4 d - Translate

#ပြည်တွင်းသတင်း
◼စမတ်ကတ်ပြုလုပ်ပေးခြင်း ယာယီရပ်နားဟုဆို
မြို့နယ်အသီးသီးတွင် ပြုလုပ်ပေးနေသည့် စမတ်ကတ် (Unique Identity Number-UID) ပြုလုပ်ထုတ်ပေးခြင်းကို ယနေ့ (ဇူလိုင် ၄ ရက်)မှ စတင်ကာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
e-ID စနစ်ဆိုင်ရာလုပ်ငန်းများအဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်စေရန်ဟုဆိုကာ Server Maintenance လုပ်ငန်းအားဆောင်ရွက်ရန် ယာယီရပ်နားထားခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေစဉ် မြို့နယ်ရုံးများတွင် UID နံပါတ်ရယူခြင်း (အရပ်အခေါ်စမတ်ကတ်ပြုလုပ်ခြင်း)၊ အွန်လိုင်းမှကိုယ်ရေးအချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ စမတ်ကတ်ပြန်လည်ပြုလုပ်နိုင်မည့်အချိန်ကို အသိပေးကြေညာမည်ဖြစ်ကြောင်း e-ID Department လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - e - ID Department

image