10 w - Translate

❝ လူကလေးဖတ်ဖို့ ပုံပြင် - ၁၇ ❞
_ . _
ကုတ်အင်္ကျီ အဟောင်းကြီးတစ်ထည်ရှိတယ်
အဟောင်းဈေးက ဝယ်ခဲ့တာလို့ပြောတယ်
နှစ်တွေကြာလှပြီကွယ်
ဖေဖေငယ်စဉ်က
ဒီကုတ်အင်္ကျီဖားဖားကြီးနဲ့
နှင်းတွေထဲမှာ လမ်းသလားခဲ့တယ်
ကုတ်အင်္ကျီအဟောင်းကြီးတစ်ထည်ရှိတယ်
လူကလေးကိုစောင့်နေတယ်
မင်းကြီးပြင်းလာတဲ့အခါ
သူ့ကိုဝတ်ဆင်နိုင်တယ်
ဆောင်းရက်ထဲမှာ လမ်းသလားနိုင်တယ်
နှင်းမှုန်တွေထဲဝယ်။
•၂၀၁၆-၇-၁၁
•မွန်းလွဲ (၃း၃၄)
▫️နေမျိုး▫️

image