3 d - Translate

စေတနာနဲ့ တိုးပေးလာတာ 5000mAh တော့ ရောက်ပြီ 🫥
.
Apple ကနေ ဒီနှစ် iPhone 17 Pro Max ဖုန်းမှာ အသုံးပြုလာမယ့် Battery Capacity အကြောင်း သတင်းတွေ ပေါက်ကြားလာပြီဖြစ်ပါတယ်။ အဆိုပါသတင်းအရ iPhone 17 Pro Max ရဲ့ Battery ဟာ 5000mAh ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။
ဒါကြောင့် iPhone 17 Pro Max ဟာ လက်ရှိထုတ်ဖူးသမျှ iPhone တွေထဲမှာ Battery Capacity အများဆုံးဖြစ်လာမှာပါ။ နှိုင်းယှဥ်ရရင် iPhone 16 Pro Max တုန်းက 4676mAh Battery ပဲ​ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကိုမှ A19 Pro Chip က Battery Optimization ပိုကောင်းလာတာမျိုးလည်း ရှိနိုင်တာကြောင့် တကယ်သုံးတဲ့အချိန်မှာ သိသိသာသာ ပိုအားခံဖွယ်ရှိနေပါတယ်။
5000mAh ဖြစ်လာပြီဆိုပေမယ့် ကြိုးနဲ့အားသွင်းရင် 20W ပဲ​ဆိုရင်တော့ ထပ်အပြောခံရဦးမှာပဲ 🫥

image