3 d - Translate

Big 6 ပွဲတွေဖြစ်တဲ့ Universe, World, Grand, Supranational, International & Earth
Crown 👑 6 လုံးပြည့်ရထားတဲ့နိုင်ငံတွေ
Puerto Rico 🇵🇷
Philippines 🇵🇭
Brazil 🇧🇷
ဒီ၃ နိုင်ငံက အလှမယ်တွေရော pageantry အတွက်ပါ ဂုဏ်ဆာစရာဖြစ်သလို နောင်လာပြိုင်မယ့် ကိုယ်စားပြုမယ်တွေအတွက်လည်း motivate ဖြစ်စေပါတယ် ✨
နောက်ကနေ အမှီလိုက်နေတဲ့
Venezuela 🇻🇪
United States 🇺🇸
Australia 🇦🇺
India 🇮🇳 တို့ရှိနေပြီး
Myanmar 🇲🇲 နဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
Thailand 🇹🇭 ဟာ Big 6 Crown 👑👑တွေ ပြည့်လို့
Grand နဲ့ Earth သာ ကျန်ပါတော့တယ် ✨

image
3 d - Translate

Big 6 ပွဲတွေဖြစ်တဲ့ Universe, World, Grand, Supranational, International & Earth
Crown 👑 6 လုံးပြည့်ရထားတဲ့နိုင်ငံတွေ
Puerto Rico 🇵🇷
Philippines 🇵🇭
Brazil 🇧🇷
ဒီ၃ နိုင်ငံက အလှမယ်တွေရော pageantry အတွက်ပါ ဂုဏ်ဆာစရာဖြစ်သလို နောင်လာပြိုင်မယ့် ကိုယ်စားပြုမယ်တွေအတွက်လည်း motivate ဖြစ်စေပါတယ် ✨
နောက်ကနေ အမှီလိုက်နေတဲ့
Venezuela 🇻🇪
United States 🇺🇸
Australia 🇦🇺
India 🇮🇳 တို့ရှိနေပြီး
Myanmar 🇲🇲 နဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
Thailand 🇹🇭 ဟာ Big 6 Crown 👑👑တွေ ပြည့်လို့
Grand နဲ့ Earth သာ ကျန်ပါတော့တယ် ✨

image
image
image
3 d - Translate

အူတက်အောင်ရီရတဲ့ ထိုင်းအချစ်ဟာသ ပါးစပ်မစိအောင်ရီရတဲ့ ဟာသကား

Bangkok Traffic (Love) Story
2009 ‧ Comedy/Romance ‧ 2h 6m

ဇာတ်လမ်းအကျဥ်း...

' မိုင်လီ' ကတော့ အသက် ၃၀ ရောက်လာပြီဖြစ်သည့်တိုင် အချစ်စစ်ကိုတော့ အခုထိ မတွေ့ရှိနိုင်ရှာသေးပါဘူး

' မိုင်လီ ' ရဲ့ အသက်က တဖြေးဖြေးကြီးလာပြီး သူရဲ့သူငယ်ချင်းတွေအကုန် လက်ထပ်သွားတဲ့အထိ သူကတော့ သူရဲ့ အိမ်ထောင်ရေးအတွက် ပူပန်နေရတုန်းပဲ တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှ စိတ်ထိခိုက်ခိုက်နဲ့ ပြန်လာချိန် အပြန်လမ်းမှာ ယာဥ်မတော်တဆမှုနဲ့ကြုံရတုန်း  ကြောက်လန့်တကြား မော့ကြည့်လိုက်တဲ့ အချိန်မှာပဲ ‘လွန်’ ဆိုတဲ့အင်ဂျင်နီယာ ကောင်လေးနဲ့ စတင်ဆုံတွေ့ရပါတော့တယ်။

နောက်ပိုင်း အင်ဂျင်နီယာလေး 'လွန် 'နဲ့ 'မိုင်လီ' တို ဘယ်လိုတွေ ထပ်ဆုံဖြစ်ပြီး ဘယ်လို နှစ်ပါးသွားကြမလဲ အင်ဂျင်နီယာလေးကရော ' မိုင်လီ ' ရဲ့ အချစ်စစ် ဖြစ်လာနိုင်ပါ့မလား ဆိုတာကို...

တစ်ကားလုံး ရယ်စရာ၊ ရွှင်မြူးစရာ နဲ့ တစ်စက္ကန့် မှပျင်းဖို အချိန်မရှိတဲ့ အချစ်ဟာသကား ကောင်းလေး တစ်ပုဒ်ပါ။ စိတ်ညစ်နေရင်တော့ လာကြည့်ပြီး အပန်းဖြေဖို ဖိတ်ခေါ်လိုက်ပါတယ်…..

🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

☄️✏️Channel Link ကိုအရင် Join ထားပါဗျ👇👇

https://t.me/addlist/wZvYAaIr8Mk3MmU1

📺🔥ဇာတ်ကားကြည့်ရန် Link

https://t.me/Boomerangcomedy/16

image
3 d - Translate

ကျွန်းဝယ်ပြီး နည်းပညာနိုင်ငံထောင်မယ့် အိန္ဒိယ-အမေရိကန်သူဌေး

Coinbase ရဲ့ ပထမဆုံး CTO ဖြစ်ခဲ့တဲ့ အိန္ဒိယဖွား investor တစ်ယောက်တော့ စင်ကာပူနားမှာ ကျွန်းဝယ်ပြီး နိုင်ငံထောင်ဖို့ လုပ်နေပါတယ်။

စတန်းဖို့ဒ်ကျောင်းဆင်း ဘယ်လာဂျီ သျှရီနီဗန်ဆန်က ကိုယ်တိုင်နည်းပညာကုမ္ပဏီတွေ Bitcoin mining လုပ်ငန်းတွေ တည်ထောင်ခဲ့သလို နည်းပညာ startup တွေမှာလည်း ရင်းနှီးမြှုပ်နှံနေတဲ့သူပါ။ သူ့အိုင်ဒီယာတစ်ခုက နည်းပညာလုပ်ငန်းရှင်တွေ ၊ စွန့်ဦးတီထွင်သူတွေနဲ့ ပညာရှင်တွေအတွက် နိုင်ငံတစ်ခု ထောင်ဖို့ပါ။

အသက် ၄၅ နှစ်အရွယ် ဘယ်လာဂျီက ဒီအိုင်ဒီယာကို သူရေးတဲ့ The Network State ဆိုတဲ့ စာအုပ်မှာ ပြောဖူးပါတယ်။ The Network State ဆိုတာ ဗဟိုထိန်းချုပ်မှုမရှိတဲ့ ဒီဂျစ်တယ်ဦးစားပေးနိုင်ငံပါ။ အွန်လိုင်း အသိုင်းအဝိုင်းတစ်ခု အဖြစ်ကနေ ကိုယ်ပိုင်မြေဝယ်ပြီး နိုင်ငံထူထောင်ဖို့ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ဘယ်လာဂျီက သူ့အယူအဆကို လူတွေလက်ခံအောင် ဟောပြောဖြန့်ဝေဖို့ စင်ကာပူနားက ပုဂ္ဂလိကကျွန်းတစ်ကျွန်းပေါ်မှာ ကျောင်းတစ်ကျောင်းထောင်ထားပါတယ်။ ဒီကျောင်းက Network School လို့ ခေါ်ပြီး ဘယ်လာဂျီရဲ့ ဒီဂျစ်တယ်နိုင်ငံသစ်အယူအဆတွေကို သုံးလသင်ရိုးနဲ့ သင်ပါတယ်။ Network School ရဲ့ လက်ကိုင်ဆောင်ပုဒ်က "လေ့လာပါ။ ခန္ဓာကိုယ်အတွက် လေ့ကျင့်ပါ။ ပိုက်ဆံရှာပါ။ ပျော်ပျော်နေပါ" ဆိုတာပါ။

အဓိကက AI , Crypto နဲ့ Social Media နည်းပညာတွေ ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့ Gym ကစားရတာတွေ ၊ Startup ထောင်နည်းနဲ့ လက်တွေ့အတွေ့အကြုံယူတဲ့ လုပ်ငန်းခွင်တွေ ပါပါတယ်။ ဘယ်လာဂျီရဲ့ အိုင်ဒီယာက အစဉ်အလာပညာရေးမကြိုက်သူတွေအတွက် ပညာရေးပုံစံသစ် ဖန်တီးဖို့ နဲ့ ရွက်ပုန်းသီးလူတော်တွေ ဖော်ထုတ်ဖို့ ဆိုတာမျိုးတွေ ပါပါတယ်။

image
3 d - Translate

အက်ရှင်မင်းသားကြီး တိုနီဂျားပါဝင်ထားတဲ့ အရမ်းကြည့်ကောင်းတဲ့ အက်ရှင်ဇာတ်ကား

SPL 2: A Time for Consequences (Kill Zone 2)
2015 ‧ Action/Crime ‧ 2 hours

ဟောင်ကောင်မှာ ခပ်စိပ်စိပ်ပေါ်လာတဲ့ ကိုယ်တွင်းအင်္ဂါမှောင်ခိုကူးမှုကို ကာကွယ်ဖို စုံထောက်ချန်ကော်ဟွားဟာ သူ့တူဖြစ်တဲ့ ကစ်ကို သူလျှိထည့်ပြီး စုံစမ်းခိုင်းပါတယ်။ စုံစမ်းရင်းနဲ့ ကစ်သူလျှိလုပ်တာ မိသွားတဲ့အခါ ထိုင်းနိုင်ငံက ထောင်တစ်ခုထဲ သူ့ကိုဖမ်းခေါ်သွားပါတော့တယ်။

တကယ်တော့ ဒီထောင်ဟာ ဟောင်ကောင်မှာ လူကုန်ကူးဖိုဖမ်းထားတဲ့သူတွေကို ကိုယ်တွင်းအင်္ဂါထုတ်ဖို မ‌သ-တ်ခင်စပ်ကြားမှာ ထားတဲ့နေရာပါ။ အဲဒီက ထောင်စောင့်‌တွေထဲက တစ်ယောက်ကတော့ ချတ်ချိုင်ဆိုတဲ့ ထိုင်းရဲပါ။ သူ့သမီးလေးရဲ့ သွေးရောဂါအတွက် ဆေးဖိုးဝါးခကျေအောင်လို ဒီထောင်စောင့်အလုပ်ကို လုပ်ရင်းနဲ့ အဖမ်းခံရတဲ့ ကစ်နဲ့တွေ့သွားတဲ့အခါ。。。

🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

☄️✏️Channel Link ကိုအရင် Join ထားပါဗျ👇👇

https://t.me/addlist/wZvYAaIr8Mk3MmU1

📺🔥ဇာတ်ကားကြည့်ရန် Link

https://t.me/happychannel63/8

image
3 d - Translate

2026 ထဲမှာထွက်ရှိမယ့် "Alya Sometimes Hides Her Feelings in Russian" Season 2

image
3 d - Translate

Season 2 Confirm သွားပြီဖြစ်တဲ့ Black Clover Anime

image
3 d - Translate

Samsung ဖုန်းကိုင်ရင် ဖွင့်ထားသင့်တဲ့ feature တွေ
တကယ်လို့ Galaxy ဖုန်းကိုင်ထားမယ် ၊ ဖုန်းက One UI 7 လည်း တင်ထားတယ်ဆိုရင် ဒီ security feature လေး on ထားဖို့ Samsung က တိုက်တွန်းထားပါတယ်။
Samsung အသစ်ထွက် OneUI 7 ဆော့ဖ်ဝဲလ်ထဲမှာ ဖုန်းအခိုးမခံရအောင် ကာကွယ်ပေးတဲ့ Theft Protection ဆိုတဲ့ feature တစ်ခု ပါလာပါတယ်။ Theft Protection က ဖုန်းအလုခံလိုက်ရတာ ၊ အခိုးခံလိုက်ရတာမျိုးအတွက် တော်တော်အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။
ဒီ feaure က AI နဲ့ စက်ရဲ့ motion sensor တွေ သုံးပြီး ဖုန်းအခိုးခံရတာကို သိနိုင်ပါတယ်။ ဥပမာ ဖုန်းကို ရုတ်တရပ် လုပြေးသွားတယ်လို့ sensor က မှတ်ယူတာနဲ့ ဖုန်းကို Theft Detection Lock ချမှာပါ။ နောက်တစ်ခုက အချိန်တော်တော်ကြာအောင် ဖုန်းက offline ဖြစ်သွားရင်လည်း auto-lock ပိတ်ပေးနိုင်ပါတယ်။
ခိုးတဲ့သူက ဖုန်းကို ခြေရာခံမရအောင် Airplane mode တင်တာပဲဖြစ်ဖြစ် SIM card ထုတ်တာပဲ ဖြစ်ဖြစ် လုပ်ထားရင် ဖုန်းထဲက ဒေတာတွေ တခြားမရောက်အောင် Offline Device Lock ပွင့်သွားမှာပါ။ Theft Protection feature မှာ ဖုန်းအခိုးခံရတဲ့နောက် ဖုန်းကို အဝေးကနေ Remote Lock ချနိုင်တဲ့စနစ်လည်း ပါပါတယ်။
ဒီ features တွေက ဖွင့်ရတာ လွယ်ပါတယ်။ ဖုန်း Settings ထဲက Security and Privcy ထဲသွားပြီး Lost device protection ကနေ Theft protection ကို ဖွင့်ရုံပါပဲ။ ပိုစိတ်ချရအောင် security settings တွေ ပြောင်းရင် ပိုင်ရှင်ရဲ့ ဇီဝအတည်ပြုချက်ပေးခိုင်းတဲ့ Identity Check ပါ ဆက်ဖွင့်ဖို့ Samsung က အကြံပြုထားပါတယ်။
အခု features တွေက Samsung Galaxy S22/23/24/25 sereis တွေနဲ့ Galaxy Z Fold 5/Z Fold 6 နဲ့ Galaxy Z Flip 5/Z Flip 6 ဖုန်းတွေမှာ ရနေပါပြီ။ တခြား Galaxy ဖုန်းတွေလည်း မကြာခင် ရတော့မှာပါ။

image
3 d - Translate

UFC ရဲ့ လက်ဝေ့ကစားသမား ဗန် တစ်ယောက်တော့ သူအတွေ့ချင်ဆုံး Idol မင်းသမီး မိုးဟေကို နဲ့ တွေ့ဆုံစကားပြောဖွင့် ရသွားပြီလည်း ဖြစ်ပါတယ်....ဗန်ကတော့ အရမ်းအံ့သြပျော်ရွှင်နေပြီး...သူ့ရဲ့ မမ မိုးဟေကို ကို နောက်ပွဲမှာ အားပေး ပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်😍😍
မိုးကလည်း အမြဲအားပေးကြောင်းရယ် နောက်ပွဲကိုလဲ အားပေးမှာဖြစ်ကြောင်း ကတိပေးခဲ့တာလည်း ဖြစ်ပါတယ်နော်☺😍❤

image
3 d - Translate

Apple Intelligence မကောင်းရင် AI ပိုင်း ကောင်းနေတဲ့ Perplexity ကို ဝယ်လိုက်မယ်.. Problem Solved ပဲ 🫥
.
Apple ကုမ္ပဏီတွင်းမှာ Executive တွေက AI ပိုင်းအတွက် လက်ရှိအောင်မြင်နေတဲ့ Perplexity AI ကုမ္ပဏီီကို ဝယ်ယူဖို့ ဆွေးနွေးတိုင်ပင်နေတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ယခုသတင်းကို Bloomberg Media မှ Mark Gurman ကနေ ပြောကြားခဲ့တာကြောင့် ဖြစ်နိုင်ခြေများနေပါပြီ။

ဒါပေမယ့်လည်း လောလောဆယ်မှာ Apple ဘက်ကနေ Perplexity ဘက်ကို တရားဝင်ကမ်းလှမ်းမှုတွေ၊ စကားပြောဆိုမှုတွေ ပြုလုပ်ရခြင်းမရှိသေးပဲ ကုမ္ပဏီတွင်းမှာပဲ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အစောပိုင်းအဆင့်ပဲရှိသေးပြီး တကယ်တမ်း ဝယ်ယူဖို့ မဆုံးဖြတ်တော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

လောလောဆယ်မှာ Apple ဟာ Safari မှာ Google ကို Default Search Engine အနေနဲ့ သတ်မှတ်ပေးထားတာကြောင့် Google ဆီကနေ တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင်ရရှိနေပြီး Perplexity AI ကို ဝယ်ယူလိုက်မယ်ဆိုရင် Perplexity ရဲ့ AI Search ကို Safari မှာ Default အနေနဲ့ ပြောင်းလဲသတ်မှတ်အသုံးပြုနိုင်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Perplexity ကုမ္ပဏီဟာ တန်ဖိုးအနေနဲ့ ဒေါ်လာ ၁၄ ဘီလီယံဝန်းကျင် သတ်မှတ်ခံထားရပြီး တကယ်လို့သာ Apple က ဝယ်ယူလိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက Beats ကို ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူအပြီးမှာ တန်ဖိုးအကြီးဆုံး ဝယ်ယူမှုတစ်ခုဖြစ်လာနိုင်ပါတယ်။

Perplexity ဘက်ကလည်း တလောတုန်းက TikTok ကို ဝယ်ချင်ပါတယ်ဆိုပြီး ပြောထားဖူးတော့ Perplexity က TikTok ကို ဝယ်၊ Perplexity ကို Apple ကပါ ဝယ်လိုက်ရင် Apple က AI ပိုင်းရော၊​ TikTok ကိုပါ ပိုင်သွားလောက်မှာပဲ 🫠

image