2 ရက် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ လောက်ကိုင်၌ မိုးသည်ထန်ခြင်းကြောင့်ရေလှောင်တမံကျိုးပျက်၊ သုံးဦးသေဆုံးကာထိခိုက်ပျက်စီးမှုများရှိဟုဆို
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ကျင်းရှမ်ချိန်မြို့နယ်ရှိ ဆီအောကျေးရွာ၌ ယမန်နေ့ (ဇူလိုင် ၃ ရက်)မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေလှောင်တမံကျိုးပျက်ကာ ရေကြီးမှုဖြစ်ပွား၍ သုံးဦးသေဆုံးခဲ့ ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
အဆိုပါ ရက်မတိုင်မီ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းခဲ့၍ ကျေးရွာအတွင်းရှိလမ်းများတွင် ရေများပြည့်လျှံကာ ရေထုတ်စနစ်အရှိန်လွန်ကဲ၍လမ်းများပိတ်ဆို့ခဲ့ကြောင်း၊ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် ကျေးရွာအပေါ်ဘက်ရှိ ရေလှောင်တမံတစ်ခုတွင် ခံနိုင်ဝန်စံချိန်ထက် ရေအလွန် များပြားလာကာ ရေလှောင်တမံကျိုးပျက်၍ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းကျေးရွာရှိ လယ်ကွင်းများနှင့် မြစ်ကမ်းဘေးလမ်းများ၊ အိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း ယင်းသတင်းများအရ သိရသည်။
ရေကြီးမှုကြောင့် မြစ်ကမ်းအနီးရှိ အနိမ့်ပိုင်းနေရာတွင်ရှိသည့် တဲအိမ်တစ်လုံးပြိုကျခဲ့ပြီး အဆိုပါ နေအိမ်တွင်နေထိုင်သည့် လယ်သမားဇနီးမောင်နှံနှင့် ၎င်းတို့၏မြေးဖြစ်သူတို့သည် ရေစီးဖြင့်မျောပါ သွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေထိုင်သူများကိုရှာဖွေကယ်ဆယ်ခဲ့ရာ ၎င်းတို့သုံးဦး၏ ရုပ်အလောင်းများကိုသာပြန်လည်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုများကြောင့် လောက်ကိုင်မြို့တော်အနီးနှင့် အခြားခရိုင်များရှိ မြစ်ကမ်းနီးဒေသများတွင်နေထိုင်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်၊ အန္တရာယ် ရှိသောနေရာများသို့သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်လည်း သက်ဆိုင်ရာများက အသိပေးနှိုးဆော် ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- The Kokang

image
2 ရက် - ဘာသာပြန်ပါ။

စေတနာနဲ့ တိုးပေးလာတာ 5000mAh တော့ ရောက်ပြီ 🫥
.
Apple ကနေ ဒီနှစ် iPhone 17 Pro Max ဖုန်းမှာ အသုံးပြုလာမယ့် Battery Capacity အကြောင်း သတင်းတွေ ပေါက်ကြားလာပြီဖြစ်ပါတယ်။ အဆိုပါသတင်းအရ iPhone 17 Pro Max ရဲ့ Battery ဟာ 5000mAh ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။
ဒါကြောင့် iPhone 17 Pro Max ဟာ လက်ရှိထုတ်ဖူးသမျှ iPhone တွေထဲမှာ Battery Capacity အများဆုံးဖြစ်လာမှာပါ။ နှိုင်းယှဥ်ရရင် iPhone 16 Pro Max တုန်းက 4676mAh Battery ပဲ​ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကိုမှ A19 Pro Chip က Battery Optimization ပိုကောင်းလာတာမျိုးလည်း ရှိနိုင်တာကြောင့် တကယ်သုံးတဲ့အချိန်မှာ သိသိသာသာ ပိုအားခံဖွယ်ရှိနေပါတယ်။
5000mAh ဖြစ်လာပြီဆိုပေမယ့် ကြိုးနဲ့အားသွင်းရင် 20W ပဲ​ဆိုရင်တော့ ထပ်အပြောခံရဦးမှာပဲ 🫥

image
2 ရက် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ တရုတ်မော်ဒယ်တစ်ဦးကို မြန်မာဘက်ခြမ်းမှ ကယ်ထုတ်ခဲ့ရ
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတစ်ရပ်ဖြင့် လွန်ခဲ့သည့်လက ဖြားယောင်းခေါ်ဆောင်ခံခဲ့ရသော တရုတ်နိုင်ငံသား မော်ဒယ်တစ်ဦးကို မြန်မာပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုက ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အသက်(၂၅)နှစ်အရွယ် ကျောင်အမည်ရှိ အဆိုပါတရုတ်မော်ဒယ်သည် ယခုနှစ်ဇွန်လအတွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်း တစ်ရပ်ဖြင့် ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပြီး ဇွန် ၉ ရက်မှစ၍ ထိုင်းနိုင်ငံ၌ စတင်ပျောက်ဆုံးခဲ့ရသည်။
သို့ရာတွင် ၎င်းတရုတ်နိုင်ငံသားကို သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင်းမှ ဇူလိုင် ၄ ရက်တွင် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော အဆိုပါ တရုတ်မော်ဒယ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။
၎င်းပျောက်ဆုံးနေမှုကို၎င်း၏ညီမဖြစ်သူက သက်ဆိုင်ရာ တာဝန်ရှိသူများအား အသိပေးအကြောင်းကြားခဲ့ပြီးနောက် ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရခြင်း ဖြစ်ကြောင်း တရုတ်သံရုံး၏သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အထက်ပါဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏ ပြည်ပအလုပ်အကိုင် မက်လုံးများဖြင့် ဆွဲဆောင်ဖြားယောင်းမှုများကိုသတိထားကြရန် တရုတ်သံရုံးက သတိပေးချက် ထပ်မံထုတ်ပြန်ထားသည်။
စီအင်န်အေ

image
2 ရက် - ဘာသာပြန်ပါ။

အခုမှ MacBook အသစ်ဝယ်ဖြစ်ရင် ဒီအချက် သတိထားပါ -
.
ကိုယ်တိုင်ဝယ်သုံးနေပြီး Review လုပ်ဖို့ စိတ်ကိုမရှိသေးတဲ့ Product ဆိုရင် M2 MacBook Air လည်း အပါအဝင်ပဲ။ အခုလည်း M2 MacBook Air အကြောင်း ပြောမှာမဟုတ်ပေမယ့် ကိုယ်တိုင် ၃ နှစ်နီးပါး သုံးပြီးမှ ဝယ်သုံးဖြစ်တဲ့၊ အစောကြီး ကြိုသုံးနေခဲ့ရင် လုပ်မိမယ့်အချက်လေးတစ်ခုကို ပြန်ပြီး Sharing လုပ်ချင်တာပါ -
အဲ့ဒါဘာလဲဆိုရင် M2 Air အပါအဝင် MacBook တိုင်းက Display Coating က ရေရှည်သုံးလို့ကောင်းလှတယ်မဟုတ်ပါဘူး။​
ဘာကြောင့်လဲဆိုရင် -
သုံးတာအချိန်ကြာလာတာနဲ့အမျှ Display မှာ Keyboard က အရာတွေ ထင်လာပါတယ်၊ ဒါက Lid ကို ပိတ်ထားတာနဲ့ ဖြစ်မှာပါ - အပေါ်က တစ်ခုခု ဖိထားမိလို့ ဖြစ်တာမျိုးမဟုတ်ဘူး - သုံးတာ နည်းနည်းကြာတာနဲ့ Display မှာ Keyboard ရာ ပေါ်လာတာပဲ။​​
ပြီးတော့ MacBook Keyboard တွေက Cleaning လုပ်ရတာ နည်းနည်း လက်ပေါက်ကပ်ပါတယ်၊ Apple ကိုယ်တိုင်က Keycap တွေ ခွာပြီး ဘယ်လို Cleaning လုပ်ရမယ်ဆိုတဲ့အဆင့်တွေရေးထားပေမယ့် Windows Laptop တွေလို စိတ်ကြိုက်ခွာ၊ ပြန်ကပ်လို့မရတာများတယ်။ ပြီးတော့ ဖုန်၊​ အမှုန်နဲ့ တစ်ခုခုဝင်ပြီး Key တွေ ကပ်တာ၊ နှိပ်မရတာမျိုးလည်း ဖြစ်နိုင်သေးတယ်။
ဒါကို ကာကွယ်ဖို့ဆိုရင် အလွယ်ဆုံးက Display ကို Tempered Glass ဒါမှမဟုတ် Protection Film ကပ်တာပါ။ ဒါက အမှန်အတိုင်းပြောရရင် ဖုန်းမဟုတ်တော့ ကပ်ဖို့ Recommend မပေးပါဘူး။
ဘယ်သူက Recommend မပေးတာလည်းဆိုရင် Apple ကိုယ်တိုင်က MacBook Display မှာ Protection Film တွေ မကပ်ဖို့ သတိပေးထားတာပါ။ ကပ်သုံးမယ်ဆိုရင် ပထမဆုံး Anti-Glare Coating ပျက်စီးမှာဖြစ်သလို နောက်ပိုင်းမှာ Display ကိုပါ ပျက်နိုင်တဲ့အထိ Interfere ဖြစ်နိုင်တယ်လို့ ဆိုထားတယ်။ At your own risk ပဲ။
ဆိုတော့ MacBook သုံးနေတယ်၊ Display မှာလည်း Keyboard ရာမထင်ချင်ရင် အလွယ်ဆုံးက Display Lid မပိတ်ခင်မှာ ကြားထဲကို အပါး Film တစ်ခု ကြားခံပြီး ညှပ်တာပါ။
ဒီလို ညှပ်ဖို့က MacBook ဝယ်ရင် Original ပါတဲ့ Keyboard Cover Film ကို သုံးလို့ရတယ်၊ တကယ်လို့ မရှိတော့ရင် အလွယ်ဆုံး အစားထိုးနိုင်တာက A4 Size စက္ကူတစ်ရွက်ကို ခံပြီး ပိတ်တဲ့အကျင့်လုပ်လို့ရတယ်။ အဲ့ထက် ပိုပြီး Delicate ဖြစ်ချင်ရင် Tissue Paper သုံးလို့ရမယ်။
အခုကြတော့ ကျနော်တို့ တလောက လျှောက်မွှေနေရင်းနဲ့ MacBook Keyboard Protective Film ဆိုတာလေးတွေ့တာနဲ့ မှာပြီး သုံးနေဖြစ်လိုက်တယ်။ အဲ့ဒါက Microfiber အဝတ်ပဲ ဆိုပေမယ့် တော်တော်လေးပါးတော့ ကြားညှပ်ပြီး Lid ပိတ်လည်း ဟနေတာမျိုးမဖြစ်နေဘူး။ Microfiber ဖြစ်နေတော့ စက္ကူထက်လည်း ပိုအဆင်ပြေတယ် - အရေးကြုံရင် Cleaning တောင် လုပ်လို့ရသေး။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ MacBook ဝယ်မယ်၊ ဝယ်ထားတယ်ဆိုရင် ဒီလို Display မှာ Keyboard ရာမထင်အောင် ကြိုတင်ကာကွယ်ကြပါ။ သတိရတုန်း Share ပေးလိုက်တာဆိုတော့ 🫠

image

Funny video

ဒီလောက်တော့ အပျော့

3 ရက် - ဘာသာပြန်ပါ။

ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ သတင်းထွက်နေတဲ့ စပိန်လာလီဂါကလပ် အက်သလက်တစ် ဘီဘာအိုအသင်းရဲ့ တောင်ပံကစားသမားလေး နီကိုးလ် ဝီလ်ယံဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းကျန်ရှိနေသေးတဲ့ သူ့ရဲ့ စာချုပ်ကို နောက်ထပ် ၈ နှစ်ထပ်တိုးပြီး ၂၀၃၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ် ။
ဘာစီလိုနာအသိုင်းအဝိုင်းကြားမှာတော့ နီကိုးလ်ဝီလ်ယံဟာ ဘီဘာအိုအသင်းနဲ့ စာချုပ်သစ်တွေ ချုပ်ဆိုနိုင်ဖို့ ဘာစီလိုနာအသင်းကို ( ၂ ကြိမ်တိုင် ) အသုံးချသွားခဲ့တယ်လို့ ဝေဖန်ပြောဆိုနေကြပြီဖြစ်ပါတယ် ။

image
3 ရက် - ဘာသာပြန်ပါ။

ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားတဲ့ ဖလူမင်နီးစ်အသင်း
Club World Cup ကွာတားဖိုင်နယ်
ဖလူမင်နီးစ် 2-1 အယ်လ်ဟီလေ

image
2 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်မှာ အမွှာညီအစ်ကိုနှစ်ယောက်စလုံး အတူတူပွဲထွက်ကစားခွင့်ရတဲ့အခါ ဘယ်လောက်ပျော်စရာကောင်းခဲ့သလဲ…
ဒါဟာ ကျနော်တို့ မကြာခဏ အမေးခံရတတ်တဲ့ မေးခွန်းတစ်ခုပါပဲ။ ကျနော်နဲ့ ဖေဘီယိုလည်း ဒီအကြောင်း မကြာခဏပြောဖြစ်တယ်။ “ငါတို့တွေ အသက်၂၅နှစ်လောက်မှ ယူနိုက်တက်မှာ အတူကစားရမယ်ဆိုရင် အခုထက်အများကြီးပိုကောင်းမှာပဲ”လို့…
ဟုတ်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ယူနိုက်တက်မှာ ကျနော်တို့ညီအစ်ကိုနှစ်ယောက် အတူပွဲထွက်ကစားခွင့်ရတဲ့အခါ သိပ်ပျော်စရာမကောင်းခဲ့ပါဘူး…
ဒီလိုပြောလို့ ကျနော်တို့ကို တစ်မျိုးတော့ မထင်ပါနဲ့။ ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရခဲ့တာ၊ ယူနိုက်တက်မှာ နှစ်ယောက်ပေါင်း ပွဲ၂၀၀ကျော် ကစားခွင့်ရခဲ့တာတွေဟာ ကျနော်တို့အတွက် တစ်သက်လုံးစာ ဂုဏ်ယူစရာကောင်းခဲ့ပါတယ်…
ဒီလိုဆိုကြပါစို့။ ကျနော်တို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ပွဲထွက်ကစားခွင့်ရရင် ပိုကောင်းတယ်။ နှစ်ယောက်အတူ ပွဲထွက်ကစားရပြီဆိုရင် သိပ်အဆင်မပြေတော့ဘူး…
ဘာဖြစ်လို့လဲ???
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြလို့ပါပဲ။ အတူတူပွဲထွက်ကစားရပြီဆိုရင် ကျနော်တို့က တောင်ပံတစ်ဖက်စီမှာ ကစားရတယ်။ ဟိုဖက်တောင်ပံမှာ သူအဆင်ပြေပါ့မလား၊ အမှားတွေဘာတွေများ လုပ်မိမလား ကျနော်တစ်ချိန်လုံး စိတ်ပူနေရတယ်။ ပွဲကို စိတ်ဖြောင့်ဖြောင့်နဲ့ မကစားနိုင်ဘူး။ သူလည်းကျနော့်ကို အလားတူစိတ်ပူနေတတ်တယ်။ သူလည်း ကိုယ့်အလုပ်ကိုယ် အာရုံမစိုက်နိုင်ပါဘူး…
ယူနိုက်တက်ဟာ၊ နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်ဟာ လူငယ်တွေကို အင်မတန်အခွင့်အရေးပေးတတ်တဲ့ အသင်းတစ်သင်းပါပဲ။ ဒါပေမယ့် အခွင့်အရေးဆိုတာကလည်း အတိုင်းအဆမရှိ ထုတ်ယူသုံးစွဲလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပြန်ဘူး။ အကန့်အသတ်နဲ့ ချင့်ချိန်သုံးစွဲရတာမျိုး၊ အသုံးချရတာမျိုးဖြစ်နေတယ်။ မတော်တဆ အမှားအယွင်းတွေ လုပ်မိခဲ့ရင် နောက်ထပ်ပွဲထွက်ခွင့်ရဖို့ဆိုတာ ခက်ခဲသွားနိုင်တယ်မဟုတ်လား…
ဒါကြောင့် ကျနော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ပူနေရတာနဲ့ပဲ ကစားရတာ သိပ်အဆင်မပြေဘူးဖြစ်လာတယ်။ တစ်ယောက်ပဲ ပွဲထွက်ကစားရမယ်ဆိုရင်တော့ ကျနော်တို့နှစ်ယောက်စလုံး အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့စိတ်ထဲမှာ ရာဖေးလ်တွေ၊ ဖေဘီယိုတွေ မရှိလို့ပါပဲ။ သူဝင်ကစားရရင် ကျနော်ဝင်ကစားရတာနဲ့ အတူတူပဲ။ ကျနော်ဝင်ကစားရင်လည်း သူဝင်ကစားသလိုပါပဲ…
အမှန်တော့ ဖေဘီယိုက ကျနော့်ထက်ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ယူနိုက်တက်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် သူပွဲထွက်ခွင့်နည်းခဲ့တယ်။ ကျနော်က ပွဲထွက်ခွင့်ပိုရခဲ့တယ်။ ကျနော်ဝင်ကစားရရင် သူပျော်ရွှင်နေတာပဲ…
ဒါပေမယ့် ၂၀၁၁ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ကျနော်ဝင်ကစားခွင့်မရခဲ့ဘူး။ အဲ့ဒီရာသီမှာ သူအတော်လေးခြေစွမ်းပြနိုင်ခဲ့တယ်။ ဖိုင်နယ်မှာလည်း သူပွဲထွက်ခွင့်ရခဲ့တယ်။ အဲ့ဒီအတွက်လည်း ကျနော်ကိုယ်တိုင် ချန်ပီယံလိဂ်ဖိုင်နယ် ကစားခွင့်ရခဲ့သလိုမျိုး ကျနော်သဘောထားနိုင်ခဲ့တယ်။ ဂုဏ်ယူနိုင်ခဲ့ပါတယ်…
အဲ့ဒီလိုပေါ့။ ယူနိုက်တက်ကစားသမားဘဝမှာတုန်းက ကျနော်တို့ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်ပဲ ပွဲထွက်ကစားခွင့်ရရင် ပိုအဆင်ပြေတယ်။ နှစ်ယောက်စလုံး ပွဲထွက်ခွင့်ရရင် သိပ်အဆင်မပြေတော့ဘူး။ နားလည်ရခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် အဲ့ဒါအဖြစ်မှန်ပါပဲ။ တကယ်ကို အဲ့ဒီအတိုင်း ဖြစ်ခဲ့တာပါ…
ချွင်းချက်ဆိုလို့ တစ်ပွဲပဲ ရှိခဲ့ဖူးတယ်။ ဟုတ်တယ်… ခင်ဗျားထင်တဲ့အတိုင်းပါပဲ…
2011တုန်းက အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ FAဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်ပါတယ်…
big matchတစ်ပွဲမှာ နိုင်ပွဲရခဲ့တယ်ဆိုတာကတော့ ဘယ်အချိန်မဆို ပျော်စရာကောင်းတာပါပဲ။ ဒါပေမယ့် အဲ့ဒီပွဲမှာ ကျနော်တို့ကစားသမားတွေအတော်များများပဲ ကစားနေကျမဟုတ်တဲ့ positionမှာ ကစားခဲ့ရတဲ့ကြားက နိုင်ပွဲရခဲ့တာဆိုတော့ ပိုပြီးပျော်စရာကောင်းခဲ့တယ်။ ပိုပြီးအဓိပ္ပါယ်ရှိခဲ့တယ်…

image

သူကိုက် ကိုယ်ကိုက်ပဲ???