Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်မ အခု အလှအပကို ထိန်းသိမ်းချင်တဲ့ ပျိုမေလေးများအတွက် Skincare ထိန်းသိမ်းပုံ အယူအဆ အလွဲများကို အပိုင်း (၁) အနေနဲ့ မျှဝေပေးသွားပါမယ်။💛
ဝက်ခြံ၊ တင်းတိတ်၊ အမဲစက်များအတွက် အထူးရှောင်ကျဉ်ရမယ့်အချက်များ အပိုင်း (၁)
1/ မျက်နှာမှာ အမဲစက်လေးတွေက စပြီး တဖြည်းဖြည်း တင်းတိတ်အဖြစ်သို့ ပြောင်းသွားတဲ့အခါမှာ မိန်းကလေးအများစုက တင်းတိတ်ပျောက်ချင်ဇောနဲ့ အိမ်မှာ / Salon မှာ (Chemical Peeling) တွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ (Chemical Peeling) ဆိုတာက အရေပြားတစ်လွှာချင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို ချေးချွတ်ပေးတာပါ။ တင်းတိတ်ဆိုတာက အရေပြား 2 လွှာရှိသည့်အနက် ဒုတိယအလွှာမှာ သန္ဓေတည်ပြီး ဖြစ်ပေါ်လာတဲ့အတွက် Peeling လုပ်လိုက်တဲ့အခါမှာ ပထမအပေါ်ယံအရေပြားပါးလာလေလေ ဒုတိယအလွှာမှာ ရှိတဲ့ တင်းတိတ်ကို ပိုပြီး ထင်ထင်ရှားရှား မြင်ရလေလေ ဖြစ်တာမို့ (Chemical Peeling) လုပ်ခြင်းသည် တင်းတိတ်နဲ့ အမဲစက်တွေကို ပျောက်ကင်းအောင် လုပ်တဲ့ ကုထုံးလုံးဝ မဟုတ်တာကို သတိပြုစေချင်ပါတယ်။‼️
2/ ဝက်ခြံအနီဖု၊ အဆီဖုများနဲ့ ဆားဝက်ခြံများ မျက်နှာမှာ ဖြစ်ပေါ်လာပြီဆို အများစုလုပ်တတ်တာက ဓားလေးတွေ၊ အပ်လေးတွေနဲ့ ဖောက်ထုတ်ကြတယ်၊ ညစ်ကြတယ်၊ အဆိုးဆုံးက လက်နဲ့ ကုတ်ဖဲ့ပြီး ညစ်ထုတ်တာတွေပါပဲ။ ❌( ပြီးရင် Toner လေးလိမ်း၊ ပိုးသတ်ဆေးလေးသောက်ရုံ/ လိမ်းရုံနဲ့ အနာကျက်ပြီး နဂိုမူလ အသားရည် ပြန်ဖြစ်မယ်ထင်နေကြပါတာ လုံးဝမှားပါတယ်) ကျွန်မတို့ အရေပြားရဲ့ ဘယ်နေရာဖြစ်ဖြစ် ထိခိုက်မိပြီဆိုရင် အမာရွတ်အနည်းနဲ့ အများကျန်ခဲ့တာပါပဲ။ တစ်ခုသတိပြုရမှာက ဝက်ခြံကြောင့်ဖြစ်တဲ့ အချို့အမာရွတ်တွေက အမဲစက်တင်မဟုတ်ပဲ ချိုင့်ခွက်ရာတွေ ဖြစ်တာပါ။ တကယ်လို့ ချိုင့်ခွက်ရာတွေ မျက်နှာတပြင်လုံး ကျန်ခဲ့မယ်ဆိုရင်တော့ နဂိုမူလ အသားရည်ကို ပြန်ဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားပါမယ်။ နဂိုမူလ အသားရည်ကို ပြန်ဖြစ်ချင်ရင်တော့ ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ပြီး ငွေကုန်ကြေးများစွာ ပြန်လည်ရင်းနှီး ရမှာဖြစ်လို့ ဝက်ခြံများဖြစ်လျှင် အပေါ်က အချက်တွေကို လုံးဝမလုပ်မိအောင် ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။
3/ ဝက်ခြံရှိသူမားနဲ့ ခြောက်သွေ့တဲ့အသားရည်ပိုင်ရှင်များ၊ T - zone အဆီပြန် Combined - type အသားရည်ပိုင်ရှင်များ သတိပြုရမှာကတော့ စျေးကွက်ထဲမှာရှိပြီး ဝက်ခြံပျောက်တယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ chemical & steroid ပမာဏများစွာ ပါဝင်တဲ့ ပစ္စည်းများကို သုံးမိရာက ဝက်ခြံတွေလျော့မသွားပဲ အလွန်ပြွတ်သိပ်စွာ ပိုပြီး ဖြစ်ပေါ်လာတတ်တဲ့အတွက် ‼️skincare များကို သုံးရာမှာလည်း မိမိအသားရည်နဲ့ အဆင်ပြေမယ့် ပစ္စည်းကို ရွေးချယ်ပြီး သုံးဖို့ သတိပြုရပါမယ်။
4/ အပြင်သွားဖို့ မိတ်ကပ်လိမ်းတဲ့အခါမှာ အလွယ်တကူ skincare လိမ်းပြီး၊ foundation အရည်မခံတော့ပဲ 2 way cake (သို့) powder ကို တစ်ခါတည်းလိမ်းခြင်းကို မပြုလုပ်ဖို့ သတိထားရပါမယ်။ အဲ့လိုလုပ်မိလိုက်ရင်တော့ ချွေးပေါက်ထဲကို အမှုန်လေးတွေ၊ ဘက်တီးရီးယားတွေ အလွယ်တကူဝင်တတ်ပြီး အဆီခဲ၊ အဆီဖုများ ပြွတ်သိပ်စွာ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။
အလှအပကို ချစ်မြတ်နိုးတဲ့ တစ်ဦးချင်းစီတိုင်း ဒီအချက်လေးတွေကို သတိပြုနိုင်ဖို့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။❤
ကျပ် ၁ ဘီလီယံခွဲခန့်ရှိ မူးယစ်ဆေးဝါးများဖမ်းမိ
--------------------------
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက ငွေကျပ် ၁ ဘီလီယံခွဲနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာလ ၁၆ ရက် မနက် ၇ နာရီခွဲအချိန်လောက်က မိုင်းပျဉ်းမြို့နယ်၊ နားခေါကျေးရွာအနီးမှာ မိုင်းပျဉ်းကနေ မိုင်းပုအွန်ဘက်ကို အမျိုးသားတစ်ယောက် မောင်းနှင် လာတဲ့ မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှာ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀၀ ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်၊၊
စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၆ ရက် မနက် ၈ နာရီအချိန်လောက်က မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင် ကျေးရွာရှိ အမျိုးသားတစ်ယောက်ရဲ့နေအိမ်မှာ အိုက်စ် ၅၀ ကီလိုနဲ့ ကက်တမင်း ၃၀ ကီလိုကို ထပ်မံသိမ်းဆည်းရ မိခဲ့ပါတယ်၊၊ သူတို့နှစ်ယောက်ဆီက ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၁၅၀ ကီလိုနဲ့ ကက်တမင်း ၃၀ ကီလိုကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊
WHOမှလှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လှူဒါန်းတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ၂ဒသမ၄၅သန်း dosesဟာ စက်တင်ဘာ၁၇ရက်နဲ့ ၁၉ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရဝန်ကြီးဌာနကနေ သိရပါတယ်။
အခုရောက်ရှိလာတဲ့ကာကွယ်ဆေးတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ဒသမ၀၅သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီဆေးတွေကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနဲ့တာဝန်ရှိသူတွေက လက်ခံရယူပြီး ဗဟိုကာကွယ်ဆေးအအေးခန်း(ရန်ကုန်)ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီကာကွယ်ဆေးတွေကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားခဲ့တဲ့မြို့နယ်တွေက စာသ်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ပရဟိတဂေဟာကျောင်းတွေ၊ ဘာသာရေးကျောင်းတွေ၊ မိဘမဲ့ကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ၊ ကယ်ဆယ်ရေးစခန်းတွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ အကျဉ်းထောင်တွေ၊ လူနေထူထပ်ပြီးပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းတဲ့နေရာတွေမှာ ဦးတည်အုပ်စုအလိုက် တိုက်ကျွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒေါပုံမြို့နယ်အပါအဝင် မြို့နယ်တချို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။
SAMSUNG - 2025
2025 မှာ Samsung ဟာ လူကြီးမင်းတို့ မျှော်လင့်ထားတဲ့အရာတွေကို မျှဝေလာနိုင်ပါတယ်။
ပုံမှန်အားဖြင့် Samsung ဟာ နှစ်တစ်နှစ် ရဲ့ အစောပိုင်းတွေမှာ မော်ဒယ်အသစ်တွေကို ထုတ်ဖော်ပြသလေ့ရှိပါတယ်။
အခုနှစ်ပိုင်းက ထုတ်လုပ်ခဲ့တဲ့ ပိုမိုကောင်းမွန်တဲ့ကင်မရာစနစ်တွေပါဝင်တဲ့ Galaxy S24 စီးရီးဟာ ဆိုရင်လဲ စွမ်းဆောင်ရည် ပိုကောင်းလာပြီး ဘက်ထရီ သက်တမ်း ပိုကြာကြာ အသုံးပြုနိုင်တာကို တွေ့ကြရမှာပါ။ 2024 ရဲ့ဒုတိယနှစ်ဝက်မှာတော့ Galaxy Z Flip နှင့် Z Fold စီးရီးတွေအတွက် တာရှည်ခံမှု၊ မျက်နှာပြင်နည်းပညာနဲ့ ဘက်စုံလုပ်ဆောင်နိုင်တဲ့ အင်္ဂါရပ်တွေအပေါ်မှာ အာရုံစိုက်ထားတာကို သိရှိပြီးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ Samsung Galaxy S25 စီးရီးအကြောင်း အသေးစိတ်အချက်အလက်တွေကို တရားဝင်မထုတ်ပြန်ထားသေးတာကြောင့် ပေါက်ကြားမှုတွေနဲ့ ကောလာဟလတွေအပေါ် အခြေခံထားပြီး မျှော်လင့်လို့ရနိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ တိုးတက်မှုအချို့ကို ပြောပြပေးချင်ပါတယ်။
1. Display
120Hz refresh rate ပါရှိနိုင်ပြီး ကြီးမားကာ resolution မြင့်မားတဲ့ 6.9"Dynamic AMOLED display (အရွယ်အစား တိုးလာနိုင်)သို့မဟုတ် တောက်ပမှုနှင့် အရောင်တိကျမှု ပိုကောင်းလာနိုင်သည်။
2. Camera
megapixel အရည်အသွေးမြင့်မားကာ အလင်းနည်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းနဲ့ အဆင့်မြင့် ကွန်ပြူတာ ဓာတ်ပုံရိုက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပါဝင်နိုင်ချေရှိနေပါတယ်။
3. စွမ်းဆောင်ရည်
နောက်ဆုံးပေါ် Snapdragon သို့မဟုတ် Exynos ချစ်ပ်များအသုံးပြုလာနိုင်တဲ့အတွက် ထိပ်တန်းအဆင့် လုပ်ဆောင်ခြင်းဆိုင်ရာ ပါဝါနှင့် စွမ်းဆောင်ရည်ကို အာမခံပြီး ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်စေရန်အတွက် RAM တိုးမြှင့်ပေးနိုင်မှုများ။
4.ဘက်ထရီသက်တမ်း
ခေတ်မီအားသွင်းနည်းပညာများနှင့်အတူ ပိုမိုကြာရှည်စွာအသုံးပြုမှုများအတွက် အကောင်းဆုံးပါဝါစီမံခန့်ခွဲမှု (သို့မဟုတ်) ပိုမိုကြီးမားသော ဘက်ထရီပမာဏ။
5.S Pen အင်္ဂါရပ်များ
S Pen ၏ လုပ်ဆောင်ချက်အသစ်များ သို့မဟုတ် latency နှင့် တိကျမှုတွင် တိုးတက်မှုများ။
6.ဆော့ဖ်ဝဲလ်
အဆင့်မြှင့်တင်မှုများနှင့် စိတ်ကြိုက်ရွေးချယ်စရာများပါရှိသော Android နှင့် One UI ရဲ့နောက်ဆုံးဗားရှင်းနှင့် စတင်ခြင်း။
7. ဒီဇိုင်း
ပရီမီယံပစ္စည်းများနှင့် ပိုမိုကောင်းမွန်သော ergonomics များကို အာရုံစိုက်ပြီး ဒီဇိုင်းအတွက် အလားအလာရှိသော အပ်ဒိတ်များ။
ဒါတွေကို မှန်းဆထားပေမယ့် Samsung အနေနဲ့ သူ့ရဲ့ ထုတ်ပြီးသားမော်ဒယ်တွေရဲ့ အားသာချက်တွေကို ဦးစားပေး တည်ဆောက်လေ့ရှိပါတယ်။တိကျတဲ့ အသေးစိတ်အချက်အလက်တွေအတွက်လဲ ကုမ္ပဏီက တရားဝင်ကြေငြာချက်တွေကို စောင့်ကြည့်ကြရအုံးမှာဖြစ်ပါတယ်။
Samsung ဟာ AI ရဲ့တိုးတက်မှုတွေကို ဆက်လက်ရှာဖွေနေပြီး စမတ်ကိရိယာများနှင့် ပေါင်းစည်းနိုင်ဖွယ်ရှိလို့ 2025 မှာထွက်ရှိလာနိုင်မယ့် Samsung ရဲ့ အမြင့်ဆုံး product ဖြစ်လာမယ့် Galaxy S25 စီးရီးအကြောင်း Myspace ရဲ့ ချစ်ရသူတွေအတွက် လေ့လာမိသလောက်မျှဝေတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။
#myspaceadmin
#frankiestories