ဟင်းချက်မစားချင်တဲ့အခါ စားလို့ကောင်းတဲ့ #ငါးသေတ္တာ ကို သုပ်စားကြည့်ပါ ရှယ်ပဲ😋😋
ငါးသေတ္တာ ၁ ဗူး
သံပုရာသီး ၁ လုံး
ကြက်သွန်နီ ၃ လုံး
ခရမ်းချဉ်သီး ၂လုံး
ငရုပ်သီးစိမ်း လိုသလောက်
နံနံပင်
ရှမ်းနံနံပင်
ငံပြာရည်
အချိုမှုန့်
ငါးသေတ္တာထဲကို ခရမ်းချဉ်သီးပါးပါးလှီး ကြက်သွန်နီပါးပါးလှီး ငရုပ်သီးစိမ်း နံနံပင်
ရှမ်းနံနံ တွေ
လှီးထည့်ပြီး ငံပြာရည် အချိုမှုန့် အနည်းငယ်ထည့် သံပုရာသီးညှစ်ထည့်
ခပ်ဖွဖွလေး နယ်လိုက်ရုံပါပဲ
