ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ သတင်းထွက်နေတဲ့ စပိန်လာလီဂါကလပ် အက်သလက်တစ် ဘီဘာအိုအသင်းရဲ့ တောင်ပံကစားသမားလေး နီကိုးလ် ဝီလ်ယံဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းကျန်ရှိနေသေးတဲ့ သူ့ရဲ့ စာချုပ်ကို နောက်ထပ် ၈ နှစ်ထပ်တိုးပြီး ၂၀၃၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ် ။
ဘာစီလိုနာအသိုင်းအဝိုင်းကြားမှာတော့ နီကိုးလ်ဝီလ်ယံဟာ ဘီဘာအိုအသင်းနဲ့ စာချုပ်သစ်တွေ ချုပ်ဆိုနိုင်ဖို့ ဘာစီလိုနာအသင်းကို ( ၂ ကြိမ်တိုင် ) အသုံးချသွားခဲ့တယ်လို့ ဝေဖန်ပြောဆိုနေကြပြီဖြစ်ပါတယ် ။
