုမြင့်သလို၊ နေလေ (solar wind) က လေထုအပေါ်ပိုင်းကို ပွတ်တိုက်တဲ့အခါမှာလည်း ပေါ့တဲ့ ဟိုက်ဒရိုဂျင်-၁က ပိုတိုက်စားခံရပါတယ်။ ဒီလို မသိမသာ ကွာခြားချက်လေးတွေကို တိုင်းတဲ့ အခါ D/H အချိုးကို တွက်လို့ရတယ်။ D/H အချိုးက အာကာသဝတ္ထု တစ်ခုနဲ့တစ်ခု မတူကြပါ။ ၂၀၂၀ခုနှစ်က သုတေသန တစ်ခုက ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ D/H အချိုးက ကြယ်တံခွန်နဲ့ မတူဘူးလို့ တွေ့ရှိထားတယ်။ နေလေနဲ့ ဝေးလေ၊ ရေပေါများလေ၊ ဒျူတာရီယမ် ကြွယ်ဝလေပါပဲ။ ဒါပေမယ့် ကြယ်တံခွန်တွေ က သမုဒ္ဒရာရေထက်ကို ဒျူတာရီယမ် သိသိသာသာ ကြွယ်ဝလွန်းနေတာက ခက်နေတာပါ။ အဲဒီ့အစား အတွင်းနေအဖွဲ့အစည်းကို တည်ဆောက်ပေးခဲ့တဲ့ အန်စတက်တိုက် (enstatite) အမျိုးအစား ကာဘွန်ကြွယ် ခွန်ဒရိုက်ဥက္ကာခဲ (carbonaceous chondrite) တွေနဲ့မှ ပိုနီးစပ်မယ်လို့ သိရပါတယ်။ အဲဒီ့ “အန်စတက်တိုက်” ဥက္ကာခဲတွေက ရေမကြွယ်ဝဘူး။ ဒါပေမယ့် ဟိုက်ဒရိုဂျင် ကြွယ်ဝတာပါ။ အဲဒီ့ ဟိုက်ဒရိုဂျင်နဲ့ ကမ္ဘာ့သမုဒ္ဒရာရဲ့ D/H အချိုးက နီးစပ်နေတာ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်-၁၅ (15N) အိုင်ဆိုတုပ်နဲ့ပါ ပူးတွဲရှင်းပြတဲ့အခါ အန်စတက်တိုက် ဥက္ကာခဲရဲ့ ဟိုက်ဒရိုဂျင် က သမုဒ္ဒရာရဲ့ (၇၀)% ကို ပံ့ပိုးခဲ့ပြီး ကျန်တဲ့ (၃၀)% ကိုတော့ တခြား ခွန်ဒရိုက် ဥက္ကာခဲတွေကနေ ပံ့ပိုးခဲ့တာ ဖြစ်နိုင်တယ် လို့ တွေ့ရှိရပါတယ်။
#ဆက်ရန်

image