Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မင်းကို တစ်ကယ် ချစ်တဲ့သူက
ပထမတစ်ကြိမ်
မင်းအမှားလုပ်မိတယ်
သူ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် . . .❤️
ဒုတိယတစ်ကြိမ်
မင်းအမှားထပ်လုပ်တယ်
သူမင်းကို ထပ် ခွင့်လွှတ်ပေးလိုက်မယ် . . .❤️
တတိယတစ်ကြိမ်
မင်း အမှားထပ်လုပ်တယ်
သူအရင်တိုင်းပဲ မင်းကိုထပ်ခွင့်လွှတ်ပေးမယ် . . .❤️
ဘာလို့ ခွင့်လွှတ်ပေးနိုင်လဲ
သူမနာကျင်တတ်လို့ မဟုတ်ဘူး
သူမခံစားတတ်လို့ မဟုတ်ဘူး
သူအမှတ်မရှိလို့ မဟုတ်ဘူး
သူမင်းကို အရမ်း ချစ်လို့ . . .❤️
အဆုံးရူံးမခံချင်လောက်အောင် သူမင်းကိုချစ်လို့
မင်းလုပ်ရပ်တွေကို သူစိတ်နာချင်နာနေလိမ့်မယ်
ဒါမယ့် မင်းကိုတော့ အရမ်းချစ်တယ် . . .❤️
သူကငါ့ကိုချစ်တာပဲ ငါလုပ်ချင်တာလုပ်မယ်
သူ ငါ့ကို နားလည်မှု ပေးထားတာပဲ ဆိုပြီး
ထင်တိုင်းကျဲချင်လည်း ကျဲပေါ့ဗျာ . . .❤️
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ
တစ်ခုတော့ ရှိတယ်
သူ သည်းမခံနိုင်တော့တဲ့ တစ်နေ့တော့
မင်း ဘာ မင်း သေသေ ရှင်ရှင်
လှည့်မကြည့်ပဲ ထားသွားလိမ့်မယ် . . .❤️
သိပ်ချစ်တတ်တဲ့ သူတွေမှာ
သိပ်ပြက်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ် . . .❤️
အတူတူ ရှိနေချိန်မှာ အပေးအယူမျှပါစေ
ငါက ငါမို့လို့ဆိုတဲ့ အတ္တတွေ မာနတွေ
မထားပါနဲ့ ... ချစ်ပါ .. အနိုင်မကျင့်ပါနဲ့ . . .❤️
မင်းလုပ်ရပ်တွေကို သူ
သည်းမခံနိုင်တော့တစ်နေ့
မင်းသတိမထားမိလိုက်ခင်မှာပဲ
မင်းဘဝထဲကနေ သူ ထွက်ခွာ
သွားလိမ့်မယ် . . .❤️
မရှိတော့မှ ဘယ်နည်းနဲ့မှ ပြန်မတမ်းတနဲ့
သူ ပြန်လာမှာ မဟုတ်တော့ဘူး . . .❤️
-ကမ္ဘာကြီးထဲ လိမ်တဲ့ လူတွေထဲ
ပန်းချီဆရာ နဲ့ ကဗျာဆရာကို အချစ်ဆုံးပဲ !
သူတို့ လိမ်တာက လှပတယ်
"ကမ္ဘာကြီး ဟာ အေးချမ်းတယ်
နိုင်ငံတော်ကြီး မှာ နေချင်စရာကောင်းတယ်"တဲ့လေ
#အညတရလူငယ်
လွမ်းရတဲ့ရက်တွေ လွန်ရင်
နီးရမယ့်ရက်တွေ
ရောက်လာခဲ့မယ်ထင်ခဲ့တာ ။
တကယ်တမ်းကျတော့
အနေဝေးလွန်းတဲ့
လူနှစ်ယောက်ဟာ
နှစ်တွေကြာလာရုံဆိုတဲ့
ပြောစရာစကားတွေရဲ့နောက်မှာ
ဘယ်တော့မှ မဆုံနိုင်အောင်
ပို ဝေးသွားရတတ်တာပါပဲ ။
ဘယ်တော့မှ မဝေးဘူးဆိုတဲ့စကားဟာ
တကယ်တမ်းဝေးရတော့
ဟာသ တွေပဲ မဟုတ်လား
ဒါပေမယ့်
ရယ်တော့ မရယ်ရဘူးပေါ့ ။
လွမ်းရတဲ့ရက်တွေ လွန်ပြီးသွားရင်
နီးကြမယ့်ရက်တွေ လာခဲ့မယ်ထင်ခဲ့တာ
ဘယ်တော့မှ မဆုံနိုင်အောင်
တကယ်ပဲ ဝေးသွားကြရော ...
#ကျေးကို
crd
မှို ကန်စွန်းကို
ခင်ဘုန်းသက်ဝေ စိတ်ကောက် သလို
ဘောက်ဆတ် ဘောက်ဆတ်လေး
ကြော်ပေးကွာ ။
ခရုဆီ လျှော့ဟေ့...
ခင်ဘုန်းသက်ဝေ က မချွဲတတ်ဘူး ။
#သန်းတင့်