14 w - Translate

တရုတ်ပြည်တွင် ကွာရှင်းပြတ်စဲမှု ပိုမိုများပြားလာနေ
---------------------
တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားကာ အိမ်ထောင်ပြုမှု လျော့ကျလာနေပြီး အိမ်ထောင်ရေး ကွာရှင်းပြတ်စဲ ကြတဲ့သူတွေလည်း ပိုများလာနေတယ်လို့ CNN သတင်းက ဖော်ပြပါတယ်။ တရုတ်အမျိုးသား စာရင်းအင်းဗျူရို က ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်တွေအရ ၂၀၁၃ ခုနှစ်မှာ အိမ်ထောင်ပြု ထိမ်းမြားလက်ထပ်မှုဟာ (၁၃)သန်းရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ (၇)သန်းအောက်အထိ ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ကွာရှင်းပြတ်စဲတဲ့ စုံတွဲအရေအတွက်ဟာ မြင့်တက်လာနေပြီး ၂၀၁၉ ခုနှစ်က (၄ ဒသမ ၇) သန်းနဲ့ အမြင့်ဆုံးစံချိန်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်က အရေ အတွက်ထက်လည်း (၄)ဆ ပိုများနေတယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ ဒီအတွက် အဲဒီ လူမှု ပြဿနာကို ဖြေရှင်းဖို့အတွက် တရုတ်အစိုးရက စုံတွဲတွေအနေနဲ့ မကွာရှင်းခင် တစ်လလောက် ခေါင်းအေးအေး ထား အချိန်ယူစဉ်းစားဖို့ ဥပဒေတစ်ရပ်ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ပေမဲ့လည်း ၂၀၂၃ ခုနှစ်မှာ ကွာရှင်းပြတ်စဲမှုဟာ (၂၅) ရာခိုင်နှုန်းလောက် ခုန်တက်သွားခဲ့တာပါ။

ဒါတွေဟာ အိမ်ထောင်ပြုမှုအပေါ် တရုတ်လူမှုအသိုင်းအဝန်းရဲ့ အမြင် တွေ ပြောင်းလဲလာတာကြောင့်လို့ မင်္ဂလာအခမ်းအနား ဓာတ်ပုံလုပ်ငန်း လုပ်ကိုင်သူတွေက ထင်မြင်ချက်ပေးကြ ပါတယ်။ မိသားစု စည်းလုံးမှုနဲ့ တည်ငြိမ်မှု အလေးပေးတဲ့ တရုတ်လူမှုအသိုင်းအဝန်းမှာ အိမ်ထောင်ရေး ကွာရှင်း ပြတ်စဲမှုဟာ လူမှုရေးအရ အရှက်ရစရာ ဖြစ်လေ့ရှိတတ်ပါတယ်။ အခုတော့ တရုတ်လူငယ်လူရွယ်တွေက လက်မထပ်ကြဖို့ဘဲ ရွေးချယ်ကြပြီး လက်ထပ်ဖြစ်ကြသူတွေကလည်း အဲဒီ လက်ထပ်ထိမ်းမြားမှုက အလုပ် မဖြစ်ရင် အဲဒီမဖြစ်မြောက်မှုကို ပိုမိုလက်သင့်ခံလာနိုင်ကြတယ်လို့ ဆိုပါတယ်။

image
14 w - Translate

ပြင်ဦးလွင်မြို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်
--------------------
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ စက်တင်ဘာလ(၁၉)ရက်က အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်တဲ့ စက်တင်ဘာလရဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ် အခြေအနေကို ထုတ်ပြန်ရာမှာ အခုလို ပါရှိတာပါ။

စက်တင်ဘာလ(၁၉)ရက်မှာ တင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ်ကတော့ ၃၂ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်ရှိပြီး အရင်စံချိန်ကျိုးခဲ့တဲ့ (၂၀၂၃)ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းက တော့ ၃၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၈)ရက်ကလည်း တမူးမြို့ မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။ အဲဒီစံချိန်သစ်ဟာ ၃၈ ဒသမ ၀ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့ပြီး စံချိန်အဟောင်းမှာတော့ ၃၇ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image
14 w - Translate

ပုပ္ပါးတောင်🍀
စကားဝါပန်းတို့ပွင့်လန်းရာမြေ🌼

ပုဂံရောက်တဲ့အခါ ပုပ္ပါးစျေးတန်းကိုရောက်ခဲ့သေးလား🍀

image
14 w - Youtube

14 w - Youtube

14 w - Translate

ငွေတောင်းတယ်ဆိုတဲ့ကိစ္စလေးရှင်းပြတာပါ
ဒီမှာက ဆန်တအိတ်ကို ကယ်ရီခ ခုနစ်သောင်းတောင်းခံခဲ့ရတဲ့ ပရဟိတနောက်တဖွဲ့ပါ။ ဘဝတူချင်းကို ချနင်းရက်တဲ့ စိတ်ဓါတ်တွေ ရွံစရာကောင်းလိုက်ကြတာ။ ကျွန်တော့်ဆီမှာ ရေဘေးသင့်ခံရတဲ့သူတွေအတွက် လှူဘို့သွားကြတဲ့ အဖွဲ့တွေရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုတွေ ကိုယ်ချင်းစာတရားကိုအမြတ်ထုတ်မှုတွေ သတင်းတွေ အတော်လေးရလာပါတယ်။ သိပ်လွန်ကျူးလာတဲ့အခြေအနေတွေကိုတော့ ဒီလိုတင်ပေးသွားပါမယ်။ ပြောစရာစကားတောင် မရှိတော့ပါဘူးဗျာ စိတ်ဓါတ်တွေကို အံ့ဩမိပါရဲ့

14 w - Translate

မျောပါသွားတဲ့ ‘ ကျွဲ ၊ နွား ’ တွေကို ပြန်ရွေးဖို့ ‘ငွေ’ မတောင်းကြပါနဲ့ဗျာ
ရေစီးနဲ့မျောပါသွားတဲ့ ကျွဲနွားတွေကို လက်ခံထားတဲ့သူတွေက တကယ့်ပိုင်ရှင်တွေဆီကနေ တကောင်ကို နှစ်သိန်းသုံးသိန်းတောင်းကြတာတဲ့။ ဒီလောက်တောင် စိတ်ဓါတ်တွေအောက်တန်းကျကုန်ပြီလား။ ရေဘေးသင့်ခံရတဲ့သူတွေချင်းအတူတူဆိုပြီးတောင် ကိုယ်ချင်းစာစိတ်မထားနိုင်တဲ့သူတွေကို သွားလှူဘို့တောင်မကောင်းတော့ဘူး။

14 w - Translate

Vietnam မြောက်ပိုင်း က ရေဘေးသင့်သူတွေ အတွက် အလယ်ပိုင်း Da Nang က လူတွေ တစ်ညလုံး မအိပ်ဘဲ လမ်းမတွေပေါ်မှာ အုပ်စုလိုက် ဝိုင်းဖွဲ့ လုပ်အားပေး လုပ်ထားကြတဲ့ "bánh chung" လို့ ခေါ်တဲ့ ကောက်ညှင်းထုပ်
ကောက်ညှင်း ရယ် ပဲရယ် ဝက်သားရယ် သူတို့ ရိုးရာနည်းနဲ့ လုပ်ထားကြတာ ကြာရှည်လဲ အထားခံ , သေချာ ထုပ်ပိုးထားလို့ သယ်ပို့ လွယ်ကူ , ဒေသစာ မို့ လူတိုင်းကြိုက်ပြီး အဟာရလဲ ဖြစ်တယ်, တန်ဖိုးလဲ နည်းတယ်
Credit Khaung Khaung

imageimage