3 ရက် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ တရုတ်မော်ဒယ်တစ်ဦးကို မြန်မာဘက်ခြမ်းမှ ကယ်ထုတ်ခဲ့ရ
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတစ်ရပ်ဖြင့် လွန်ခဲ့သည့်လက ဖြားယောင်းခေါ်ဆောင်ခံခဲ့ရသော တရုတ်နိုင်ငံသား မော်ဒယ်တစ်ဦးကို မြန်မာပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုက ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အသက်(၂၅)နှစ်အရွယ် ကျောင်အမည်ရှိ အဆိုပါတရုတ်မော်ဒယ်သည် ယခုနှစ်ဇွန်လအတွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်း တစ်ရပ်ဖြင့် ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပြီး ဇွန် ၉ ရက်မှစ၍ ထိုင်းနိုင်ငံ၌ စတင်ပျောက်ဆုံးခဲ့ရသည်။
သို့ရာတွင် ၎င်းတရုတ်နိုင်ငံသားကို သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင်းမှ ဇူလိုင် ၄ ရက်တွင် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော အဆိုပါ တရုတ်မော်ဒယ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။
၎င်းပျောက်ဆုံးနေမှုကို၎င်း၏ညီမဖြစ်သူက သက်ဆိုင်ရာ တာဝန်ရှိသူများအား အသိပေးအကြောင်းကြားခဲ့ပြီးနောက် ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရခြင်း ဖြစ်ကြောင်း တရုတ်သံရုံး၏သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အထက်ပါဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏ ပြည်ပအလုပ်အကိုင် မက်လုံးများဖြင့် ဆွဲဆောင်ဖြားယောင်းမှုများကိုသတိထားကြရန် တရုတ်သံရုံးက သတိပေးချက် ထပ်မံထုတ်ပြန်ထားသည်။
စီအင်န်အေ

image